မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 April 2012

11 အချိုမှုန့် စကား



" အချိုမှုန့် စကား "

သူများ ရေးတဲ့ စာလေးတွေ ဟိုဖတ် ဒီဖတ် ဖတ်ပြီးတော့ သူငယ်ချင်း တစ်ယောက်ကို ကျနော်က ဆရာကြီး လိုလိုနဲ့ ပြောဖူးတယ်။

((( မင်း သိလား . . . အချို့မှုန့်ကို ထုတ်လုပ်တဲ့ နိုင်ငံတွေကတောင်မှ မစားကြဘူးကွ။ အဲဒါ ဘာကြောင့် ဆိုတာကို သဘောပေါက်ဖို့ သင့်ပြီ။ )))

လို့ . . . ဒီတော့ သူက အေးဆေးပဲ ပြန်မေးပါတယ်။

((( ဘာကြောင့်တဲ့လဲ။ ))))

((( အန္တရာယ် ရှိလို့ . . . ဘေးထွက် ဆိုးကျိုးတွေ ရှိနေလို့ပေါ့ကွ။ သူများ နိုင်ငံက ထုတ်ပြီးတော့ ငါတို့နိုင်ငံကပဲ စားနေတာ။ ထင်တာ မမှားဘူးဆိုရင် ကမ္ဘာပေါ်မှာ အချိုမှုန့်စားသုံးတဲ့ နိုင်ငံဆိုတာ ငါတို့ နိုင်ငံပဲ ရှိလိမ့်မယ် ထင်တယ်။ )))

((( ဒီတော့ . . . . )))

((( ဒီတော့ ဒါပဲပေါ့ကွ။ သူတို့နိုင်ငံတွေမှာတောင်မှ မသုံးတာလေ။ ငါတို့ နိုင်ငံတွေကလည်း အချိုမှုန့်ကို မစားဘဲ ရှောင်သင့်ပြီပေါ့။ )))

((( အဲဒီလို လုပ်ဖို့ မင်းကို ဘယ်သူက ပြောလဲ။ )))

((( အင်း . . . အဲ . . . ဒီလိုပဲ ကျန်းမာရေး စာပေတွေထဲမှာ ဖတ်ဖူးတာလေ။ )))

((( သြော် . . . ဟုတ်မှာပေါ့။ ဒါပေမဲ့ သူများနိုင်ငံတွေ အသုံးနည်းတာနဲ့ ဒါကို မကောင်းဘူး လို့ ပြောပြီးတော့ ငါတို့ နိုင်ငံက ဘာလို့ သုံးနေကြတယ် ဆိုတာကိုရော တွေးမိရဲ့လား။ )))

((( အင်း . . မတွေးမိဘူး . . . ငါတို့ နိုင်ငံက လူတွေ အန္တရာယ် ရှိပါတယ် ဆိုတဲ့ အချိုမှုန့်ကို ဘာလို့ သုံးနေကြတာလဲ။ )))

((( ဟုတ်တယ် . . . ဒါက အဖြေပဲ။ ဘာလို့ သုံးနေကြရလဲ ဆိုတော့ ရှင်းပါတယ်ကွာ။ ဒီလောက် ရှင်းနေတာကို . . . )))

((( ပြောစမ်းပါဦး. . .)))

((( ဘာလို့ သုံးနေကြလဲ ဆိုတော့ ဆင်းရဲ လို့ပေါ့ကွာ။ )))

((( အမ် . . . မင်း အဖြေကြီး ကလဲကွာ။ )))

((( ဟုတ်တယ်. . . ဆင်းရဲလို့ ဆိုတဲ့ အထဲမှာ နှစ်မျိုး ရှိတယ်လေ။ ပိုက်ဆံ ဆင်းရဲတာနဲ့ အသိပညာ ဆင်းရဲတာ . . .  အခုက နှစ်ခုလုံး ဖြစ်နေတာကြောင့်ပဲ။ )))

((( အင်း . . . )))

((( တကယ်လို့ အသိပညာ ကြွယ်ဝလာပြီ ဆိုရင် အရင်ထက်တော့ ရှောင်နိုင်ပြီ။ ဒါပေမဲ့လည်း ပိုက်ဆံ ဆင်းရဲနေရင်တော့လည်း ဝယ်သုံးဖြစ်နေဦးမှာပဲ။ ခရုဆီ သုံးဇွန်းထည့်မှ ဟင်းချိုမှာကို အချိုမှုန့် တစ်ဇွန်းထဲနဲ့ အဆင်ပြေနေရင်တော့ လူတွေ သုံးနေကြဦးမှာပဲ။ ပြီးတော့ အချိုမှုန့် တစ်ဇွန်း တန်ဖိုးနဲ့ ခရုဆီ သုံးဇွန်း တန်ဖိုး ဆိုတာကလည်း ကွာတယ်လေ။ ))))

((( အင်းးးးးးးးးးးးးးးးးးးးး )))

((( တကယ်လို့ သူ့တို့မှာ အသိပညာ ဆင်းရဲနေပေမဲ့ ပိုက်ဆံ ချမ်းသာနေပြန်ရင်လည်း သူတို့ကတော့ ဘာမှ မသိဘူး။ ဒါပေမဲ့ ပိုက်ဆံ ချမ်းသာတဲ့ အတွက်ကြောင့်မို့ အကောင်းဆုံး ဆိုတာတွေကို ဝယ်စားနိုင်တဲ့ အတွက် အကောင်းဆုံး ဆိုတဲ့ ပိုက်ဆံ တတ်နိုင်မှ လာဝယ်သုံးကြတဲ့ လူတွေ အတွက် ဖွင့်ထားတဲ့ ဆိုင်တွေကလည်း အချိုမှုန့်ကို ရှောင်ပြီးသား ဖြစ်နေတော့ သူတို့မှာ အသိပညာ နည်းပေမဲ့ ပိုက်ဆံ ချမ်းသာတဲ့ အတွက်ကြောင့် အလိုလို ရှောင်ပြီးသား ဖြစ်သွားခဲ့ပြီ။ )))

((( အင်း . . . )))

((( အဲဒါကြောင့် ငါ ပြောတာ. . . ငါတို့ နိုင်ငံမှာ အချိုမှုန့် ဆန့်ကျင့်ရေးတွေ သိပ်အော် မနေပါနဲ့ကွာ။ အဓိက က အချိုမှုန့်ကို ဆန့်ကျင်ဖို့ မဟုတ်ဘူး။ အဓိက က လူတွေကို ဆင်းရဲနေတဲ့ တွင်းထဲကနေ မြှင့်တင်ပေးဖို့နဲ့ အသိပညာ နဲ့ ပိုက်ဆံပါ ကြွယ်ဝ ချမ်းသာအောင် လုပ်ပေးဖို့က အဓိက မဟုတ်လား။ )))

((( အင်း . . . ဟုတ်ပါတယ်။ )))

သူနဲ့လည်း စကားပြောပြီးရော . . . ကျနော့် စိတ်ထဲမှာ မီးလုံးလေး တစ်လုံး ပွင့်လာသလို ခံစားရတယ်။ ကျနော်တို့ရော စားသောက်ဆိုင် တစ်ဆိုင်မှာ သွားထိုင်စားတော့ အမျိုးအစား တူ ဟင်းတစ်မျိုးထဲကို ဈေးနှုန်းကွာနေလို့  ဘာကြောင့်လဲလို့ မေးမိရင် ဒါက ခရုဆီနဲ့ ချက်တာပါ ဆိုတဲ့ ဟင်းပွဲကို ကျနော်တို့ ဈေးနှုန်းကြီးကြီး ပေးပြီးတော့ စားမိရဲ့လားလို့ ပြန်တွေးမိပါတယ်။

အင်း . . . တကယ်တော့ အချိုမှုန့်က အဓိက မဟုတ်ပါဘူးလေ။ လူတွေ ဆင်းရဲနေတာကသာ အဓိကပါပဲ။ ဆင်းရဲတယ် ဆိုတဲ့ အထဲမှာလည်း ပိုက်ဆံ ဆင်းရဲတာ အပါအဝင် ၊ အသိပညာ ဆင်းရဲမှုကလည်း အကျုံးဝင်နေပါလိမ့်မယ်။


လေးစားစွာဖြင့်
ကိုဇော် ( 26-Apr-2012 )

.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

လရိပ်အိမ် said...

ဟိုတနေ့ကဘဲ အမေနဲ့ဒီကိစ္စလေးပြောမိတယ်။ ခုဖတ်မိပြီ။ တိုက်ဆိုင်လိုက်တာ၊

SHWE ZIN U said...

ဆင်းရဲတွင်း လွတ်ကင်း မှ အချိုမှုန့် ရှောင်ပါမည် အခုတော့ သုံးဆောင်အုန်းမည် သုံးဆောင်အုန်းမည်

ခင်မင်တဲ့
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

အရမ်းမှန်ပါတယ်ကိုဇော်။
ပိုက်ဆံနဲ့အသိပညာဆင်းရဲခြင်းကို အရင်ဖြေရှင်း
ရမှာပဲ။ အဲဒီနှစ်ခုသာ မြင့်တက်လာခဲ့ရင်....

ခင်မင်လျက်
သဒ္ဓါ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

လော့အင်ဝင်ပြီး မန့်ရမှာ အရမ်းပျင်းထှာကိုဇော်ရယ်

ဒါပေမယ့် မနက်ကဖတ်ဖြစ်တဲ့ အချိုမှုန့်စကားကို အချိုမှုန့်မစားဖြစ်အောင်ရှောင်ရင်း လော့အင်ဝင်မန့်ဖြစ်အောင်မန့်သွားပါတယ်ဗျာာ
း)

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဒီအချိုမှုန့်ကိစ္စ၊ အသိပညာနဲ့ငွေကြေးဆင်းရဲမှုအကြောင်းကို ကျွန်မငယ်ငယ်က မိဘတွေပြောနေတာ ကြားခဲ့ဖူးသေးတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

SHWE ZIN U said...

မှန်ပ ချမ်းသာရင် ရွှေပုဇွန်ခြောက်ကြီးတွေထဲ အသားပြုတ်ရည် တွေ ထဲ ရင် ချိုလွန်းလို့

rose of sharon said...

ဘဝမှာ ကိုယ်မစွန့်လွှတ်နိုင်သေးတဲ့အရာတွေထဲမှာ အချိုမှုန့်လဲပါတယ်...( နဲနဲလေးဘဲထည့်တာပါ :D )

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

အင်း...အမှန်ပါပဲ...မြန်မာပြည်မှာ ပိုက်ဆံနဲ့ အသိပညာဆင်းရဲလို့ အချိုမှုန့် မရှောင်နိုင်ကြသလို...မြန်မာပြည်ထက်လည်း ချမ်းသာပြီး ၀င်ငွေလည်း ပိုကောင်းတဲ့ နိုင်ငံကိုရောက်ပြန်တော့လည်း...အလကားပါ...သူတို့ပြောနေတာ ဟုတ်ချင်မှ ဟုတ်မှာပါ..ဒို့ဘိုးဘွားတွေ လက်ထက်ကတည်းက စားလာတာ...ဘာမှ မဖြစ်ဘူး...ခုမှ ရော၈ါဖြစ်၇တယ်လို့...ကြားကြား ဘူးပေါင်...ဆိုပြီး ဂျစ်ကန်ကန် အတွေးခေါ်တွေနဲ့ စားနေဖြစ်ကြတာပါပဲလေ...အင်း..ဒါလည်း အသိပညာဆင်းရဲမှုထဲ ထည့်ရမှာပဲထင်ပါ့...

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

ငြိမ်းစိုးဦး said...

ပညာရော ဥစ္စာပါ ဆင်းရဲတာ သေချာနေပါတော့တယ် ...

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.