မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 May 2011

2 ဘလော့ဂ် ရေးသူများသို့ စာလေးတစ်စောင် – နုနုရည် (အင်းဝ)



မြန်မာ့ စာပေသမိုင်းမှာ သူမတူသော စာပေရေးသား တင်ပြချက်နဲ့ အချိန်တို အတွင်း တဟုန်ထိုး အောင်မြင်လာသူ နှစ်ယောက် ရှိခဲ့ပါတယ်။ ဆရာ တာရာမင်းဝေ နဲ့ ဆရာမ ဂျူး ပါ။ သူမတူသော အတွေး အရေးကြောင့် အချိန်တို အတွင်းမှာ မေးခွန်းများစွာ နဲ့ အုတ်အော်သောင်းနင်း ပွက်လောရိုက် အောင်မြင်လာခဲ့သူ နှစ်ဦးပါ။ 

ဒါပေမဲ့ အမျိုးသမီး စာရေးဆရာမတွေထဲမှာ ကျွန်တော် လေးစားသော စာရေးဆရာမထဲမှာ ဆရာမ နုနုရည် ( အင်းဝ ) က အဓိက နေရာမှာ ပါဝင်ပါတယ်။ အကြောင်းအရာ တစ်ခုကို ရှု့ထောင့်မျိုးစုံက နေရာမလပ်အောင် တွေးတော တင်ပြနိုင်သူ အဖြစ် ကျွန်တော် လေးစားမိပါတယ်။ ပြီးတော့ ဆရာမရဲ့ အရေးအသား တွေထဲမှာ ခေတ်ကာလရဲ့ ပုံရိပ်တွေနဲ့ အသားတည်း ကျအောင် ရေးသား တင်ပြနိုင်ခြင်းက ပိုမိုပြီး စွဲဆောင်မှု ကောင်းစေပါတယ်။ 

ဓလေ့စရိုက် တစ်ခုကို ရေးတယ် ၊ ယဉ်ကျေးမှု ရိုးရာ တစ်ခုကို ပုံဖော်တယ် ဆိုရင်တောင်မှ ခေတ်ဟောင်း အရေးအသားထက် လက်ရှိခေတ်ရဲ့ ပုံရိပ်တွေကို ထင်ဟပ်အောင် ဆွဲဆောင်ရေးသား နိုင်သူ အဖြစ် ဆရာမကို ကျွန်တော် အလွန်ကို လေးစားခဲ့ပါတယ်။ အနှေးတင်ပြကွက် ၊ အမြန်ရေးချက် အစရှိသော ရေးကွက် တော်တော်များများကလည်း ကျွန်တော် အပါအဝင် စာဖတ်သူတိုင်းကို စွဲဆောင်စေပါတယ်။

အခုတော့ ကျွန်တော် လေးစားရသော ဆရာမက “ ဘလော့ဂ် ရေးသူများသို့ စာလေးတစ်စောင်  ” လို့ ခေါင်းစဉ် တပ်ကာ မြစ်ကျိုးအင်းမှ တဆင့် ဘလော့ဂါ အားလုံးသို့ အမှတ်တရ စာလေး တစ်စောင်ရေးသားက ပေးပို့လာပါတယ်။

ဒီစာထဲမှာ ဆရာမရဲ့ ဘလော့ပေါ်မှာ စာရေးသူတွေ အပေါ် အမြင် ၊ သဘောထားကို တွေ့မြင်နိုင်သလို ၊ ရသ စာပေကို တစိုက်မတ်မတ် ရေးသားနေကြတဲ့ စာရေးဆရာတွေကို တချို့သော သူတွေက မေးပြော ပြောနေတဲ့ “ ရသ စာပေ တိမ်ကောသွားပြီလား ” ဆိုသော စကားသံတွေကိုလည်း “ ရသ စာပေ ဆိုတာ လူ့ယဉ်ကျေးမှုကြီး တခုလုံး ပျောက်ကွယ် မသွားသရွေ့ ၊ အမြဲရှိနေမှာပါ။ ”  ဆိုသော အဖြေစကားသံဖြင့် ကြက်သီးထဖွယ် ဆင့်ပွားကြားယောင် ခံစားရမိပါတယ်။

နောက်တစ်ခုက ဘလော့ပေါ်မှာ စာရေးသားနေသော ဘလော့ဂါများရဲ့ ရင်တွင်း ခံစားချက်များကို စုစည်းကာ ပြိုင်ပွဲလေး လုပ်ပြီး “ ရသစာပေ ” များကို ရွေးခြယ်ပေးနေသော “ ရသဝတ္ထုတို ရွေးခြယ်ခြင်း ” နေရာလေးမှာလည်း နောက်ထပ် နောက်ထပ်သော ပြိုင်ပွဲများမှာ ဆရာမ နုနုရည် ( အင်းဝ ) က ပါဝင်ကာ ရသ ဝတ္ထုတိုများကို အကဲဖြတ် ပေးမည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုပါတယ်။

ဆရာမ နုနုရည် ( အင်းဝ ) ရဲ့ ဘလော့ ၊ ဘလော့ဂါ တွေအပေါ်မှာ ထားသော သဘောထား ၊ အတွေး ၊ အမြင် များကို ဖတ်ရှု့ခံစားနိုင်စေရန် ဆရာမ ပေးပို့လာတဲ့ အတိုင်း လက်ရေးမူကို အားလုံးပဲ ဖတ်ရှု့ကာ ဆင့်ပွား ခံစားနိုင်ကြစေဖို့ မူရင်း အတိုင်း တင်ပြလိုက်ပါတယ်။









လေးစားစွာဖြင့်
ကိုဇော်
11.5.2011

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မောင်တင် said...

ရသ စာပေရေးတဲ့ ဘလော့ဂ်တွေထဲမှာ ကျ
နော် အမြဲတမ်းဝင်ဖတ်လေ့ရှိတဲ့ ဘလော့ဂ်တစ်ခုရှိတယ်
(ဖတ်မိ မြင်မိ တွေးမိ သမျှ)ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ဘလော့လေးပါ...ရေးတဲ့ ဘလော့ဂါတော့ တိဝူး.....

ဟန်ကြည် said...

သူ့စာတွေကို သိပ်မဖတ်ဖြစ်ပေမယ့် စာရေးကောင်းသူတစ်ယောက်လို့တော့ လက်ခံပါတယ်...အခုလို တစ်ထပ်တအား ပါလာတာ ၀မ်းသာစရာပါကိုဇော်ရေ...ရသစာပေအတွက် ဂုဏ်ယူရမှာပါ...