မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 April 2010

3 Sorry




“ Sorry ” ဆိုတဲ့ စကားလုံးလေးက သေးကွေးပေမဲ့ သူရဲ့ အဓိပ္ပါယ် အားက ကြီးမားကျယ်ပြန့်ပါတယ်။ ရိုးရိုးသားသားနဲ့ ပြောတဲ့ အခါမှာ ဒဏ်ရာဟောင်းတွေ ပျောက်ကုန်ပြီး ၊ ဒဏ်ရာသစ်တွေ ကျက်ကုန်တယ်။ စကားများပြီး အခြေအတင်ပြော ဖြစ်မဲ့ ကိစ္စတွေ ပပျောက်စေပြီး လူတိုင်းကို စာနာ ခံစားနိုင်စေနိုင်တယ်။ တကွဲတပြားနဲ့ ကွဲလွဲနေတဲ့ ဘဝတွေကိုလည်း ပေါင်းစည်းပေးတယ်။ ခါးသည်းတဲ့ မုန်းတီးမှု ၊ ရန်လိုမှု တွေကို လည်း ကျေအေးသွားစေနိုင်တယ်။

“ Sorry ” ၊ ကိုယ့်ရဲ့ အမှားတစ်ခုခုကို တွေ့မိလို့ ရိုးသားစွာ တောင်းပန်နိုင်လောက်အောင် ကိုယ်က သဘောထားကြီးမယ် ဆိုရင် ကြေကွဲစရာတွေ များစွာကို ကယ်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ “ Sorry ” လို့ ပြောရတာ လွယ်တယ် လို့ ထင်မိစေပေမဲ့ ကိုယ်ထိခိုက် ခံစားနေရတဲ့ အချိန်ဆိုရင် အရာရာကို ဘက်ပေါင်းစုံ ၊ ရှုထောင့်ပေါင်းစုံက မြင်မိဖို့ မလွယ်ပါဘူး။ ဒီအချိန်မှာ သူများပြောတဲ့ “ Sorry ” စကားကိုလည်း မကြားမိ ၊ ကိုယ်ကလည်း “ Sorry ” ဆိုတဲ့ စကားကို မပြောမိတတ်ပါဘူး။

“ Sorry ” ဆိုတဲ့ စကားက လူတစ်ယောက်ရဲ့ “ မာန နဲ့ ဝင့်ကြွားမှု ” တွေကို အနိုင်ယူအောင်မြင်နိုင်ပါတယ်။ “ Sorry ” ဆိုသော စကားထက် ပိုပြီး လွယ်ကူစွာ ပြောရသော စကားမရှိပါ။ ချစ်ခင်စိတ် နဲ့ မေတ္တာတရားကို ဗဟိုပြုခဲ့မယ် ဆိုရင် မှားလို့ပဲ ဖြစ်စေ ၊ မှန်လို့ပဲ ဖြစ်စေ ဘယ်သူတွေ ဘာတွေ ဖြစ်ခဲ့ဖြစ်လဲ့ ဘာတွေကများ အရေးကြီးပါသလဲ။ ချစ်သော မျက်ဝန်းနဲ့သာ ကြည့်တတ်ရပါမယ်။ “ Sorry ” ဆိုသော စကားတစ်ခွန်းက မိတ်ဆွေတစ်ဦးကို အခင်မင်မပျက်အောင် ဆက်ထိန်းထားနိုင်ဖို့ အလွယ်ကူဆုံး နဲ့ အရင်းအနှီး အနည်းဆုံး စကားလေး တစ်ခုပါပဲ။

source; Sorry By Patience
ကိုဇော် တင်ပြသည်။
24.4.2010 - 2.51 AM

.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

sorry..ဆိုတဲ့ စကားလုံးလေးက စားလုံး၅လုံးနဲ့ ဖွဲ့စည်းထားပေမယ့်..
သိမ်မွေ့တယ်..နက်ရှိုင်းတယ်။ ကျေနပ်မှုတွေ ပေးစေတယ်။ ဒါပေမယ့် sorry ကို ခဏခဏ လွယ်လင့်တကူ မပြောချင်မိဘူး။ တကယ် လိုအပ်ချိန်မှာတော့ လေးလေးနက်နက် ပြောချင်မိတယ်။ sorryကို သူများကို မပြောဖြစ်အောင်လည်း ကြိုးစားရမယ်။

ရွှေနတ်သား said...

အမမြသွေးနီပြောသွားသလိုပါဘဲ
တတ်နိင်သမျှသူများကိုဆော၇ီးလို့ မပြော၇အောင်နေဖို့ ကြိုးစားပါတယ်ခင်မျာ

Unknown said...

“sorry ဆိုတဲ့စကားတစ်ခွန်းက မိတ်ဆွေတစ်ဦးကို အခင်မင် မပျက်အောင် ဆက်ထိန်းထားနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အရင်းနှီး အနည်းဆုံး စကားလေး တစ်ခုပါပဲ” ဟုတ်ပါတယ် လူဆိုတာ အမှားကို အနည်းနဲ့အများမကင်းတတ်ကြပါဘူး ကိုယ်ပြောမိ လုပ်မိခဲ့တဲ့ အမှားတစ်ခုကို ပြန်တောင်းပန်ဖို့အတွက် ပြောသင့်ပါတယ် မိတ်ဆွေတွေနဲ့ အခင်အမင် မပျက်ချင်ဘူးဆိုရင်ပေါ့ “sorry” အတွက် ကျေးဇူးတင်ပါတယ် ကိုဇော်