မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 May 2011

20 လတ်တလော စိတ်ဆန္ဒများ ( Tag )



တချို့ကတော့ “ တတ်စာ မစားဘူး ” တဲ့။ ဒါကတော့ သူတို့နဲ့ မတည့်လို့ ဖြစ်မှာပါ။ တတ်စာတိုင်းက ကိုယ့်ကို ဒုက္ခပေးတာ မဟုတ်ပါဘူး။ မတည့်မှသာ ကိုယ့်ကို ဒုက္ခပေးမှာပါ။ သူများအတွက် “ တတ်စာ ” ဆိုပေမဲ့ ကိုယ့် အတွက်ကျတော့ “ ဓါတ်စာ ” ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော့်ကတော့ ဘယ်သူပဲ လာ Tag Tag ခင်မင်လို့ Tag တာပဲ ရေးပေးပါတယ်။ ပြီးတော့ သူများရဲ့ အတွေးထဲကို ကိုယ်က လိုက်ပြီးတော့ တွေးရတာ ပျော်စရာ ကောင်းပါတယ်။ အတွေးသစ် ၊ အမြင်သစ်တွေလည်း ရတတ်ပါတယ်။ အခု Tag စာလေးကတော့ ကိုကိုအိမ် ( မန္တလေး ) ရဲ့ Tag စာပါ။ သူရေးထားတဲ့ အတိုင်းပဲ အရှိကို အရှိအတိုင်း ရင်ဘတ်တူချင်း ခံစားလို့ ရအောင် ရေးလိုက်ပါတယ်။

( ၁ ) အစားချင်ဆုံး အစားအစာ - တွင်းတောင်က ပိုးကောင်လေးတွေ။ ( ပုစွန်ခြောက်လို လုပ်ထားတာ။ )

( ၂ ) နေ့တိုင်းစားဖြစ်တဲ့ အစား - ခေါက်ဆွဲ ၊ ညှပ်ခေါက်ဆွဲ ၊ ထမင်းနဲ့ ဟင်း။

( ၃ ) အလိုချင်ဆုံး ရေမွှေး - အကြိုက်ဆုံး ဆိုပြီး မတွေ့သေးတော့ အလိုချင်ဆုံး ဆိုတာလည်း ဖြစ်မလာ သေးဘူး။

( ၄ ) သုံးဖြစ်နေတဲ့ ရေမွှေး - Deshine ( ယောက်ျားသုံးတော့ ဟုတ်ပုံမရဘူး။  Image ) များသော အားဖြင့်တော့ Roll On ပဲ သုံးဖြစ်တာပါ။ ရေမွှေးဆိုပြီး လာမေးတော့လည်း ပြောပြရတာ။

( ၅ ) အလိုချင်ဆုံး မွေးနေ့ လက်ဆောင် - “ အလိုရှိတိုင်း မတောင့်တ ၊ မကြောင့်ကျပဲ ပြည့်စုံပါစေ ”  ဆိုတဲ့ ဆုတောင်းပေးသော စကား။

( ၆ ) အလိုချင်ဆုံး ဖုန်း - လူ့စိတ်ကတော့ အခက်သားလား။ အခုထိတော့ Nokia E7 ကို ကြိုက်တယ်။

( ၇ ) သုံးဖြစ်နေတဲ့ ဖုန်း - Sony Ericsson Xperia x8

( ၈ ) အရူးသွပ်ဆုံး အရာ - အခုတော့ ဘာမှ စွဲစွဲလမ်းလမ်း မရှိတော့ဘူး။

( ၉ ) အနီးစပ်ဆုံး ဂီတ - ခုံပေါ်မှာ လက်ခေါက်နဲ့ အသံထွက်အောင် တီးပြီး ခြေထောက်က စည်းချက်လိုက်နေရင်း ထွက်တဲ့ အသံ။ ( ပါးစပ်ကတော့ သီချင်းညည်းနေမှာပေါ့လေ။ )

( ၁၀ ) အလိုချင်ဆုံး စာအုပ် - အရာရာနဲ့ ကင်းလွတ်သော စာအုပ် ( ဒါပေမဲ့ ရှားတယ်။ )

( ၁၁ ) အခုဖတ်ဖြစ်နေတဲ့ စာအုပ် - Rhonde Byrne ရဲ့ The Secret ကို ညီညီနိုင် ဘာသာပြန် ထားတဲ့ “ လျှို့ဝှက်ချက် ” စာအုပ်။

( ၁၂ ) အကြားချင်ဆုံး စကား - ကျွန်တော် / ကျွန်မ / ငါ စိတ် အရမ်းချမ်းသာနေတယ်။

( ၁၃ ) အဖြစ်ချင်ဆုံး ဆန္ဒ - လူတိုင်းကို ပျော်ရွှင်စေချင်တယ်။ ( ဒါပေမဲ့ ကိုယ်က ဘာကောင်မှ မှ မဟုတ်ဘဲ။ )

( ၁၄ ) အလိုချင်ဆုံး ဆု - ဆုမတောင်းတတ်ဘူး ၊ ဆုသာ ပန်တတ်ပါတယ်။

( ၁၅ ) အသွားချင်ဆုံး နေရာ - နိဗ္ဗာန်။

( ၁၆ ) သွားဖြစ်နေတဲ့ နေရာတွေ - အလုပ် ၊ အိမ် ၊ ပြီးတော့ ဈေးဝယ်ရန် မောလ်တချို့။

( ၁၇ ) အကြည့်ချင်ဆုံး ရုပ်ရှင် - မသိတော့ မကြည့်ချင်ဘူး။ သိတော့ ကြည့်ချင်လာတယ်။ ကြည့်ချင်တော့ ကြည့်မိသွားတယ်။ ဒီတော့ အကြည့်ချင်ဆုံးဆိုပြီး မရှိတော့ဘူး။

( ၁၈ ) အပြောချင်ဆုံး စကား - စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာကြပါစေ။

( ၁၉ ) အယုံကြည်ဆုံး လူသား - သုံးလူထွတ်ထား ဗုဒ္ဓမြတ်စွာ ဘုရား။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်။

( ၂၀ ) မယုံကြည်ဆုံး အရာ - ပဲ့တင်သံ နဲ့ တူသော အတင်းအဖျင်း စကားများ။

( ၂၁ ) အမုန်းဆုံး အရာ - အစွန်းဆိုတာကို မတွေ့သေးတဲ့ အတွက် အမုန်းဆုံး ဆိုတာလည်း မရှိသေးဘူး။

( ၂၂ ) အသောက်ဖြစ်ဆုံး အအေး - ရေခဲရေက လွဲရင်တော့ ကိုကာကိုလာ သောက်ဖြစ်တယ်။

( ၂၃ ) လတ်တလော အထိတွေ့ဆုံး အရာ - ထိတာရော ၊ တွေ့တာရော ဆိုတော့ တော်တော်ကို ရှားတယ်။ ထိခြင်းမှာ မျက်လုံးနဲ့ မရသလို ၊ တွေ့ခြင်းမှာလည်း လက်တွေ ၊ ခြေထောက်တွေနဲ့ မရပြန်ဘူး။ ဒီတော့ ထိတွေ့တဲ့ အရာ ဆိုလို့ “ မျက်လုံးထဲ ဝင်တဲ့ ရေ ”  လို့ပဲ ပြောရမယ်။

( ၂၄ ) မကောင်းတဲ့ ကျန်းမာရေး -  အိပ်ရေးပျက်တာ များရင်တော့ ခေါင်းအတော် မူးနောက်နောက် ဖြစ်တယ်။ ဒီလောက်ပါပဲ။

( ၂၅ ) အကောင်းဆုံး အဖော် -  ကိုယ်ပိုင် တွေးတော ဆင်ခြင်မှု။

( ၂၆ ) လက်ရှိ အကြိုက်ဆုံး သီချင်း - ဝိုင်ဝိုင်း - တွေ့ဆုံခွင့် ၊ Westlife - My Love , Lay My Love On You.

( ၂၇ ) အကြောက်ဆုံး အလုပ် -  စေတနာနဲ့ ပြုမူလိုက်ပေမဲ့ သူများကို ထိခိုက်သွားစေနိုင်မည့် အလုပ်။

( ၂၈ ) တန်ဖိုးအထားဆုံး အရာ - မေတ္တာတရား။

( ၂၉ ) အကြောက်ဆုံး တိရိစ္ဆာန် -  အဲဒီ တိရစ္ဆာန် ကိုက်ရင် မသေဘဲနဲ့ ဒုက္ခိတ ဖြစ်စေနိုင်သော တိရစ္ဆာန်။ ( ဘာလဲတော့ မသိဘူးပေါ့။ ရှိချင်မှလည်း ရှိလိမ့်မယ်လေ။ လူဆိုတာ တွေးမိတွေးရာ ကြောက်မိကြောက်ရာ ကြောက်တတ်တာပဲ မဟုတ်လား။ ဥပမာ -  ခွေးရူး အကိုက်မခံရဖူးပေမဲ့ ခွေးရူး အကိုက်ခံရမှာ ကြောက်နေသလိုမျိုးပေါ့။ )

( ၃၀ ) တွေ့ဖြစ်နေတဲ့ ဘလော့ဂါတွေ - မိုးယံ ၊ နေဇော်လင်း ၊ အုပ်ကြီး ၊ Angel Shaper ၊ ဏီအဲဝိုင် ၊ ခိုင်နုငယ် ၊ ရဲထွန်းဇော်။

( ၃၁ ) အပြင်သွားတိုင်းပါတဲ့ ပစ္စည်း -  သော့ ၊ ဖုန်း ၊ ပိုက်ဆံအိတ် ၊ ဖတ်စရာ တစ်ခုခု။

( ၃၂ ) သွားဖြစ်နေတဲ့ နေရာတွေ - ထွေထွေထူးထူး မရှိပါဘူး။ မသွားမဖြစ် သွားရတဲ့ နေရာတွေကို သွားဖြစ်နေတယ်။

( ၃၃ ) စိတ်အညစ်ဆုံး အချိန် -  ဖြစ်နေတဲ့ ပြဿနာကို “ မဖြေရှင်းနဲ့တော့ ” ဆိုပြီး တားဆီးခံရတဲ့ အချိန် ဖြစ်မယ်။

( ၃၄ ) အနေချင်ဆုံး နေရာ - မရှိသေးပါဘူး။

( ၃၅ ) ကြားလိုက်မိတဲ့ ဟာသလေး တစ်ခု - ကကြီး ဆိုတဲ့ ရွာမှာ နေတဲ့ လူတွေ အားလုံးက လိမ်ပြော တတ်ကြတယ်။ သူတို့ စကားကို လုံးဝ ယုံလို့ မရဘူး။ ဘာလို့လဲ ဆိုတော့ ငါကလည်း ကကြီးရွာသားပဲ. . . .တဲ့။

( ၃၆ ) ပေးချင်တဲ့ သတင်း တစ်ခု -  ၁၀ ရက်အတွင်း မုန်တိုင်း ဖြစ်ပေါ်လာနိုင်တယ် တဲ့။

( ၃၇ ) အပျော်ဆုံးဖြစ်မယ့် အချိန် -  ဖြစ်ချင်တဲ့ အရာ ကိုယ့်မှာ ဖြစ်မြောက် အောင်မြင် သလို သူများလည်း ဖြစ်မြောက် အောင်မြင် တဲ့ အချိန်ပေါ့။

ဒီလို Tag ပို့စ်လေး ရေးရတာ ပျော်ဖို့လည်း ကောင်းပါတယ်။ သူ့ရဲ့ နဂို Tag ထားတဲ့ ခေါင်းစဉ်က “ လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနဲ့ဖြစ်နေတာတွေ ” ဆိုတော့ ခေါင်းစဉ်က အတန်ငယ် ရှည်နေလို့ “ လတ်တလော စိတ်ဆန္ဒများ ” လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ခေါင်းစဉ်ထဲက အတိုင်းပဲ လတ်တလော ဆိုတဲ့ အတွက် အခု လက်ရှိ အချိန်လေး လောက်ပဲ ဖြစ်မှာပါ။ နည်းနည်းကြာသွားပြီး လတ်တလောကနေ ပြောင်းသွားရင် အခု ရေးထားတဲ့ စိတ်ဆန္ဒများလည်း ပြောင်းချင် ပြောင်းသွားပါလိမ့်ဦးမယ်။ 

ပြီးတော့ လောကမှာ အရေးအကြီးဆုံးက “ လိုအပ်ချက် ” ကို ပီပီပြင်ပြင် မြင်ယောင် ကြည့်မိတတ်ဖို့ပါ။ ဘာလို့လဲ ဆိုတော့ လူတွေ အားလုံးက “ လိုအပ်ချက် ” လိုလိုနဲ့ တကယ်တော့ “ လိုအင်ဆန္ဒ ” တွေထဲမှာပဲ ကျင်လည် နေမိတတ်ကြပါတယ်။ “ လိုအင်ဆန္ဒ ” ဆိုတာ တကယ်တော့ “ လိုအပ်ချက် ” မဟုတ်ပါဘူး။ လိုအပ်ချက်မှသာ တကယ်ကို စစ်မှန်တဲ့ အရာတွေ ဖြစ်ပါတယ်။ အခုတော့ စိတ်ဆန္ဒတွေမှာတောင်မှ “ လတ်တလော စိတ်ဆန္ဒများ ”  ဆိုတော့ ဒီခံစားချက်တွေက အချိန်နဲ့ အမျှ ပြောင်းလဲမှု လွယ်ကူစွာနဲ့ ပြောင်းလဲ သွားနိုင်ပါတယ်။

Tag ပို့စ်ရဲ့ ထုံးစံ အတိုင်း နောက်ထပ် ခင်မင်သူများကိုလည်း ဆက်တဂ် လိုက်ပါဦးမယ်။ စိတ်ထဲ ရှိတာလေးကို ရေးပေးကြပါဦး . . . .  ပျော်ပျော်ရွှင်ရွှင်လေးပေါ့ ။

၁။ ကိုအဖြူလေး
၂။ မရွှေစင်ဦး
၃။ မကိကိ
၎။ မိုးယံ
၅။ အုပ်ကြီး
၆။ ခနွဲ
၇။ ဝက်ဝံလေး
၈။ ရဲထွန်းဇော်

လေးစားစွာဖြင့်
ကိုဇော်
10.5.2011


Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

ဟုတ်ကဲ့ပါ ကကြီး ရွာ ကာလသားခေါင်းရယ်။ ပျော်ပျော်ရွှင်ရွှင် ရေးဦးမှာ


အဲဒီမေးခွန်းတွေပဲ ပြန်ဖြေလိုက်ရင် ဖြစ်တယ်ဟုတ်။

အလင်းသစ် said...

လတ်တလော စိတ်ဆန္ဒများကို လတ်တလောပဲ
လာဖတ်သွားပါတယ် ကိုဇော်ရေ။။။

than than said...

အခု တလောနားထောင်ဖြစ်နေတဲ့သီချင်းတွေ က အကြိုက်တူတယ် ဝိုင်းဝိုင်း က လွဲရင်ပေါ့...
အားပေးသွားပါတယ်.....

Angelhlaing(May everybody be happy and healthy! said...

လတ်တလော..စိတ်ဆန္ဒလေးတွေက ကောင်းလိုက်တာ..နော်...အကိုရေ..အားပေးလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေ။

ကိုကိုးအိမ်(မန္တလေး) said...

တဂ်ပို့လေးကို အလေးအနက်ထားရေးပေးတဲ့ မလေးက ကိုဇော်ကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ.. လောကကြီးမှာ အစားပေးနိယာမ ဆိုတာ ရှိပါတယ်.. သူများကိုအလေးအနက်ထားတတ်ရင် ကိုယ့်ဘ၀လည်း လေးနက်လာပါတယ်.. အဲအတွက် ကိုဇော် တစ်ယောက် ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ပါစေခင်ဗျာ

ခင်မင်လျှက်
ကိုကိုးအိမ်(မနတလေး)

အဖြူရောင်နတ်သမီး said...

ကိုယ်လည်း ရေးရအုံးမယ်..။
အကြွေးရှိသေးတယ်.. ဘယ်လိုမှအချိန်မရလို့...

တောက်ပကြယ်စင် said...

ကိုဇော်ရေ မင်္ဂလာပါ၊ မောနင်းနော်။ လတ်တလော အဖြစ်ချင်ဆုံးအရာက အိန္ဒိယကို ပြန်မကြွချင်သေးဘူး။ အိန္ဒိယမှာ ပူလို့လေ။ ဟီး။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

လရိပ်အိမ် said...

ကိုကာကိုလာတွေ သိပ်မသောက်နဲ့လို့ဘဲပြောချင်တယ်။ ကျန်းမာရေးအတွက်မကောင်းလို့ပါ။ ဆရာလုပ်တာတော့မဟုတ်ပါ။

Maung Myo said...

westlife သီချင်းတွေ ကျနော်လည်း တအားကြိုက်တယ် ကိုဇော် ပြောတဲ့ ၂ပုဒ်လုံး ကျနော် မကြာမကြာ နားထောင်ဖြစ်တယ် ။

ကိုဇော် said...

လရိပ်အိမ် >> ဟုတ်ကဲ့ ကျေးဇူးပါ။
အရင်ကတော့ အတော်သောက်ဖြစ်ပါတယ်။ အခု ဝိတ်ထိန်းနေရတော့ သတိထားပြီး မသောက်ဖြစ်တော့ပါဘူး။ အဲ . . သောက်ဖြစ်ပြီ ဆိုရင် သူ့ကိုပဲ သောက်မိတာ များလို့ “ အသောက်ဖြစ်ဆုံး အအေး ” ထဲမှာ ထည့်လိုက်တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သတိပေးလို့ ကျေးဇူးပါဗျာ။

An Asian Tour Operator said...

ကိုကာကိုလာ တွေသိပ်မသောက်နဲ့ မကောင်းဘူး။ ကျနော်ဆို သူ့ ချည်းမသောက်ရဲ လို့ တခြားအရည် တခုခု ရောရော သောက်ရတယ်။ :-)

Anonymous said...

ကိုဇော် ရေ

ရေးပေးမယ်နော် ဒီပို့စ် ကိုကောင်မလေး တွေ ဖတ်ရင်တော့ လူပျိုကြီး အကြိုက်တွေ သိပြီး မြန်မြန်စွံ့ပါစေဗျာ

ရွှေစင်ဦး

မောင်မောင်တင် said...

တွေ့ဆုံခွင့်........ခုလောလောဆယ်တော့ ကိုဇော်နဲ့
တွေ့ချင်တယ်.....အဟဲ....တမျိုးမထင်လိုက်နဲ့....
လေးစားတဲ့ ဘလော့ဂါ မို့ပါ..

Anonymous said...

စာလုံးပေါင်း မှားသွားတယ်ထင်တယ် မြန်မြန် လူပျိုကြီးဘဝ ကကျွတ်ပါစေလို့

IDIOT-Ki said...

ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းရမဲ့ အလုပ်မျိုး လုပ်ချင်ပါဘူး အေ..
၅/၁၁ ( မေ ၁၁ ) မှာ ဒီကျွန်းကြီး ပျက်မယ်ဆိုတဲ့ ကောလဟာလ တွေ ကြား နေလို့ ခုလောလောဆယ်မှာ စိတ်ပိန်နေပါတယ် ..
နောက်များမှ ပဲ.. ရေးတော့ မယ် .. “လာမယ် ကြာမယ် ပါချင်မှလည်းပါမယ်” ..

ဝက်ဆလူး said...

အတော်ဘဲ စာမရေးရတာ ကြာလို့ ပျင်းနေတာ
ရေးပေးရမှာပေါ့ ခုလို ဒဒိတရ တဂ် တာ ကျေးဇူးနော် ...

နိဗ္ဗာန်မြန်မြန်ရောက်ပါစေနော် .. ခု သွားချင်သလား ခစ်ခစ် ...

နေပါအူး မိန်းမလေး ယူသွားပါအူးနော် .. ဟီးးး

ahphyulay said...

ဟိုက်.................
သောက်ကျိုးနဲ... တက်တော့ မှာပဲ၊
ကော်ကော်ဇို ..၊ ရေးတော့ ရေးရတော့ မယ်၊
အချိန်ယူရမယ်၊ ရေးအားမကောင်းတော့  ခက်တယ်။
တစ်နေ့ နေ့  တစ်ချိန်ချိန် ဖြစ်အောင်ရေးမယ်ဗျိ့ ..။

sosegado said...

အမှောင်ထဲမှာ တစ်ယောက်ထဲနေရဲလား၊
အထပ်၂၀ ဝါရံတာက အောက်ကိုကြည့်ပြီးရဲသလား
ဆိုတဲ့ မေးခွန်းတွေဖြေခဲ့စဉ်ကကို သတိရသွားပါတယ်၊

ခနွဲ said...

ကိုဇော်ရေ..ကျွန်တော်နဲ့ ကိုဇော်က ရာသီတူဖွားတာလည်း မဟုတ်ပါဘဲနဲ့ အကြိုက်တွေ တော်တော်များများ တူရတာလည်း မသိ။ ပထမဦးဆုံး တဂ်စာ ပါ။ ကြိုးစားရေးကြည့်ပါမယ် ကိုဇော်။

Anonymous said...

http://minayar.blogspot.com/2011/05/blog-post_15.html့
ဒီလင့်မှာ ကိုဇော် ရုးတွေတအားပေါက်နေတယ်လို့
ရေးထားတွေ့လို့ လာဖတ်ကြည့်တာ
သောက်တာလဲသောက်ပေါ့လေ
ကျန်းမာရေးလဲထိန်းပေါ့

ခင်မင်စွာဖြင့်
စာဖတ်ပရိသတ်...