မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 June 2011

33 နှုတ်ဆက် လမ်းခွဲ


 
ရေးလက်စ ပို့စ်တွေပေါ့။

လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်က ဖြစ်ပါလိမ့်မည်။ ငှားနေကျ စာအုပ်ဆိုင်ကို ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်ရောက်သွားပြီး စာအုပ်ငှားနေကြတုန်း “ ကလျာ ” မဂ္ဂဇင်း တစ်အုပ်ကို ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ဘာရယ် မဟုတ်ဘူး ကောက်ကိုင်ကာ ဟိုလှန် ဒီလှန် ဖတ်နေပါသည်။ နောက်တော့ သူက ငြိမ်ကာ စာအုပ်ရဲ့ တစ်နေရာကို ဖတ်နေလေတော့၏။

ပထမတော့ စာအုပ်ငှားဖို့ ရွေးနေကြတာ ဆိုတော့ သူ့ကို သတိမထားမိသေးပါဘူး။ အားလုံးလည်း စာအုပ် ငှားပြီးတော့မှ သူ့ကို သတိထားမိတော့၏။ ငြိမ်ချက်သား ကောင်းလွန်းလို့ သူ့ကို လှမ်းမေးလိုက်တော့မှ သူက သူဖတ်နေတဲ့ စာအုပ် စာမျက်နှာကို ကိုင်ကာ အလျားလိုက် ကမ်းပေးလာတော့သည်။

ဒီစာအုပ်ရဲ့ မျက်နှာလေးပေါ်မှာ ကဗျာလေး တစ်ပုဒ်ကို ပုံနှိပ်ကာ ဖော်ပြထားပါ၏။ ထိုကဗျာလေး နာမည်က “ လမ်းခွဲ ” တဲ့။ ဆရာ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရေးထားတာပါ။ ထိုနေ့က ထိုကဗျာလေးကို ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး မဂ္ဂဇင်း စာမျက်နှာကို စုပြုံကာ ခေါင်းတိုးဝှေ့ပြီး ဖတ်ခဲ့ကြရသည်။ ဒါနဲ့တင် မပြီးသေး။ ဒီကဗျာလေးက ကျွန်တော်တို့ကို လပေါင်းများစွာ ၊ နှစ်နဲ့ကို ချည်ကာ အတွေးငွေ့ငွေ့လေးတွေ ပေးပါ၏။

လမ်းခွဲ

လမ်းခွဲတာ မဟုတ်ပါဘူး
ကိုယ် တံတားကျိုးနေလို့
လမ်းလွှဲက လျှောက်ခိုင်းတာပါ။

ဒီလို ကဗျာလေးက အစချီထားပြီးတော့ စာပိုဒ် နှစ်ပိုဒ်ကို ကဗျာစပ်ပုံတူ စကားလုံးကွဲတွေနဲ့ တင်ပြထားသည်။ အတော်ကို “ တာ ” သွားသော ကဗျာလို့ ဆိုနိုင်ပါသည်။ ဒီအချိန်မှာ အသက် ၁၁ နှစ် အရွယ်သာ ရှိသေးသော ကျွန်တော့် နှမ အငယ်ဆုံးလေးကိုတောင်မှ ဒီကဗျာကို ပေးဖတ်ဖြစ်ပါသေး၏။ ဆော့ကစားဖို့သာ စိတ်ရှိနေသေးသော ကျွန်တော့် နှမ ဆီမှ ထိုကဗျာကို ဖတ်ပြီး မှတ်ချက်ပြုသံကို ကျွန်တော် အခုထိ မမေ့နိုင်သေးပါ။

လှမ်းလျှောက်နေရင်း
လမ်းပေါ်က ခလုတ်တိုက်မိတဲ့ ခဲလုံး တစ်လုံးကို တွေ့ရင်
တံတားအောက်က ချောင်းရေထဲကို ပစ်ချပေးပါ။
အဲဒီ ခဲလုံးက ကိုယ့် အသည်းနှလုံးလေ . . . ။

ဆိုတဲ့ နေရာလေးမှာ “ အဲဒီ ခဲလုံးက ကိုယ့် အသည်း နှလုံးလေ . . ” ဆိုတဲ့ နေရာလေး မိုက်တယ် လို့ ကလေး သာသာ ကျွန်တော့် နှမကတောင်မှ မှတ်ချက်ပြုခဲ့ပါသည်။ ဒါပေမဲ့ သူက ကဗျာကို ခံစားတတ်လား ဆိုတော့လည်း “ ဟင့်အင်း ” ပါပဲ။ စာတွေ ရေးလား ဆိုတော့လည်း “ No ” ပါပဲ။ သူကလည်း သူ့ကိုသူ ရဲဝံ့စွာ ကြွေးကြော်ပါသည်။ 

“ ညီမလေးက အရေးသမား မဟုတ်ဘူး။ အဖတ်သမား ” တဲ့။

တကယ်လည်း သူက စာတွေကိုသာ ကျွတ်ကျွတ်နေအောင် ဝါးမျို ဖတ်ရှု့သူ ဖြစ်ပါ၏။ ဖတ်သမျှကိုလည်း ပိစိပေါက်စ ကအစ မှတ်မိပြီး တိတိပပ ပြန်ပြောကာ တစ်ဘက်လူ သက်ပြင်းတွေ ရှည်သထက် ရှည်အောင် ကိုးကား ပြောတတ်သူ ဖြစ်ပါသည်။ သူပြောချင်တဲ့ “ အရေးသမား ” နဲ့ “ အဖတ်သမား ” ဆိုတာက ဖတ်ပြီးတော့ ပြန်ရေးတတ်သူ နဲ့ ဖတ်ယုံသာ ဖတ်သူကိုပဲ ဆိုချင်တာပါ။ မဖတ်ဘဲနဲ့တော့ ဘယ်သူကမှ ပြန်ရေးနိုင်မှာ မဟုတ်ပါ။ ထားတော့ . . . ။

ဒီကဗျာလေးကို ဖတ်ရပြီးကတည်းက ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ ကဗျာရေးတာ ၊ စာရေးတာလေးတွေ အတော်ကို ပြောင်းလဲ ကုန်ကြ၏။ ဒီကဗျာလေးကို တုပကာ ရေးဖြစ်ကြ၏။ မှီငြမ်း ချဲ့ထွင်ကာ ရေးဖြစ်ကြ၏။ ကိုးကားကာ ရေးဖြစ်ကြ၏။ အတော်ကို ပျော်စရာ ကောင်းခဲ့သော အချိန်အခါလေးဟု ဆိုရမည် ဖြစ်ပါသည်။



ဘာရယ် မဟုတ်ပါဘူး။ ဒီနေ့ ဒီကဗျာလေးကို ကျွန်တော် တော်တော်ကို သတိရမိသည်။ တစ်ခါတလေတော့လည်း “ လမ်းခွဲတယ် ” ဆိုပေမဲ့ သူများကိုတော့ “ လမ်းလွှဲ ” က လျှောက်စေချင်တဲ့ သဘောလား ၊ ဘာညာတွေလည်း လျှောက်စဉ်းစားမိပါသည်။ ဘာရယ် ညာရယ်လည်း မဟုတ်ပါဘူး။ ပျော်လို့လည်း မဟုတ်ပါဘူး ၊ ပျင်းလို့လည်း မဟုတ်ပါဘူး။ တောင်စဉ် ရေမရ စဉ်းစားမိတာပါ။



အခု ရက်ပိုင်းမှာ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ၊ အလုပ်ကိစ္စတွေ ၊ အထွေထွေ ကိစ္စတွေကြောင့် အတော်ကို မအားပါ။ ဒါပေမဲ့ အားတဲ့ အချိန်လေးတိုင်းမှာ စာတွေတော့ ချရေးဖြစ်ပါသည်။ တခြားလည်း ကျွန်တော့်မှာ လုပ်စရာ မရှိ ၊ လုပ်လည်း မလုပ်တတ်ခဲ့။ ဒါကြောင့် စိတ်ကူးထဲမှာ ပေါ်လာသမျှတွေကိုတော့ နေ့တိုင်း ရေးဖြစ်နေတာပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကူးတိုင်းကို သူများကို ချပြလို့ ရတာ မဟုတ်လေတော့ ဘလော့မှာတော့ မတင်ဖြစ်ပါ။ ကိုယ့်ဖာသာ ကိုယ်ပဲ တစ်နေရာမှာ စုထားမိပါ၏။

စိတ်ခံစားမှု အရ “ နှုတ်ဆက်ရင်တောင်မှ ပျော်ရွှင်စွာ ” နဲ့ပဲ နှုတ်ဆက်ချင်သူမို့ ဟာသပို့စ်လေး တစ်ခုကို ကျွန်တော် ကြိုးစားရေးပေမဲ့ ဘယ်လိုမှ ရေးလို့ မပြီးပါ။ ရေးရင်းနဲ့ပဲ အချိန်တွေ ကုန်ကာ အရာ မရောက်သလို ဖြစ်လာခဲ့၏။



“ နှုတ်ဆက်ပို့စ် ” 

ဟုတ်ပါသည်။ ကျွန်တော် နှုတ်ဆက်ပို့စ်လေး တစ်ခုကို ဟာသဖြင့် ပျော်ရွှင်စေဖို့ ရေးနေမိပေမဲ့လည်း အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ပါ။ ဒါကြောင့် အခုတော့ ဒီအတိုင်းပဲ နှုတ်ဆက်ရပါတော့မည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများမြောင်နဲ့ အချိန် အတိုင်းအတာ တစ်ခု အထိ ကျွန်တော် မအားနိုင် ဖြစ်နေမှာမို့ ကျွန်တော် ဘလော့ပေါ်မှာ စာရေးခြင်း နဲ့ စာလိုက်ဖတ်ခြင်းကို အချိန် အတိုင်းအတာ တစ်ခုအထိ လုပ်နိုင်တော့မည် မဟုတ်ပါ။

ဘယ်လိုပဲ နှုတ်ဆက် နှုတ်ဆက် ၊ လမ်းခွဲ လမ်းခွဲ  “ အပြုံးများနဲ့သာ နှုတ်ဆက် လမ်းခွဲချင်ပါသည်။

ဒီပို့စ်လေးကလည်း ဆရာ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရဲ့ ကဗျာလေးထဲကလို ပြောရရင်တော့ “ လမ်းခွဲ ” တာ မဟုတ်ပါဘူး။ ကျွန်တော် တံတားကျိုး သလို မအားလပ်တော့လို့ ၊ တခြား ဘလော့တွေကို သွားဖတ်နိုင်ဖို့ သတိပေးတဲ့ “ လမ်းလွှဲပို့စ် ” လေးတစ်ပုဒ်ပါပဲ။





တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော် စိတ်အေး ၊ လက်အေး ၊ အေးအေးချမ်းချမ်း ဘဝလေး တစ်ခုမှာတော့ စာပြန် ရေးဖြစ်ချင်လည်း ရေးဖြစ်ပါမည်။ ရေးဖြစ်ချင်မှလည်း ရေးဖြစ်မည်ပေါ့။

“ လူဆိုတာ ပြောပြလို့ မရတဲ့ ဘဝရဲ့ ဖြစ်ရပ် ၊ ဖြစ်စဉ်တွေ ရှိတတ်ကြတယ် မဟုတ်လား။ ”

ကျွန်တော် ဘလော့ ရေးတဲ့ သက်တမ်း တလျှောက် ကောင်းကောင်း ၊ ဆိုးဆိုး ၊ ကောင်းရင်လည်း ကောင်းတယ် ၊ ဆိုးရင်လည်း ဆိုးတယ် ဆိုပြီး အားပေးသူများ အားလုံးကိုလည်း ရင်ထဲမှာ ထာဝရ ကျေးဇူးတင်နေမှာပါ။

ပျော်ရွှင်ကြပါစေဗျာ။

လေးစားစွာဖြင့်
ကိုဇော်
8.6.2011

Share/Bookmark

33 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

ကိုဇော်ရေ.. စာတွေကို အဆက်မပြတ်ရေးတတ်တာကြောင့် ဘလော့ခ်ပေါ်မှာ စာပြန်ရေးမယ့်အချိန်လေးကို စောင့်နေပါတယ်ဗျာ..... မအားမလပ်ရင် မရေးနိုင်ပေမယ့် အားလပ်တဲ့တစ်ချိန်လေးမှာ ၀င်ရေးဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါရဲ့....


ခင်မင်လျက်
နေ၀ဿန်

mstint said...

ကိုဇော်ရေ မအားလပ်တဲ့ လုပ်ငန်း ကိုင်ငန်းတွေကြောင့် ယာယီ လမ်းခွဲတာပဲဖြစ်ဖြစ် လမ်းလွှဲတာပဲဖြစ်ဖြစ် ဘလော့ဂ်ဂါများရဲ့ပို့စ်များကို နေ့တိုင်းနီးပါး အလည်ရောက်နေတဲ့အတွက် ကိုဇော့်ရဲ့ ဘလော့ဂ်က မပြီးသေးသော ပို့စ်အဟောင်းလေးများကို ဖတ်ရင်း အမြဲအားပေးနေမှာပါ။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

လမ်းခွဲတာပဲဖြစ်ဖြစ်
လမ်းလွဲသွားတာပဲဖြစ်ဖြစ်၊
လမ်းလယ်မှာတော့ ရပ်မနေပါနဲ့၊
လမ်းလျှောက်နေတာပဲဖြစ်ဖြစ်
လမ်းပျောက်သလိုနေတာပဲဖြစ်ဖြစ်
လမ်းလယ်မှာတော့ ရပ်မနေပါနဲ့၊
လမ်းမသိတာပဲဖြစ်ဖြစ်
လမ်းမရှိတော့တာပဲဖြစ်ဖြစ်
လမ်းလယ်မှာတော့ ရပ်မနေပါနဲ့၊
လမ်းဆုံးလို့ပဲဖြစ်ဖြစ်
လမ်းအသုံးမလိုလို့ပဲဖြစ်ဖြစ်
လမ်းလယ်မှာတော့ ရပ်မနေပါနဲ့၊
လမ်းလယ် ဆိုတာ လမ်းခုလတ်ထဲ့ဆိုးတယ်
လမ်းလယ် ဆိုတာ လမ်းစုတ်ပြတ်ထဲ့ဆိုးတယ်
လမ်းလယ် ဆိုတာ လမ်းတစ်ပတ်ပြန်လည်ဘို့ ဖြစ်နိုင်တာမို့
တက်လမ်းကိုသွားနေရင်တော့၊
ကိုဇော်ရေ အဆက်ထုံပါရင် သက်လုံအချိန်လုလို့
လမ်းကြူံရင်ဝင်ခဲ့ပါ။
sosegado

ကိုဇော် said...

နေဝဿန် >>> စာနာ နားလည်ပေးလို့ ကျေးဇူးပါ။

အန်တီတင့် >>> ကျေးဇူးတင်ပါတယ် အစ်မ။

sosegado >>> အမှတ်တရ ကဗျာလေး အတွက် ကျေးဇူးပါပဲဗျာ။ လမ်းလယ်မှာတော့ ဘယ်တော့မှ ရပ်ပြီး သူများ သွားလမ်းကို မနှောင့်နှေးစေရပါဘူးဗျာ။ စိတ်ချ။ လမ်းကြုံရင် ပြန်ဝင်ခဲ့ဖို့ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ဗျာ။

An Asian Tour Operator said...

ဆက် ရေးဖြစ် ပါစေလို့ ဆန္ဒပြုပါတယ်။

မအိမ်သူ said...

ကိုဇော်ရေ နှုတ်ဆက်တယ်ဆိုတော့ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒီဆိုက်မှာ နေ့စဉ်လောက်နီးပါး စွဲစွဲမြဲမြဲ ဖတ်ခဲ့တာ အတော်ကြာခဲ့ပြီဆိုတော့ စိတ်ထဲမှာ ကွက်လပ်တစ်ခု ဖြစ်နေတော့မှာ။ စာတွေပြန်ရေးနိုင်မဲ့ အချိန်ကိုမျှော်လင့်သလို အစစအဆင်ပြေပါစေလို့လဲ ဆုတောင်းပါတယ်။ လမ်းခွဲကဘဲသွားသွား လမ်းလွှဲကဘဲသွားသွား သွားနေတဲ့လမ်းချင်းတူနေရင်တော့ တစ်နေရာရာမှာ ပြန်ဆုံအုံးမှာပေါ့။ လမ်းကြုံလဲဝင်လည်လို့ရပါတယ်ရှင်..

SHWE ZIN U said...

ကိုဇော်ရေ

ဖတ်ပြီး အမဖြင့် စိတ်တောင်မကောင်းဘူး ဘယ်လိုဖြစ်လို့ လည်း

ခဏတာလမ်းလွှဲလေး ဘဲ ဖြစ်ပါစေလို့ ဆုတောင်းရင်း ပြန်လာမဲ့ အချိန်ကို ကြိုနေပါမယ်

ahphyulay said...

အင်း...
စိတ်မကောင်းစရာပါပဲ။
မကောင်းတဲ့ စိတ်နဲ့ ပဲ ဆုံးသွားအောင်
ဖတ်မိရင်းက ပြောချင်တာ.. ကျွန်တော့်
အတွက် တစ်မျက်နှာ ရော့ သွားသလို
အများအတွက်လည်း တစ်သက်စာ
အဖေါ်တစ်ယောက် ပျောက်သွားသလိုမျိုး
ဖြစ်ရပြီဆိုတာပါပဲ။
လူတိုင်းကတော့  တစ်ချိန်မှာ အကြောင်း
တစ်ခုခုကြောင့်  လျှောက်နေခဲ့ မိတဲ့  လမ်း
ကနေ ခွဲထွက်ခဲ့ ရမှာပါပဲ။
ကိုဇော် အခုလို “ ဘိုင့်ဘိုင်..” လုပ်ပြနေ
တာကို ကျွန်တော်တော့  ပြုံး နိုင်အောင်
ကြိုးစားရပါပြီ။ ဘာလို့ ဆို ကိုဇော်က
အပြုံးနဲ့ ပဲ လမ်းခွဲ ကြမယ်ဆိုတာကိုး...။

အမြဲတန်း ခင်နေမဲ့ ..
အဖြူလေး..။

ငွေလမင်း said...

ကိုဇော့်စာတွေ ဖတ်လို့ကောင်းတယ် ဗဟုသုတ ရစေတဲ့ စာသားတွေလဲ ပါတယ် ကြိုက်တဲ့ဘလော့ဂ် ထဲမှာပါတယ် အားရင် စာဆက်ရေးပါဗျာ အမြဲစောင့်မျှော် အားပေးဖတ်ရှုလျက်ပါ

မိုးယံ said...

အဟင့်ဟင့်..အောက်ဆုံးက ပေးတဲ့ဆုနဲ့ ပြည့်ပါစေတော်...

အံမယ် ကိုယ်က ဖြေသာပါတယ်.. တူညားတွေလို မှုတ်ဝူးးးးးးးးးးး


ကိုလေးစားတဲ့ စာရေးဆရာ... အစ်ကိုလို ချစ်ရတဲ့သူ... သူငယ်ချင်းလို ခင်မင်ရသူ ဂျီးကို အရှင်လတ်လတ် တွေ့နေနိုင်သေးတာပဲ။


ငြိမ်းချမ်းပါစေ
မိုးယံ

IDIOT-Ki said...

လမ်းလွှဲ ဆိုတော့ လမ်းမကြီးကို ပြုပြင်နေတာလား..
( လမ်းတခြမ်းခင်း ထားတာတွေ တောင် ဆက်ခင်းပေးတော့ မှာတဲ့..တဲ့.. တဲ့..တဲ့ )

ကိုဇော်ရဲ့ ဟိုင်းဝေးလမ်းမကြီး ပြီးရင်တော့ အသားကုန် လွှတ်ပေရော့..

လမ်းခွဲ ကနေဆက်သွားရင် လမ်းဆုံ တွေလည်း ရှိသေးတယ်.. အားတဲ့ အခါ ဆက်လုပ်ပါဆရာရေ....

အဆင်ပြေ လမ်းချောပါစေ..
လမ်းဆုံမှာ စောင့်နေကြတယ်..

ဖွားကိ..

ဝက်ဝံလေး said...

“နှုတ်ဆက်လမ်းခွဲချိန် ... ဘူတာရုံလေးထဲ စကားတွေ မပြော .... တိုးတိတ်ဆွံ့အနေ .... ကိုယ်စီ ဒဏ်ရာတွေနဲ့ပေါ့ .... နောက်ထပ် တွေ့ဖို့မလွယ် ... တခါတလေ သတိရမိရင်တော့ .... ”

အယ်လ်လွန်းဝါ သီချင်းဆိုသွားပေးတယ် ကဇော် ...
ပြန်လာခဲ့ပါ အားလုံးမျှော်နေတယ်နော် ....

seesein said...

အော် လမ်းခင်းထားတာတောင်မကြာသေးဘူးလို့ထင်နေတာ လမ်းဆုံက ဂျမ်းဘုံတို့လို အမြဲအော်စေချင်ပါတယ်
အဆင်ပြေချောမွေ့ပါစေ မြန်မြန်အားပါစေဗျာ

ခင်မင်တဲ့
seesein

လရိပ်အိမ် said...

ဘယ်လိုဖြစ်တာလဲဗျာ။ စာပြန်ရေးမဲ့အချိန်ကိုမျှော်လင့်နေပါ့မယ်ဗျာ။

စံပယ်ချို said...

ကိုဇော်ရေ....ခဏနားသည်ဖြစ်စေတော့နော်
အားလုံးရဲ့ရင်ထဲမှာတော့ကိုဇော်ဆိုတာရှိပြီးသားပါ
စာတွေပြန်ရေးဖို့တော့မျော်လင့်ပါတယ်....
ချမ်းမြေ့ပါစေ။

မြတ်မွန် said...

ဦးဇော်..ဘယ်နှစ်ကြိမ်မြောက် လမ်းခွဲတာလဲ..။
နေနိုင်လို့လား..
ဖေ့ဘုတ်မှာ တွေ့လို့ကတော့ အသိပဲနော်..။
ပုန်းမယ်ဆိုလုံအောင်ပုန်း တွေ့လို့ကတော့ ဟင်း ဟင်း..။

Anonymous said...

ဟောဗျာ....

မေသိမ့်သိမ့်ကျော် said...

ကိုဇော်ရေ မျှော်နေမှာနော်။ ဒါဗြဲ။ မရောက်တာကြာလို့ လာခါကျမှ လမ်းခွဲတဲ့... ဘလော့နဲ့ မခွဲပါနဲ့ရှင်။ တောင်းပန်ပါတယ်။


ခင်မင်လေးစားလျက်

ကိုဇော် said...

An Asian Tour Operator >>> ဟုတ်ကဲ့ အခြေအနေ အရ အခုလောလောဆယ်တော့ . . . . ။ ကျေးဇူး ကိုအေအေတီအို။

မအိမ်သူ >>> ဟုတ်ကဲ့ပါ အစ်မ။ တစ်နေ့နေ့တော့ ဆုံမှတ် တစ်ခုမှ ပြန်လည် တွေ့ဆုံကြပါစို့။ ကျေးဇူးပါ။

SHWE ZIN U >>>ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ အစ်မ။ ကျေးဇူးပါ။

ငွေလမင်း >>> အားပေးတဲ့ အတွက် ကျေးဇူးပါ ငွေလမင်း မိသားစုရေ။

မိုးယံ >>> လိုချင်တဲ့ ဆုတွေ မှန်သမျှ နဲ့ တစ်လုံး တဝ ပြည့်စေသောဝ်။

IDIOT-Ki >>> ကျေးဇူးပါ မကိ။ လမ်းဆုံမှာ ပြန်လည် ဆုံတွေ့နိုင်ဖို့ မျှော်လင့်မိပါတယ်။

ဝက်ဝံလေး >>> သီချင်း ဆိုကောင်းတဲ့ ဝက်ကလေးရေ ကျေးဇူး. . .

seesein >>> အတိတ်ကို ပြန်လှည့်ကြည့်လိုက်ရင်တော့ အရာရာက သိပ်မကြာသေးသလိုပါပဲ အစ်မ စည်းစိမ်။ အားပေးတဲ့ အတွက် ကျေးဇူးပါ။

လရိပ်အိမ် >>> ဟုတ်ကဲ့။ အားပေးတဲ့ အတွက် ကျေးဇူးပါ။

jasmine(တောင်ကြီး) >>> အခြေအနေ တစ်ရပ်ပေးလာပြီး ရေးချင်တဲ့ စိတ်ဆန္ဒလေး ရှိနေခဲ့တဲ့ တစ်နေ့ပေါ့ အစ်မရယ်။ အခုတော့ မပြောတတ်သေးပါဘူး။ ကျေးဇူးပါ။

မြတ်မွန် >>> ဟုတ်ကဲ့ပါ။ မြတ်မွန် ပြောသလိုပဲ ကျနော့် ဘဝရဲ့ အခြေအနေ အရ ခဏခဏ ခွဲကွာလိုက် ပြန်ထိတွေ့လိုက် ဖြစ်ခဲ့ရဖူးပါတယ်။ အခုလို မြတ်မွန်က အမြဲတမ်း ခွဲခွာ စေချင်တာ သိရလို့ နေနိုင်အောင် ကြိုးစားရမှာပေါ့ဗျာ။ ဘလော့ဆိုတာ ကျနော့်ရဲ့ အနုပညာခန်းပါ။ ဖဘ ဆိုတာကတော့ သတင်းဖတ်ဖို့ နဲ့ ပါဆယ်နယ်ပါ။ အခုလို တောင်းဆိုတော့လည်း ဖဘပါ ပိတ်နိုင်အောင် ကြိုးစားပါ့မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။

peter kyaw >>> မအံ့သြပါနဲ့ ကိုပီတာရဲ့။ တွေ့ ၊ ဆုံ ၊ ကြုံ ၊ ကွဲ ဓမ္မတာပဲ မဟုတ်လားဗျာ။ ကျေးဇူး . . .

မေသိမ့်သိမ့်ကျော် >>> အခြေအနေ နဲ့ အချိန်အခါအရ အခုလောလောဆယ်တော့ ကျနော့် အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပါဗျာ။ အားပေးတဲ့ အတွက် ကျေးဇူးပါ။

............................................................

ဟိုးအရင် ခေတ်ကတော့ ရှင်ဘုရင်တွေ သေတာကို ကံတော် ကုန်တယ် လို့ ဆိုကြတယ်။ ကျနော်က ရှင်ဘုရင်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ . . . တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ စာဖတ်သူတွေနဲ့ရော ။ ဘလော့ဂါ သူငယ်ချင်းတွေနဲ့ပါ ကံမကုန်ရင်တော့ ပြန်ဆုံ ဖြစ်ချင် ဖြစ်မှာပေါ့ . . နော့။ အားလုံးကို ကျေးဇူးတင်ပါတယ်။

အိမ့်ချမ်းမြေ့ said...

ဖဘ မှာကော ရှိဦးမလား..
အဆင်ပြေတဲ့တနေ့ ပြန်လာပါ ကိုဇော်ရေ..

မြတ်မွန် said...

ဖြစ်ရလေ.. ကျွန်မက စိတ်သက်သာအောင် သက်သက်စတာပါ။ ကိုဇော်ဆက်ရေးတာဖြစ်ဖြစ် မရေးတာဖြစ်ဖြစ် ကိုဇော့်လွတ်လပ်ခွင့်မဟုတ်ဘူးလား။
ခင်မင်စိတ်နဲ့ စနောက်တာကို တရားခံဖြစ်အောင်တော့ မလုပ်ပါနဲ့ရှင်။ လူတိုင်းက ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ မဟုတ်လား။ မှားတာပါရင်လည်း ခွင့်လွှတ်ပါ။

မြစ်ကျိုးအင်း said...

လုံးဝမရေးတာထက် အားတဲ့အချိန် ရေးပြီး တင်တာမျိုးက ပိုကောင်းပါတယ်။ မရေးတာ ကြာလာလို့ ရေးချင်စိတ် ပျောက်သွားရင် မကောင်းဘူး။
ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ။

ကိုအောင်(ပျူနိုင်ငံ) said...

ပြန်လာမယ့်နေ့ကို မျှော်နေမယ် ...

ကိုဇော် said...

အိမ့်ချမ်းမြေ့ >>> ဖဘကတော့ ထူးခြားတဲ့ သတင်းလေး ဘာလေး ဖတ်ရဖို့ ၊ ပြီးတော့ အိမ်က အမေကို ဓါတ်ပုံတွေ ပြဖို့ အတွက်တော့ ရှိနေဦးမှာပါ။ ဘလော့မှာပဲ စာရေးတာ ခဏ နားထားတာပါ မအိမ့်။ ကျေးဇူး . . .

မြတ်မွန် >>> ဟုတ်ကဲ့။ ဘယ်လိုမှ သဘောမထားပါဘူး။ ကျနော်ကလည်း ကိုယ့်ရဲ့ မအားလပ်မှုကို ပြောပြမိတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။

မြစ်ကျိုးအင်း >>> ဟုတ်ပါတယ်ကွာ။ အဓိက က အလုပ်ကြောင့် မအားတော့လို့ အရင်လို အချိန် သိပ်မပေးနိုင်လို့ နားထားလိုက်တာပါ။ အားရင် အားသလို စိတ်ပါရင် ရေးထားပါ့မယ်။ ကျေးဇူး. ..

ကိုအောင်(ပျူနိုင်ငံ) >>> ကျေးဇူးပါ ကိုအောင်။

လသာည said...

ကိုဇော်ရေ..

မရောက်တာကြာလို့ အရောက်လာချိန်ကျမှ နှုတ်ဆက်လမ်းခွဲကို တွေ့မိတယ်။ စိတ်မကောင်းပါဘူး။ တနေ့နေ့ ပြန်ဆုံကြတာပေါ့..။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ညီမလေးလည်း သင်တန်းကြောင့် မရောက်ဖြစ်တာ နဲ့ လုံးဝကြိးတော့ ပစ်မထားပါနဲ့အကို.. အချိန်ရရင် ရသလိုလေး ပြန်ရေးပါလို့.. စောင့်မျှော်လျှက်...

တောက်ပကြယ်စင် said...

ကိုဇော်ရေ မင်္ဂလာပါ အားရင်အားသလို ရေးစေလိုပါတယ်။ ပြန်လည်ဆုံတွေ့ဖို စောင့် မျှော်နေမယ်နော်။ ကျန်းမာပျော်ရွှင်ပါစေ

အဖြူရောင်နတ်သမီး said...

သြော်..
သူများက လင့်ပြန်ချိတ်တဲ့အချိန်မှပဲ သူက နှုတ်ဆက်နေပြန်ပါပြီ..

တူတူပဲ...
ဒီမှာလည်း အလုပ်တွေပိနေတယ်..
အားရင်ပြန်ရေးပေါ့.. မပြောလည်း ရေးမှာပါ..သိပြီးသား..အချင်းချင်းမို့ စာပေသံယောဇဉ်ကိုသိနေတယ်..

flowerpoem said...

အဲကဗျာလေးက အဓိပ္ပါယ်ရှိတယ် ကူးခွင့်ပေးပါနော်..

KMC@ချင်းလေး said...

ဘယ်လိုဖြစ်တာလဲဗျာ.. ကျနော်ပျောက်သွားတာတစ်ပတ်တောင်မပြည့်ပါဘူး.။ပြန်ဝင်လာတော့အပြောင်းအလဲတွေနဲ့တိုး နေပါလားကိုဇော်ရာ.. ယုံတောင်မယုံချင်ဘူး. ကိုဇော်ရေးတဲ့စာတွေမှာထူးခြားတဲ့သုတတွေပါပါ နေလို့အားကျပြီးဘလော့လေးလုပ်ဖြစ်သွားတာပါ
ခုတော့ကိုဇော်ကအားလုံးကိုနှုတ်ဆက်တယ်ပေါ့လေ... အင်းလေ.အလုပ်ကမအားတော့ဘူးဆိုတော့လည်း နားလည်မိပါတယ်.။။ ပြန်လာရင်တော့ ဖတ်စရာပညာပို့စ်တွေ အများကြီးပါလာမယ်ဆိုတာယုံကြည့်မျှော်လင့်မိပါတယ်.. မန့်တာရှည်သွားရင်ခွင့်လွှတ်ပေးကြပါနော်...

Anonymous said...

တိတ်တဆိတ် မထွက်ဘဲ နှုတ်ဆက်ခဲ့တယ်ဆိုတော့ .. လမ်းလွှဲလိုက်ပေမဲ့ လမ်းမခွဲချင်သေးသူတွေကတော့ လမ်းဟောင်းလေးကို ဘဲ လျှောက်နေမိမယ်။
ပျော်ရွှင်ပါစေ အစ်ကို။

Anonymous said...

ဦးဇော် အစအစအရာရာ အဆင်ပြေပါစေဗျာ

Anonymous said...

ဦးဇော် အစအစအရာရာ အဆင်ပြေပါစေဗျာ