မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 February 2011

17 ယုန်၏ ထူးခြားချက်



        သတ္တဝါတွေထဲမှာ ယုန် သတ္တဝါက တခြား သတ္တဝါတွေထက် ရုပ်လက္ခဏာ နဲ့ အမူအကျင့် ထူးထူးခြားခြား အားသာချက်လေးကို ပြန်လည် သတိရမိလို့ တရုတ်နှစ်သစ် ယုန် နှစ်မှာ ရေးလိုက်ပါတယ်။ စိတ်ပညာ နဲ့ ဘာမှ မဆိုင်သလို ၊ ဓမ္မာ့တရား ၊ သီအိုရီတွေနဲ့ ပတ်သတ်မှာ မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်း မျက်မြင်လေးသာ ဖြစ်ပါတယ်။

၁။

       ယုန်တွေဟာ တခြားသော သတ္တဝါတွေထက် သူတို့ရဲ့ ခြေထောက် ဖွဲ့စည်းထားပုံ အလွန် ထူးခြားပါတယ်။ ဒီလို ဖြစ်လာအောင်လည်း သူ့ကို သဘာဝ တရားကြီးက လက်ဆောင် အဖြစ် ပုံဖော် ပေးထားတယ် လို့ ဆိုကြတယ်။ အဓိက အားဖြင့် ယုန်တွေရဲ့ နောက်ခြေထောက် ဖွဲ့စည်းပုံဟာ တခြားသော သတ္တဝါတွေထက် ပုံစံကွဲပါတယ်။ ဒီလို ပုံစံကွဲမှုကြောင့် ယုန်တွေ ရရှိလာတဲ့ ထူးခြားချက်က ယုန်တွေဟာ ပြေးတဲ့ အခါမှာ အရှေ့တည့်တည့်ကို ပြေးနေရာမှ ချက်ချင်း ထောင့်ချိုး ၉၀ ဒီဂရီ စောင်းချိုးလိုက်ကာ လိုရာ အရပ်သို့ တရွတ်တိုက် ချော်ထွက်သွားခြင်း မရှိဘဲ ပြေးလွှား နိုင်ပါတယ်။

        ပုံမှန် အားဖြင့် ဆိုရင် ယုန်တစ်ကောင် နောက်ကို ခွေး တစ်ကောင်တည်းက လိုက်ပါက ဖမ်းမိဖို့ မလွယ်ပါ။ အရှေ့မှ ပြေးနေသော ယုန်က သူလိုရာကို ဆတ်ခနဲ ထောင့်ချိုးကာ ပြေးလိုက်နိုင်ပေမဲ့ ခွေးကတော့ ရုတ်တရက် ထောင့်ချိုးလိုက်သော အခါမှာ လျောထွက်သွားပြီး တရွတ်တိုက် သွားလေ့ ရှိတယ်။ ဒါကြောင့် ယုန်လိုက်တယ် ဆိုတဲ့ အခါမှာ ခွေး သုံး ၊ လေးကောင်ကို သုံးပြီးမှသာ လိုက်ကြတာ ဖြစ်တယ်။ ဒီတော့ တစ်ကောင်က တရွတ်တိုက်က ချော်သွားချိန်မှာ နောက်ထပ် တစ်ကောင်က  အရှေ့သို့ ပန်းလိုက်ရင်းဖြင့် ယုန်၏ ပြေးလမ်းကြောင်းကို ပိတ်ထားကာ မိသွားစေတယ်။

         ယုန်တစ်ကောင်၏ ပြေးလွှားပုံကို ရုပ်ပြများ ၊ ကာတွန်းများတွင် ထင်သာ မြင်သာအောင် ရေးဆွဲထားလေ့ ရှိတယ်။ ကာတွန်း ၊ ရုပ်ပြများတွင် ယုန်တစ်ကောင်ရဲ့ ပြေးရာ လမ်းကြောင်း နောက်တွင် ထင်ကျန်နေသော ပြေးလမ်းကို ၉၀ ဒီဂရီ ထောင်ချိုးများဖြင့် ချန်လှပ်ကာ ရေးသား ဖော်ပြကြသည်။ ယုန်ကဲ့သို့ တခြားသော ဘယ်သတ္တဝါမှ ပြေးနေရာ လမ်းမှ သွေဖယ်ကာ ရုတ်တရက် ၉၀ ဒီဂရီချိုးကာ တခြား အရပ်သို့ တရွတ်တိုက် လျောထွက်သွားခြင်း မရှိဘဲ မပြေးနိုင်ချေ။

၂။

       ယုန်တွေမှာ ထူးခြားတဲ့ နောက်ထပ် တစ်ချက်ကတော့ ယုန် မွေးဖူးသူတိုင်း သိပါလိမ့်မယ်။ ယုန်တွေဟာ အစာရေစာ ရှားပါးနေချိန်မှာ သူတို့ရဲ့ အစာဟောင်းကို ဒုတိယ အကြိမ် ပြန်လည် စားသောက်ပြီး အစာချက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် စားသောက်ပြီးလို့ ပြန်လည် စွန့်ထုတ်လာတဲ့ အစာဟောင်းကိုတော့ ဘယ်လောက်ပဲ အစာ ရှားပါးနေနေ နောက်ထပ် မစားတော့ပါဘူး။ 

       ဒါကြောင့် စီးပွားဖြစ် ယုန်မွေးသူများဟာ ဒီအချက်ကို လေ့လာ သိရှိထားရင် ယုန်စာ အတွက် ကိုယ့်ဖာသာ ချိန်ထိုးကာ ကျွေးရင်း မွေးမြူနိုင်ကြပါတယ်။ ဒါဆို နေ့စဉ် အစာသစ်တွေချည်းပဲ ကျွေးစရာ မလိုသလို ကုန်ကျစရိတ်ကိုလည်း ထိန်းချုပ်လို့ ရသွားပါလိမ့်မယ်။ ပထမအကြိမ် အစာဟောင်းကို ပြန်လည် စားသုံးပြီး ဒီက ဖြစ်လာတဲ့ အစာဟောင်းကို လုံးဝ မစားတာ ဆိုလို့ သတ္တဝါတွေထဲမှာ ယုန် ကလွဲပြီး တခြား သတ္တဝါ မရှိပါဘူး လို့ ဖတ်ခဲ့ဖူးပါတယ်။



      မှတ်ချက်။  ။ ငယ်ငယ်က ဖတ်ခဲ့ ၊ နားထောင်ခဲ့ရဖူးသော ဗဟုသုတလေးပါ။ ဒီနှစ် တရုတ်နှစ်ကူး ယုန်နှစ်မှာ ယုန်တွေရဲ့ ထူးခြားချက်လေးကို သတိရလို့ ချရေးလိုက်ပါတယ်။ ယုန်နှစ်မှာ ဘာတွေ ထူးခြား လာမလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပါပဲ။  အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

Gong Xi Fa Cai



လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

အဖြူရောင်နတ်သမီး said...

ယုန်အကြောင်း ဖတ်ရင်း နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ ကိုဇော်ရေ...။

naylinnhtun said...

ဟိုက်..ရော . . ကိုဇော်က ယုန်အကြောင်းလည်း
နှပ်စပ်ပေသကိုး

ဒါပဲနော် . . ယုန်နှစ်မှာ ယုံတမ်းစကားတွေ မပြောကြေး....p p p

(: ရွှင်လန်းချမ်းမြေ့ပါစေ :)

Anonymous said...

ဘာမှ သိဘူး ..
တရုတ်နှစ်ကူး မှာ
နှစ်ကူး အကြောင်းရေးတဲ့အတွက်

ကုန်းချိဖချိုင် ...
ဟုမ် ပေါင် နာ လိုင် ပဲ .... :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

နေ၀သန် said...

ယုန်လေးတွေကို ချစ်တယ်... ဖြူစင်လို့.. :P..
(တရုတ်တွေရဲ့ ဘာနှစ်ညာနှစ်တော့ အယုံအကြည်ကို မရှိပါ... :P)

ခင်မင်တဲ့
နေ၀သန်

ahphyulay said...

အမယ်းးးးးးးးးးး
သူ ဒါလဲ တိ ဒါ ဘဲ ။
မှတ်သွားတယ်၊ ဖတ်ပြီး....။

rose said...

ကိုဇော်ရေ... ယုန်လေးတွေ အကြောင်း လာဖတ်သွားတယ်နော်။

ချမ်းလင်းနေ said...

ယုန်အကြောင်းဆိုလို့ ယုန်လေးတွေဟာ အတော်နုနယ်လှတယ်ဗျာ့။ သူ့ရဲ့ နား အနီးမှာ လက်ကွင်း ဗုံ၊ လက်ဝါးခပ်ပြင်းပြင်းသွားတီးတာနဲ့တင် နားစည်ကွဲသေရော။ ယုန်လိုက်မုဆိုးတွေက တောယုန်ကြီးတွေကို ညဘက်မှာ လက်နှိပ်ဓာတ်မီးနဲ့ သူတို့ မျက်လုံးကိုထိုးထားတာနဲ့ အဲဒီယုန် ဘယ်မှ ပြေးမရတော့ပါဘူး။ ပြီးမှ အဆင်ပြေသလိုပေါ့... ယုန်လေးတွေ နတ်ပြည်ရောက်ကုန်ရော။ အလှမွေးယုန်လေးတွေသာ နုနယ်တာ...။ တောယုန်တွေကြတော့ ခြေထောက်က မလိုက်တာနဲ့တင် လူခါးတစ်ရပ်ကျော်ရှိတတ်သဗျ။ အတော့်လဲ အနံအသက်ဆိုးဗျာ။ တောအလည်သွားရင်း ယုန်ထောင်သူတွေနဲ့ လိုက်ဖူးလို့ပါ။ ကိုဇော်ရေ သိသလောက်ပြန်မျှတာပါ။ ကိုဇော် ယုန်အကြောင်း လာဖတ်ရင်းနဲ့ တရုတ်နှစ်ကူးမှာ Gong Xi Fa Cai ပါ။ အန်ဘောင်းပေးဖို့ မမေ့နဲနော် ဦးဦးဇော်။

မိုးစက်ပွင့် said...

Gong Xi Fa Cai ပါ ကိုဇော်... ယုန် ဗဟုသုတ မှတ်သားလိုက်ရပါတယ်... အရင်ကတော့ ယုန်ကလေးတွေ အရမ်းကြောက်တတ်တာပဲ သိခဲ့တာ။

Anonymous said...

ကိုဇော် ယုန် အကြောင်းလည်းကလိတာဘဲနော်..သူတို့ ကိုဇော့် ပို့စ်ကိုဖတ်ပြီး ယုန်စာဥပဒေ ထုတ်လိုက်မှဖြင့် ခက်ပြီ

ရဲထွန်းဇော် said...

နှစ်သစ်ကူးမှာပျော်ရွှင်ပါစေ...ကိုဇော်
အလုပ်မနားရလို့ စိတ်ညစ်တယ်... :(

ဆွေလေးမွန် said...

ယုန်နှစ်မှာ ယုန်အကြောင်းလာဖတ်သွားပါတယ်။
ကိုဇော်ရေ
နှစ်သစ်ကူမှာ ပျော်ရွှင်ပါစေ။ ကံကောင်းပါစေ။

An Asian Tour Operator said...

ယုန်ကလေး တွေ အကြောင်း လာဖတ်သွားပါတယ်။

ခနွဲ said...

ဗဟုသုတ အဖြစ် မှတ်ယူသွားပါတယ် အစ်ကိုရေ။

သူကြီးမင်း (တုံးဖလား) said...

ဗဟုသုတတွေ စုံလှချည်လားဗျ။ ယုန်တွေကို ခဏခဏမြင်ဖူးပေမဲ့ အဲဒီလို မသိခဲ့ဖူးဘူး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

noblemoe said...

ယုန်ရဲ့နံပတ်၂ အချက်ဒီနေ့မှသိတာပါ။

စိတ်ရောကိုယ်ပါကျမ်မာပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေ
သာယာချမ်းမြေ့ပါစေရှင်း
မိုး

kiki said...

ယုန်နှစ် ပေမဲ့ ယုံဘူး..ယုံဘူး။။
ဟို ဘဘကြီးတွေ ပိုပြီး ယုံဘူး ။

တို့  ရွှေပြည်ကြီးက လူအများ ခမျာ အစာဟောင်းကို အကြိမ် တရာလောက် ပြန်စားကြရမဲ့ ကိန်းဆိုက်နေပြီလေ။။
ဘယ်သူ့  ယုံ ရ ပါ့ မ လဲ ..

Htue said...

စိတ်ဝင်စားဖို့ကောင်းတယ်နော်...........