မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 February 2011

29 ဗယ်လင်တိုင်း လက်ဆောင်ကိုး



မှတ်မှတ်ရရပေါ့ဗျာ။ ၂၀၁၁ ဆိုတဲ့ ဒီနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျွန်တော် အွန်လိုင်းပေါ်ကို Gtalk လေးနဲ့ ခဏ တတ်လိုက်မိပါတယ်။ တတ်တတ်ချင်း အကောင့် တစ်ခုက ကျွန်တော့်ကို Invite လုပ်ထားပြီးတော့ လက်ခံမှာလား ၊ လက်မခံဘူးလား ဆိုပြီး Yes Or No နဲ့ စောင့်နေတယ်။

ဒါနဲ့ လက်ခံလိုက်ပါတယ်။ လက်ခံလိုက်တယ် ဆိုရင်ပဲ အဲဒီအကောင့်လေးက စိမ်းပြီးတော့ ချက်ချင်း လိုင်းပေါ်တတ်လာပါတယ်။ သူက ရှိနေတယ် ဆိုတဲ့ သဘောပေါ့ဗျာ။ တတ်တတ်ချင်းပါပဲ။ ကျွန်တော့်ဆီကို စာ တန်းရေးတော့တာပဲ။ ဒါနဲ့ ကျွန်တော်ကလည်း သူနဲ့ ပြန်ပြောဖြစ်ပါတယ်။ သူနဲ့ ကျွန်တော် အတော်ကြာကြာ ပြောဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းတွေ ကျွန်တော် ပြန်မပြောပြချင်ဘူး။

ဒီလိုဗျ . . . သူနဲ့ ကျွန်တော် ပြောခဲ့တာတွေက . . . ဖတ်ပြီးရင်တော့ ဘယ်သူ့ကိုမှ ပြန်ပြောပါနဲ့ဗျာ။ ဘာလို့လဲ ဆိုတော့လေ. . . . . . . .



cold: ပန်းစည်း ပို့ဆောင်ရေးကပါ။ 01 - x x x x x x ကို ဆက်သွယ်ပါရှင်။

zaw357: ဟုတ်ကဲ့ ၊ ကျနော်လည်း ပို့ချင်တယ်ဗျာ။

cold: ဖုန်းခေါ်ပါ။

zaw357: ဟုတ် ၊ ဒါပေမဲ့ ကျနော်က မလေးရှားက ဖြစ်နေတယ်။

cold: kyaw x x x x x @gmail.com ၊ အဲဒါ မလေး ကိုယ်စားလှယ်ပါ။

zaw357: ဟုတ်ကဲ့ ကျနော် ဆက်သွယ်လိုက်ပါ့မယ်။ ဒါနဲ့ ပန်းစည်းကို စိတ်တိုင်းကျ ပုံစံ ဖြစ်အောင် တောင်းဆိုလို့ ရမလား မသိဘူး။

cold: ဟုတ်ကဲ့ ရပါတယ်။

zaw357: ဒီလိုပါ ပန်းတွေ အားလုံးကို နှင်းဆီပန်းတွေချည်းပဲ ဖြစ်စေချင်တယ်။

cold: ဟုတ်ကဲ့ ရပါတယ်။

zaw357: ပြီးတော့ အရောင်ကိုလည်း အနီရောင်တွေ အဖြူရောင်တွေ မဖြစ်စေချင်ဘူး။ ပန်းရောင်လေးတွေ ချည်းပဲ ဖြစ်စေချင်တယ်။

cold: ဟုတ်ကဲ့။

zaw357: ပြီးတော့ ပန်းတွေကိုလည်း ကတော့ပုံ မစည်းစေချင်ဘူး။

cold: ဘာဖြစ်လို့လဲ ရှင်။

zaw357: ကန်တော့ ပုံစံထက် ကျနော်က စက္ကူ လေးထောင့်ဘူးလေးထဲမှာ နှင်းဆီပန်းပွင့်လေးတွေကို သေချာ စီပြီး ထည့်ချင်လို့ပါ။

cold: စိတ်ကူးက ကောင်းလိုက်တာရှင် ၊ တကယ့်ကို Romantic ပါပဲ။

zaw357: နောက်ပြီး . . . အဲ . . နည်းနည်းများ ဇီဇာကြောင်သလို ဖြစ်များ နေမလားဗျာ။

cold: ရပါတယ် ၊ လိုအပ်ချက်များတဲ့ အလျှောက်တော့ ဝန်ဆောင်ခက တိုးလာမှာပေါ့နော်။

zaw357: ဟုတ်ကဲ့ ကျနော် နားလည်ပါတယ်။ ဝန်ဆောင်ခကိုတော့ စိတ်မပူပါနဲ့။

cold: ဒါဆိုရင် ဖြစ်ပါတယ်ရှင်။

zaw357: ဝမ်းသာတယ်ဗျာ ၊ ဒီလို ဝန်ဆောင်မှုတွေ ရှိလာတာကို တကယ်ကို သဘောကျပါတယ်။

cold: ကျမတို့ဘက်ကလည်း ဒီလို မအားလပ်တဲ့ လူတွေ အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီခွင့်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။

zaw357: ဟုတ်ကဲ့ ၊ ကျနော်ကလည်း ကျေးဇူး အထူးပါပဲ။

cold: ဒါဆို ဘာများ လိုအပ်ဦးမလဲ မသိဘူး။

zaw357: သြော်. . . ဟုတ်သားပဲ ၊ ပြီးတော့ အဲဒီပန်းစည်းလေးမှာ ကဒ်လေး တစ်ခုကိုလည်း ပန်းရောင်လေးပဲ ဖြစ်စေချင်ပါတယ်။

cold: ဟုတ် ရပါတယ်။

zaw357: အဲဒီကဒ်လေးမှာလည်း ကျနော်က အမြဲတမ်း သတိရနေပါတယ် ဆိုပြီး အောက်ကနေ ကျနော့် နာမည်ကို ရေးချင်တယ်။

cold: ခဏနော် ၊ များသော အားဖြင့်ကတော့ ပန်းစည်းပို့သူတွေက သူတို့နာမည်တွေကို မဖော်ပြတတ် ကြဘူးရှင့် ၊ ပြီးမှ ဘယ်သူပို့လိုက်တယ် ဆိုတာကို ပဟေဠိ လုပ်ချင်ကြတာ . . . ။

zaw357: ဒါ . . . ဒါပေမဲ့ ကျနော်ကတော့ ကျနော့်နာမည် ထည့်ချင်ပါတယ်။

cold: သြော်. . . ဟုတ်ကဲ့ ၊ ဒီလိုဆိုလည်း ထည့်ပေးရမှာပေါ့။

zaw357: ပန်းပွင့်ကိုလည်း ၈ ပွင့် ဖြစ်စေချင်တယ်။

cold: ဘာလို့များပါလိမ့်ရှင်။

zaw357: ၈ ဂဏာန်းက ကျနော့်တို့ အတွက် လပ်ကီး နံပါတ်မို့ပါ။

cold: ဟုတ်ကဲ့ ဖြစ်ရပါစေ့မယ် ၊ ဝန်ဆောင်ခကတော့ ကျသလောက်ပေါ့နော်။

zaw357: ဟုတ်ကဲ့ပါ ၊ ဒီအတွက်ကတော့ မပူပါနဲ့။

cold: ဒါဆို ပြည့်စုံပြီပေါ့နော်။

zaw357: ဟုတ်ကဲ့ ၊ ဒါပေမဲ့ ပို့ရမဲ့ နေရာက ရန်ကုန်မြို့ထဲကနေ အတော်ဝေးတော့ အားတော့ နာတယ်ဗျာ။

cold: ဒီအတွက်တော့ မပူပါနဲ့ရှင် ၊ ကျမတို့က ရန်ကုန် တစ်ခုတည်းတင် လုပ်ပေးတာ မဟုတ်ပါဘူး။

zaw357: ဟုတ်လား။

cold: ဟုတ်ပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ မေမြို့ ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ ပဲခူး ၊ မော်လမြိုင် အဲဒီလို မြို့ကြီးတွေ အတော်များများ ဆီကိုပါ ရောက်အောင် ပို့ပေးပါတယ်။

zaw357: ဟာဗျာ . . တကယ်ကို အံ့သြစရာပါပဲလား။ ဒီလိုတွေ ဖြစ်လာတာ ဝမ်းသာလိုက်တာဗျာ။

cold: ဒါဆိုရင် ပြည့်စုံပြီ ထင်တယ်။

zaw357: တစ်ခုတော့ တောင်းဆိုချင်သေးတယ်။ အဲဒီကို ပန်းစည်းလေး ရောက်သွားတဲ့ အခါကျရင် ကျနော့်ကို ဓါတ်ပုံလေး တစ်ပုံတော့ ရိုက်ပြီး ပြန်ပို့ပေးပါလား။

cold: ဒါက ရောက်မရောက် ဆိုတာ ကျမတို့ကို မယုံတဲ့ သဘောလားရှင်။

zaw357: ဟာ . . . မဟုတ် . . . မဟုတ်ပါဘူးဗျာ။ ဒီသဘော မဟုတ်ပါဘူး။ အဲဒီလို ပန်းစည်းလေး ပို့ပေးလိုက်နိုင်တယ် ဆိုတာလေးကို ပြန်ပြန်ကြည့်ပြီး ကျနော် ပီတိ ဖြစ်ချင်လို့ပါဗျာ။

cold: သြော်. . . ဟုတ်ပါပြီ။ ဒါပေမဲ့ ဟိုဘက်က ဓါတ်ပုံ အရိုက်မခံဘူး ဆိုရင် ဘယ်လိုလုပ်မလဲရှင်။

zaw357: ဒီအတွက်တော့ မပူပါနဲ့ဗျာ။ ကျနော် တာဝန်ယူပါတယ်။

cold: ဒီလိုဆိုရင်တော့ ဖြစ်ပါတယ်ရှင်။ ဒါပေမဲ့ ဓါတ်ပုံရိုက်ခနဲ့ ပြန်ပို့ခ ဝန်ဆောင်ခတော့ ပိုလာမှာပေါ့နော်။

zaw357: ဟုတ်ကဲ့ ဒီအတွက်တော့ မပူပါနဲ့ဗျာ။ ဝန်ဆောင်ခကတော့ အားမနာပါနဲ့ ကျသလောက်သာ ပြောပါ။ ကျနော် သဘောတူပါတယ်။

cold: ဟုတ်ကဲ့ ၊ ဒါဆိုရင်တော့ ကျမတို့ဘက်က အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်ရှုင်။

zaw357: ဟုတ်ကဲ့ ကြားရတာ ဝမ်းသာလိုက်တာဗျာ။

cold: ဒါဆိုရင် ပြည့်စုံပြီလား မသိဘူး။

zaw357: ဟုတ်ကဲ့ ၊ ပြည့်စုံပြီပဲ ဆိုရမယ် ထင်တယ်။

cold: ဒါဆို ရှင်မေ့နေတာ တစ်ခု ကျမ ပြောပြမယ်။

zaw357: ဟုတ်ကဲ့ ပြောပါ။

cold: ရှင် ပန်းစည်းနဲ့ အတူ ချောကလက်လေးရော မထည့်လိုက်ချင်ဘူးလား။

zaw357: ဟာ . . . . ဟုတ်တယ် ၊ ဟုတ်တယ်။ သူကလည်း ချောကလက် အရမ်းကြိုက်တာဗျာ။ ခင်ဗျားကိုတော့ အရမ်းကို ကျေးဇူးတင်သွားပြီ။ တကယ်ကို တော်တယ်ဗျာ ၊ ပြောစရာ မလိုသော ဝန်ဆောင်မှုပါပဲ။ ကျနော် ချောကလက်လည်း ထည့်ပါ့မယ်။

cold: ဒါဆိုရင် ရှင် ကျမတို့ရဲ့ မလေး ကိုယ်စားလှယ်နဲ့ ဆက်သွယ်လိုက်ပါရှင်။ ပြီးရင်တော့ သူကို လိုချင်တာတွေ ၊ ဖြစ်ချင်တာတွေ သေချာ ပြောပြပါ။ ရှင် ပြောတဲ့ အတိုင်း သူက မေးလ်ပို့လိုက်ရင် ကျမတို့က ဒီဘက် ရန်ကုန်ကနေ အားလုံး စိတ်တိုင်းကျ ဆောင်ရွက်ပေးပါ့မယ်။

zaw357: ကျေးဇူးတင်ပါတယ်ဗျာ။ ကျနော် ဆက်သွယ်လိုက်ပါ့မယ်။

cold: ဟုတ်ကဲ့ ၊ ဒါဆို ကျမလည်း ပို့လာတဲ့ မေးလ်ကို စောင့်နေလိုက်ပါ့မယ်။

zaw357: ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ။ ကျနော်လည်း နှစ်တိုင်း စိတ်ထဲမှာသာ ရှိနေတာ ဒီလို ဝန်ဆောင်မှုတွေ မရှိတော့ ကျနော့် အဖွားဆီကို ပန်းစည်းလေးတွေ မပို့ဖြစ်ဘူး။

cold: ရှင် . . . . ၊

zaw357: အမ် . . . ဘာဖြစ်လို့လဲ မသိဘူး။

cold: ရှင် ခုနက ဘာကို ပြောလိုက်တာလဲ။

zaw357: သြော် . . . ကျနော့် အဖွားဆီကို ပန်းစည်းပေးဖို့လေ။ အခုလို ခင်ဗျားတို့ရဲ့ ဝန်ဆောင်မှုတွေ ပေါ်လာမှ ကျနော်လည်း အဖွားဆီကို ပန်းစည်းလေး ပို့နိုင်တာလို့ ပြောတာပါ။

cold: ရှင် အခု ပို့မှာက ရှင် ချစ်သူဆီ မဟုတ်ဘူးလား။

zaw357: အာ . . ပေါက်ပေါက်ရှာရှာဗျာ။ ကျနော့်မှာမှ ချစ်သူ မရှိတာကို . . . ။ အခု ကျနော် ပို့မှာက ကျနော့် အဖေဘက်က အဖွားဆီကိုပါ။

cold: - - - - - - - - -

zaw357: အဖေဘက်က အဖွားဆီကို ပို့ပေးချင်တာပါ။

cold: - - - - - - - - -

zaw357: ဟလို . . . ဟလို . . . ဘယ်ရောက်သွားပြီလဲ မသိဘူး။

cold: ဒီမှာ ရှင် ကျမကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။

zaw357: ဟာဗျာ . . မနောက်ပါဘူး ၊ တကယ်ပါ။ ကျနော့် အဖွားဆုံးသွားတာ ၁၅ နှစ်ကျော်သွားပြီဗျာ။ ကျနော့်မှာ သူ့ရဲ့ အုတ်ဂူလေးဆီကို တစ်နှစ်တစ်ခါ ပန်းစည်းလေး ပို့နေကျကို မပို့ဖြစ်တာ အတော်ကို ကြာခဲ့ပြီ။

cold: - - - - - - - - -

zaw357: အခုလို ခင်ဗျားတို့လို ဝန်ဆောင်မှုတွေ ပေါ်လာမှ အဝေးရောက် နေပေမဲ့လည်း ပို့ဖြစ်တော့ မှာပေါ့ဗျာ။ သူ့ကို သန်လျင် တစ်ဘက်ကမ်းက သုသာန် နာမည်က . . . . ဟလို . . ဟလို . . . . ဘယ်ရောက် . . .

cold: - - - - - - - --

zaw357: ရှိရော ရှိသေးရဲ့လား မသိဘူး။

cold: ရှိတယ် ၊ ဒီမှာ ရှင် ကျမကို တမင် လာနောက်နေတာ မဟုတ်လား။

zaw357: ဟာ . . . မဟုတ်တာဗျာ ၊ ကျနော် တကယ် . . . .. .

cold: ဘာမှ တကယ် လာပြောမနေနဲ့။ ချစ်သူ မရှိဘဲနဲ့များ . . . . . .

zaw357: ဗျာ . . . . . ချစ်သူ မရှိတာနဲ့ ပန်းစည်းပေးတာနဲ့ ဘာဆိုင်လို့လဲဗျ။

cold: ဘာလို့ မဆိုင်ရမှာလဲ ၊ ဒီရက်ပိုင်းမှာ ဘာနေ့နဲ့ နီးနေပြီလဲ ရှင် မသိဘူးလား။

zaw357: ဒီနေ့က ၈ ရက်နေ့ဗျာ ၊ နောက်ထပ် ၄ ရက်ဆို ပြည်ထောင်စုနေ့ ၊ အဲဒါရဲ့ နောက်နေ့ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ လေဗျာ။ အဲဒီတော့ ဘာဖြစ်လို့လဲ။

cold: သြ . . . ရှင်က ဒါပဲ သိတာ မဟုတ်လား။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပြီးတော့ရော ဘာနေ့လဲ သိလား။

zaw357: အမ်. . . မသိဘူးလေ။ ဘာနေ့ မို့လို့လဲ။

cold: ကျမ မှားတာ ၊ ကျမကိုက မှားတာ။ ချစ်သူတောင်မှ မရှိတဲ့ လူကို သွားပြီးတော့ Marketing ဆင်းမိတယ်။

zaw357: ဘာဗျ ၊ ခင်ဗျားက စော်စော်ကားကားပါလား ၊ ကျနော့် ဖာသာ ချစ်သူ မရှိတာ ခင်ဗျားနဲ့ ဘာဆိုင်လဲ။ ခင်ဗျား ပန်းစည်းပို့တဲ့ ဝန်ဆောင်မှု လုပ်တာ မဟုတ်လား။ ကျနော်က ပန်းစည်း ပို့ချင်တယ် ၊ ခင်ဗျားက ပို့ပေးပေါ့။ ဒါဆို ပြီးတာပဲ မဟုတ်လား။ ခင်ဗျားတို့ ပန်းစည်းပို့တဲ့ ဆီက ချစ်သူရှိတဲ့ လူတွေကိုမှ ပို့ပေးမယ် ဆိုတဲ့ စည်းကမ်းတွေ ၊ ဥပဒေတွေ ရှိနေလို့လား။

cold: ရှင်ဟာလေ အတော်ကို ပြောရခက်မဲ့ လူထင်ပါတယ်။

zaw357: အောင်မာ . . . ခင်ဗျားက ပြောရခက်နေတာဗျ။ ဘယ်နှယ့်ဗျာ။

cold: ဒီမှာ ကျမ ပြောမယ်။

zaw357: ဘာလဲ ပြော။

cold: ကျမတို့ ပန်းစည်းပို့ပေးတယ် ဆိုတာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ အတွက် ၊ အဲဒီနေ့က ကမ္ဘာ့ ချစ်သူများနေ့ရှင့်။ ရှင် သိလား။

zaw357: ဒါတော့ ဘယ်သိမှာလဲ။ ခင်ဗျားက စပြောကတည်းက ပန်းစည်း ပို့ဆောင်ရေးကပါ လို့ပဲ ပြောတော့ ကျနော်ကလည်း အမှတ်တရ ပန်းစည်း ပို့ပေးတဲ့ ဝန်ဆောင်မှု လို့ပဲ ထင်တာပေါ့။ ခင်ဗျားတို့ ဖာသာ ချစ်သူများနေ့ အတွက်ပဲ ပို့ပေးတယ် ဘာညာမှ မပြောတာကိုးဗျ။

cold: ဒါကတော့ရှင် ပြောစရာလား။ ဒီနေ့ ဒီရက် အတောအတွင်းမှာ ပန်းစည်း ပို့တယ် ဆိုရင် ချစ်သူများနေ့ အတွက် ဆိုတာ အားလုံး သိကြတာပဲ။

zaw357: ကျနော် မသိဘူးလေဗျာ။

cold: သြ . . . ရှင်ကတော့ ဘယ်သိမလဲ ၊ ရှင်က ချစ်သူမှ မရှိတာကို .. . . ။

zaw357: ဟာ . . . ခင်ဗျားနော် ၊ ဒါကိုချည်းပဲ လာလာ မပြောနဲ့။

cold: မဟုတ်လို့လား ၊ ချစ်သူ ရှိတဲ့ လူဆိုရင် ဒီအချိန်ဆိုရင် ချစ်သူများနေ့ အတွက် ဆိုတာ အလိုလို သိတယ်။

zaw357: ကျနော်က မသိဘူးလေ။

cold: အေးလေ . . ဒါကြောင့် ရှင့်မှာ ချစ်သူ မရှိလို့လို့ ပြောတာပေါ့။

zaw357: ဟာ. . . ခင်ဗျား တော်တော် ခက်ပါလား။ အခု ခင်ဗျား ကျနော့် အဖွားဆီကို ပန်းစည်း ပို့ပေးမှာလား မပို့ဘူးလား ပြော . . .။

cold: ခက်ပါလား ရှင် ၊ ကျမတို့က ချစ်သူရှိတဲ့ လူတွေ အတွက် ချစ်သူများနေ့မှာ ပန်းစည်း ပို့ပြီး ဝန်ဆောင်မှု ပေးတဲ့ အဖွဲ့ရှင့်။ အသက် မရှိတော့တဲ့ လူတွေကို ပို့ပေးတဲ့ အဖွဲ့ မဟုတ်ဘူး။

zaw357: ဒါဆိုလည်း ခင်ဗျားက လာပြီး ကြော်ငြာကတည်းက သေချာ ပြောပါလား။ အခုတော့ ပြောလိုက်ရတာ . . .။

cold: ကျမကလည်း ဖောက်သည် တစ်ယောက်လောက် တိုးမလားလို့ ရှင့်အကောင့်ကို အက်ပြီးတော့ အချိန်ကုန်ခံပြီး ပြောလိုက်ရတာရှင်။ အခုတော့ . . . . .

zaw357: ဘာ အခုတော့လဲ . . . .

cold: အခုတော့ ချစ်သူ မရှိတဲ့ လူတစ်ယောက်ကို စကားပြောနေလို့ ကျမ အချိန်ကုန်တာပေါ့ရှင်။ ဒီတော့ . . . . .

zaw357: အောင်မာ . . . ခင်ဗျားကပဲ ပြောရတယ် ရှိသေး။ ဒီတော့ ခင်ဗျားက ဘာဖြစ်လဲ။ ဘာဖြစ်ချင်လဲ။

cold: ဒီတော့ ရှင်လို့ ချစ်သူ မရှိတဲ့ လူတစ်ယောက်ကို Block မယ်ရှင်။ ဒါပဲ။

zaw357: ဘာဗျ ၊ အခု နှစ်မရှိပေမဲ့ နောက်နှစ် ရှိချင် ရှိလာမှာပေါ့ဗျ။ ခင်ဗျား ပြောပုံက ကျနော်ကပဲ တစ်သက်လုံး ရောင်းမစွံကြီး လိုလို ဘာလိုလိုနဲ့။

cold: ကျမကတော့ ဒီလိုပဲ ထင်ပါတယ်ရှင် ၊ ရှင်နဲ့ စကားပြောရတာ လူ့ဂွစာကြီး ထင်ပါတယ်။

zaw357: ဘာဗျ။

cold: ကဲ . . Block ပြီရှင် ၊ ဘယ်တော့မှ အသုံးဝင်မလာနိုင်တဲ့ အကောင့် တစ်ခုပါပဲ။

zaw357: ဘာကွ ၊ တောက် . . . ဟေ့ ဒီမှာ ဒီနှစ် မဖြစ်ပေမဲ့ နောက်နှစ် ဖြစ်လာမှာပေါ့ဗျာ။ တောက် . . . ပြောပုံကိုက . . . . ငါ့ကိုများ။

cold: - - - - - - - -

zaw357: နောက်နှစ်မှ ခင်ဗျား အရမ်းကောင်းလွန်းတဲ့ ကပ်စတန်မာ တစ်ယောက် လက်လွတ်သွားရပြီ ဆိုပြီး တစ်သက်လုံး နောင်တ ရနေလိမ့်မယ်။ ဒါပဲ။

cold: - - - - - - -

zaw357: ဒီမှာ ခင်ဗျားရဲ့ ဝန်ဆောင်မှုက လုံးဝကို အသုံးမကျတဲ့ ဝန်ဆောင်မှုဗျ။ ခင်ဗျား မှတ်ထားလိုက်။

cold: - - - - - - - -

zaw357: (*$)(@#$)(&@^*(%)&Q@_%*_%_@&%_*@_%&*^

cold: - - - - - - - -

zaw357: $&^@)$^)@&_@*_%&_%&_&_&@($&

cold: - - - - - - - - -

zaw357: %&^$&)%%*^$&$&#&^$*%&*$&$%



အဲဒါပဲဗျာ . . . . ကျွန်တော့်မှာလေ အဲဒီနေ့က ပြောရတာ မောလိုက်တာ။ အဲဒီ သူတို့ ပြောပြောနေတဲ့ ဗယ်လင်တိုင်းဒေး မတိုင်ခင် ရက် အနည်းငယ် အလိုလောက်ကပေါ့။ ကျွန်တော့်မှာ အဲဒီလို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီ့ အဖြစ်ကိုလေ ရှက်လွန်းလို့ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပြဖြစ်ပါဘူး။ ဘယ်တော့မှ ဘယ်သူ့ကိုမှ မပြောဘူးလို့ ဆုံးဖြတ်ထားတယ်ဗျာ။

ကျွန်တော်လေ . . . . ရှက်လို့ပါ။ သူပို့ပေးမယ် ဆိုတဲ့ ပန်းစည်းက ဗယ်လင်တိုင်း လက်ဆောင်ကိုး




*** Valentine's Day မှာ ရေးထားတာပါ။ အမြင်ကပ်လို့ မတင်ဘဲ အခုမှ တင်လိုက်ပါတယ်။ Valentine's Day မှ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ချစ်သူကို ချစ်ခွင့် ရနေတဲ့ နေ့ရက်တိုင်းဟာ Valentine's Day ပါပဲဗျာ။***


လေးစားစွာဖြင့်
ကိုဇော်
14.2.2011


Share/Bookmark

29 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

စွာတာ.. ကိုဇော်တို့တော့... :D.. ဟီးဟီး...


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ဟွန်း ဦးဇော်ကြီး သိပ်ပိုတာပဲ..။
မြတ်မွန်

မိုးယံ said...

ကမ္ဘာချစ်သူများနေ့ကို ရှင်မသိဘူးလား.. အေးလေ ရှင်ကတော့ ချစ်သူမှ မရှိတာကိုး ဒါတွေဘယ်သိမလဲ.

ဟုတ်ပါတယ် ရောင်းမစွံတဲ့ ပုတ်ကုန်ကြီးရယ်.. ရှင်က တကယ့်လူ့ဂွစာချည်းပါပဲ။


အဲလိုတွေ ပီပီပြင်ပြင်ကစ်ချင်တာ လက်စောင်းမထက်လို့ စောင့်ကြည့်နေတာ.. တိုင်းလိုက်ကြတဲ့ ဘယ်လင်တွေညာလင်တွေ... ဦးဇွတ်လက်သံပြောင်သကိုး...

မောင်မောင်တင် said...

အောက်ဆုံးက မှတ်ချက်လေးကမိုက်တယ်ဗျာ..တော်တော်အမြင်ကပ်စရာနေ့ပဲ...၁၂.ရက်နေ့နဲ့ ၁၃ရက်နေ့တောင်မေ့နေကြတာ..ဘယ်ေxာက်ရူးကထွင်လိုက်တာလဲမသိဘူး...အဲဒီနေ့က gtalk..မှာ စိမ်းနေလိုက်ကြတာ...အလုပ်တောင်မလုပ်ပဲ ခွင့်ယူထားကြလား မသိဘူး...

naylinnhtun said...

သိပ်မှန်တာပဲ အစ်ကိုဇော်ရေ ကိုယ့်ချစ်သူကို ချစ်နေသမျှနေ့ တိုင်းဟာ ချစ်သူနှစ်ဦးရဲ့ valentine day တွေကြီးပဲပေါ့ ။
တစ်ချို့ များ တစ်နှစ်ပတ်လုံးရူပ်လိုက်ပွေလိုက်နဲ့ feb14 တစ်ရက်လေးရောက်မှ ဂရုစိုက်ပြချစ်ပြလိုက်ယုံနဲ့ ပြီးရောလား ဒီလိုလူမျိုးတွေကို အထင်တကြီး ချစ်ချင်ကြတဲ့ ချာတိတ်တွေရော ဘယ်လောက်များရှိနေကြလည်းမသိပါဘူးဗျာ(တစ်ချို့ တစ်လေကိုပြောပါတယ်)
ကျွန်တော်ကတော့ ကျွန်တော့် ချစ်သူ အဖြေပေးတဲ့နေ့ ဟာ
ကျွန်တော်တို့ နှစ်ယောက်ရဲ့ valentine day ပဲ အဲ့ဒီနေ့ လောက် အခုလုပ်နေကြတဲ့ valentine day ကိုစိတ်မဝင်စားဘူး။ကျွန်တော်ပြောတာ သဘာဝကျပါရဲ့နော် . . . :)
လူတိုင်းကိုယ်စီ ကိုယ်ပိုင်
valentine day လေး တစ်ခုစီ ပိုင်ဆိုင်နိုင်ပါစေ . . .
ကိုဇော်အားစောင်းပြောချင်းမဟုတ်ပါ
(ဤကားစကားချပ်)

ခင်မင်တဲ့
လှိုင်ဘွား(သီချင်းအိမ်)

ခနွဲ said...

ကိုဇော်တို့ကတော့ ဖြစ်ရမယ်။ :)

သဒ္ဓါလှိုင်း said...

ချစ်သူများနေ့ကိုသာ အမှတ်ရနေတဲ့သူတွေအတွက်
တော့ ရှေ့ကရက်လေးနှစ်ရက်ကိုလည်း အမှတ်ရနေစေချင်ပါတယ်..။
ခင်မင်စွာ
သဒ္ဓါ

aung zin said...

ကိုဇော်..့ အတုခိုးမှားနေတဲ့ ဗယ်လင်တိုင်း နဲ့ မမေ့သင့်တာကိုမေ့ နေတဲ့ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ ကို ကိုထောက်ပြလိုက်တာ လောက်စလုံး ၁လုံးနဲ့ ငှက်၃ကောင်းပစ်ပြလိုက်တာမိုက်တယ်.....

Anonymous said...

ဒို့ကိုဇော်ကတော့ ခုချိန်ထိ ကြောငြာတုန်းနော်။ အဟဲ...မရှိလည်းအေးဆေးနေပေါ့။ အဲလိုကြောငြာပြီး သူများလာအက်မှ ထွက်မပြေးနဲ့။ ဗက်လင်တိုင်းနေ့ဆိုလို့ ချစ်သူကပြောတယ်။အဲဒါ ဗက်လင်တိုင်းနေ့ မဟုတ်ဘူးတဲ့။ ဗက်လင်တိုင်းနေ့က ဂျာမနီမှာဘဲ ရှိတာတဲ့။ ဟိဟိ ..ဟုတ်လားမသိ။
ပျော်ရွှင်ပါစေ အစ်ကို

An Asian Tour Operator said...

ကြော်ငြာ ကြော်ငြာ :-)

အဖြူရောင်နတ်သမီး said...

ဟိ
ကိုဇော်တို့ကတော့ ကြော်ငြာဝင်ရင်း ဆော်သကွာ...
Valentine's Day မှာ တင်တဲ့ Post တွေအားလုံးကို ကျည်တတောင့်ထဲနဲ့ ပစ်လိုက်သလိုပဲ...။

ဖြိုးမောင်မောင်(CTM) said...

ကိုဇော်ကတော့လုပ်ချလိုက်ပြန်ပြီ......
ရယ်ရတယ်...
ကိုဇော်ဘက်ကမှန်ပါတယ်။
ကိုယ့် ချစ်သူကိုချစ်နေတဲ့ နေ့ ရက်တိုင်းက
valentine"s dayတွေပါပဲ။

Unknown said...

ဟွန့်.. ချစ်သူမရှိတာနဲ့ block သွားရတယ်လို့ မခံနဲ့သယ်ချင်း နောက်နှစ်မှာ ရှိအောင်ကြိုးစားလိုက်..

ဝက်ဝံလေး said...

များ ပါဝူးနော် ကိုဇော်
များက ၁၂ ရက် နဲ့ ၁၃ ရက်ကိုသိတယ်နော် သိလို့တောင် အထိမ်းအမှတ်လေး တခု လုပ်လိုက်သေးတာ ကိုဇော်လဲ သိတယ်နော် ဟဲဟဲ

kiki said...

မယ်မယ်ဇော်က အတော်စွာပါ့ အေ ....
ချက်တင်း.. တင်း လိုက်ရတာ ..
ဘယ်လက်လဲ တင်းး
ညာလက်လဲတင်းး..
မှတ်ပလားးးး ဟိုက ဘလော့ တွားဘီ..

( ကိုကျော်သူဆီ အကူအညီတောင်းတာကမှ သေချာအုံးမယ်.. .. အဲ့ မှာ ပန်းစည်းတွေ ပန်းခြင်းတွေ တပုံကြီး ပဲ အေ့ ...)

ဖွားကိ

Sunny said...

ဟိဟိ.. ရီရတယ်..
၁၄ ရက်နေ့မှာလည်း ပျော်ချင်တဲ့လူတွေ ပျော်ပါစေ ကိုဇော်ရာ..
အေးလေး.. ရှင်ကတော့ ချစ်သူမှ မရှိတာကိုး ဒါတွေ ဘယ်သိမလဲ.. :P
(just kidding နော်)

rose said...

ကိုဇော့် ပုံကို ခါးထောက်လိုက်၊ လက်တစ်ဖက်ကို တစ်ဖက်နဲ့ ရိုက်ပြီး ရန်ဖြစ်နေတဲ့ ပုံစံ မျက်စိထဲ မြင်ယောင်လာလို့ အရမ်း ရယ်ချင်တာပဲ ခစ် ခစ်း)

Anonymous said...

အင်းဗျာ ...
ချစ်သူများနေ့ ....ချစ်သူများနေ့  ..
ကိုယ့်နေ့ တော့မဖြစ်သေးဘူးပေါ့...

ခင်မင်လေးစားလျှက်
အုပ်ကြီး

Anonymous said...

ကိုဇော်
ကောင်းလိုက်တဲ့ပိုစ့်။ ကောင်းလိုက်တဲ့ အိုင်ဒီယာ။ အဲဒီလိုအတွေးမျိုး အရေးမျိုးတွေကို အားကျတယ်ဗျာ အဟုတ်။း)

T T Sweet said...

အပေါ်က ချန်းနီက ချစ်ချစ်နဲ့ဆိုတော့ သူများသားသမီးကို မှိုချိုး၊ မျှစ်ချိုး၊ ဇရစ်ချိုး ပြောသွားတာပဲ။ မခံနဲ့ ကိုဇော် ... ပြန်ပက်ပလိုက် ...
ရှစ်တူရလာတဲ့ တစ်နေ့ကျ လှလှကြီး လက်စားရှေပလိုက်း)

Anonymous said...

လောကကြီးမှာလည်းမလွယ်ပါ့လား
ပန်းပို့ တဲ့ဝန်ဆောင်မှုတောင်ရွေးပို့ ရတယ်လို့ နော် ဟူးးးးးးးး


သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဆွေလေးမွန် said...

ကိုဇော်လဲ ရန်တွေ့တယ်ကောင်းကိုး...
ခုမှသိတယ်..
အဆုံးကျမှ ..ချစ်သူမရှိတာလေးနဲ့ နပ်ခံရတာ.
:) :) :)

တောက်ပကြယ်စင် said...

မရှိသေးဘူးဆိုလို့ ချက်တဲ့လူနဲ့ပဲ.....ဖြစ်သွားကြလေမလာပေါ့ ဖတ်ရင်းဖတ်ရင်းနဲ့ နောက်ဆုံးတော့.....

ahphyulay said...

အင်း ..
ပြောပြီးပြီနော်၊ ပေါက်ကွဲနေတာ၊ အသလွတ်ကြီး၊
ဒီဘက်တောင်တံတွေးတွေစင်တယ်။
ကျွန်တော်လည်းနားမလည်နိုင်ဘူး..၊ သဲကိုသဲတယ်။
ဒီကြားထဲ လိင်တူတွေက သူတို့ အတွက်နေ့  ကို
တောင်ကြိုးစားမယ်လို့  လုပ်လာပြန်ဆိုပဲ ..။

သစ်နက်ဆူး said...

ကိုဇော်
ပထမဆုံးရောက်ဘူးတာမဟုတ်ပေမယ့် ပထမဆုံးကွန်မန့် ပါ..
ဒီပို့ စ်ကို ဖတ်ရင်းနဲ့ ကာတွန်းဆရာကြီးမောင်စိန်(ဦး)
ရဲ့ ကာတွန်းသရော်ကွက်လေးကိုသတိယသွားတယ်..
အသက် ၇၀ အရွယ်လောက်အဘွားကြီးက တခြားအမျိုးသမီးတွေကို ဂုဏ်တုဂုဏ်ပြိုင် မျက်နှာပေးနဲ့ ပြောလိုက်တဲ့ တစ်ကွက် ကာတွန်းလေးပါ
“ ဘယ်လင်နဲ့ တိုင်း တိုင်း..ငါ့လင်လောက်ဘယ်သူမှ
မကောင်းဘူး” တဲ့..။
ဒီတခါ ပန်းပို့ မယ့်အဖွဲ့က ပြောလာရင် ဘာမှအားနာမနေနဲ့ ..
အပေါ်ကအဘွားကြီးပြောသလိုသာ ပြောပလိုက်...း)


ကျနော့်ဆီမှာ ကိုဇော်ရဲ့ လင့်ခ် ချိတ်ထားပါတယ်။
ခွင့်မပြုလဲ မရတော့ဘူး..ချိတ်ပြီးပြီး)

ဟန်ကြည် said...

ကိုယ်တွေ့မို့လားမသိဘူး ကောင်းလိုက်တဲ့ဇာတ်လမ်းလေးဗျာ...အင်း ဟုတ်သားပဲ ပန်းစီးပို့တာပဲဗျာ ဘယ်ကိုပဲပို့ခိုင်းပို့ခိုင်း ၀န်ဆောင်ပေးရမှာပေါ့...အခုမှ စိတ်ကူးရသွားတယ် ဘယ်ကိုမဆိုပို့ပေးတဲ့ ၀န်ဆောင်မှုလေးတစ်ခုတော့ လုပ်ဦးမှဗျာ...

ရေသန့် said...

ချစ်သူကိုချစ်ခွင့်ရတဲ့နေ့ရက်တိုင်းဟာ valentine's
day ဆိုတာကိုသဘောကျတယ်..
နေ့တိုင်း Valentine's day ဖြစ်ပါစေ

လသာည said...

:D

အဲဒါ တကယ်ပေါ့နော်...

ညာလင်ကျောက် said...

ပန်းစီးဝန်ဆောင်မှုအပြင်..ချစ်သူဝန်ဆောင်မှုပါ လုပ်ပေးသင့်တာပေါ့..
ဟင်း..ခုတော့ ရိုးရိုးသားသား အမျိုးသားလေးကိုဗျာ...ပြောရက်လိုက်တာ