မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 November 2009

1 လမင်းရှင်းတမ်း



လမင်းအင်္ကျီပုံပြင်



တစ်ခါက အရမ်းကြင်နာ သနားတတ်တဲ့ လူတစ်ယောက်ဟာ လမင်းကြီးကို အမြဲငေးကြည့်နေသတဲ့...။ အဲဒီမှာ တစ်နေ့ အရမ်း အေး ချမ်း တဲ့နေ့ပေါ့..။ သူကတွေးမိတယ်...။ ဟာ...ငါတို့က အနွေးထည်ရှိသေးတယ်..။ လမင်းကြီးကတော့..အနွေးထည်ရှိရှာဘူးပေါ့လေ..။ ဒါနဲ့ တစ်နေ့ သူလမင်းကြီးကို လှမ်းပြောတယ်..။

" လမင်းကြီးရေ...မင်းဟာ နွေ၊မိုး၊ဆောင်း ဒီအတိုင်းနေရတာ...မင်းအတွက်မကောင်းပါဘူးကွာ..။"

အဲဒီမှာ လမင်းကြီးကလဲ ပြန်ပြောတယ်..။

" ဟုတ်တယ်ဗျာ..ကျွန်တော် အတွက် အင်္ကျီတစ်ထည်လိုချင်နေတာဗျ..။ ကူညီမဲ့ သူက မရှိဘူးလေ..။ ခုမှ ခင်ဗျားနဲ့ တွေ့တာလေ..။ ကျွန်တော့်ကို ကူညီပါလားဗျာ...။"

ဆိုတော့ ဒီလူက ကူတော့ ကူညီချင်တယ် ဘယ်လိုကူညီရမလဲ မသိဘူးဖြစ်နေတယ်ပေါ့..။ ဒါနဲ့ပဲ လမင်းအတွက် အကျီင်္ရှာပုံတော် ထွက်ခဲ့တယ်...။ လမင်းအတွက် အကျီချုပ်တတ်တဲ့ လူတွေတော့ တွေ့ပါရဲ့...ခဏကြာလို့... လပြည့်လာရင် ..၊ လဆုတ်လာရင်.....၊ မတော်တော့ ပြန်ဘူး..၊ချောင်သွားလိုက် ၊ကြပ်လာလိုက်နဲ့ပေါ့လေ..။ ဖြစ်ဖြစ်လာတယ်...။ ဒါနဲ့ လမင်းကြီးအတွက် အကျီချုပ်လိုက် မတော်လိုက် ၊ နောက်တစ်ထည်ချုပ်လိုက်နဲ့... သူဟာ လမင်းအတွက် အကျီတွေ အများကြီးဖြစ်လာပြန်ရောတဲ့..။ ဒါနဲ့ သူစဉ်းစားမိတယ်တဲ့ လမင်းအတွက် နွေ ၊မိုး ၊ဆောင်း နဲ့ လဆန်းရော ၊ လဆုတ်ပါ... ၀တ်လို့ရအောင် အကျီတစ်ထည် ချုပ်ပေးနိုင်တဲ့ လူကို လိုက်ရှာသတဲ့...။
ဒါနဲ့ တစ်နေ့ကျတော့ လူတစ်ယောက်ဟာ..... လမင်းကြီးဝတ်ဖို့ အကျီတစ်ထည် ချုပ်လိုက်နိုင်တယ်တဲ့....။ အဲဒီ အကျီလဲ ရပြီးရော လမင်းကြီးဟာ နွေ ၊မိုး ၊ဆောင်း နဲ့ လဆုတ် ၊ လဆန်း ၊လပြည့် ပါ..။ မကျန်အောင် ဒီအကျီကို ၀တ်လို့ရသွားလို့ အဆင်ပြေသွားသတဲ့...။
အဲဒီ အချိန်တုန်းကတော့ အဲဒီ အကျီကို လမင်းအကျီ လို့ ခေါ်ကြတာပေါ့...။ အဲဒီ အကျီဟာ ကြာလာတော့ လူတွေကပါ လိုက်ဝတ်လာသတဲ့... ။ အဲဒီ အကျီနာမည်က " စွပ်ကျယ် " လေ...။ ဒါမှ ပိန်ပိန် ၊၀၀ ၀တ်လို့ရတာပေါ့..။ ပြီးတော့ နာမည်ကိုက စွပ်ကျယ်လေ..။ စွပ်လေ ကျယ်လေပဲ...မဟုတ်လား..။ ဒါကြောင့် ခု လူတွေဝတ်ဝတ်နေတဲ့ စွပ်ကျယ် ဆိုတာ တကယ်တော့ လမင်းအကျီ ပါဗျာ...။

ပုံပြင်လေးကတော့ ...ဒါပါပဲ...။

(ကျွန်တော် ဒီပုံပြင်လေးပြောပြ ပြီးတော့ ကျွန်တော့် သူငယ်ချင်းက ပြောတယ်...မင်းပြောတာနဲ့ ငါ ညဘက် လမင်းကိုတောင်မှ ရဲရဲ မကြည့်ရဲဘူးတဲ့ကွာ..တဲ့။ ဘာလို့လဲ မေးတော့ မင်းပြောထားတာနဲ့ လမင်းကြီးကို ကြည့်တိုင်း၊ ကြည့်တိုင်း.... စွပ်ကျယ်ကြီး ၀တ်ပြီးထိုင်နေသလို တွေ့နေလို့တဲ့ဗျာ....။)

သူငယ်ချင်းတို့လည်း လမင်းကြီးကို ကြည့်ကြည့်ပါဦးဗျာ...။ ဘယ်လိုမြင်လဲပေါ့..။

ဒါနဲ့ပဲ....
ကျွန်တော် ဆက်တွေးမိတယ်ဗျာ....။ တချို့ကပြောလို့ပါ...။ ချစ်သူမျက်နှာလေးက ဖိုးလမင်းကြီး တဲ့...။ တကယ်တော့ စဉ်းစားကြည့်ပါ...ဖိုးလမင်းဆိုတာ သူမျက်နှာပြင်က ချိုင့်တွေ ခွက်တွေနဲ့လေ..။ ချစ်သူမျက်နှာက ဒီလို ချိုင့်တွေ ၊ ခွက်တွေ နဲ့ ဆို ရုပ်ဆိုးပြီပေါ့ဗျာ...။ ဘယ်လိုလုပ်လှတော့မှာလဲ...။

( ဒါကြောင့် ချစ်သူမျက်နှာက လမင်းကြီးလိုပဲလို့ လာပြောတဲ့ ချစ်သူဆိုရင် ပါးသာပိတ်ရိုက်ပစ်ဗျာ...။ ဘယ်နှယ် ငါ့ကို လမင်းမျက်နှာလို ချိုင့်တွေ ၊ ခွက်တွေ နဲ့လို့ပြောတာလား...ဆိုပြီး...ဟီးဟီးဟီး မြှောက်ပေးတာလေ...တကယ်ရိုက်ရင်တော့ မသိဘူးဗျို့....။ယောက်ျားလေးတွေကိုလဲ အပြော ၊ အဆို ဆင်ခြင်စေချင်တယ်လေ...။)

အဲ..ကျွန်တော် သူငယ်ချင်း ၇ဲ့ ချစ်သူတစ်ယောက်ကတော့ မျက်နှာ တော်တော့်ကို ခွက်တယ်ဗျာ..။ ကျွန်တော်တို့ နောက်နေကျအတိုင်းပြောရရင် " မျက်နှာသစ်ရင် ရေမကျဘူး ပါးစပ်ထဲတန်းဝင်သွားတယ်.." ဆိုတာမျိုးပါ...။တစ်နေ့ သူတို့ စုံတွဲနဲ့လမ်းမှာတွေ့တော့ ... (သူတို့က မတွေ့အောင် ရှောင်နေကြပါ..နောက်မှာစိုးလို့လေ..။) ဟာ...ဘယ်သွားကြမလို့လဲ...ဆိုပြီး..ဟိုဟိုဒီဒီပြောရင်း ကျွန်တော်က.....

“ အော်...ဒါကြောင့် ...နေလင်းအောင်က နင်ကိုချစ်နေတာကိုး...နင့်မျက်နှာက လမင်းလေးနဲ့ တူတာပဲ "

လို့ပြောလိုက်တော့ ..နေလင်းအောင် ဆိုတာ မျက်နှာကြီးနီရဲနေတာပဲ..။ သူ့ကောင်မလေးကတော့

" ကိုဇော် ကတော့ နောက်ပြန်ပြီ..ယမင်း မျက်နှာက ဒီလောက်ခွက်နေတဲ့ဟာကို
လမင်းလို ၀ိုင်းဝိုင်းစက်စက်နဲ့ ဘယ်လိုလုပ်တူမှာလဲ "

တဲ့..။ ဒီတော့မှ ကျွန်တော် ဖြေလိုက်ပါတယ်...။

" နင်မှားနေပြီ ငါပြောတာက လပြည့်နေ့ညက လမင်းကြီးမဟုတ်ဘူးလေဟာ..။ လဆန်းခါစ ၅ ရက်လောက်က လမင်းလေးလေ ကွေးကွေးလေး ချစ်စရာလေးပေါ့ ..။ နင်နဲ့ တူလို့ ဒီကောင်ချစ်နေတာ ဖြစ်မယ် "

ဆိုတော့မှ ငမုတ်ဖမ်းနေတဲ့ ဟိုကောင့်မျက်နှာကြီး ဖြီးဖြီးကြီးဖြစ်လာတယ်...။ ဒါကြောင့် ချစ်သူ မျက်နှာ ခွက်ခွက်ဖြစ်နေတဲ့ သူငယ်ချင်းတွေလဲ ဒီလိုပြောလို့ရပါတယ်လို့ပါ..။ ကျွန်တော် ဆက်စဉ်းစားတယ်ဗျာ..။ မြန်မာနိုင်ငံမှာ လမင်း ဖန်ဆင်းရှင်လို့ နာမည်ရထားတဲ့ လူတစ်ယောက်ရှိတယ်ဗျာ..။ သူက အဆိုတော် ဇော်ဝင်းရှိန် ပါ..။ လမင်းနဲ့ ပတ်သတ်တဲ့ သီချင်းတွေ အများဆုံး ဖန်တီးသီဆိုခဲ့သူပေါ့..။ တခြားသူတွေလဲ ရှိပေမဲ့ သူလောက် သီချင်းမများဘူးပေါ့ဗျာ..။ ဥပမာ......

1. တွံတေးသိန်းတန်......အောင်သွယ်တော် ဖိုးရွှေလမင်းရယ်......ဘာညာပေါ့..။
2. မျိုးကြီး..........အိပ်မက်ဆိုး နဲ့ လမိုက်ည
3. Rဇာနည်..........လမင်းလေး
4. ၀ိုင်ဝိုင်း.............လမင်း နဲ့ ပင်လယ်

ဒီလို..ဒီလိုတွေ အများကြီးပေါ့ဗျာ...အဲဒီမှာ ကျွန်တော် စဉ်းစားမိတယ်...။ ဟိုတစ်ယောက် တွံတေးသိန်းတန် ကဆိုတော့ .....၊ ဖိုးရွှေလမင်း..တဲ့......၊ ဒီတစ်ယောက် ၀ိုင်ဝိုင်း ကဆိုတော့ ......... ငွေလမင်းရေ.........တဲ့....။ သြော်..လမင်းလည်း သူတို့နဲ့ တွေ့တော့မှ တစ်နေ့ ရွှေ ၊ တစ်နေ့ ငွေ လို့ တွေးမိတယ်..။

နောက်ပြီး......

အင်း.......တော်ပါပြီဗျာ...။ နောက်ဟာတွေကတော့ ကြုံရင် သူငယ်ချင်းတို့ ဆက်တွေးကြည့်ကြပါဦး..။ ဒါကတော့.. . . လမင်းရှင်တမ်းလေးပေါ့...။

ကိုဇော်



Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

သူပဲတွေးတတ်။
...