မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 May 2011

19 အပျိုကြီး တစ်ယောက်ရဲ့ “ လူ ” မှတ်စု



ကျွန်တော်တို့ အိမ်နားမှာ အပျိုကြီး တစ်ယောက်ရှိတယ်။ သူ့နာမည် ဒေါ်ကြိုင်လို့ ခေါ်တယ်။ အသက်ကတော့ အဲဒီအချိန်ကတည်းက မေမေတို့ထက် ကြီးတယ်။ ၅၀ ကျော်။ (ဘလော့ဂါ အပျိုကြီးတွေလည်း ထိုနည်း၎င်းဖြစ်မှာပါပဲ :P ) သူကတော့ “ ဖလော် ” နဲ့ ကျောင်းပြီးထားတော့ နည်းနည်းတော့ ဆန်းပြီး ၊ အတွေးတွေက များများတော့ လန်းတယ်။ ပြောလိုက်ရင်လည်း ပိဿလေးနဲ့ ဘေးပစ်။

ဒါပေမဲ့ သူက စာပေကတော့ ဝါသနာအိုး။ ဘာအိုးလည်းတော့ မသိပေမဲ့ တော်တော်တော့ ကြီးမယ် ထင်တယ်။ ဘာလို့လည်းဆို သူရေးထားတဲ့ စာတွေကလည်း အပြင်းစားတွေ ၊ ရေရော သောက်လို့ မရဘူး။ မီးတောက်။ ကျွန်တော့်ကိုတော့ တော်တော် ခင်ရှာတယ်။ တွေ့တာနဲ့ ဆံပင်ဖြူ နှုတ်ပေးဆိုတာချည်းပဲ။ အဲဒီတုန်းက ကျွန်တော်ကလည်း လူသာငယ်တာ ပိုးက မငယ်ဘူး။ စာဖတ်တဲ့ချင်တဲ့ ပိုး။

သူ့အိမ်မှာ ရေးထားတဲ့ မှတ်စုတွေ ၊ ကဗျာတွေ ၊ ဆောင်းပါးတွေ ၊ ဝတ္ထုတွေ ဆိုတာက ပွထနေတာပါပဲ။ ဒါတွေကို ကျွန်တော်က ဖတ်ခွင့်ရတယ်။ ရေးချက်ကလည်း အမြင်သစ် အတွေးသစ်တွေနဲ့။ လက်ဇောင်းကလည်း ထက်ပါ့။ တစ်ခုရှိတာက သူအရေးအသားတွေက ပြင်းတော့ အခု ကျွန်တော့်ဖာသာ ရေနည်းနည်း ရောထားတယ်ဗျာ။

အခု အောက်က စာလေးကတော့ သူရေးထားတဲ့ စာတွေထဲက တစ်ခုပါပဲ။ စာအုပ်အဟောင်းကြားထဲက ပြန်တွေ့လို့ တင်လိုက်တာပါ။ “ လူ ” ဆိုတာကို သူမြင်သလို သရုပ်ခွဲထားတယ်။ တစ်ခုခုတော့ ရလိမ့်မယ် ထင်ပါတယ်။

“ လူ ”

လောကမှာ လူအမျိုးမျိုး ၊ အထွေထွေ ရှိပါတယ်။

၁။ တချို့ ပုဂ္ဂိုလ်တွေကျတော့ မရှိသေးသော ၊ မသိသေးသော အရာများကို စိတ်ကူးဖြင့်ပင် စဉ်းစားပုံဖော် ၊ သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - နယူတန် ၊ အက်ဒီဆင် ၊ အိုင်းစတိုင်း။

၂။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေ ရေးထားတာတွေ ရေးရေးတွေ့ရှိ ထားသော စိတ်ကူးများ သဘောတရားများကို ကြီးကျယ်အောင် သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - ရိုက်ညီနောင်။

၃။ တချို့ပုဂ္ဂိုလ်တွေက တခြားပုဂ္ဂိုလ်တွေ တွေ့ရှိထားသော စိတ်ကူး သဘောတရားများကို သူတို့ကပါ ထပ်တူထပ်မျှ သိမြင်ခံစား ၊ သဘောပေါက် လွယ်ကြသည်။
ဥပမာ - သုတေသန လုပ်ငန်းများ။

၎။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးသဘောတရားများကို ပြောပြရုံဖြင့် ကြားနာခံစား ၊ သဘောပေါက် လွယ်ကြသည်။
ဥပမာ - အောက်လက်ငယ်သားမှ ခေါင်းဆောင်သို့။

၅။ တချို့လူတွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို စာအုပ်ဖတ်ရုံဖြင့် သိမြင်ခံစား ၊ သဘောပေါက်လွယ်ကြသည်။
ဥပမာ - လင်ကွန်း ၊ ဝါရှင်တန်။

၆။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို စာအုပ်အဖြစ်ဖတ်ရုံ သဘောမပေါက် ၊ ဖွင့်ဆို ရှင်းပြသွန်သင်မှ သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - ကျောင်းဆရာမှ တပည့်သို့။

၇။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးတွေကို စာအုပ်ဖတ်ခြင်း ၊ ဖွင့်ဆို ရှင်းပြသွန်သင်ခြင်း နှစ်မျိုးလုံးမှ ခပ်ရေးရေး သဘောပေါက်ကြသည်။
ဥပမာ - အသင်ရခက်သော တပည့်မျိုး။

၈။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို ဘယ်လို သွန်သင်ရှင်းပြ ရှင်းပြ ထုံပေပေ နဲ့ သဘောမပေါက်ဘူး ဖြစ်ကြသည်။
ဥပမာ - မိမိသိထားသမျှကိုသာ မှန်တယ်လို့ ထင်နေသောသူ။

၉။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို ဘယ်လို သွန်သင်ရှင်းပြပါစေ သဘောမပေါက်ရုံမက ဖြစ်နိုင်ပါမလားလို့ တွေးနေမိပြီး ကိုယ့်စိတ်ထဲက အတိုင်းသာ လက်ခံတတ်သူ။
ဥပမာ - ဆင်ကို စမ်းနေသော မျက်မမြင် ပုဏ္ဏားများ။

၁၀။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးသဘောတရားများကို ဘယ်လိုမှ သဘောမပေါက်နိုင်ရုံမျှ မက “ မဖြစ်နိုင်ဘူး ” ၊ “ မဟုတ်နိုင်ဘူး ” လို့ “ ဘူး ” ခံငြင်းဆန်တတ်သောသူ။
ဥပမာ - မိမိသိသမျှကိုသာ အယူသီးထားတတ်သူများ။

ထိုကဲ့သို့သော နံပါတ် ( ၁၀ ) မှ လူတန်းစားမျိုးကို ထိုအပျိုကြီးက ဒီလို မှတ်ချက်ပြုပါတယ်။  

*** ဖင်လှန်ပြတောင်မှ ဖင်မှန်းမသိ ၊ ဖင်မှန်းသိတာတောင်မှ ဖင်နှုတ်ခမ်းမှာ ဘာရှိမှန်း မသိဘူး။ အိတ်ရှုံ့မှတ်လို့ ပိုက်ဆံ ထည့်နေတယ်။ ***


လေးစားစွာဖြင့်
ကိုဇော် တင်ပြသည်။
25.2.2010

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

မြှား(တေဇာ) said...

ရော်....ခက်ပြီ...း)

ညလင်းအိမ် said...

ဟင်းးး ... လူဆိုတာလည်း အမျိုးမျိုးပါပဲလားဗျာ..

ချစ်ကြည်အေး said...

တကယ် သရုပ်ခွဲ ကြည့်ရင် ဒီထက် အများကြီး ပိုထွက်လာနိုင်သေးတယ် မောင်ဇော် အပိုင်း ၂ ကိုယ်တိုင် ရေးချပလိုက်ကွာ...:)

KMC@ချင်းလေး said...

ပြင်းနေသေးတယ်ကိုဇော်ရေ..... နည်းနည်းထပ်ရောပါဦး..(ရေ..နော် ရေ.):-)..

မင်းဧရာ said...

ကိုဇော်,အပျိုကြီးတွေ ဇီဇာ ကြောင်တယ်ဆိုပေမယ့် သူ့မှတ်ချက်ကတော မှန်သလိုလို။သတိတော့ထား လူပျို ကြီးရေ ခင်ဗျာမှတ်စုလေးတော့ သူများမဖတ်စေနဲ့နော်

မင်းမောင် said...

မှတ်စုလေးတွေဖတ်ရင်း ကိုယ်က ဘယ်လိုလူမျိုးထဲမှာပါမလဲ စဉ်းစားပြီးဖတ်လာတာ.....
နံပါတ်(၁၀) ကျမှတွေ့တော့တယ်။
ညစ်ညစ်ပတ်ပတ် သူမို့နှိုင်းတတ်တယ် ..
လုပ်ရက်တယ် ဒေါ်ကြိုင်ရယ်။

နေ၀သန် said...

:).. နောက်ဆုံး ဥပမာကိုဖတ်ရင်း ပြုံးသွားပါတယ်...

စံပယ်ချို said...

နံပါတ် ၁၀ ကိုသဘောကျနေမိပါတယ်။

Angelhlaing(May everybody be happy and healthy! said...

အစကတော့ ပြုံးရုံပဲ နောက်တော့ တွေးရင်း ရီလိုက်မိတယ်...အဲဒါနဲ့ စကားမစပ် အကိုလဲ :):)
အဟီးးးး
စတာ..:):)

ခနွဲ said...

၇ ကနေစလို့ နောက်ပိုင်းတွေမှာ ကျွန်တော်ပါမယ်ထင်ပါရဲ့။ :P
ဗဟုသုတတော့ ရသဗျာ။ တကယ်လည်း အဲလိုတွေကိုး။

လရိပ်အိမ် said...

ကိုဇော် ကံကောင်းလိုက်တာဗျာ ၊ အပြိုကြီးဆီက အမွေရလိုက်လို့။

အဖြူရောင်နတ်သမီး said...

မှန်လိုက်လေ ကိုဇော်ရေ...
တချို့ လူတွေကျပြန်တော့ ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ကိုယ်လုပ်သမျှ ကိုယ်ပြောသမျှ မှန်နေတယ်လို့ထင်နေကြပြန်ရော။
မှားတယ်ပြောလည်း လက်မခံဘူး..။
သူ့ကိုယ်သူ မှားနေတယ်ဆိုတာကို တစ်ကယ်မသိတဲ့လူမျိုးလည်းရှိရဲ့..။
အဲဒီလို လူမျိုးကို ဆွံ့- အ- နားမကြား သူလို့ခေါ်မလားပဲ...။

ထပ်ဖြည့်ပေးသွားပါတယ်ဗျို့....:P

မောင်စေတနာ said...

အပျိုကြီးရဲ့ လူ မှတ်တမ်းလေး လာဖတ်သွားပါတယ်။
လူပျိုကြီးရဲ့ မှတ်တမ်းလည်း ဖတ်ချင်ပါတယ် ခင်ဗျား

အားပေးလျှက် ..။.။.

မိုးခါး said...

eeek!!!!! ဘာပြောရမှန်းကို မသိတော့ဘူး :D

အင်္ဂါဟူး said...

ပြောချင်တာတွေရှိပေမယ့် နောက်ထပ်လူတစ်မျိုး တိုးနိုင်သမို့ မပြောပဲပြန်မယ်... ။

မှတ်ချက်ချမိတာက

အလိုက်မသိ ပိုက်ဆံထည့်မိ ဆံပင်ဖြူ ကျွတ်တတ်၏။

ဟီးဟီးးးးးးးးးးးးး

မြစ်ကျိုးအင်း said...

လူပျိုကြီး မှတ်တမ်းလေးလည်း ရေးအုံးကွ။

မေသိမ့်သိမ့်ကျော် said...

း) လာဖတ်သွားပါတယ် ကိုဇော်ရေ။

ခင်မင်လေးစားလျက်

အပျိုဖျန်းမလေး ဝက်ဆလူး said...

အပေါ်က ပါးပါး ရယ် ... သူ ကိုယ်တိုင် လူပြိုဂျီး ဖြစ်မှတော့ အဲဒီ မှတ်တမ်း ရေးမလားလို့ ဟွင့် ဒီပို့စ်ကို မlike ဘူးကွာ ... ဘာလုပ်ချင်လဲ ဟွင့်

IDIOT-Ki said...

အဲ့ဒီ ဒေါ်ကြိုင်က လိပ်ခေါင်းအထူးကု ဟု ယူဆမိပါသည် ၊ နီးစပ်ရာရာ ထင်မှတ်ကြတာပဲ မဟုတ်လား..

လူပြိုကြီး ကိုဇော် ရဲ့ လူတန်းစား ခွဲပုံများလည်း သိလိုပါသည် ..း))

ဒေါ်ကိ...း))