မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 April 2010

1 အသစ်တဖန် တည်ဆောက်ခြင်း






သောင်ပြင်ကမ်းခြေမှာ တည်ဆောက်ဖူးတဲ့ သဲရဲတိုက် ဆောက်သူတွေကို ကြည့်ဖူးပါသလား။ သူတို့ ဒီရေ တတ်လာရင် သူတို့ တည်ဆောက်ထားတဲ့ သဲရဲတိုက်လေး ပျက်ဆီသွားနိုင်တယ် ဆိုတာ သူတို့ သေချာကို သိထားခဲ့တယ်။ ဒီရေတတ်လာလို့ သူတို့ရဲတိုက်လေး ပြိုလဲ ပျက်ဆီးသွားတာကို ပြန်လည် တည်ဆောက်ဖို့ ဘယ်သူမဆို ပိုပြီးတော့ သစ်ဆန်းတဲ့ စိတ်ကူးတွေနဲ့ အင်အားတွေ ရှိနေတတ်ပါတယ်။ ဒါကို ရဲတိုက်လေး အသစ် မတည်ဆောက် နိုင်သော တားဆီးနိုင်သော အရာ တစ်ခုပဲ ရှိတယ်။ ဒါကတော့ ဆောက်လည်း နောက်တော့ ပြိုမှာပါပဲ ဆိုသော မိမိဖာသာ ထိန်းကွပ်လိုက်သော စိတ်ပဲ ဖြစ်တယ်။

လောကမှာ ဘာပဲ ဖြစ်ခဲ့ခဲ့ ၊ ဖြစ်ခဲ့တဲ့ အရာအပေါ်မှာ ဘယ်လို ဆက်လက်ပြီး ပြုမူ ဆက်ဆံတယ် ဆိုတာပဲ အရေးကြီးပါတယ်။

မိမိရင်ထဲမှာ ငိုချင်ငိုနေနိုင်တယ်။ သို့သော် မျက်နှာကို ပြုံးထားခွင့် မရှိဘူး ဆိုပြီး ဘယ်သူမှ တားမြစ်လို့ မရပါ။ မိမိရဲ့ စိတ်ဓါတ် ၊ မိမိရဲ့ မာန ၊ မိမိရဲ့ မျှော်လင့်ခြင်းတွေကို လက်လွှတ် ဆုံးရှုံးလိုက်စရာ မရှိပါ။

စုတ်တသတ်သတ်နဲ့ သနားသမှုပြုပြီး နားထောင်နေမဲ့ သူုရှိနေတိုင်း မိမိရဲ့ ပူပင်သောကတွေကို ပြောပြနေရုံဖြင့် ဘာမှ အကျိုးထူး လာမှာ မဟုတ်ပါ။ သူများရဲ့ သနားဂရုဏာ ဆိုတာ ဘယ်လောက်ပဲ ရိုးသား သနားကြင်နာနေပါစေ ကိုယ့်ကိုတော့ ခရီးရောက်အောင် တွန်းပို့ပေးနိုင်မှာ မဟုတ်ပါ။

သူများကို သက်ပြင်းချကာ ပြောပြနေရုံမျှဖြင့်လည်း ဘာမှ ဖြစ်လာမည် မဟုတ်ပါ။ မိမိအတွက်လည်း အကျိုးရှိလာမည် မဟုတ်။ တကယ် လုပ်သင့်တာကတော့ မိမိဘဝကို အစအဆုံးထိ သဲရဲတိုက် အသစ်တဖန် ဆောက်သူတွေလို ပြန်လည်တည်ဆောက်တဲ့ လုပ်ငန်းဖြင့် စတင်ပါ။  ဘဝကို အသစ်ကစပြီး ပြန်လည်တည်ဆောက်ပါ။ အကောင်းဆုံး လုပ်ဖို့က အခုပဲ အသစ်တဖန်ပြန်ပြီး တည်ဆောက်မှုအတွက် စိတ်ကို စုစည်းပြီး ကြိုးစားကြပါစို့။ 

source; Building Again By Patience Strong
ကိုဇော် တင်ပြသည်။
14.4.2010 - 2.33 AM

.                                

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

အမည်မဲ့ said...

ကောင်းလိုက်တာ။
တကယ်ကိုအားသစ်ရစေတဲ့ပို့စ်လေးပါ။
ကျေးကျေးဇူးဇူး