နွေတေလေ
အဲဒီနွေပေါ့
ကျွန်တော်က အမြတ်တနိုး
အုပ်မိုးထားမလို လုပ်တုန်း
သူက လေနုတွေနဲ့ ပြေးသွားတယ်။
သူများရဲ့ ရာဇဝင်ကိုပဲ
ဆွဲဆွဲဆန့်ရင်း . . .
လူတကာရဲ့ တေးညည်းသံမှာ
ဗေဒါလေးက ပေါ်ချည် မြှုပ်ချည်။
လေနုတွေ ဝေ့ဝဲ တိုက်ခတ်တော့
ကောင်းကင်ယံက
တိမ်တွေက ရှက်ပြုံးတွေနဲ့
စုစုရုံးရုံး ကကြတယ်။
နှင်းကို တောင်းတ မိတိုင်း. . . .
ရင်မှာ နွေနေပူနေတတ်ပြီး ၊
နွေကို တောင်းတ မိတိုင်း . . .
ရင်မှာ စိမ့်နေတတ်တယ်။
အံ့သြစရာ ကောင်းတာက
ငါ့က . . .
ဆန့်တန်းထားလျက်နဲ့ လက် မရှိဘူး . . .
လျှောက်နေလျက်နဲ့ ခြေ မရှိဘူး. . .
ပြောနေလျက်နဲ့ အသံ မရှိဘူး။
ကြည့်ချင်လျက်နဲ့ အမြင်လွှာ မရှိဘူး . . .
ငိုကြွေးလျက်နဲ့ မျက်ရည် မရှိဘူး. . .။
ဒီလိုပဲ . . .
တိတ်တဆိတ်
ငါ. . အိပ်နေတယ်။
ကိုဇော်
23.4.2010 - 5.02 AM
.
6 ယောက် ရဲ့ ထင်မြင်ချက်:
ဒီကဗျာ အရမ်းကောင်းတယ်။
တကယ်သဘောကျတယ်။
အရမ်းကောင်းတယ်။
“ ငါက ဆန့်တန်းထားလျှက်နဲ့ လက်မရှိဘူး..
လျှောက်နေလျက်နဲ့ ခြေမရှိဘူး
ပြောနေလျက်နဲ့ အသံမရှိဘူး
ကြည့်ချင်လျက်နဲ့ အမြင်လွှာမရှိဘူး
ငိုကြွေးလျက်နဲ့ မျက်ရည်မရှိဘူး....။
ဒီလိုပဲ...
တိတ်တဆိတ်
ငါ အိပ်နေတယ်...”
ကဗျာလေး လာခံစားသွားတယ် ကိုဇော်ရေ....
ကဗျာလေးက ..
အတွေးပွားစရာ..။
ကဗျာလေး ကောင်းပါ၏ နောက်တစ်ပုဒ်ဖတ်ဖို့စောင့်နေမယ်...
လှလိုက်တဲ့ ကဗျာလေး...ပဲအကို ..ခံစားအားပေးလျှက်ပါလို့..
Post a Comment