မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 February 2011

13 ခေါင်းစဉ်တူ ၊ မူကွဲများ



တစ်ခါက . . .

ရုပ်ချင်း ခွဲမရအောင် တူသော ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့နှစ်ယောက်ဟာ ရုပ်ချင်း ခွဲမရအောင် တူယုံမက ပြုမူနေထိုင်ပုံကလည်း တစ်ထပ်တည်းကျနေလေ့ ရှိ၏။ သူတို့ကို မိဘတွေကတောင်မှ မခွဲတတ်အောင် အကြိမ်ကြိမ် ဖြစ်ခဲ့ရ၏။ ဒါပေမဲ့ သူတို့ နှစ်ယောက်က ရုပ်လက္ခဏာတွေသာ တူတာ အတွေးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းမှ မတူတဲ့ အပြင် လုံးဝကို ဆန့်ကျင်ပြီး ကွဲပြာကြသတဲ့။ ဒီလို ဆန့်ကျင်ဘက် ဖြစ်ပြီး ကွဲပြားတယ် ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် တမင် ဆန့်ကျင်နေတာ မဟုတ်ဘဲ။ သူတို့ဖာသာ စိတ်ထဲက အလိုလို ဖြစ်ပေါ်နေတာပဲ ဖြစ်၏။

အဖြူတစ်ခြမ်း ၊ အနက်တခြမ်း ဆေးသုတ်ထားသော ကျောက်တုံး တစ်တုံးကို တစ်ယောက်က ဘာလို့ အဖြူရောင် တစ်ခြမ်းသုတ်ထားရတာလဲ လို့ တွေးနေချိန်မှာ နောက်တစ်ယောက် ဘာလို့ အနက်ရောင်ကို တစ်ဝက်ပဲ ခြယ်ထားရတာလဲ လို့ စဉ်းစားနေမိတယ် ဆိုပဲ။ အဲဒီလို အကြောင်းအရာတစ်ခု ၊ အဖြစ်အပျက်တစ်ခု ၊ ကိစ္စတစ်ရပ်အပေါ်မှာ အတွေးမတူဘဲ ဆန့်ကျင်စွာဖြင့် သူတို့ဟာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ကြ၏။ ဒါပေမဲ့ သူတို့ နှစ်ယောက်ဟာ နောက်တော့ အောင်မြင်သော စီးပွားရေးသမား နှစ်ယောက် ဖြစ်လာကြ၏။ အောင်မြင်တာခြင်း တူပေမဲ့ သူတို့ရဲ့ စိတ်ကူး အတွေးတွေကလည်း ငယ်ငယ်ကလိုပဲ ဆန့်ကျင် ကွဲပြားလျက်ပါပဲ။

တစ်နေ့တော့ သူတို့ နှစ်ယောက် စာအုပ် တစ်အုပ်ကို ထုတ်ဝေဖို့ ရေးသားနေတယ် ဆိုတဲ့ သတင်းကို သူတို့ရဲ့ သက်ဆိုင်ရာ အသိုင်းအဝိုင်းကနေ လွင့်ပျံလာ၏။ နှစ်ယောက် စလုံးကလည်း စီးပွားရေး လောကမှာ လေးစားဖွယ်ရာ လူနှစ်ဦးမို့ သူ့လူနဲ့သူ သူတို့ကို လေးစားကြ၏။ သူတို့ အပေါ်မှာလည်း ပုဂ္ဂိုလ်စွဲတွေ ရှိနေကြသည်။ သူတို့ နှစ်ယောက်ရဲ့ ရေးသားနေတယ် ဆိုသော စာအုပ် အကြောင်း တစွန်းတစ ထွက်လာခဲ့ပြီးမှာတော့ သူတို့ရဲ့ ကိုယ်ရေးအရာရှိ အကြံပေး ပြောခွင့်ရှိသူတွေက သူတို့ရဲ့ လူက အမှန်တကယ်ကို စာအုပ်တစ်အုပ်ကို ရေးသားပြုစုနေကြောင်း ဝန်ခံပြောကြားကြ၏။

ဒီတော့ သူတို့ ရေးသားနေတဲ့ စာအုပ်က ဘာအမျိုးအစားလဲ ၊ ဘာတွေ ရေးထားမလဲ ၊ စာအုပ်ရဲ့ နာမည်က ဘာလဲ ဆိုတာကို သူတို့ကို လေးစားသူများ ပိုပြီး သိချင်လာကြသည်။ ဒါပေမဲ့ စာအုပ်မှာ ပါဝင်မဲ့ အကြောင်းအရာများကိုတော့ ဘယ်သူမှ ခန့်မှန်းဖို့ နေနေသာသာ စာအုပ်ရဲ့ နာမည်ကိုတောင်မှ မခန့်မှန်း နိုင်ခဲ့ဘူး။ တစ်ယောက် ရေးတဲ့ စာအုပ်ပါ အကြောင်းအရာတွေနဲ့ နောက်တစ်ယောက် ရေးတဲ့ စာအုပ်ပါ အကြောင်းအရာတွေက ထုံးစံ အတိုင်းပဲ ဆန့်ကျင့်ဘက် ဖြစ်နေမှာလား။ ဒါမှမဟုတ် စာအုပ်ရဲ့ နာမည်ကစပြီး ဆန့်ကျင့်နေမလား ဆိုကာ လောင်းကြေးထပ်ကာ ယှဉ်ပြိုင်ပြောဆိုမှုများပင် ဖြစ်ပေါ်လာခဲ့၏။

ဒီအချိန်မှာ သူတို့ နှစ်ယောက် စာအုပ်တွေကို ရေးသား ပြီးစီးလို့ စာပေစီစစ်ရေးကို တင်ပြထားကြပြီ ဖြစ်၏။ သူတို့ရဲ့ စာအုပ်ကို ဖတ်ပြီးတော့ စာပေစီစစ်သူများက ထုတ်ခွင့် ပြုရနိုးနိုး ၊ ပြန်လည်ကာ ပြင်ဆင်ခိုင်းရနိုးနိုး ဖြစ်နေကြ၏။ ဘာလို့လဲ ဆိုတော့ သုတို့ရဲ့ စာအုပ်နှစ်အုပ်က တကယ်ကို တိုက်ဆိုင်လှစွာ နာမည် တစ်ခုတည်း ဖြစ်နေလေသည်။ စာအုပ်နာမည်က “ လူသား အားလုံးအတွက် လိုအပ်ချက် ” လို့ ပေးထား၏။ သို့သော် စာအုပ်ထဲပါ အချက်အလက်များကား ထုံးစံအတိုင်း တစ်ယောက်နဲ့ တစ်ယောက် လုံးဝကို မတူညီဘဲ ဆန့်ကျင့်ဘက်တွေ ဖြစ်နေကြလေသည်။

နောက်ဆုံးတော့ စာပေစီစစ်ရေးက ထိုစာအုပ်နှစ်အုပ်ကို နာမည်တူဖြင့် ထုတ်ဝေခွင့် ပြုလိုက်လေတော့သည်။ စစချင်း ရောင်းချသော နေ့မှာကတည်းက တစ်ယောက်နဲ့တစ်ယောက် မသိအောင် တိတ်တိတ်ကျိတ်ရေးသော စာအုပ် နှစ်အုပ်က ထူးဆန်းစွာ စာအုပ်နာမည်တူနေတဲ့ အတွက် သူတို့ကို လေးစားသော လူများက အလုအယက် ဝယ်ယူ အားပေးကြလေ၏။ ထိုနောက် ထိုစာအုပ်ပါ အကြောင်းအရာတွေကို ဖတ်ကြည့်လိုက်တော့ ပို၍ပင် အံ့သြရစေတော့သည်။

သူတို့ရဲ့ စာအုပ်မှာ အပိုင်းလိုက် အခန်းလိုက် ခေါင်းစဉ်များဖြင့် “ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ ဘာသာရေး ” စသည်ဖြင့် ဖော်ပြထားသောလည်း ထို အခန်းခေါင်းစဉ်များ အောက်၌ ရေးထားသော အဖြေ အချက်အလက်များမှာ တစ်ယောက်က “ ညီမျှခြင်း ” ဆိုသော Equal တွေကိုသာ ရေးသားထားပြီး . . .


နောက်ထပ်တစ်ယောက်ကတော့ “ မညီမျှခြင်း ” ဆိုသော Unequal တွေကိုသာ ရေးသားထားလေ၏။


ဥပမာ - တစ်ယောက်ရဲ့ “ လူသား အားလုံးအတွက် လိုအပ်ချက် ” စာအုပ်ပါ “ စီးပွားရေး ” အခန်းမှာ ကမ္ဘာပေါ်မှာ ရှိသော လူသား အားလုံးဟာ ညီတူညီမျှ ဖြစ်သင့်တယ် လို့ တစ်ယောက်က “ ညီမျှခြင်း ” တွေချည်းပဲ ရေးသားထားသော အချိန်မှာ တစ်ယောက်က ဒီအခန်းမှာပဲ လူသား အားလုံးဟာ ညီတူညီမျှ ဖြစ်မနေသင့်ဘူး ဆိုပြီး “ မညီမျှခြင်း ” တွေကိုသာ ချရေးထားလေသည်။

သူတို့ကို လေးစားသော ပုဂ္ဂိုလ်တွေက သူတို့ စာအုပ်တွေကို ဖတ်ပြီးတော့ သူတို့ရဲ့ အယူအဆတွေကို ထောက်ခံသလို ၊ သူတို့ရဲ့ ဆန့်ကျင်ဘက်က လူတွေကတော့ ထိုအချက်ကို ကန့်ကွက် ရှုတ်ချကြ၏။ သန်ရာ သန်ရာကို အားပြုသွားကြပြီးတော့ သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာကာ ဂိုဏ်းတွေ ကွဲပြား သွားကြလေ၏။ ဒီအချိန်မှာ သူတို့ နှစ်ယောက်လုံးရဲ့စာအုပ်ပါ အချက်တွေကို လုံးဝ လက်ခံသောသူ ၊ လုံးဝ လက်မခံနိုင်သော သူ ၊ နည်းနည်း လက်ခံနိုင်သော သူ ၊ များများ လက်ခံနိုင်သောသူ ၊ နှစ်ဘက်စလုံးကို လက်ခံနိုင်သော သူ ၊ နှစ်ဘက်စလုံးကို ကန့်ကွက်သောသူ ၊ နှစ်ဘက်စလုံးကို အခြေခံပြီး ဆင့်ပွား ပေါ်ထွက်လာသော သူ ဆိုကာ အမျိုးမျိုး ကွဲပြား သွားလေတော့သည်။

နှစ်ပေါင်းများစွာ အချင်းချင်း တိုက်ခိုက်ကြပြီးတော့ သူတို့ဖာသာ သူတို့ရဲ့ ရည်ရွယ်ချက် လှုပ်ရှားမှုတွေ အတွက် ခေါင်းစဉ် တစ်ခုကို ရဲတင်းစွာ တပ်လိုက်လေ၏။ ထိုခေါင်းစဉ်ကတော့ သူတို့ နှစ်ယောက်ရဲ့ စာအုပ် နာမည် “ လူသား အားလုံးအတွက် လိုအပ်ချက် ” ဖြစ်ပြီးတော့ သူတို့ရဲ့ အယူအဆ မူဝါဒတွေကိုတော့ သူတို့ဖာသာပဲ နာမည်တပ်လိုက်ကြတယ်။ သူတို့ရဲ့ မူဝါဒ နာမည်တွေကတော့ ရှုပ်ထွေးသလို ၊ များပြားလှလေ၏။

လူသား အားလုံးအတွက် လိုအပ်ချက်များ ညီတူညီမျှ ရှိနေသင့်တယ် လို့ ယူဆသူများက သူတို့ကိုယ် သူတို့ “ ဆိုရှယ်လစ် ” ကွ ၊ “ ကွန်မြူနစ် ” ကွ လို့ သတ်မှတ်ကြ၏။ လူသား အားလုံးအတွက် လိုအပ်ချက်များ ညီမျှနေမှု မရှိသင့်ဘူး ဆိုသူများကတော့ “ အရင်းရှင်များ ” အဖြစ် သူတို့ကိုယ် သူတို့ သတ်မှတ်ကြ၏။ ညီမျှမှု အနည်းငယ်နဲ့ မညီမျှမှုများများ ရှိစေချင်သောသူ ၊ ညီမျှမှု များများနှင့် မညီမျှမှု နည်းနည်းသာ ရှိစေချင်သောသူ ၊ ကိုယ်လုပ်သမျှ လွတ်လပ်စွာ ခံစားချင်သော သူ စသော ထိုသူများကလည်း သူတို့ကိုယ် သူတို့ ဆီမီးဆိုရှယ်လစ်များ ၊ ဆီမီးအရင်းရှင်များ ၊ ဆိုရှယ်အရင်းရှင်များ ၊ ကွန်မြူနစ်ဆန်သော အရင်းရှင်များ ၊ ပရိုကွန်မြူနစ်များ ၊ ဒီမိုကရေစီများ ၊ ပရိုဒီမိုကရေစီများ ၊ ဆိုရှယ်ဒီမိုကရေစီများ ၊ ဒီမိုကရေစီအရင်းရှင်များ စသည်ဖြင့် ခေါင်းစဉ် တစ်ခုအောက်မှာ မူကွဲပေါင်း များစွာ ပေါ်ထွန်းလာကာ ပြိုင်ဆိုင်မှု ပြင်းထန်လာသထက် ပြင်းထန်လာကြသည်။

နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပါသည်။

ပြိုင်ဆိုင်မှု ဘယ်လောက်ထိ ပြင်းထန်လာသလဲ ဆိုရင် သူတို့ရဲ့ မူလ ရည်ရွယ်ချက် ခေါင်းစဉ် ဆိုသော နာမည်ကိုပါ မေ့သွားကြလေတော့သည်။ နောက်ဆုံးတော့ သူတို့ရဲ့ မူဝါဒက ပိုကောင်းတယ် ဆိုတာကိုသာ ယှဉ်ပြိုင်ဖို့ ဖြစ်လာကြလေတော့သည်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က “ လူသား အားလုံးအတွက် လိုအပ်ချက် ” မဟုတ်ပါလား။ သို့သော် သူတို့ ခေါင်းစဉ်တူ ဆိုတာကို မေ့သွားကြလေပြီ။ အခုတော့ သူတို့မှာ မူဝါဒအတွက် ယှဉ်ပြိုင်မှု လောက်သာ ကျန်နေပါတော့သည်။

တကယ်ဆို အတိတ်ကိုသာ သူတို့ ပြန်လည် မျှော်ကြည့်မိခဲ့မယ် ဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်က ခေါင်းစဉ်တူ ၊ နာမည်တူများပဲ မဟုတ်ပါလား။




*** ဘာရယ် မဟုတ်ဘဲ စိတ်ထဲမှာ အာသီသ ဖြစ်ပြီး လျှောက်ရေးမိတဲ့ အတွေးသာ ဖြစ်ပါတယ်။ အပြင်လောကမှ အတိတ်ရဲ့ သမိုင်းကြောင်းများ မဟုတ်သလို ၊ လက်ရှိနဲ့လည်း မသက်ဆိုင်ပါ။ ကျွန်တော် သိတာက ခေါင်းစဉ် နာမည်လေးသာ ဖြစ်ပါတယ်။ ခေါင်းစဉ် နာမည်က “ လူသား အားလုံးအတွက် လိုအပ်ချက် ” မျှသာ ဖြစ်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်
14.2.2011

.

Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မောင်တင် said...

ကိုဇော်အတွေးလေးက မက်စေ့ခ်ျ ပေးတာအရမ်းကောင်းတယ်နော်...နောက်ဆုံးတော့ပတိပက္ခ တွေပဲကျန်ခဲ့တာပေါ့နော်

ဆူးသစ် said...

အတွေးကိုတော့ကြိုက်တယ်။

naylinnhtun said...

အယူဝါဒ ကွဲပြားမှုတွေ မြစ်ဖျားခံရာ သမိုင်းကြောင်းဖြစ်စဉ် တစ်ခုလို မျိုးပဲ
ကိုဇော်မို့ ကြံကြံဖန်ဖန် တွေးတတ်ပလေ . . .

ပြောပြီးသားနော် ယုန် နှစ်မှာ ယုံတန်းစကားတွေမပြောကြေးပါဆို....

ခင်မင်လေးစားမှုဖြင့်(လှိုင်ဘွား)သီချင်းအိမ်

မိုးယံ said...

အယူဝါဒ တွေ ၊ စနစ်တွေကို လေ့လာဆဲပါပဲကွယ်..

နေ၀သန် said...

ဖတ်သွားပါတယ်ဗျာ....

ခင်မင်တဲ့
နေ၀သန်

(လင့်ခ်လည်းပြန်ချိတ်လိုက်ပါပြီ)

Anonymous said...

ညီမျှခြင်းတွေ မညီမျှခြင်းတွေက တစ်ခါတစ်လေမှာ ခေါင်းစဉ်တူအောက်မှာ ရှိနေတတ်ကြတာကို သင်ခန်းစာယူသွားပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

SHWE ZIN U said...

စဉ်းစားရင်းဖတ် ဖတ်ရင်းစဉ်းစားသွားတယ် နောက်တော့ လာဖတ်နိုင်တော့မှာပါ လိုင်းနဲနဲကောင်းသွားပြီ လင့်ပြန်ယူသွားပြီ ဝဲပျောက်သွားလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဝက်ဝံလေး said...

အမှန်တိုင်းပြောရမလား နားလည်တယ်လို့ ပြောရမလား (အဖြေက ပါသွားပြီနော်)း)

လူက ခေါင်းမူးနေပါတယ်ဆိုကာမှ ဟင့် အုံးစားတယ်ကွာ........

ဖြိုးမောင်မောင်(CTM) said...

ကိုဇော်ကတော့အတွေးတွေကလန်းတယ်နော်...
တွေးလိုက်ပြီးရေးလိုက်တာတွေက
ကွက်တိပဲ.....
ခင်မင်လျှက်.....ဖြိုးမောင်မောင်........

sosegado said...

ညီမျှခြင်းနှင့် မညီမျှခြင်းတွေက လူသားအားလုံးအတွက်ဆို သုညဖြစ်သွားတယ်၊ အဲဒီ့ သုညကိုတန်ဘိုးရှိအောင်လုပ်နိုင်သူဟာ လူသားအားလုံးအတွက် လုပ်နေသူဖြစ်တယ်၊ မဟုတ်ရင် လူသားအားလုံးအတွက်ဆိုပြီး ကိုယ့်အတွက်ဖြစ်သွားတယ်။
ကိုဇော် အတွေးကို လေးစားမိပါသည်၊

ahphyulay said...

အောင်မယ်လေးဗျာ..
ကော်ကော်ဇို ..၊ ငါ့ နှယ် စိုးရိမ်တကြီး
လိုက်ဖတ်လိုက်ရတာ ဘာများဖြစ်မလဲပေါ့ ..။
တတ်လည်းတတ်နိုင်ပါ့  ကိုဆိုကရေးတီး( အဲ..
ဆို၊က၊ရေး၊တီး မဟုတ်ပါ ) ရယ်။ တွေးသလောက်နက်
တယ်၊ ရေတွင်းလိုပဲ ...။

ချမ်းလင်းနေ said...

ဖတ်ရင်းနဲ့ လူလည်း ချာလည်သွားတယ်။ အတွေးတွေထဲမှာ ညီမျှခြင်းရော၊ မညီမျှခြင်းရော ထွေးသွားတယ်။ ပုံစံတူ မူကွဲတွေ ပါပဲ။

An Asian Tour Operator said...

ဆက်တွေးခိုင်းတယ်ပေါ့လေ။