မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 August 2011

17 တရုတ်ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား



ဟိုးနှစ်ပေါင်း တော်တော်ကြာကြာကပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဟိုရောက် ဒီရောက် စကားပြောဖြစ်ကြပါတယ်။ အဲဒီတုန်းက သူငယ်ချင်း တစ်ယောက်က ပြောတယ်။

“ တရုတ် ပစ္စည်းတွေက အလကားပါပဲကွာ။ ”

အားလုံးက သူပြောတဲ့ စကားကို ဆုံးအောင် နားထောင်နေတဲ့ သဘောနဲ့ ဘာမှ ဝင်မပြောကြပါဘူး။ ဒီတော့ သူက အားလုံးကို တစ်ချက်ဝေ့ကြည့်ြ့ပီးတော့ ဆက်ပြောတယ်။ 

“ ဝယ်သုံးလည်း ခဏပါပဲကွာ။ “ တရုတ်လုပ် - အစုတ်ထုတ် ” ပါပဲ။ ”

လို့ ဆိုပါတယ်။ သူ့ဆီက ဒီစကားလည်း ထွက်လာပြီးတော့ ကျွန်တော်က မနေနိုင်စွာ သူ့ကို မေးမိပါတယ်။ 

“ ဘာလို့ တရုတ်လုပ် - အစုတ်ထုတ် လို့ မင်းက ပြောရတာလဲ။ ”

ဒီတော့ သူက အောက်ပါ အတိုင်းပါပဲ ချက်ချင်း ပြန်ပြောပါတယ်။ 

“ တရုတ် ပစ္စည်းလေကွာ။ တရုတ် ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား။ ”

ဆိုသော အမေးကို ဗဟိုပြုသော စကား ထွက်လာပါတော့တယ်။ ဒီတော့ ကျွန်တော် အပါအဝင် တချို့သော သူငယ်ချင်းတွေနဲ့ သူနဲ့ အဲဒီနေ့က စကား အတော်ကို ပြောမိခဲ့ကြတယ်။ ဒီအထဲကနေမှ တချို့သော အချက်တွေကို ကျွန်တော် ပြန်ပြောပြပါ့မယ်။ ( အကုန်လုံးတော့ မပြောသာသေးပါဘူး။ )



“ တရုတ် ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား။ ”

လို့ ကျွန်တော့် သူငယ်ချင်းက မေးခဲ့ပါတယ်။ သူ့ရဲ့ ပြောပုံဆိုပုံ နဲ့ စကား အသွားအလာ အရ ဆိုရင် “ တရုတ် ပစ္စည်းတွေက အရည်အသွေးမှ မကောင်းတာကွာ။ ” ဆိုသော စကားဘက်ကို ပိုပြီးတော့ လေသံရောက်ကာ ၊ အဓိပ္ပါယ်ပေါက်စေသော စကား ဖြစ်ပါတယ်။

“ မဟုတ်ပါ။ တကယ်တော့ တရုတ် ပစ္စည်းတွေဟာ အရည်အသွေး မညံ့ကြပါဘူး။ ”

ဒီလို ကျွန်တော် ပြောလို့ ကျွန်တော့်ကို တရုတ်ပစ္စည်း ထောက်ခံသူ လို့ အထင်မစောလိုက်ပါနဲ့ဦး။ ဆက်ဖတ်ကြည့်ပါ။

“ တကယ်တော့ တရုတ်ပစ္စည်း ဆိုတာ ကမ္ဘာ့စက်မှု ထိပ်တန်းနိုင်ငံ နဲ့ အာကာသ ထိပ်တန်း နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံရဲ့ NASA အာကာသ စခန်းအတွက် စက်ပစ္စည်းတွေကို ရာခိုင်နှုန်း အတော်များများတောင်မှ တရုတ်နိုင်ငံက ထောက်ပံ့ပေးနေတာပါ လို့ NASA ကိုယ်တိုင်က ထုတ်ဖော် ဝန်ခံခဲ့ရဖူးပါတယ်။

ဒီလို ကမ္ဘာ့ထိပ်တန်း နိုင်ငံရဲ့ အာကာသ ပစ္စည်းတွေကိုတောင်မှ ထောက်ပံ့ပေးနေနိုင်တဲ့ တရုတ်ပစ္စည်းရဲ့ အရည်အသွေးတွေဟာ တကယ်ကို မညံ့ပါဘူး။ ဒါဆို ဘာဖြစ်လို့ တရုတ်ပစ္စည်းတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်လာတဲ့ အခါမှာ အရည်အသွေး မကောင်းရတာလဲ။ ဒီ့အတွက် အဖြေက တရုတ်တွေရဲ့ ကုန်ထုတ်လုပ်မှု သဘောထားနဲ့ပဲ ဆိုင်ပါတယ်။ ဒါကတော့. . . .

၁။ အရည်အသွေး
၂။ ဈေးနှုန်း

ဆိုသော အဓိက အချက်ပါပဲ။

အရည်အသွေးကို အဓိက အားထားသော နိုင်ငံကြီးတွေကို တရုတ်က သူတို့ရဲ့ ပစ္စည်းကို ပို့တဲ့ အခါမှာ အရည်အသွေးကို လျော့ချပြီးတော့ ပို့လို့ မရတဲ့ အတွက်ကြောင့် သူတို့ရဲ့ လုပ်သားအင်အား ပေါများမှုကို အခြေခံပြီးတော့ ဈေးနှုန်းလျော့ချကာ တခြားသော ယှဉ်ပြိုင်ဖက် ထုတ်လုပ်မှု နိုင်ငံတွေကို ယှဉ်ပြိုင်ပါတယ်။ ဒီတော့ အရည်အသွေးခြင်းတူနေတဲ့ အခါမှာ ဈေးနှုန်းသက်သာသော တရုတ်ပစ္စည်းတွေရဲ့ ရောင်းလိုအားက တတ်လာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်တွေကတော့ သူတို့ရဲ့ ပစ္စည်းကို ဈေးနှုန်းသက်သာ သထက် သက်သာအောင် တီထွင်ကြံဆရင်းနဲ့ လမ်းလွဲကာ အမှားတွေ များစွာ လုပ်ဆောင်မိတတ်ကြတယ်။ ၂၀၀၄ ခုနှစ်လောက်က သတင်းတစ်ခု ကျွန်တော် ဖတ်လိုက်ရပါသေးတယ်။ အမေရိကန်ကို တရုတ်မှ တင်သွင်းတဲ့ ကလေးကစားစရာ ရထားလေးတွေမှာ အလှဆင်ထားတဲ့ ပစ္စည်းတချို့မှာ ခဲတွေပါကာ ဒီရထားတွေနဲ့ သုံးစွဲတဲ့ ကလေးတွေမှာ ခဲဆိပ်သင့်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဖတ်မိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ ဆိုတာ သူတို့ နိုင်ငံသားတွေကို အရမ်းကို ကြည့်ရှု့တတ်တဲ့ နိုင်ငံ ဖြစ်လေတော့ ချက်ချင်းကို တရုတ်ပစ္စည်းတွေ ရောင်းချမှုကို ရပ်ဆိုင်းကာ ဒီပစ္စည်းတွေကို ပြန်လည် သိမ်းယူစေခဲ့ပါတယ်။

ဟိုတလောကလည်း တရုတ်ထုတ် နို့မှုန့်တွေမှာ မယ်လမင်း အမှုန့်တွေကို ရောထည့်လို့ ကလေးငယ်တွေ များစွာ သေကြေ ဒုက္ခရောက်ကြရပါသေးတယ်။ ဒီနို့မှုန့်ဒဏ်တွေကို ကမ္ဘာတဝှမ်းလုံးက ကလေးငယ်ပေါင်းများစွာ ခံစားခဲ့ကြရတာပါ။ နောက်တော့လည်း မသမာမှု ပြုသူတွေရဲ့ ထုံးစံအတိုင်း အဲဒီအကျိုးကို သူတို့ ခံစားသွားရတာပါပဲ။ ဒီလို အဖြစ်အပျက်ပေါင်း များစွာ တရုတ်ပစ္စည်းရဲ့ ထုတ်လုပ်မှု အရည်အသွေး နဲ့ ဈေးနှုန်းကြောင့် ဖြစ်ပေါ်ခဲ့ ၊ ဖြစ်ပေါ်ဆဲ ၊ ဖြစ်ပေါ်လာဦးမှာပါပဲ။



ကမ္ဘာနဲ့ အဝှမ်း ဖြစ်နေတဲ့ တရုတ်ပြည် ဆိုင်ရာ အရည်အသွေးနဲ့ ဈေးနှုန်းတွေကို ကျွန်တော် ပြောပြလို့ ကုန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်သော တရုတ်ပစ္စည်းတွေရဲ့ အရည်အသွေး နဲ့ ဈေးနှုန်း ထိန်းချုပ်မှု ပုံစံကို ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။

ဒါလေး မပြောခင် ကျွန်တော့် ကင်မရာလေး အကြောင်းကို ပြောပြပါဦးမယ်။ အရင်က ရှိခဲ့တဲ့ ကင်မရာလေးက မာလကီးယားသွားတော့ ကျွန်တော် ကင်မရာ ပေါ့ပေါ့ပါးပါးလေးပဲ ဝယ်ဦးမယ် ဆိုပြီး စဉ်းစားနေတုန်း ( မပေါ့မပါကြီးလည်း မဝယ်နိုင်သေးပါဘူး။ ) အသိမိတ်ဆွေ တစ်ယောက်က အမေရိကားကနေ မလေးရှားကို လာစရာ ရှိတယ် ဆိုလို့ ကျွန်တော် လူကြုံ အနေနဲ့ သူ့ကို Canon ကင်မရာ အသေးလေး ဝယ်ခိုင်းလိုက်ပါတယ်။ နောက်တော့ သူ မလေးရှားကို အလည်ရောက်လာတော့ သူ့ဆီမှ ကင်မရာကို လက်ခံ ရရှိပါတယ်။ ( ကျွန်တော် လက်ခံရတော့ ပိုက်ဆံ ပေးလို့ မရခဲ့ပါဘူး။ ဒါကြောင့် လက်ဆောင် အဖြစ် လက်ခံ ရခဲ့တာပါ။ )

ဘာရယ် မဟုတ်ဘဲ ကင်မရာရဲ့ Made In ဆိုတာရဲ့ နောက်ကို ကြည့်လိုက်တော့ Malaysia လို့ ရေးထားပါတယ်။ ဒီမှာ ကျွန်တော် တကယ်ကို ဟက်ဟက်ပက်ပက် ရယ်မိပါတယ်။ မလေးရှားက လူဆီကို မလေးရှားထုတ်က ရောက်ရတယ်လို့ပေါ့လေ။ နောက်တော့ ကင်မရာတွေ ရောင်းတဲ့ ဆိုင်ကို ရောက်တော့ မလေးရှား အတွက် ရောင်းတဲ့ ကင်မရာတွေကျတော့ Made In China ဆိုပြီး ဖြစ်နေပါရောလားဗျာ။ တကယ်တော့ အဲဒီကင်မရာရဲ့ အမျိုးအစားက Canon တစ်ခုတည်းပါပဲ။ ဒါပေမဲ့ ရောင်းချတဲ့ နိုင်ငံပေါ်ကို လိုက်ပြီးတော့ အရည်အသွေး နဲ့ တန်ဖိုးက ကွာသွားတာပါပဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်လာသော တရုတ်ပစ္စည်းတွေရဲ့ အရည်အသွေးကတော့ ကျွန်တော့် နိုင်ငံကို ကြည့်ပြီးတော့ တရုတ်တွေက ရောင်းချတာပါ။ အမေရိကန်တို့ ၊ ဂျပန် နဲ့ တခြားသော ဥပရောပ နိုင်ငံများသို့ တရုတ်တင်ပို့သော အရည်အသွေးမျိုးတော့ မရနိုင်သေးဘူး ဆိုတာ သေချာပါတယ်။  ( တစ်နေ့နေ့တော့ မပြောတတ်ပါ။ ) ကျွန်တောတို့ နိုင်ငံကို ဝင်လာသော တရုတ်ပစ္စည်းတွေကိုလည်း ဘယ်လို အရည်အသွေးမျိုးမှ ဝင်ခွင့်ပြုမယ်လို့ သေချာစွာ စည်းကမ်းဖြင့် သတ်မှတ်ထားခြင်း မရှိသေးတာကလည်း ကိုယ့်နိုင်ငံထဲကို အရည်အသွေးနည်းသော ပစ္စည်းတွေ ဝင်လာရခြင်း အချက်တွေထဲက တစ်ချက်ပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံကို ဝင်လာတဲ့ တရုတ်ပစ္စည်းတွေက အရည်အသွေး မကောင်းဘူးတော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကုန်ပစ္စည်း ရောင်းချတဲ့ အခါမှာ သူတို့ သုံးသော စီးပွားရေးဆိုင်ရာ နည်းဗျူဟာ တစ်ခု ရှိပါတယ်။ ဒီနည်းဗျူဟာကို ကျွန်တော် အခု ပြောပြချင်တာပါ။ ဒါပေမဲ့ ဒီလို ပြောပြတာက တရုတ်ပစ္စည်းတွေနဲ့ လုပ်ကိုင်နေကြတဲ့ လူတွေရဲ့ ထမင်းအိုးကို တုတ်နဲ့ ထိုးတာ မဟုတ်ပါဘူး။ ဒီလို တရုတ်ပစ္စည်းတွေနဲ့ လုပ်ကိုင်ရင်းနှီးနေကြတဲ့ လူတွေအထဲမှာ ကျွန်တော်တို့ အမျိုးတွေလည်း ပါပါတယ်။ ဒါပေမဲ့ ဒီလို နည်းဗျူဟာတွေ သုံးပြီးတော့ တရုတ်ပစ္စည်းတွေကို ရောင်းချတာ ဆိုတာလေးကို သိစေချင်တာပါပဲ။

ဒီနည်းဗျူဟာကတော့ ကုန်ပစ္စည်း တစ်မျိုးတည်းကို အရည်အသွေး နှစ်မျိုးနဲ့ တစ်ခါတည်း ထုတ်လုပ်ပြီးတော့ စောင့်ဆိုင်း ရောင်းချခြင်းပါပဲ။ ဒီလို ပြောလိုက်လို့ နားလည်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ဥပမာလေး တစ်ခုနဲ့ ရှင်းပြပါ့မယ်။



သိပ်မကြာသေးတဲ့ နှစ်တွေက မြန်မာနိုင်ငံကို  ဓါတ်ခဲ ထည့်စရာ မလိုဘဲနဲ့ လျှပ်စစ်နဲ့ ပြန်လည် အားသွင်းကာ ခြင်ရိုက်သော ဘတ်တံလေးတွေ တရုတ်ပြည်ကနေ ဝင်လာခဲ့ပါတယ်။ တရုတ်ပြည်ကနေ ဝင်တာ ဆိုတော့ ကောင်းမှ ကောင်းပါ့မလား ဆိုတဲ့ အတွေးနဲ့ ဝယ်မသုံးကြပါဘူး။ ပြီးတော့ ဈေးကလည်း အတော်ကို များနေပါသေးတယ်။ ဒါကြောင့် ငွေပိုငွေလျှံ ရှိတဲ့ လူတွေလောက်သာ ဝယ်သုံးကြပါတယ်။ အခြေခံလူတန်းစားတွေကတော့ ဈေးနှုန်း ကြီးမြင့်တာရယ် ၊ တရုတ်ပြည်ထုတ် ဆိုတဲ့ အရည်အသွေးကို စိတ်မချတာရယ်ကြောင့် ဝယ်မသုံးကြသေးပါဘူး။

ဒါပေမဲ့ ဓါတ်ခဲလဲစရာ မလိုဘဲနဲ့ လျှပ်စစ်အား ပြန်သွင်းလို့ ရတာလေး တစ်ခုနဲ့ အတော်ကို သုံးရ လွယ်တော့ ငွေပိုငွေလျှံရှိတဲ့ လူတွေ အတော်ကို အဝယ်လိုက်ကြပါတယ်။ ပြီးတော့ ပထမဦးဆုံးကတည်းက ဝယ်တဲ့ လူတွေကလည်း ၄ ၊ ၅ လ သုံးတာတောင်မှ ဘာမှ မဖြစ်တော့ တရုတ်ပစ္စည်းပေမဲ့ အသုံးခံတယ် ဆိုပြီးတော့ လူကြိုက်များလာချိန်မှာ ထိုခြင်ရိုက်ဘတ်တံလေးတွေ ဈေးကွက်တွင် ကုန်သွားပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင် အချိန်မှာပဲ တရုတ်ပြည်က ဆက်တိုက် ဝင်လာပါတော့တယ်။

ဒီတော့ ဈေးကွက်မှာ ဝယ်လိုအားက များနေပြီး ရောင်းလိုအားက နည်းနေတော့ ဈေးကွက်ထဲကို  လျှပ်စစ်ဘတ်တံလေးတွေ ရောက်လာတာနဲ့ အလုအယက် အပြိုင်အဆိုင် ဝယ်ကြတော့တာပါပဲ။ ဝယ်လိုအားက ကောင်းသလောက် အခု တစ်ခါတော့ ရောင်းလိုအားက ပြတ်သွားတယ် ဆိုပြီး မရှိပါဘူး။ ဝယ်သလောက်ကို ရောင်းနေတာပါပဲ။ ဒါနဲ့ ငွေပိုငွေလျှံ ရှိသူတွေသာမက ၊ အိမ်မှာ အသုံးတည့်တယ် ဆိုပြီးတော့ မရှိမဖြစ် ဝယ်သူတွေနဲ့ အတော်ကို ရောင်းရပါတယ်။

ဒါပေမဲ့ . . . . .

အခု နောက်တစ်ကြိမ် ဝင်လာတဲ့ လျှပ်စစ်ဘတ်တံလေးတွေကတော့ အရင် ပထမဦးဆုံး မြန်မာနိုင်ငံကို ဝင်လာတဲ့ လျှပ်စစ်ဘတ်တံလေးတွေလောက် ကြာရှည်မခံတော့ပါဘူး။ တစ်လ ၊ နှစ်လတည်းနဲ့ ပျက်ကုန်ကြတော့တာပါ။ ပျက်လို့ နောက်ထပ်ဝယ်လည်း နောက်ထပ် ဘတ်တံလေးတွေကလည်း ခဏပဲ ခံပါတယ်။ ဒါပေမဲ့ ဟိုးအရင်က မြန်မာနိုင်ငံကို ပထမဦးဆုံး ဝင်လာတဲ့ လျှပ်စစ်ခြင်ရိုက် ဘတ်တံလေးတွေကတော့ ကောင်းမြဲ ကောင်းလျှက်ပါပဲ။

“ ငါတို့ ဝယ်တော့မှ ဘတ်တံတွေက ပျက်တယ် ကြည့်စမ်း ၊ ဘယ်သူ ဝယ်တုန်းကတော့ ခံလိုက်တာ ”

ဆိုသော စကားများကို ထိုစဉ်အခါက တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပြီး ၊ တွင်တွင်ကျယ်ကျယ် ကြားခဲ့ရမှာပါ။ ဒီလိုပါပဲ။ အခုလတ်တလောမှာလည်း ပစ္စည်း အသစ် တစ်မျိုး ထွက်ပြီ ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ထုံးစံကိုက အသစ်ဆိုရင် စမ်းသပ်ရမှာ ကြောက်တတ်ကြပါတယ်။ ပြီးတော့ ပစ္စည်း အသစ်ဆိုရင် တန်ရဲ့လား ဆိုကာ ငွေကြေးနဲ့ ထပ်ပြီးတော့ စစ်ကြပြန်ပါတယ်။ နောက်တော့သူများတွေ သုံးကြပြီ ဆိုတော့မှ ကောင်းလား ၊ ကောင်းလား ဆိုကာ စုံစမ်းပြီးမှ လိုက်သုံးတတ်ကြပါတယ်။

ဒါဟာ တရုတ်ပစ္စည်းတွေနဲ့ ပတ်သတ်ရင် အလွန်ကို မှားပါတယ်။ ဘာလို့ ကျွန်တော်မှားတယ်လို့ ပြောတယ် ထင်ပါသလဲ။ တကယ်တော့ တရုတ်တွေဟာ သူတို့ တင်သွင်းမဲ့ နိုင်ငံကို ကြည့်ပြီးတော့ ပစ္စည်းရဲ့ အရည်အသွေးကို ထုတ်လုပ်ကြတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို တင်သွင်းမယ် ဆိုရင်လည်း သူတို့ မြန်မာနိုင်ငံက လူတွေရဲ့ အကျင့်စရိုက်ကို နောကျေနေသူတွေပါ။ ဘယ်လိုထုတ်ရမယ် ဘယ်လို ဝင်ရမယ် ဆိုတာ သိနေကြသူတွေပါ။

ဒါကြောင့် သူတို့ ပစ္စည်း တစ်ခုခု ထုတ်တော့မယ် ဆိုရင် . . .  ထိုပစ္စည်း တစ်ခုတည်းကိုပဲ  . . . 

၁။ အဆင့်အတန်းကောင်းသော အရည်အသွေးနဲ့ ပစ္စည်း
၂။ အဆင့်အတန်းနိမ့်သော အရည်အသွေးနဲ့ ပစ္စည်း 

ဆိုပြီး အရည်အသွေး နှစ်မျိုးနဲ့ တစ်ခါတည်း ထုတ်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့မှ အရည်အသွေးကောင်းသော ပစ္စည်းကို ဈေးကွက်ထဲ အရင်ဖြန့်လိုက်ပြီးတော့မှ ဈေးကွက်ရဲ့ ဝယ်လိုအားကို စုလိုက်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ လူတွေက သိပ်ပြီးတော့ မသုံးရဲသေးတော့ ဈေးကွက်ရဲ့ ဝယ်လိုအားက နည်းသေးပါတယ်။ ဒီအချိန်မှာ အရည်အသွေးကောင်းတဲ့ ပစ္စည်းဆိုတော့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က များနေပေမဲ့ အရှုံးတော့ မရှိပါဘူး။ အမြတ်နည်းနေယုံလေးပါ။

ဒီလိုနဲ့ အရည်အသွေးကောင်းတဲ့ ပစ္စည်းကြောင့် ဝယ်လိုအားတွေ များလာပြီဆိုတော့မှ ၊ ပြီးတော့လူတွေ သုံးတတ်ပြီ ၊ အကြိုက်တွေ များလာပြီ ဆိုတော့မှ အရည်အသွေးနိမ့်သော ပစ္စည်းတွေကို ထုတ်ပြီးတော့ ရောင်းလိုက်တော့တာပါပဲ။ တကယ်တော့ ဒီပစ္စည်းတွေက အရည်အသွေးကောင်းသော ပစ္စည်းတွေ ထုတ်ကတည်းက တစ်ခါတည်း ထုတ်ပြီးသားပါ။ ဒါပေမဲ့ ထုတ်မရောင်းသေးဘဲနဲ့ အောင်းထားတာပဲ ဖြစ်ပါတယ်။ ဈေးကွက်မှာ သုံးတတ်ပြီ ၊ ဝယ်လိုအားများလာပြီ ဆိုတော့မှ ထုတ်ရောင်းလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာ တရုတ်နိုင်ငံမှ ပစ္စည်း တစ်ခု ဝင်လာပြီ ဆိုရင် ချက်ချင်း ကိုယ်က ဝယ်မသုံးဖြစ်ဘဲနဲ့ ၊ သူများတွေ သုံးတော့ အရမ်းကောင်းတယ် ဆိုလို့ ကိုယ်က လိုက်ဝယ်သုံးမိပါတယ်။ ကိုယ်လည်း ဝယ်သုံးရော . .  “ ပစ္စည်းတွေက အရင်က စထွက်သလောက် မကောင်းဘူးနော် ၊ ဟိုလူ ဝယ်သုံးတုန်းက ကောင်းလိုက်တာ ” ဆိုတာတွေက အဲဒါကြောင့်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံကို ဝင်လာတဲ့ တရုတ်ပစ္စည်းတွေကို သုံးမယ် ဆိုရင် စစပေါ်ကတည်းက ဝယ်သုံးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ နောက်မှ ထွက်လာသော အရည်အသွေးနိမ့်သော ပစ္စည်းများကိုသာ ဝယ်မိနေမှာပါ။

အခု ကျွန်တော် ရေးပြနေတာတွေဟာ တရုတ်ပစ္စည်းတွေနဲ့ စီးပွားဖြစ်နေသော လူတွေရဲ့ ထမင်းအိုးကို တုတ်နဲ့ ထိုးချင်လို့ မဟုတ်ပါဘူး။ တရုတ်တွေရဲ့ မြန်မာနိုင်ငံ အပေါ်မှာ ထားသော စီးပွားရေး နည်းဗျူဟာများထဲမှ တစ်ခုကို အခွင့်သင့်လို့ ချပြမှုသာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကလည်း ကျွန်တော် ကိုယ်ပိုင် လေ့လာထားတာ ဖြစ်လို့ လွဲချင်တဲ့ နေရာတွေမှာလည်း လွဲနေနိုင်ပါသေးတယ်။ အားလုံး အမှန်ပါလို့လည်း မပြောလိုပါဘူး။

ဒါပေမဲ့ ကျွန်တော် အဓိက ပြောချင်တာကတော့ တရုတ်ပစ္စည်းတွေဟာ အရည်အသွေး မကောင်းဘူး ဆိုတာထက် အရည်အသွေး မကောင်းတာ မဟုတ်ပါ။ ကျွန်တော်တို့လို ဖွံ့ဖြိုးရန် အရှိန်ယူနေသော နိုင်ငံလေး တစ်ခုဖြစ်သောကြောင့် အရည်အသွေး စစ်ဆေးမှု အားနည်းခြင်းကို အခွင့်ကောင်းယူကာ အရည်အသွေးကောင်းသော ပစ္စည်းများကို အစမှာ ဗန်းပြပြီးတော့ သုံးတတ်လာပြီ ဆိုရင် အရည်အသွေးနိမ့်သော ပစ္စည်းများနဲ့ အစားထိုးကာ ဝင်ရောက် ရောင်းချခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ . . . . တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ နိုင်ငံတိုးတတ် ဖွံ့ဖြိုးလာခဲ့မယ် ဆိုရင်တော့ ဒီလို အရည်အသွေးနိမ့် ပစ္စည်းတွေကို စစ်ဆေးနိုင်သော စစ်ဆေးရေး အဖွဲ့များနဲ့ ကျွန်တော်တို့ရဲ့ ပိုက်ဆံများကို ဖြုန်းတီးပြီး ၊ တိုင်းပြည်ကို နိမ့်ကျအောင် လုပ်နေသော တရုတ်နိုင်ငံမှ အရည်အသွေးနိမ့် ပစ္စည်းများကို သုံးစွဲရခြင်းမှ အမြန်ဆုံး ကင်းဝေးနိုင်ပြီး ၊ အရည်အသွေးမြင့် ပစ္စည်းများကိုသာ သုံးစွဲနိုင်ရပါလိမ့်မည်ဟု မျှော်လင့်မိပါတယ်။

လေးစားစွာဖြင့်
ကိုဇော်
21.8.2011

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

khin oo may said...

ပိုစ်နဲ့ တော့တိုက်ရိုက်မဆိုင်ပါဘူး ကိုယ်ပြောချင်တာ ဝင်ပြောတာ တရုတ်ပစည်း ဈေးသက်သာတာရှိသလို ကောင်းတာလဲမကောင်းတာလဲရှိ. တစ်ခါတစ်လေ ကျတော့လဲ ဘတ်၈ျက်ုလိုအပ်ချက်အရ. သိတ်ရေရှည်မခံ့မှန်းသိပေမဲ့လဲသုံးရတဲ့အခါတွေ ရှိ။အရည်အသွေးမြင့်ရင်တော့လဲ တန်ရာတန်ကြေးပေးရတာဘဲလေ. ပေါချောင်ကောင်းရဘို့ဆိုတာတော့ခက်သားလား. ကိုယ်ံနနိုင်ငံမှာ တစ်ဆယ်နဲ့ ရောင်းပေမဲ့ဟိုနိုင်ငံမှာလဲ တစ်ဆယ်နဲ့ရောင်ေးပမဲ့ ငွေလဲနှုန်းက မြင့်လေတော့ ဟိုဘက်မှာ ကိုတော့ပစည်းကောင်းပိုရတဲ့သဘောလဲရှိတယ်။ ဘာဘဲဖြစ်ဖြစ် မျှော်လင့်သလို ဖြစ်လာပါစေ။ စကားမစပ် ဂျီမှာ မတွေ့ပါလား block များလုပ်လိုက်သလား။

IDIOT-Ki said...

ဆိုလိုရင်းကို သိပ်သဘောမပေါက်ပါ.. အယူအဆ ကွဲလွဲနေတာလေးတွေ ရှိပါတယ်.. ဒါကြောင့် ၊ အားမနာတမ်း ဝေဖန်ပါ့မယ်

တရုပ်ပစ္စည်း တွေကို export quality ခွဲခြားထားတယ်ဆိုတာ ကိုတော့ သိပါတယ်..မှန်ပါတယ်။ အမေရိက ကို ပို့တာ နဲ့ မြန်မာပြည်ကို ပို့တဲ့ တရုပ်ပစ္စည်း ချင်း အမျိုးအစားတူပေမဲ့ quality ကအတော် ကွာပါတယ်..
ဒါပေမဲ့ တရုပ်ပစ္စည်းကို ပေါ် ပေါ်ချင်း ဝယ်သုံးသင့်တယ် ဆိုတာကိုတော့ သိပ် လက်မခံ ချင်ပါဘူး....။
ပစ္စည်း တခု သုံးကြည့်လို့ မကောင်းတာ ပျက်တာ ကို အချိန်တို အတွင်းခွဲခြားသိနိုင်ပြီး ၊ လူ့  အသက် အန္တရာယ် ထိခိုက်စေနိုင်တဲ့ ဆေးဝါး ၊စားသောက်ကုန် တွေ ကောင်း/ မကောင်း အချိန်တို အတွင်းမှာ ဘယ်လိုမှ မသိနိုင်တာလည်း ရှိပါတယ်..သိတဲ့အချိန်မှာလည်း အရမ်း အချိန်နှောင်းနေပြီ ဆိုရင် ဘယ်လို လုပ်ကြ မလည်း...။ ဘယ်သူ တာဝန်ယူ ဖြေရှင်းပေးမလည်း..ဘာ အာမခံချက် ရှိ သလည်း။ ( အဆိပ် ဓါတ်တွေ များတဲ့ စားစရာ/ဆေး. ဆိုရင်တော့ ချက်ချင်း သေ မှာ )ဒါမျိုးတော့ မ ဖြစ် သေးဘူး ပေါ့ ။
ဒါကြောင့် သူတို့ အကျိုးသာ အဓိက ထားတဲ့ အခွန်မဲ့ သွင်းလာတဲ့ အာမခံချက် မရှိတဲ့ တရုပ်ပစ္စည်းတွေ ။ ကို အရင် ပေါ်ပေါ်၊ နောက်မှ ပေါ်ပေါ် ၊ ဈေးပေါလို့  သုံးမယ်ဆိုရင် လည်း သတိထားကြစေချင်ပါတယ်။...

ကိုယ့် အမြင် ကိုယ် တင်ပြခြင်း သာ ဖြစ်ပါတယ်.... သုံး / မသုံး ဆိုတာကတော့ စားသုံးသူတွေ ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ။

ခင်မင်စွာဖြင့်
မကိ

ကိုဇော် said...

မကိ ပြောတာလည်း ဟုတ်ပါတယ်။
ကျနော် ဆိုလိုတာကို သဘောမပေါက်ဘူး ဆိုလို့ အကျဉ်းချုံး ပြောရရင် စစသွင်းတဲ့ အချိန်မှာ အရည်အသွေးကို စစ်တော့ ကောင်းတာတွေ ပြပြီးတော့ နောက်ပိုင်းမှ ညံ့တာတွေ တင်သွင်းလာတယ်လို့ ကျနော် ဆိုလိုချင်တာပါ။ တကယ်လည်း ဒီလိုပဲ ဖြစ်နေတာပါပဲ။

မအိမ်သူ said...

ကိုဇော်ရေ တကမ္ဘာလုံးမှာ တရုတ်ပစ္စည်းနဲ့လွတ်တဲ့ နိုင်ငံရယ်လို့တောင် မရှိတော့ပါဘူး။ သူတို့က ဒါတွေနဲ့ပဲ လုပ်စားနေတာကို။ သွင်းတဲ့ပစ္စည်းရဲ့ ကွာလတီနဲ့ အန္တရာယ် ကင်းမကင်းဆိုတာကတော့ ဘယ်သူမှ အာမမခံနိုင်တာ အမှန်ပါပဲ။ ကွာလတီကွန်ထရိုးလုပ်တဲ့နိုင်ငံတွေကိုတောင် လစ်ရင်လစ်သလို သွင်းနေသေးတာ မစစ်နိုင်တဲ့နိုင်ငံတွေ ဆိုတာတော့မပြောနဲ့တော့ပေါ့။ စစ်တဲ့နိုင်ငံကြီးတွေက တွေ့လို့ပယ်လိုက်တဲ့ပစ္စည်းတွေဆိုလည်း မြန်မာပြည်လို ကမ္ဘောဒီးယားလို လာအိုလို နိုင်ငံမျိုးတွေကို သွင်းလိုက်တာပဲလေ။ ဘယ်သူကသိမှာလဲ။ နိုင်ငံကြီးတွေကပယ်လို့ အရှုံးပေါ်သွားတာမျိုး ဘယ်တော့မှမရှိဘူး။ အဲဒီပစ္စည်းတွေအတွက် ဈေးကွက်ကရှိနေတာကိုး။

နွေမင်းလွင် said...

ဆိုင်ကယ် တစ်စီး ဒေါ်လာ ၂၀၀ လောက်နဲ့ ရောင်းနိုင်တဲ့ ဖော်မြူလာတော့ ကြိုက်တယ်ဗျာ...

Anonymous said...

ဥာဏ်ကြီးရှင် တရုတ်များ ..း))
ဟင်းးး ...း(
ဒါပေမယ့် မြန်မာနိုင်ငံမှာ
စစ်ဆေးရေး အဖွဲ့တွေ အများကြီး ရှိပါတယ် .. :P

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မောင်စေတနာ said...

ဈေးနှုန်းသက်သာတယ်ဆိုလို့ မြန်မာလူတွေ တရုပ်ပစ္စည်းကို တော်တော်လေး သုံးစွဲနေကြတာပါ။
ကိုဇော် ပြောသလိုပါပဲ ... တစ်နေ့နေ့မြန်မာနိုင်ငံ ဒ
တိုးတက်လာရင် ဒီလိုတရုပ်လုပ် ပစ္စည်းတွေ ရပ်တန့်
သွားလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ ..

အားပေးသွားပါတယ်။ ဗဟုသုတ ရပါတယ်။

ဟန်ကြည် said...

တရုတ်ပစ္စည်းတွေရဲ့ ကွာလတီကွာခြားပုံတွေအကြောင်းကို အရင်ပို့စ်မှာကတည်းက မန့်ခဲ့ဖြစ်ပါတယ်..တကယ်တော့ တရုတ်က နည်းပညာမှာ ထိပ်တန်းကို ရောက်စပြုလာနေတဲ့ တိုင်းပြည်ဖြစ်ပါတယ်...အမေရိကားမှာလည်း နည်းပညာပစ္စည်း၊ လျှပ်စစ်ပစ္စည်းတော်တော်များများမှာ မိတ်အင်ချိုင်းနားတွေပဲ တွေ့ရပါလိမ့်မယ်...တရုတ်ပစ္စည်းတွေ မြန်မာပြည်ထဲကို အရည်အသွေးနိမ့်နိမ့် ဈေးပေါပေါနဲ့ ၀င်လာနေတာဟာ ကိုယ့်လူမျိုးရဲ့ အသိပညာနည်းပါးမှုနဲ့ ငွေကြေးချို့တဲ့မှုအပေါ် အခြေခံထားတဲ့ စီးပွားရေးသမားတွေရဲ့ စနက်ပါ...ပေါ်ပေါ်ချင်းဝယ်ရင် ကောင်းကောင်းရတယ်ဆိုတဲ့ ကိုဇော်ရဲ့ အယူအဆကို ထောက်ခံပါတယ်...ဒါပေမယ့် ကိုယ်တိုင်တော့လည်း ပေါ်ပေါ်ချင်းမ၀ယ်ရဲတာကိုတော့ ၀န်ခံပါရစေ...ဘယ်သူ့ကိုမှ ပစ်ခတ်မယုံရဲတော့တာ ကျွန်တော်တို့ ပြည်သူပြည်သားတွေ မဟုတ်ပါလား ကိုဇော်ရေ...

ကိုဇော် said...

ကိုဟန်ကြည် >>> အစ်ကို ဟိုပို့စ်မှာ ဒီလို မန့်သွားခဲ့တာ ကျနော် ဖတ်ရပါတယ်။ ဒါပေမဲ့ အခုပို့စ်မှာ အစ်ကို့ကို ဦးတည် ရေးတာလည်း မဟုတ်ပါဘူး။ တကယ်တော့ ကျနော် ဒါကို ရေးထားတာ ကြာပါပြီ။ အခုမှ ပြန်ပြီးတော့ ဖုန်ခါပြီး တင်လိုက်တာပါ။ အခု အစ်ကို ပြောသလို မယုံရဲတော့ဘူး ဆိုတာကလည်း အမှန်ပါပဲဗျာ။ ကျနော်တို့မှာလည်း ခံခဲ့ရပေါင်း မနည်းတော့ဘူး မဟုတ်လား။ ကျေးဇူးတင်ပါတယ်။

အားလုံးသော စာဖတ်သူ အားလုံးကိုလည်း ကျေးဇူး အထူးပါ။

မိုးယံ said...

အဲဒါတွေတော့ သိပ်မသိဘူး... သုံးဖူးတဲ့ တရုတ်ပစ္စည်းကတော့ ကောင်းပါတယ်... ။

စံပယ်ချို said...

ကျွန်မချစ်သောသူငယ်ချင်းတွေ
နယူးဇီလန် နှင့် usa ကလူတွေကတော့
တရုတ်ပစ္စည်းပဲ သုံးတယ်တဲ့
ဟိုနိုင်ငံက ပစ္စည်းကဈေးကြီးပြီး
အရည်အသွေးကလဲ
သိပ်အကွာကြီးမဟုတ်ဘူးတဲ့
ကိုယ်ကတော့ မရောက်သေးတော့
မသိပါဘူး..
အရည်အသွေး သိပ်မကောင်းတာတွေ
အာရှ ကိုပို့ပြီး ကောင်းတာတွေကို
အဲဒီနိုင်ငံတွေကိုပို့တာပါတဲ့....
ဟုတ်မဟုတ်ဆိုတာတော့
ကိုယ်တိုင်သွားမှ သိရမှာပဲ....
ကမ္ဘာကိုထိုးဖောက်နိုင်တာတော့
ဟုတ်ပါတယ်...

sosegado said...

ဘယ်နိုင်ငံထုတ် ပစ္စည်းတွေမဆို ဈေးကွက်ကိုသတ်မှတ်ပြီးထုတ်ပါတယ်
မြန်မာနိုင်ငံရဲ့ ဝယ်လိုအားပေါ်မူတည်ပြီးတော့ ထုတ်တဲ့လူက အရည်အသွေးကိုသတ်မှတ်ပါတယ်၊
တစ်ချို့ ကမ္ဘာကျော် ထုတ်လုပ်သူတွေကတော့ အရည်အသွေးကို တစ်မျိုးထဲသတ်မှတ်ပါတယ်၊ နာမည်ကို အဓိကထားပါတယ်၊ နာမည်ပျက်မှာကြောက်ကြပါတယ်။
မြန်မာနိုင်ငံက မှာသူတွေက (ကုန်သည်) တွေက ဒီပစ္စည်း ဒီဈေးနှုံးနဲ့ပဲလိုချင်တယ်ဆိုတော့၊ ဒီဈေးနှုံးနဲ့ တန်အောင်ထုတ်ရပါတယ်၊
မြန်မာနိုင်ငံထဲကို ဒီလို တန်ဘိုးနည်း အရည်အသွေးမရှိ ပစ္စည်းတွေရောက်ရတာကတော့
ပထမကတော့ ကုန်သည် (တင်သွင်းသူ)၊ ပြီးရင် ခွင့်ပြုသူ၊ နောက်က ဝင်လာရာလမ်းကြောင်း နောက်ဆုံးတော့ သုံးစွဲသူတွေပါပဲ။
အဲဒီထဲမှာ အဆိုးဝါးဆုံးကတော့ တန်ဘိုးနည်း အရည်အသွေးမရှိ ဆေးဝါးတွေပါပဲ၊ နောက်က တန်ဘိုးနည်း အရည်အသွေးမရှိ စားသောက်ကုန် တို့ဖြစ်ပါတယ်၊ တင်သွင်းသူတွေက သိရဲ့နဲ့ တင်သွင်းနေကြတယ်လို့ထင်ပါတယ်၊
မလေးရှားနိုင်ငံက တန်ဘိုးနည်း အရည်အသွေးမရှိ စားအုန်းဆီတွေ မြန်မာပြည်ထဲ ဝင်ရောက်လာသလိုပါပဲ၊
ယိုးဒယားနိုင်ငံက တန်ဘိုးနည်း အရည်အသွေးမရှိ အရက် စားကုန်တွေ မြန်မာပြည်ထဲ ဝင်ရောက်လာသလိုပါပဲ၊
တရုတ်ပြည်ကလည်း တန်ဘိုးနည်း အရည်အသွေးမရှိ မျိုးစုံဝင်ရောက်လာပါတယ်။
တန်ဘိုးနည်း အရည်အသွေးမရှိ ဆေးဝါးတွေ၊ စားအုန်းဆီတွေ၊ စားသောက်ကုန်တွေ၊ အရက်တွေကြောင့် အသက်တွေတိုခဲ့ရပါသည်၊ သွေးတိုး ဆီးချို နှလုံးရောဂါသယ်တွေ များသထက်များလာနေပါသည်။
အဲဒါတွေသည် ကျနော်တို့ကြောင့်ပဲ ကျနော်တို့ညံ့လို့ပဲ မဟုတ်ပါလား။

sosegado said...

ဘယ်နိုင်ငံထုတ် ပစ္စည်းတွေမဆို ဈေးကွက်ကိုသတ်မှတ်ပြီးထုတ်ပါတယ်
မြန်မာနိုင်ငံရဲ့ ဝယ်လိုအားပေါ်မူတည်ပြီးတော့ ထုတ်တဲ့လူက အရည်အသွေးကိုသတ်မှတ်ပါတယ်၊
တစ်ချို့ ကမ္ဘာကျော် ထုတ်လုပ်သူတွေကတော့ အရည်အသွေးကို တစ်မျိုးထဲသတ်မှတ်ပါတယ်၊ နာမည်ကို အဓိကထားပါတယ်၊ နာမည်ပျက်မှာကြောက်ကြပါတယ်။
မြန်မာနိုင်ငံက မှာသူတွေက (ကုန်သည်) တွေက ဒီပစ္စည်း ဒီဈေးနှုံးနဲ့ပဲလိုချင်တယ်ဆိုတော့၊ ဒီဈေးနှုံးနဲ့ တန်အောင်ထုတ်ရပါတယ်၊
မြန်မာနိုင်ငံထဲကို ဒီလို တန်ဘိုးနည်း အရည်အသွေးမရှိ ပစ္စည်းတွေရောက်ရတာကတော့
ပထမကတော့ ကုန်သည် (တင်သွင်းသူ)၊ ပြီးရင် ခွင့်ပြုသူ၊ နောက်က ဝင်လာရာလမ်းကြောင်း နောက်ဆုံးတော့ သုံးစွဲသူတွေပါပဲ။
အဲဒီထဲမှာ အဆိုးဝါးဆုံးကတော့ တန်ဘိုးနည်း အရည်အသွေးမရှိ ဆေးဝါးတွေပါပဲ၊ နောက်က တန်ဘိုးနည်း အရည်အသွေးမရှိ စားသောက်ကုန် တို့ဖြစ်ပါတယ်၊ တင်သွင်းသူတွေက သိရဲ့နဲ့ တင်သွင်းနေကြတယ်လို့ထင်ပါတယ်၊
မလေးရှားနိုင်ငံက တန်ဘိုးနည်း အရည်အသွေးမရှိ စားအုန်းဆီတွေ မြန်မာပြည်ထဲ ဝင်ရောက်လာသလိုပါပဲ၊
ယိုးဒယားနိုင်ငံက တန်ဘိုးနည်း အရည်အသွေးမရှိ အရက် စားကုန်တွေ မြန်မာပြည်ထဲ ဝင်ရောက်လာသလိုပါပဲ၊
တရုတ်ပြည်ကလည်း တန်ဘိုးနည်း အရည်အသွေးမရှိ မျိုးစုံဝင်ရောက်လာပါတယ်။
တန်ဘိုးနည်း အရည်အသွေးမရှိ ဆေးဝါးတွေ၊ စားအုန်းဆီတွေ၊ စားသောက်ကုန်တွေ၊ အရက်တွေကြောင့် အသက်တွေတိုခဲ့ရပါသည်၊ သွေးတိုး ဆီးချို နှလုံးရောဂါသယ်တွေ များသထက်များလာနေပါသည်။
အဲဒါတွေသည် ကျနော်တို့ကြောင့်ပဲ ကျနော်တို့ညံ့လို့ပဲ မဟုတ်ပါလား။

sosegado said...

ဘယ်နိုင်ငံထုတ် ပစ္စည်းတွေမဆို ဈေးကွက်ကိုသတ်မှတ်ပြီးထုတ်ပါတယ်
မြန်မာနိုင်ငံရဲ့ ဝယ်လိုအားပေါ်မူတည်ပြီးတော့ ထုတ်တဲ့လူက အရည်အသွေးကိုသတ်မှတ်ပါတယ်၊
တစ်ချို့ ကမ္ဘာကျော် ထုတ်လုပ်သူတွေကတော့ အရည်အသွေးကို တစ်မျိုးထဲသတ်မှတ်ပါတယ်၊ နာမည်ကို အဓိကထားပါတယ်၊ နာမည်ပျက်မှာကြောက်ကြပါတယ်။
မြန်မာနိုင်ငံက မှာသူတွေက (ကုန်သည်) တွေက ဒီပစ္စည်း ဒီဈေးနှုံးနဲ့ပဲလိုချင်တယ်ဆိုတော့၊ ဒီဈေးနှုံးနဲ့ တန်အောင်ထုတ်ရပါတယ်၊
မြန်မာနိုင်ငံထဲကို ဒီလို တန်ဘိုးနည်း အရည်အသွေးမရှိ ပစ္စည်းတွေရောက်ရတာကတော့
ပထမကတော့ ကုန်သည် (တင်သွင်းသူ)၊ ပြီးရင် ခွင့်ပြုသူ၊ နောက်က ဝင်လာရာလမ်းကြောင်း နောက်ဆုံးတော့ သုံးစွဲသူတွေပါပဲ။
အဲဒီထဲမှာ အဆိုးဝါးဆုံးကတော့ တန်ဘိုးနည်း အရည်အသွေးမရှိ ဆေးဝါးတွေပါပဲ၊ နောက်က တန်ဘိုးနည်း အရည်အသွေးမရှိ စားသောက်ကုန် တို့ဖြစ်ပါတယ်၊ တင်သွင်းသူတွေက သိရဲ့နဲ့ တင်သွင်းနေကြတယ်လို့ထင်ပါတယ်၊
မလေးရှားနိုင်ငံက တန်ဘိုးနည်း အရည်အသွေးမရှိ စားအုန်းဆီတွေ မြန်မာပြည်ထဲ ဝင်ရောက်လာသလိုပါပဲ၊
ယိုးဒယားနိုင်ငံက တန်ဘိုးနည်း အရည်အသွေးမရှိ အရက် စားကုန်တွေ မြန်မာပြည်ထဲ ဝင်ရောက်လာသလိုပါပဲ၊
တရုတ်ပြည်ကလည်း တန်ဘိုးနည်း အရည်အသွေးမရှိ မျိုးစုံဝင်ရောက်လာပါတယ်။
တန်ဘိုးနည်း အရည်အသွေးမရှိ ဆေးဝါးတွေ၊ စားအုန်းဆီတွေ၊ စားသောက်ကုန်တွေ၊ အရက်တွေကြောင့် အသက်တွေတိုခဲ့ရပါသည်၊ သွေးတိုး ဆီးချို နှလုံးရောဂါသယ်တွေ များသထက်များလာနေပါသည်။
အဲဒါတွေသည် ကျနော်တို့ကြောင့်ပဲ ကျနော်တို့ညံ့လို့ပဲ မဟုတ်ပါလား။

T T Sweet said...

ဒီမှာလဲ ဘာပစ္စည်းဝယ်ဝယ် ကြည့်လိုက်ရင် " Made in China " ချည့်ပါပဲ။ ဒါပေမဲ့ quality ကောင်းပါတယ်။

တစ်ခါသား အိပ်ဆောင် electronic dictionary လေး မြန်မာပြည်က ၀ယ်တာ တစ်လလောက်နဲ့ ပျက်သွားတယ်။ လုပ်ထားတာကို က ယဲ့ယဲ့လေး။ quality ကတော်တော်ကို ညံ့တာပါ။ ဈေးကလဲ စလုံး ၁၀၀လောက်ပေးလိုက်ရတာဆိုတော့ နောက်ပိုင်းတော့ မြန်မာပြည်က တရုတ်ပစ္စည်း တော်ဟဲ့ဆို ဖြစ်သွားတယ်။

mstint said...

Made in China ကတော့ ဘယ်နိုင်ငံရောက်ရောက် တွေ့ရပေမယ့် အရည်အသွေးကျတော့ ကွာတာသတိပြုမိတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ အရေအတွက်ကြောင့်ထင်ပါတယ် ကိုဇော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သူကြီးမင်း (တုံးဖလား) said...

ဒီမှာလဲ မိတ်အင် ချိုင်းနားတွေ ပေါမှပေါ။

သူတို့ ထုတ်ပေးလို့ အမိနိုင်ငံကြီးမှာ တောရောမြို့ပါမကျန် ခေတ်နဲ့ အညီ ပစ္စည်းအချို့ကို သုံးစွဲခွင့် ရကြတာပါကလား ဟူ၍သာ ကြံဖန်ကျေးဇူးတင်နေမိသေးတော့။း))

ခင်မင်လျက်