မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 August 2011

11 ဒလက်မဲ့ ပန်ကာ



ကျွန်တော် မြန်မာနိုင်ငံကို ပြန်ရောက်နေတုန်းက သူငယ်ချင်း တစ်ယောက်နဲ့ ပန်ကာ အသစ် တစ်မျိုး အကြောင်း ပြောဖြစ်တယ်။ ဒါပေမဲ့ အဲဒီပန်ကာက မြန်မာနိုင်ငံ ဈေးကွက်ထဲကို မဝင်သေးပါဘူး။ အဲဒီပန်ကာကတော့ လေမှုတ်ထုတ်တဲ့ “ ဒလက်မပါတဲ့ ပန်ကာ ” ( သို့ ) “ ဒလက်မဲ့ ပန်ကာ ” ပါတဲ့ဗျာ။ ဒီအကြောင်းကို ကျွန်တော် ကြားလိုက်ကတည်းက နက်ထဲမှာ ရှာကြည့်ချင်လိုက်တာ ပြောမနေနဲ့တော့။ ဒါပေမဲ့ သိတော် မူကြတဲ့ အတိုင်း မြန်မာနိုင်ငံ ကွန်နဲ့က ၊ ပြီးတော့ ကိုယ်ကလည်း စိတ်က မရှည်တော့ မရှာဖြစ်ခဲ့ဘူး။ ဒီနေ့မှ မေးလ်တစ်စောင်ကြောင့် ပြန်ပြီးတော့ သတိရလို့ နက်ထဲမှာ ရှာပြီးတော့ အားလုံးကို ဗဟုသုတ အနေနဲ့ မျှဝေ လိုက်ပါတယ်။

ဒီပန်ကာကို ဒလက်မဲ့ ပန်ကာ ( Bladeless Fan ) လို့ပဲ ခေါ်ကြပါတယ်။ တကယ်ကို ဟိုးအရင်က ပန်ကာတွေလို ဒလက်ကြီး တဝှီးဝှီး ဆိုတာမျိုး မပါတော့ပါဘူး။ ဘာဒလက်မှ မပါဘဲနဲ့ကို ပန်ကာအဝိုင်းဆီမှ လေရပါတယ်။ ဒီလို ပန်ကာ အဝိုင်းဆီကို လေရောက်လာအောင် အောက်ခြေမှ လေမှုတ်ပန့် ကနေပြီးတော့ လေတွေကို အောက်ကနေ စုပ်ပြီးတော့ အပေါ်ကို မှုတ်ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ အခု ဆိုရင် မြန်မာနိုင်ငံကို ဝင်ရောက်နေလို့ ဝယ်လို့ ရနေပြီဆိုတာ ကျွန်တော့်ဆီကို ဝင်လာတဲ့ မေးလ်တစ်စောင်ကနေပြီးတော့ သိရပါတယ်။ 

ထုတ်လုပ်တာကတော့ တရုတ်နိုင်ငံက ဖြစ်ပြီးတော့ တန်ဖိုး မြန်မာငွေ ၄ သောင်းခွဲ ကျပ် လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ တရုတ် ပစ္စည်း ဆိုတဲ့ အတိုင်း စောစောဝယ်ထားတာ အရည်အသွေး ကောင်းကောင်းကို ရပါလိမ့်မယ်။ နောက် လူသုံးများလာပြီ ဆိုရင် သိတော်မူကြတဲ့ အတိုင်း ဖြစ်ကုန်တော့မှာပါ။ တရုတ်ပစ္စည်းတွေ အကြောင်းကို ကျွန်တော် တရုတ်ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား ” ဆိုပြီးတော့ ရေးနေတာ ကြာပါပြီ။ ပြီးလည်း ပြီးခါနီးပါပြီ။ ဆက်မရေးဖြစ်ဘဲ ရပ်ထားတာပါ။ 

ဘာလို့လဲ ဆိုတော့ တရုတ်ပစ္စည်းတွေနဲ့ လုပ်စားနေကြတဲ့ ဆွေမျိုးပေါက်ဖော်တွေကို အားနာလို့ မတင်ဖြစ်တာပါ။ အခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သိပ်မကြာခင် အချိန်မှာ ကျွန်တော် တရုတ်ပစ္စည်းတွေ မြန်မာနိုင်ငံကို ဝင်ပုံ ဝင်နည်း အကြောင်းကို ဗဟုသုတ အနေနဲ့ ရေးပေးပါ့မယ်။ 

အခုတော့ ဒလက်မဲ့ပန်ကာတွေကို ဗဟုသုတ အဖြစ် ကြည့်လိုက်ကြရအောင်ဗျာ။



ဒီလိုပုံစံတွေ အစုံ ရှိပါတယ်။ 

 

ဒီလို ဘာမှ မပါတဲ့ အဝိုင်းကနေပြီးတော့ လေထွက်တာဗျ။

 

 

ဒီလို အသည်းပုံလေးတွေလည်း လာပါလိမ့်ဦးမယ်။



ပန်းသီးကို စွဲမက်တဲ့ သူတွေ အတွက် 


ရိုးရိုးပန်ကာ နဲ့ ဒလက်မဲ့ ပန်ကာရဲ့ လေထွက်ပုံတွေပါ။

သူရဲ့ လေထွက်ပုံ

 

 

လေပန့်အောက်ခြေမှ အပေါ်သို့ လေသွားပုံကို အပူလှိုင်းနဲ့ ရိုက်ထားသောပုံ

 

ဒီလို ရိုးရိုးစင်းစင်းလေးပါ



ဒီလိုဆိုတော့ ကလေးတွေ အန္တရာယ် မရှိတော့ဘူးပေါ့

 

ဂလိုလေး လေညှင်းခံလို့ ရတာပေါ့


*** တကယ်တော့ ကျွန်တော် ဓါတ်ပုံတွေ ဒီဘလော့မှာ မတင်တာ အတော် ကြာပါပြီ။ Facebook မှာပဲ သွားတင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ Facebook မှာ Friend မဖြစ်တဲ့ လူတွေ မသိမှာ စိုးလို့ ဗဟုသုတ အနေနဲ့ ဒီမှာ ဖော်ပြလိုက်တာပါ။ *** 

မှတ်ချက်။ ။ အထက်ပါ ပုံတွေ အားလုံးကို Google ကနေပြီးတော့ ရှာဖွေ တင်ပြပါတယ်။ 

လေးစားစွာဖြင့်
ကိုဇော်
15.8.2011

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

mstint said...

တိုးတက်လာတဲ့ခေတ်နဲ့အညီ ဇိမ်ခံပစ္စည်းတွေလည်း နည်းစနစ်ပေါင်းစုံနဲ့ မျာပြားလာတယ်။ ဗဟုသုတလေး မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော်။
မကြာခင်လေးတင် ဖဘ မှာဖတ်နေတား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဒီဇိုင်းလေးတွေလှတယ်
ချစ်သူကိုလက်ဆောင်ပေးအုံးမှ ဟိး)း)


မောင်ဘကြိုင်

စံပယ်ချို said...

ခေတ်ကြီးကတော့တစ်နေ့တစ်ခြားတိုးတက်နေတယ်....အင်တာနက်ကိုလဲ အမြဲသုံးဖြစ်ပါတယ်ဒါတောင်
ကျွန်မ ဘာမှမသိဘူးနော်....
ဘာဘာ ဘာမှမသိတာထက်ကိုဆိုးပါတယ်...
ကျေးဇူးပဲကိုဇော်ရေ....မသိသေးတာကိုသိရလို့...
ခုတော့မြင်ဖူးပါပြီ...သိလဲသိပြီ...၀ယ်ဖို့ပဲလိုတယ်။

sosegado said...

ဒလက်မပါတဲ့ ပန်ကာလေ လေးခံသွားတယ်၊

PhyoPhyo said...

မိုက်တယ် အဖေ့ကို ၀ယ်ပေးချင်လိုက်တာ။
အစက ဒလက်မဲ့ပန်ကာအကြောင်းမသိသေးဘူး။
ကျေးဇူးအများကြီးကိုဇော်ရေ
စကားမစပ် မြန်မာပြည်က ဘာစားချရာသယ်လာလဲ။

IDIOT-Ki said...

အဲ့ဒါမျိုးလေးတွေ ပေါ်တာ ၂ နှစ်လောက်ရှိပြီထင်တယ်..
ဒါပေမဲ့ တရုပ်စက်..တရက်စုတ် သတဲ့.....
တရုပ်လုပ်တာတော့ ခိုင်မခိုင် မသိဘူး ။
ကိုဇော် .. အရောင်း ကိုယ်စားလှယ် လုပ် လို့ ရ ပြီ....း))။
အရင် သုံးကြည့်ပါ. ကောင်းရင် လက်တို့  လိုက်..မမေ့နဲ့..

သူကြီးမင်း (တုံးဖလား) said...

အေဒီလား ဒီစီလား မသိ။ ဒီစီသုံးဆိုရင်တော့ တုံးဖလားရွာမှာ အသုံးပြုလို့ရတယ်။ ကြည့်ရတာတော့ အေစီထင်ပါတယ်။

အခုမှ အခုလို ရှိနေမှန်း အခုလို သိခွင့်ရတယ်။ အခုလို တင်ပြပေးတဲ့အတွက် အခုလို ကျေးဇူးတင်ပါတယ်။ ရှဲ ရှဲ။

ခင်မင်လျက်

ဟန်ကြည် said...

တရုတ်က နည်းပညာ ကောင်းကောင်းနိုင်နေပါပြီ...ပြည်တွင်းကို သွင်းတဲ့နေရာမှာသာ ကွာလတီချပြီး ဈေးပေါပေါနဲ့သွင်းတာပါ...ယိုးဒယားကို ၀င်တဲ့ ပေါက်ဖော်ကြီးတွေကျတော့ ကွာလတီ တော်တော်ကောင်းပါတယ်...အဲဒီပန်ကာအကြောင်းကို ရှာဖတ်မယ်ဖတ်မယ်နဲ့ အခုထိကို မဖတ်ဖြစ်သေးတာ...ကျေးဇူးဗျာ...ဒါပေမယ့် ၀ယ်တော့ မ၀ယ်သေးဘူး...ပေါ်ဦးပေါ်ဖျား သုံးရတာ လန့်လွန်းလို့...

မအိမ်သူ said...

ဈေးသက်သက်သာသာ လှလှပပနဲ့ ခေတ်မှီပစ္စည်း အသစ်အဆန်းလေးကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်တယ်ဆိုရင်တော့ သုံးပျော်မယ်ထင်ပါတယ်ကိုဇော်ရေ။ တရုတ်ပစ္စည်းဆိုတော့ ကွာလတီနဲ့ ရေရှည်သုံးနိုင်ခြင်း ရှိမရှိဆိုတာတွေကတော့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ တချို့ တရုတ်ပစ္စည်းလေးတွေ ဈေးတော်တော်နဲ့ နှစ်နှစ် သုံးနှစ် သုံးလို့ရတာမျိုးလေးတွေလည်း ကြုံဖူးပါတယ်။ အဲဒီလိုမျိုးဆိုရင်တော့လဲ မဆိုးဘူးဆိုရမှာပေါ့နော်။

မဒမ်ကိုး said...

ထူးဆန်းစွာအံသြသွားပါသည်။
ခုမှမြင်ဖူးလို့ပါအကိုေ၇

Anonymous said...

အောက်ဆုံးပုံတွေက ပန်ကာအဝိုင်းလေးတွေတော့ တန် မောလ်မှာ တခုကို စလုံးပိုက်ပိုက် ၄၅၉ ကျပ်တဲ့.. ဈေးကြီးချက်.. တံဆိပ်က ဒိုင်ဆန် (dyson) တဲ့..
ကဇော်ရေးလို့  ကျနော်လည်း လိုချင်လို့  မွှေလိုက်တာ..

nn