မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 February 2011

12 ခက်ဆစ် ( ၅ )


ဟိုးအရင်က ရေးထားတာတွေပါ။ ရေးပြီးမှတော့ မထူးပါဘူး ဆိုပြီး တင်လိုက်ပါတယ် :D




လူပျိုကြီး

ပါး နဲ့ လက်ဝါး
မညားဖူးဘဲ
အတွေးထဲမှာ ဖျားနေသူ။

*** ပန်းနဲ့ရေးတဲ့ ပုံပြင် မှ . . . ( http://www.zaw357.net/2010/02/blog-post_04.html ) ***



အပျိုကြီး

ဝယ်သူ ဝယ်လက် ရှိပါလျက်နဲ့
တတ်ဈေးစောင့်ရင်း
ကုန်ပုပ်သူ။

*** ပန်းနဲ့ရေးတဲ့ ပုံပြင် မှ . . . ( http://www.zaw357.net/2010/02/blog-post_04.html ) ***



ပုစဉ်း

လူက ပြောတယ်။

“ လှံဖျား ပုစဉ်းနားတာကတော့ကွာ ၊ ဘာဖြစ်မှာလဲ။ ” တဲ့။

ပုစဉ်းက တိတ်တခိုး ညည်းတယ်။

“ လှံဖျား ပုစဉ်းနားတာ ဆိုပေမဲ့ ခြေတစ်ချက် ချော်ရင် . . .
လှံသွားက တစ်ချက်ဆော် တာပါပဲ... ၊
သွေးသံ တရဲရဲနဲ့။ ” တဲ့။



ဖား

တစ်ယောက်က ပြောတယ်။

“ ပုံစံကိုက ကပ်ဖား ရပ်ဖား ( လျှက်ဖား ) နဲ့ ဖားဖားယားယားကြီး ”

တဲ့။ ကြီးမားတဲ့ သဘောပေါ့။

နောက်တစ်ယောက်က ပြောတယ်။

“ စည်ပိုင်းကို ဖားပျံကပ်နေသလိုပဲ ”

တဲ့။ သေးငယ်တဲ့ သဘောကို ပြောတယ်။

ဒါနဲ့ သင်ကရော ဘယ်လို “ ဖား ” ပါ သလဲ။



ယာဉ်ထိန်းရဲ

သူ့ကို ကျွန်တော် မြင်ရင် . . . .
သူ့နာမည်ကို ကျွန်တော် ကြားရင် . . . .
သတိရမိတဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ်။

“ ဘယ်လို လူကြီးလဲ . . . ဘယ်လို လူကြီးလဲ ၊ မသိဘဲနဲ့ လက်ပြနေပါတယ် . . . ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

ဘယ်လို လူဂျီးလဲ ဘယ်လိုလူဂျီးလဲ နောင်နှစ်ကျ မန်းကိုလာဦးကွယ်.

ဝက်ဝံလေး said...

ဟေးး လူပျိုကြီး အဲဒါလေး အပျိုကြီးကို ပေးလိုက်လေလို့ ခစ်ခစ်

သစ်နက်ဆူး said...

ဘယ်လိုလူကြီးလဲ..ဘယ်လိုလူကြီးလဲ...
လူပျိုအပျို ဈေးညှိနေပါတယ်.....း)

သူကြီးမင်း (တုံးဖလား) said...

ပါးနှင့်လက်ဝါး။
ဒါပေမဲ့.. ဖျားပါဘူးဗျ။ ဟာ ဟ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချမ်းလင်းနေ said...

ပန်းနဲ့ လက်ဝါး မညားဖူးဘဲ ဖျားနေသူမှာ ကိုဇော်ပါ။
ဝယ်လက်ရှိရက်နဲ့ ဝါရင့် အရောင်းထိုင်းတာ ပရိုမိုးရှင်းမလုပ်ပဲ လျော့ဈေးနဲ့ချရောင်းမှာမို့လို့.... ဒါမှ ဝယ်လိုအားများမှာပေါ့။
ကျွန်တော်ကတော့ လျှက်စားဖားပျံ ပါ။
စာချောက်ရုပ်ဆို လက်ပြတာမှ ကားယားတောင်နေသေးဗျာ။(ခင်မင်မှုများဖြင့်) :P

လသာည said...

သဘောကျတယ်.. :D

ရေးထားတာ အကုန်သဘောကျတယ်။
ဒါကြောင့်လည်း
၁)၀ယ်လက်ရှိတုန်း ဈေးကောင်းတုန်းရောင်းထားတယ်။
၂)ပုဇဉ်းလေး ခမြာသနားစရာ.. ဖြစ်ရပ်မှန်ကို မျက်ရည်တရွဲရွဲနဲ့ ရင်ဖွင့်နေတယ်
၃)ဖား.. စားဖားပါ (အသားထက် ဦးနှောက်ကို ဖောက်စားခံရတဲ့ ဖားလေးတစ်ကောင်ပေါ့း))
ကျေးဇူး..။

လူပျိုလေးကျောက် said...

ပါးနဲ့လက်ဝါးမညားဘူးပေမဲ့..
အီကြာကွေးနဲ့ နံပြား ခနခနညားဖူးလို့..
လူပြိုကြီးဖြစ်နေတာ..

ခနွဲ said...

ဘယ်လိုလူကြီးလဲ ဆိုတာကို အမိဆုံးပဲ။ လာဖတ်တယ် ကိုဇော်

ဆွေလေးမွန် said...

ပြောင်မြောက်လှပါတဲ့ ခက်ဆစ်တွေပါ..
ဘယ်လိုလူကြီးလဲ ဘယ်လိုလူကြီးလဲ..
အမှန်တွေပဲ ပြောပြောနိုင်လွန်းတယ်.

Anonymous said...

အစ်ကိုရေ ..
နေကောင်းလားဗျ ..ဖျားများနေသလားဗျ (အတွေးထဲမှာ ) :P

ခင်မင်လေးစားလျှက်
အုပ်ကြီး

ရဲထွန်းဇော် said...

ပုစဉ်းကဘာကိုဆိုလိုတာလဲဟင် ...

ကိုဇော် said...

ရဲထွန်းဇော် >>

ပုစဉ်းဆိုတာ အင်္ဂလိပ်လို dragon fly လို့ခေါ်ပါတယ်။ ဒီမှာ ကြည့်နိုင်ပါတယ် ခင်ဗျား။
http://www.google.com.my/images?hl=en&source=imghp&biw=1280&bih=577&q=dragon+fly&btnG=Search+Images&gbv=2&aq=f&aqi=g-s1g1g-s2g2g-s1g1g-s2&aql=&oq=

အားလုံးကို ကျေးဇူးတင်ပါတယ်။