မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 February 2011

18 ပျော်ပွဲရွှင်ပွဲ



ပျော်ပွဲရွှင်ပွဲ

နှစ်ဟောင်း ကုန်ဆုံးပြီး
နှစ်သစ်ကို ကူးတဲ့ အချိန် ၊
ထူးထူးခြားခြား ခမ်းခမ်းနားနား
ကျင်းပတဲ့ ပွဲတော် ၊
မွေးနေ့ပွဲ ၊ အထိမ်းအမှတ်ပွဲ ၊
နှစ်ပတ်လည်ပွဲ ၊ တွေ့ဆုံပွဲ ၊
ပွဲ . . ပွဲ . . ပွဲ . .
ထိုပွဲ အစုံမှာ ဘယ်လိုဘယ်ပုံ
ပျော်ရွှင်ကျင်းပ ဖြတ်သန်းကျော်လွှား
မေးစမ်းချင်ပါ၏။

အင်္ဂလိပ်နှစ်ကူး မြန်မာမူး
ကရင်နှစ်ကူး မြန်မာမူး
ဟိန္ဒူနှစ်ကူး မြန်မာမူး
မွတ်စလင်နှစ်ကူး မြန်မာမူး
တရုတ်နှစ်ကူး မြန်မာမူး
မြန်မာနှစ်ကူး မြန်မာမူး
ရခိုင်နှစ်ကူး မြန်မာမူး
ဝါမဝင်ခင် နေ့ဦး မြန်မာမူး
ဝါထွက်တဲ့ နေ့ဦး မြန်မာမူး
လွှတ်လပ်ရေးနေ့ထူး မြန်မာမူး
ဗိုလ်ချုပ်မွေးနေ့ထူး မြန်မာမူး
ချစ်သူများနေ့ထူး မြန်မာမူး
ကချင်မနောပွဲ နေ့ထူး မြန်မာမူး
သူများ ဖုန်းပေါက်တဲ့ နေ့ထူး မြန်မာမူး
သူများ Green Card မဲပေါက်တဲ့ နေ့ထူး မြန်မာမူး
နိုင်ငံခြားသွားမဲ့သူ နေ့ထူး မြန်မာမူး
သင်္ဘောတတ်မဲ့သူ နေ့ထူး မြန်မာမူး
ခရမ်းချဉ်သီးသည် ကလေးမွေးတဲ့ နေ့ထူး မြန်မာမူး
အရက်ဆိုင် အသစ်ဖွဲ့တဲ့ နေ့ထူး မြန်မာမူး
အရက်အမူးလွန်တဲ့ နေ့ထူး မြန်မာမူး
အရက်ဖြတ်မယ် လို့ တွေးတဲ့ နေ့ထူး မြန်မာမူး
မူးနေတဲ့ နေ့ထူး မြန်မာမူး
အို . . .
နေ့ရက်တိုင်းက ပျော်ရွှင်ဖွယ် နေ့ထူး မြန်မာမူး
အေ့ . . .
မူးသထက်မူး မြန်မာမူး။

ကိုဇော်
6.2.2011

မှတ်ချက်။  ။ ရေးထားတာ ကြာပါပြီကော ၊ ဘယ်သူ့ကို ကြောက်နေမှန်း မသိတာနဲ့ မတင်ဖြစ်တာ :P 

.
Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

ချမ်းလင်းနေ said...

ကိုယ့်ဘာသာမူချင်တိုင်း ခေါင်းစဉ်တက် လိုက်မူးတာ မကောင်းပါဘူး ကိုဇော်ရယ်။ ပါလေရာ ငါးပိချက်ဆိုတာ မြန်မာက....စတာပါဗျ။
ကဗျာက ထိလွန်းလို့ .....။

အဖြူရောင်နတ်သမီး said...

အဲဒါ သူများကို ပြောတာ..သိတယ်..သိတယ်..။
ဟိုနေ့က သူများတို့ ချကွာလုပ်တယ်ပြောလို့...။
သိတယ်..သိတယ်...။
:waa
:waa
:(
ဟိ

naylinnhtun said...

အဟဲ . . .
တံခါးကြားထဲက အိမ်မြှောင်လေးသေတုံးကလည်း စိတ်မကောင်းလို့ ဆိုပြီး မူး
ပိုးဟပ်လေးကြောင်ခုတ်သွားလို့ ဆိုပြီး
ဝမ်းနည်းလို့  မူး
မိုးလေးအေးတော့ ရာသီဥတုကကိုယ့်ဘက်ပါတယ်ဆိုပြီးမူး
ဟော . . .အခု ကိုဇော်က အစ ဖော်တော့
ခုတင်အောက်က လက်ကျန်လေးဖြတ်ရင်း
နေ့ ခင်းကြောင်တောင် မူး . . . @
_ )
@

ရွှေရတုမှတ်တမ်း said...

ရှာဖွေစားသောက်ရတာ မလွယ်တော့ နေ့တိုင်းမူး..အရက်မသောက်ပဲ ခေါင်းတွေမူး..

Anonymous said...

ပါလေရာ ငါးပိချက် ...
ဆိုတာ အဲ့ဒါပဲ ..း)))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မောင်မျိုး said...

ကိုဇော်....အမှန်တွေတအားပြောတာပဲဗျး)

နေ၀သန် said...

ပျော်ပျော်နေသေခဲတဲ့..ပျော်ပေ့စေ..မူးပေ့စေ.. ကိုယ်နဲ့ဆိုင်တာကျလို့...း)))

ခင်မင်တဲ့
နေ၀သန်

Anonymous said...

ကောင်း..ကောင်း...ကောင်းပါ၏

ရဲထွန်းဇော် said...

ကိုဇော့် ကဗျာဖတ်ရင်း မူးသွားပြီ...အိပ်တော့မယ်..

သူကြီးမင်း (တုံးဖလား) said...

အင်း.. ရှုံးလဲမူး နိုင်လဲမူး သရေကျလဲမူး ပွဲပျက်လဲမူး ပွဲရွှေ့ လဲမူး... အကုန်မူးကုန်ကြတော့တာပါဘဲ။ ပြောရင်းနဲ့တောင် မူးချင်လာသလိုလို.. ဝေါ့။းဝ

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ahphyulay said...

အေားးးးးးးးးးးးးး
ကော်ကော်ဇို ...
ဒို့ မြန်မာတွေက ရောက်လေရာမှာ အဲဗားဇော်ပဲလေ။
စားစရာမရှိလဲ ပျော်ပျော်ပဲ၊ နောက်ဆယ်နှစ်လဲ မတွေးဘူး၊
အခု အတွက် အလွန်ဆုံး ညနေ ဒါပဲ။
အိုကေမှာ ဆိုပြေနေတော့ တာ။ အဲ .. တွေးလဲ
ဘာထူးမှာမို့ ..၊

An Asian Tour Operator said...

ဟွင်း နော် ကိုဇော်။ ဘယ်သူတွေ ကို တည့်တည့်ပြော တာ ဒုန်းးး။

noblemoe said...

ဒါကိုသီချင်းတစ်ပုဒ်လိုဖတ်သွားပြီ
စာဖတ်ရင်းမူးလာသလိုလိုပဲ ဟီးးး


သာယာချမ်းမြေ့ပါစေရှင်း
မိုး

သဒ္ဓါလှိုင်း said...

ဖတ်နေရင်း မူးလိုက်တာ..
သိတယ်..သိတယ်..မူးတဲ့သူတွေ သတိထားကြပါကုန်လော့...

မိုးစက်ပွင့် said...

အရက်သမားက တလမှာ နှစ်ရက်ပဲ သောက်တာပါ ကိုဇော်ရာ..... စိတ်ညစ်တဲ့နေ့ရယ်၊ စိတ်မညစ်တဲ့နေ့ရယ် :-)

kiki said...

ရေးထားတာ ကြာပြီ ..ခုတော့ မူးပြီး ဘယ်သူ့မှ မကြောက်တော့ လို့  တင်ဖြစ်သွားတယ် ပေါ့လေ..
တယောက်က “ချကွာ” ဆိုတော့ နောက်တယောက်က မူးးးးးး

တွေ့ တယ်နော် .. ရေ သန့်ဗူး ရှေ့ ချ ထားပြီး မူးနေတဲ့ ပုံ ကြီး... ( ပူလောင်တယ် လို့  ရမယ်ရှာ လိုက်သေးတယ် တဲ့ ဟဟ )

မမူးပဲ ရူးတဲ့
ရှင်ဂွမ်းကွိ ..း))

မိုးယံ said...

အော် ဟိုတစ်နေ့ ကျွန်တော့်ကို အော်လိုက်ငေါက်လိုက်တာ အားမရသေးလို့ ဒီမှာပဲ တင်ပြီး ပြောတယ်ပေါ့။ ရပါတယ်။
အဲဒီ ကဗျာ တင်တဲ့နေ့မို့ မြန်မာမူးလိုက်ဦးမယ်

“ ချ ကွာ ”

အေ့..

မူးယံ

Bone said...

ကိုဇော့်  စာဖတ် ကျွန်တော်မူး cheers kozaw I'm ငမူး ..... :p