မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 April 2010

0 နည်းပညာဆိုတာ




ဟိုးအရင်က ကျွန်တော် အဖေက ပြောပြဖူးတယ်။ အဲဒီတုန်းက ကျွန်တော် ငယ်ငယ်ပဲ ရှိသေးတယ်။ ဒီအချိန်မှာ ကျည်ကာ အကျီင်္တွေစပြီး ပေါ်လာတဲ့ အချိန်။ သေနတ်ကို ဝါသနာပါတဲ့ ကျွန်တော် ကျည်ကာ အကျီင်္ကိုတော်တော် စိတ်ဝင်စားမိတယ်။  အခု ကျည်ကာ အကျီင်္ပေါ်လာတယ် ဆိုတော့ ပိုပြီးတော့တောင်မှ စိတ်ဝင်စားလာသေးတယ်။ ဝတ်ကြည့်ချင်စိတ်လည်း ဖြစ်မိတယ်။ ဝတ်ပြီး ပစ်စမ်းကွာ ဆိုပြီး ကျည်ဆံနဲ့လည်း အပစ်ခံကြည့်ချင်တယ်။ ကလေးအရွယ် ဆိုတော့လည်း ဒီလိုပဲလေ။
               
ဒါနဲ့ တစ်နေ့ ဖေဖေနဲ့ ဒီကိစ္စပြောပြတော့ ဖေဖေက...


“ သားရယ်။ အရင်က ဓါးတွေ  ၊ လှံတွေ နဲ့ပေါ့ ။ နောက်တော့ လူတွေ စိတ်ဝင်စားရာ တီထွင်ရင်းနဲ့ သေနတ်တွေ ၊ လက်ပစ်ဗုံးတွေ ၊ အမြှောက်တွေ ပေါ်လာတာပေါ့။ ဒါကို နိုင်ငံ ကာကွယ်ရေးမှာ သုံးတာ ဆိုပေမဲ့ ဒါကိုပဲ မသမာသူလက်ထဲ ရောက်သွားတော့ ဒီသေနတ် ၊ လက်ပစ်ဗုံးနဲ့ပဲ တိုက်ခိုက်မှုတွေ ဖြစ်လာတယ်။ 


ဒီမှာ မသမာသူတွေရဲ့ လက်ထဲမှာ ရောက်နေတဲ့ သေနတ်နဲ့ ပစ်ခတ်တာကို ကာကွယ်နိုင်အောင်လို့ ကျည်ကာအကျီင်္ဆိုတာလည်း ပေါ်လာရတာ။ ဒါမှ သမ္မတတို့  ၊ ဝန်ကြီးတို့ အရေးကြီး ပုဂ္ဂိုလ်တို့ သူတို့ ကို လုပ်ကြံမဲ့ ရန်ကနေ ကာကွယ်နိုင်မှာလေ။
            
အခုဆို က်ည္ကာအက်ီၤ တင္မကဘူး။ သမ္မတ ၊ ဝန်ကြီးတို့ စီးမဲ့ ကားကို သေနတ်နဲ့ ပစ်ပြီး လုပ်ကြံမှာ စိုးလို့ ကျည်ကာမှန်တောင်မှ တီထွင်ပြီး သူတို့ စီးမဲ့ကားမှာ တပ်ထားတာလေ။ ဒီတော့ လုပ်ကြံသူတွေ လုပ်ကြံလို့ မရတော့ပြန်ဘူး။ ဒါပေမဲ့.. ဒါက ဒီမှာ မပြီးသေးဘူး။ လုပ်ကြံသူတွေကလည်း သူတို့ကို ပြန်ပြီး ချောင်းမြောင်းအပစ်ခံရမှာ စိုးလို့ သူတို့ သွားရာမှာလည်း ကျည်ကာအကျီင်္တွေ  ၊ ကျည်ကာမှန်တွေ တပ်သွားကြတယ်။ ဒီတော့ ကာကွယ်ရေးက လူတွေကလည်း မသမာသူတွေကို ပြန်ပြီး မပစ်နိုင်ပြန်ဘူး။
             
ဒီတော့ မသမာသူတွေကို ပြန်ပြီး ပစ်နိုင်အောင် ကျည်ကာမှန်ကို ဖောက်နိုင်တဲ့ ကျည်ဆံကို ထပ်ပြီး တီထွင်ရတယ်။ အောင်လည်း အောင်မြင်သွားပြီ။ ကျည်ကာအကျီင်္ကို ဖောက်နိုင်တဲ့ ကျည်ဆံကတော့ မအောင်မြင်သေးဘူးပေါ့။ ဒါကလည်း နောင်ဆို မဖြစ်မနေ အောင်မြင်လာမှာပါ။ ( တကယ်လည်း ဟုတ်ပါတယ်။ ကျွန်တော် ၉ တန်းကျောင်းသား ဘဝရောက်တော့ တကယ်ကို ကျည်ကာအကျီင်္ကို ဖောက်နိုင်တဲ့ ကျည်ဆံ တကယ် ပေါ်လာခဲ့ပါတယ်။ ကျည်ဆံရဲ့ ပုံစံထိပ်ဖူးက ဘာမှတောင်မှ မပါဘူး။ တုံးတုံးကြီး ဒါက ကျည်ကာအကျီင်္ကို ဖောက်သတဲ့။ ) ဒါကို တချိန်ကျရင် မသမာသူတွေကလည်း ရအောင် ဝယ်သုံးဦးမယ်လေ။
               
 ဒါနဲ့ပဲ။ တီထွင်သူ နဲ့ အဖျက်သမားဆိုတာ ယှဉ်ပြိုင်နေရတာပါပဲ။ ”


ဖေဖေ ကျွန်တော့်ကို ဒီလို ပြောဖူးပါတယ်။ ဒါစကားလေးဟာ အရင် နှစ်ပေါင်းများစွာ တင်မကဘူး။ အခု အချိန်.. နောက် နှစ်ပေါင်းများစွာ အထိကို ဆက်လက် မှန်ကန်နေဦးမှာပါပဲ။
                     
အခု ဆိုရင် ကြည့်ဗျာ။ ကွန်ပျူတာတွေ ပေါ်လာတယ်။ အင်တာနက်တွေ ပေါ်လာတယ်။ သူများတွေဆီက အချက်အလက်တွေ ခိုးချင်နေတဲ့ သူခိုးတွေပါ ပေါ်လာတယ်။ Virus တွေပေါ့။ ဒါကို ထိန်းချုပ်ဖို့ Anti - Virus ကုမ္ပဏီတွေပါ ပေါ်လာခဲ့ကြတယ်။ ဒီကုမ္ပဏီတွေကလည်း နေ့တိုင်းယှဉ်ပြိုင်နေကြတာပါပဲ။ သူသာလိုက် ၊ ကိုယ်သာလိုက်ပါပဲ။ Virus ကို တစ်ခါတည်း ထိန်းချုပ်နိုင်ပြီ ဆိုပြီး ရှိမှ မရှိတာလေ။ ဘယ်တော့မှလည်း ရှိလာလိမ့်မယ် မဟုတ်ပါ။
                 
ဒီလိုပါပဲ။ ကိုယ်သိတာ တတ်တာလေးတွေဟာလည်း အချိန်နဲ့ အမျှ နေ့စဉ်တိုးတတ်နေတဲ့ နည်းပညာကို ဆက်ပြီး မလေ့လာဘူးဆိုရင် တစ်နေ့တော့ ကျန်ခဲ့မှာပါပဲ။ ဒါကြောင့် “ နည်းပညာဆိုတာ ရပ်နေလို့ မရပါဘူး။ ”



ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/792 မှာ 26.11.2009 က ရေးထားတာပါ။
.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: