မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 March 2012

11 3-Mar-2012 မန္တလေး သို့




ပထမ တစ်ကြိမ် လွဲချော်မှုက ဒုတိယ အကြိမ် အတွက် ပို အင်အား ကောင်းအောင် ပြင်ဆင်မှု ဖြစ်သွားစေတယ် ဆိုတာကို ကျနော် သင်ခန်းစာ ယူမိသွားတယ်။ ပြီးတော့ စိတ်ဓါတ်တွေ ပိုပြီးတော့ ပြင်းပြ ထက်သန်သွားစေတယ် ဆိုတာကိုလည်း ကျနော် သတိပြုမိတယ်။ ပြီးတော့ ပိုပြီးတော့ စုစုစည်းစည်း ဖြစ်သွားစေတယ် ဆိုတာ ကျနော့်ကို သင်ကြားပြသတယ်။ 

ကျေးဇူးတင်ပါတယ် မန္တလေး ရဲ့ 3-Mar-2012 . . .။ 

လေးစားစွာဖြင့်
ကိုဇော်
Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

ကိုဇော်ယူသွားတဲ့ မေ့ဆေ့ခ်ျလေးကောင်းတယ်..း))

ခင်မင်လျက်
နေ၀သန်

သဒ္ဓါလှိုင်း said...

ကိုဇော့်ရတဲ့ သင်ခန်းစာလေးက သိပ်ကောင်း။ သိပ်မှန်။
ခင်မင်လျက်
သဒ္ဓါ

sosegado said...

1990 - 2012 - 2015

ဖြိုးဇာနည် said...

ရရှိလိုက်တဲ့ ရလဒ်ကောင်းလေးပါ

SHWE ZIN U said...

ကိုဇော် တွေးသလို တွေးလည်း ရပါတယ်

ဒါပေမဲ့ မန္တလေးသူတယောက် အနေနဲ့ ပြောရရင် မန္တလေး သွေးက အမြဲတန်း နွေးပါတယ် ဘယ်အချိန်မှာဘဲ အမေစု လာလာ ဒီလိုဘဲကြိုဆိုကြမှာပါ

ခင်မင်တဲ့
ရွှေစင်ဦး

မဒမ်ကိုး said...

အားရစရာကြီးဘဲအကိုရေ

ခင်တဲ့

ဒိုးကန်

Anonymous said...

လေးစားရပါသော ကိုဇော်ခင်ဗျာ...
ကျွန်တော် ဒီကွန်မန်းကို ရေးဖို့ တော်တော်လေးကို စဉ်းစားခဲ့ပါတယ်..မရေးမိဖို့ကိုပါ...ဒါပေမယ့် ဘယ်လိုမှ ကိုယ့်ကိုယ်ကို တားမရလို့ရေးမိတာပါ...။ကျွန်တော် ဒီနေရာမှာ အခုလိုမျိုး ရေးတာဟာ အစ်ကို့ကို အပျက်သဘောနဲ့ဝေဖန်တာ အတိုက်အခံ ၀င်လုပ်တာမျိုး မဟုတ်ဘူးဆိုတာကို အရင်ဆုံး ကျွန်တော် ပြောပါရစေခင်ဗျာ။ကိုဇော်က ကျွန်တော့ရဲ့ favourite ပါ.။
ကျွန်တော့်ရဲ့အမြင်လေးကို ကျွန်တော်က ၀င်ပီးပြောတဲ့သဘောပါခင်ဗျာ...ကျွန်တော်က အခု အရပ်ဝတ်အရေခြုံထားတဲ့ စစ်အစိုးရကို သဘောကျတဲ့သူလည်း မဟုတ်ပါဘူး..ဘယ်သူပဲ အုပ်ချူပ်အုပ်ချုပ်ပါ...ကျွန်တော်တို့ တိုင်းပြည်ကောင်းစားရင် ကျွန်တော်တို့ ကျေနပ်ရမှာပါ၊ဒါပေမယ့်ဗျာ...အခု ကိုဇော်တို့ ပြောနေတဲ့ ဒေါ်စုကြည်ရဲ့ ခင်ပွန်းကတော့ဖြင့် တခြားတိုင်းတပါးသားကြီးပါ...ကျွန်တော်ဆိုလိုတာကဗျာ...မြန်မာက ကုမ္မဏီပိုင်ရှင် ဒေါ်မြ နိုင်ငံခြားသားနဲ့ယူတယ်၊ကွမ်းယာသည်လေး မိအေး နိုင်ငံခြားသားနဲ့ ယူတယ်၊ ကိစ္စမရှိဘူးပေါ့...။အခုသူ့အဖေက ဗိုလ်ချူပ်အောင်ဆန်းလေဗျာ...သူ့သမီးနိုင်ငံခြားသားယူတာကတော့ဖြင့်...............။ဒါက ကျွန်တော်ဒီမှာ ၀င်ရေးရတဲ့ ပထမတစ်ချက်ပါ...နောက်တစ်ခုက အခု..ကိုဇော်တို့ ထောက်ခံတဲ့ ဒေါ်စုကြည် မဲနိုင်သွားပီဆိုပါဆို့ဗျာ...(ကျွန်တော်ပြောတာလေးနဲ့ ဆက်စပ်တာကိုပဲ တွေးပေးကြည့်ပါ..)ကျွန်တော်တို့နားက ထေရ၀ါဒ နိုင်ငံပါပဲ ထိုင်းကို ကြည့်ဗျာ..နိုင်ငံတိုးတက်တာမှန်ပါတယ်..လူမျိုလို့ လူမျိုးပြုတ်မယ်ဆိုတာလေးကို ကျွန်တော်တွေးမိတာပါ...။ကျွန်တော်အခု ကိုဇော့်ကို ပြောတဲ့ အကြောင်းအရာတွေက ကျွန်တော်က မပြည့်ဝသေးလို့ ကလေးကလားနဲ့ အမြင်ကျဉ်းမြောင်းတယ်ဆို၇င်လည်း ကိုဇော်သင်ပြပြောဆိုတာကို နာခံဖို့ အသင့်ပါပဲခင်ဗျာ...ကမန်တော့်သိချင်တာလေးက..ကိုဇော်ကတော့ ဒီလိုညီလေးေ၇...ဒါကတော့ ဘယ်ပုံဘယ်နည်းရှိတယ်ကွာ..ဆိုတာလေးကို ကိုဇော်ပြန်တွေးပြတဲ့ စိတ်ကူးကို လိုချင်မိတာပါ...။
ကျွန်တော်တို့ လွပ်လပ်စွာ သဘောထားကွဲလွဲကြည့်ရအောင်ပါ....။
ကိုဇော့်ကို အစဉ်အမြဲလေးစားချစ်ခင်လျက်....။

Anonymous said...

to Anonymous:
Please read more, ya, please read more, not only in Burmese read in English as well, after that think; yes; think; again; think;
When you become well verse in so called general knowledge, you will get the answer yourself....

Anonymous said...

Please read more ဆိုတဲ့ တစ်ယောက်အဆင်ပြေရင် ခင်ဗျားရဲ့ လိပ်စာလေး တစ်ချက်လောက် ပေးပါလားဗျာ...ခင်ဗျားဆီက ပညာလေး ရရင်လည်း လိုချင်လို့ပါ...။စကားပြောကြည့်တာပေါ့...။

ကိုဇော် said...

ဟုတ်ကဲ့။ ကျနော် အားတာနဲ့ ကျနော့် အမြင်လေးကို ရေးပေးပါ့မယ်။ အမြင် မတူတာကိုတော့ ညှိမနေပါနဲ့။ တူတဲ့ ရှု့ထောင်ကနေ ကျနော်တို့ ဆက်ကြည့်ကြတာပေါ့။

စံပယ်ချို said...

ပုံတွေ ကြည့်ရတာအားရကျေနပ်စရာကောင်းတယ်
ခင်တဲ့ jasmine