မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 April 2012

6 ဧပရယ်ဖူးလ်နေ့ အတွက် မဲတစ်ပြား



အရင်က ဒီလို ဧပရယ်ဖူးလ်နေ့မှာ ဆိုရင် ကျွန်တော် ပျော်စရာ ဟာသလေးတွေ ဖြစ်အောင် လုပ်ပြီးတော့ ရေးတတ်ပါတယ်။ အခုတော့ သူများကိုလည်း အရူး မလုပ်ချင်ပါ။ ဘယ်သူ့ကိုမှလည်း အရူး မဖြစ်စေချင်ပါ။ ဒီနေ့ဟာ ကျွန်တော်တို့ နိုင်ငံအတွက် အရေးပါတဲ့ နေ့ရက်တွေထဲက တစ်ရက်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာက စောင့်ကြည့်နေရတဲ့ ရက်ပေါ့ဗျာ။ 

" ကြားဖြတ် ရွေးကောက်ပွဲနေ့ " လို့ ဆိုကြပါတယ်။ ကျွန်တော် နေထိုင်တဲ့ မြို့နယ်မှာ မဲပေးခွင့် မရှိပါ။ ဒါကြောင့် မဲကို အဝေးရောက် အဖြစ်သော်လည်းကောင်း ၊ ကြိုတင်မဲ အဖြစ်သော်လည်းကောင်း မပေးရပါ။ သို့သော်လည်း မဲပေးခွင့် ရှိသူများကိုတော့ ကိုယ်ပေးသော တန်ဖိုးရှိ မဲတစ်မဲ အလကား မဖြစ်ရလေအောင် သိသင့် သိထိုက်တာလေးတွေကို ပုံလေးနဲ့ ရှင်းပြချင်ပါတယ်။

ကြီးကြီးမြင်ချင်ရင် ပုံကို ကလစ်နှိပ်ကြည့်ပါ။

ကြီးကြီးမြင်ချင်ရင် ပုံကို ကလစ်နှိပ်ကြည့်ပါ။


တကယ်လို့ ကိုယ်ရဲ့ ဆန္ဒမဲပြားမှာ ကိုယ်ခြစ်ချင်တဲ့ နေရာမှာ ခြစ်လို့ မထင်တာတို့ ၊ မတော်တဆ ( မတော်တဆ ဖြစ်တတ်တယ်လေ။ )  ဖယောင်းတွေ ပေနေခဲ့လို့ ခြစ်မရခဲ့ရင် အားမနာပါနဲ့ ၊ မကြောက်ပါနဲ့။ မဲရုံကော်မတီမှာ ပြပြီးတော့ အသစ် လဲလှယ်နိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့ နေရာကို ခြစ်လို့ အဆင်မပြေ မချင်း တစ်ရွက်ပြီး တစ်ရွက် လှဲလှယ်ပြီးတော့ မဲစာရွက် အသစ်မှာ ခြစ်ပါ။

ခြစ်တဲ့ အခါမှာလည်း ကိုယ်ကြိုက်တဲ့ နေရာ တစ်နေရာကိုပဲ အာရုံစိုက်ပြီးတော့ တစ်ခုရဲ့ ဘေးမှာပဲ ( အမှန် ) ခြစ်လေးကို ဘောင်ထဲကနေ ဘောင်ပြင် မထွက်အောင် ခြစ်ပေးပါ။ တခြားနေရာတွေကို မထိပါနဲ့။ သွားလည်း မတို့ပါနဲ့။ ဘာမှလည်း တခြား အကွက်တွေမှာ အမှန် သော်လည်းကောင်း ၊ အမှား ( သို့ ) ကြက်ခြေခတ်သော်လည်းကောင်း မခြစ်ခဲ့ပါနဲ့။ ဘာဆို ဘာမှ မလုပ်ပါနဲ့။ ဒီအတိုင်းပဲ ထားခဲ့ပါ။ 

ပြီးရင် သတ်မှတ်ထားသော မဲပုံးထဲကို ထည့်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မဲပေးတာ ပြီးဆုံးပြီလို့ ပြောရမှာပါ။ 

ကျွန်တော့်မှာ မဲပေးခွင့် ရှိရင်တော့ ကျွန်တော့်ရဲ့ တန်ဖိုးရှိတဲ့ မဲတစ်ပြားကို တန်ဖိုးရှိအောင်ကို အသုံးချပြီးတော့ ပေးချင်ပါတယ်။ အခု တစ်ခေါက် မဟုတ်သော်လည်း တစ်ကြိမ် မဟုတ် တစ်ကြိမ် မဲပေးရင်တော့ ဖြစ်နိုင်ကောင်းပါရဲ့ဗျာ။ ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးပါလို့ ကျွန်တော် မဆွဲဆောင် ၊ မပြောလိုတော့ပါဘူး။ အားလုံးလည်း ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ အတူ လွတ်လပ် ငြိမ်းအေးစွာ ကွဲလွဲပိုင်ခွင့် ရှိပါတယ်။ မိမိကြိုက်ရာကို မဲပေးပါ။ အထက်က ပုံတွေကတော့ ကျွန်တော် Facebook က ယူသုံးတာပါ။ ပြီးတော့ ကျွန်တော်က မဲပေးခွင့် ရှိရင် ဒီပါတီကို . . .  


မဲပေးမှာ ဆိုတော့ ဒီပါတီနဲ့ ပတ်သတ်တဲ့ ပုံလေးတွေကိုပဲ စုထားမိလို့ တခြား ပါတီတွေရဲ့ ပုံတွေ မတင်လိုက်နိုင်ပါဘူး။ ပြီးတော့ ကျွန်တော့် ဘလော့ကလည်း သတင်းဘလော့ မဟုတ်လေတော့ ကျွန်တော် နှစ်သင်ထောက်ခံသော ပါတီကိုပဲ ကျွန်တော် ရှေးရှု့ တင်ပြတာပါ။ သဘောထား ကွဲလွဲသူများ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ 

ဒီနေ့လေးကိုတော့ ကျွန်တော်က ( ကိုသက်တန့်ချို ဆွဲထားတယ်လို့ ထင်ပါတယ်။ မဟုတ်ရင်တော့ မူရင်း ရေးဆွဲသူကို ခရက်ဒစ် ပေးပါတယ်။ ) ပုံလေးတစ်ပုံနဲ့ ကိုယ်စားပြုချင်ပါတယ်။


ယနေ့ ဧပြီ ၁ ရက်နေ့မှသည် ကျွန်တော်တို့ မြန်မာနိုင်ငံသည် တရားမှု စိုးမိုးသော ၊ တရား ဥပဒေ စိုးမိုးသော ၊ တရားသော အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲသော ၊ ပြည်သူလူထု အေးချမ်း သာယာစွာ နေထိုင်နိုင်သော ၊ ပြည်သူတွေ အားထားရသော အမတ်လောင်းတွေ ပေါ်ပေါက်လာပါစေဗျာ။


လေးစားစွာဖြင့်
ကိုဇော်
1-Apr-2012

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အသဲကြားက မဲတပြား ကို ရွှေစင်ဦး တို့ တော့ ပေးခဲ့ပြီ

စိတ်ချ အမေစု နိုင်ရမယ်

ခင်မင်တဲ့
ရွှေစင်ဦး

စံပယ်ချို said...

ကျွန်မထင်ပါတယ် အားလုံးက ကိုဇော်လိုစာမရေးတတ်ကြ
ပေမယ့်သူတို့အထင်အမြင်အားလုံးက ကိုဇော်နဲ့တစ်ထက်တည်းကျနေမှာပါ....ဥပမာ
jasmine လဲဒီလိုပါပဲ အဲလိုမျိုးလေးတွေရေးချင်ပါတယ်
စိတ်ထဲမှာဇာတ်လမ်းတွေအများကြီးပဲ
မရေးတတ်တော့ငြိမ်နေရတာလေ
အမေစု အောင်မြင်ပါစေ

An Asian Tour Operator said...

မဲပေးခွင့် မရပေမယ့် အမေစု နဲ့ ပြည်သူတွေ ရဲ့ အောင်မြင် မှု့ ကို အချိန်နဲ့ တပြေးညီလေ့လာ သိခွင့် ရပြီး ၀မ်းသာပီတိဖြစ်မိပါကြောင်း။

Anonymous said...

ဟိုလွှတ်ဒီမပါဖြစ်သွားလို့ မပေးလိုက်ရဖူး
အရင်ပေးခဲ့တဲ့ ကမာရွတ်မှာလစ်လပ်နေရာမရှိတော့ မဲမပေးရဖူး


မောင်ဘကြိုင်

kaungkin said...

ညီမလေးတို့လဲမထည့်ရဘူး.မဲဆန္ဒနယ်မပါဘူးလေ။ပါတုန်းကတော့ကိုယ်ထည့်ချင်တာထည်ံခွင့်မရခဲ့ဘူး။ခုတခေါက်မနွှဲလိုက်ရတာနာတယ်။ဒါပေမဲ့နိုင်ပါစေလို့ဆုတောင်း၇တာအမော။အဲ့ဒီံ့အနီရောင်ရဲ၇ဲတောက်နေတဲ့အလံတံဆိပ်လေးကိုမြင်ရတာနဲ့တင်စိတ်ထဲမှာရဲရင့်တက်ကြွတဲ့ခံစားမှုမျိုးဖြစ်ပေါ်ခံစားမိတယ် အကိုဇော်.

Anonymous said...

buy tramadol overnight cod buy cheap tramadol online no prescription - tramadol hcl chemical structure