အခု တလော Fwd Mail ထဲမှာ မေးလ်လေး တစ်စောင်က တော်တော် ပျံပြီး ပို့နေကြတယ်။ ကျွန်တော့်ဆီကို အကြိမ်ကြိမ် ရောက်လာခဲ့တယ်။ မူရင်း ရေးသူကို ကျွန်တော် မသိပါ။ သို့သော်. . . ကျွန်တော် စဉ်းစားမိတာလေး တင်ပြချင်ပါတယ်။ မူရင်း စာလေးက ဒီလို ဆိုပါတယ်။
ဒီပုံပြင်က ဂျပန်မှာ တစ်ကယ်ဖြစ်ပွားခဲ့တယ်လို့ ဖတ်ရပါတယ်။ တစ်ခါက လူတစ်ဦးသည် အိမ်ပြင်ရန်အတွက် အိမ်နံရံများကို ဖျက်ချခဲ့သည်။ ဂျပန်စတိုင်လ် အိမ်နံရံများသည် အလယ်တွင် ပျဉ်အရင်ခံပြီး ဘေးနှစ်ဖက်ကို အုတ်ဖြင့် ပြန်စီထားခြင်းဖြစ်သည်။ ထိုကြောင့် နံရံ အလယ်မှာ အခေါင်းပေါက်ဖြစ်နေသည်။ သူသည် နံရံကို ဖျက်ချစဉ် နံရံအတွင်းတွင် အိမ်မြှောင်တစ်ကောင်အား တွေ့မိသည်။ အိမ်မြှောင်၏ အမြီးသည် သံချောင်း တစ်ချောင်းနှင့် ရိုက်မိနေသည်ကို ထူးဆန်းစွာ တွေ့မိသည်။
မလှုပ်သာ မခံသာ သနားစရာ အိမ်မြှောင်အား ရိုက်မိနေသော သံချောင်းကို သူသေချာ ကြည့်လိုက်မိသည်။ ထို သံချောင်းမှာ လွန်ခဲ့သော (၁၀)နှစ် အိမ်ဆောက်စဉ်က ရိုက်ခဲ့သော သံဖြစ်ကြောင်း သူအံသြစွာ တွေ့လိုက်သည်။ (၁၀)နှစ်အတွင်း အိမ်မြှောင်ဘယ်လို အသက်ရှင်ခဲ့သလဲ... မှောင်မဲနေတဲ့ နံရံအတွင်း မသွားနိုင် မလှုပ်နိုင်ဘဲ အသက်ရှင်ဖို့က သိပ်မလွယ်ကူလှပေ။ အိမ်မြှောင် မည်ကဲ့သို့ အသက်ရှင်နေခဲ့သည်ကို သူအရမ်း သိချင်နေမိသည်။
နံရံကို ဆက်မဖျက်တော့ဘဲ (၁၀)နှစ် အတွင်း အသက်ဆက် ရှင်နေသော အိမ်မြှောင်ကို သူစူးစမ်းခဲ့သည်။ သိပ်မကြာလိုက်ပါ။ အစာကိုက်ချီထားသော အိမ်မြှောင် နောက်တစ်ကောင်ကို သူ တွေ့လိုက်မိသည်။ သူခဏသာ မင်သက်သွားမိသည်။ (၁၀)နှစ်လုံးလုံး မပျက်မကွက် အစားကိုက်ချီ ကျွေး မွေးခဲ့သော နောက်အိမ်မြှောင်ဟာ ဒီအိမ်မြှောင်နဲ့ ဘာတော်သလဲ။ ဒါဟာ ဘယ်လို မေတ္တာမျိုးလဲ။ အဲဒီအိမ်မြှောင်ဟာ သူရဲ့ မိသားစုလား... သူငယ်ချင်းလား... မောင်နှမလား.... ဒါမှမဟုတ်.....
ဒီပုံပြင်ကို ဖတ်မိပြီး ရင်ထဲကို အမည်မသိ ဝေဒနာတခု တိုးဝင်လာခဲ့မိတယ်။ ဒီလောကကြီးဟာ အရာရာ တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ကလဲ လွယ်ကူ မြန်ဆန်လာခဲ့တယ်။ ဒါပေမယ့် တစ်ဦးအပေါ်တစ်ဦးထားတဲ့ မေတ္တာနဲ့ နားလည်မှု စိတ်တွေကတော့ ဝေး.....ဝေး....ဝေး....လို့ ..။
အထက်ပါ အတိုင်း ဒီလို ရေးထားပါတယ်။ ကျွန်တော် တစ်ခုတော့ စဉ်းစားမိပါတယ်။ သတ္တဝါတွေမှာ အန္တရာယ်ကို ရင်ဆိုင်ဖို့အတွက် သူ့ဖာသာ သဘာဝကြီးက အလိုလို ဖြည့်ဆည်းပေးထားတတ်ပါတယ်။ ဥပမာ - မြင်းဆို အပြေးမြန်မယ်။ နွားတွေ ၊ ကျွဲတွေဆို ဦးချိုတွေပါမယ်။ တောဝက်တွေဆို အစွယ်ပါမယ်။ ဒီလိုပဲလေ။
သတ္တဝါတွေထဲမှာ အမြီးနဲ့ ခန္ဓာကိုယ် တစ်ရွယ်တည်းနီးပါ ရှိနေတဲ့ အထဲမှာ အိမ်မြှောင်ကလည်း တစ်ကောင်အပါအဝင်ပေါ့။ ဒါပေမဲ့ .. အိမ်မြှောင်မှာ ထူးဆန်းတာက သူရဲ့ သဘာဝကိုက သူ့ကို တိုက်ခိုက်လာတဲ့ ရန်သူကို မျက်စိမှားပြီး သူအထင်နဲ့ ကိုယ်လွတ်ရုံးလို့ရအောင် သူက သူ့အမြီးကို ဖြတ်ပြီး ပြေးလို့ရတယ်။ ဒီလို အမြီးဖြတ်တဲ့ အတွက် သူ့မှာ သေစရာအကြောင်းလည်း မရှိပါ။ သူ့ အမြီးကလည်း အသစ်ထွက်လာတာပါပဲ။
အခု ဒီစာလေးမှာ အိမ်မြှောင် အမြီးကို ၁၀ နှစ်လုံးလုံး အိမ်ရိုက်သံက စူးဝင်နေတယ် ဆိုတော့ ကျွန်တော် လည်း တကယ်ကို အံ့သြရပါတယ်။ ရန်သူနဲ့ တွေ့ရင်တောင်မှ အမြီးဖြတ်ထားပြီး ပြေးတတ်တဲ့ အိမ်မြှောင်က အခု အမြီးကြီးတစ်ခုလုံးကို သံအရိုက်ခံရတာကို ဘာလို့ သူ အမြီးဖြတ်မပြေးတာလဲ။ တကယ်လို့ ခန္ဓာကိုယ်ကို သံစူးဝင်နေတယ် ဆိုရင် ကျွန်တော် လက်ခံပါတယ်။
ဒီတော့ အမြီးကို သံစူးဝင်နေတာကို တခြားသတ္တဝါတွေထက် ထူးခြားသော သဘာဝလက်ဆောင်ရထားတဲ့ အိမ်မြှောင်က ဘာလို့ သူ့အမြီးကို ဖြတ်မပြေးတာလဲ။ သူက အပျင်းကြီးတဲ့ အိမ်မြောင်လား ၊ ဒါမှ မဟုတ် ယောက်ျားလုပ်စာ ထိုင်စားချင်တဲ့ အိမ်မြှောင်လား (သို့) မိန်းမလုပ်စာ ထိုင်စားချင်တဲ့ အိမ်မြှောင်လား။ ဒီလို လား...၊ လား...၊ လား...ပေါင်းများစွာနဲပဲ...ကျွန်တော် စဉ်းစားလို့ မကုန်တော့ပါဘူး။
နောက်တစ်ချက် ကတော့ တိုပြီးတော့ ပြတ်ပါတယ်။
အိမ်မြောင်ဆိုတာ ၁၀ နှစ် သက်တမ်း ရှိပါ့မလား။ စဉ်းစားပါဦး။
ကဲ. . သူငယ်ချင်းကရော . . တစ်ခုခုလေးပေါ့။ ဘယ်လို စဉ်းစားမိလဲ။
ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/791 မှာ 26.11.2009 က ရေးထားတာပါ။
.
3 ယောက် ရဲ့ ထင်မြင်ချက်:
ယုတ္တိဗေဒနည်းနဲ့ကြည့်မယ်ဆို၇င်တော့မှားတယ်၊မဖြစ်နိုင်ဘူး၊ယုတ္တိမရှိဘူးဆိုနိုင်ပါတယ်...အတိဿ၇၀ုတ္ထိအလက်ာမြောက်ေ၇းဖွဲ့ထားတာပေါ့.....လွန်လွန်ကျုးကျုးဖြစ်သွားတာကိုး....
အဲဒီစာေ၇းသူက တကယ့်အဖြစ်အပျက်လို့မသုံးခဲ့၇င်
ပိုကောင်းမယ်...
ဘာပဲဖြစ်ဖြစ် စေတနာပါတဲ့စာပုဒ်လေးဖြစ်တယ်ဆီုတာတော့သိနိုင်ပါတယ်.......။
အပေါ်ကကိုအောင်မော်ပြောသလိုပါဘဲဗျာ
သူပေးချင်တဲ့ မက်ဆေ့လေးပေါ်မှာဘဲမြင်
ကြည့်လိုက်ပါတယ်
ကျွန်တော်လဲဖတ်ပြီးပြီးချင်းတော့ တော်တော်လေးခေါင်းစားသွားပါတယ်..နောက်အိမ်မြှောင်တွေဟာ ၁၀နှစ်နေထိုင်နိုင်ပါ့ မလားဆိုတာအရင် စဉ်းစားကြည့် မိပါတယ်...သတိရမိတာတစ်ခုရှိ ပါတယ်..၁၉၉၉ ခုနှစ် ကျွန်တော် ၁၀တန်းကျောင်းသား ဘ၀ကပါ...ကျွန်တော့် အိမ်ရှေ့ အုန်းပင်မှာ အိမ်မြှောင်အမြှီးနှစ်ခွ တစ်ကောင်ကိုတွေ့ ပါတယ်..ဒါနဲ့ ကျွန်တော်ဖမ်းမယ်လုပ်တော့ အုန်းပင်ပေါ်တက်ပြေးတာနဲ့  မမိလိုက်ပါ..ဟဲဟဲ ဖမ်းတယ်ဆိုတာကလဲ..အိမ်မြှောင်အမြှီးနှစ်ခွ ဆောင်ထားရင် စော်ကြည်တယ်ငွေဝင်တယ် ဘာညာကြားဖူးထားတာကိုး..နောက်တော့တစ်ခါမှမတွေ့ တော့ ပါ....ဒီလိုနဲ့ ၂၀၀၂တွင် မလေးသို့ ရောက်လာပါတယ်..၂၀၀၈ဆယ်လပိုင်းတွင်မြန်မာပြည်သို့ ပြန်ဖြစ်ပါတယ်..ဒီလိုနဲ့ အိမ်မှာနေလိုက်တာ တစ်နှစ်ခန့် ကြာတော့ အမှတ်မထင် ၁၀တန်း ကျောင်းသားဘ၀က တွေ့ ခဲ့ သည့် အိမ်မြှောင်အား ပြန်တွေ့ ပါတယ်..ဒါနဲ့ ကျွန်တော်လဲရအောင်ဖမ်းပြီး ဗူးတစ်ခုထဲထည့် ပြီးလှောင်ထားပါတယ်..အဲ ထူးဆန်းတာတစ်ခုက ထိုအိမ်မြှောင်ရှိရာကို အခြားအိမ်မြှောင်များဝိုင်းအုံလာခြင်း ပါဘဲ...ဒါနဲ့ ကျွန်တော်လဲ ပြန်လွတ်ပေးလိုက်ပါတယ်..၂၀၁၀မှာ ကျွန်တော် မလေးကိုပြန်လာဖို့ လုပ်ပါတယ်..စဉ်းစားမိတာက မလေးပြန်ရောက်ရင် အလုပ်အဆင်ပြေဖို့  ဒီအိမ်မြှောင်ကို ဖမ်းပြီးခေါ်သွားရင် ကောင်းမလားလို့ ပါ(တကယ်တော.ရူးတာပါ)အဲနောက်တစ်ခေါက်ပြန်ဖမ်းဖို့ လုပ်တော့ တော်တော်ရှာယူလိုက်ရတယ်...သုံးရက်လောက်ရှာလိုက်တော့ တွေ့ ပါတယ်..ဖမ်းတော့ လဲ သူကလွတ်ဖို့ ကြိုးစာပါတယ်...ကျွန်တော်သူကို မသေစေလို ပါဘူး...သူကလဲ ရုန်းရင်းနဲ့  အမြှီးကိုဖြတ်ပြီးထွက်ပြေးသွားပါတယ်..ဒါနဲ့ အမြှီးကိုပဲ အိပ်ထဲထည့် ပြီးသိမ်းထားလိုက်ပါတယ်..အခုထိ ကျွန်တော့် မှာရှိနေဆဲပါ...ရေးရင်းနဲ့ စာတောင်ရှည်သွားပါပြီ..ပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ အိမ်မြှောင်တစ်ကောင်ဟာ ၁၀နှစ်သက်တမ်းနေထိုင်နိုင်လောက်တယ်ဆိုတာကိုပါ...စဉ်းစားကြည့် လေ အိမ်မြှောင်အမြှီးနှစ်ခွဆိုတာ အကောင်တစ်သောင်းမှာတစ်ကောင်တောင်ရှိချင်မှရှိမှာပါ...ဒါကြောင့် ကျွန်တော်၁၀နှစ်ကြာပြီးမှပြန်တွေ့ ရတဲ့ အိမ်မြှောင်ဟာ ဘယ်နည်းနဲ့ မှနောက်တစ်ကောင်မဖြစ်နိုင်ဘူးလို့ တော့ ထင်ပါတယ်..တကယ်လို့ သာ အိမ်မြှောင်တစ်ကောင်ဟာ ၁၀နှစ်နေထိုင်နိုင်တယ်ပဲဆိုပါစို့ ...အဲဒီအိမ်မြှောင်ဟာ ဘာကြောင့် အမြှီးဖြတ်ပြီးထွက်မပြေးသလဲဆိုရင် ကျွန်တော့်အထင်ပေါ့ လေ..တစ်ကောင်ကပေးနေတဲ့ ချစ်ခြင်းတရားအတွက်ကြောင့်ပဲဖြစ်ပါလိမ့် မယ်...သံဆူးနေတဲ့ တစ်ကောင်အနေနဲ့ သူအမြှီးဖြတ်ပြေးရင် အစာလာကျွေးနေတဲ့ တစ်ကောင်က သူ့ အပေါ်အကြင်နာတွေလျော့သွားမှာစိုးလို့ နေမှာပေါ့ နော်...အကြင်နာတရားက သက်ရှိတိုင်းအတွက် အင်မတန် အင်အားကြီးမားတယ်ဆိုတာ လူတိုင်းအသိပါ...အချစ်အကြောင်းအများကြီးမပြောတတ်လို့ ပါ...ပြောတတ်ခဲ့ ရင် သူအမြီးဖြတ်မပြေးရချင်းက အချစ်ကြောင့် ပဲဖြစ်လိမ့် မယ်လို့ ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ပြောပြချင်တယ်ဆိုတာပါပဲ...
Post a Comment