မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 April 2010

3 ဘဝ သင်ခန်းစာများ



ကျွန်တော့်ဘဝမှာ တောင်းဆိုဖူးတာ ဆိုလို့ တစ်ခုပဲ ရှိပါတယ် “ ကျွန်တော့်ရဲ့ တာဝန်တွေကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့ စွမ်းအား လုံလုံလောက်လောက်သာ ပေးပါ “ ဟုသာ။ ဒီလောက်သာ ကျွန်တော် တောင်းဆိုဖူးပါတယ်။ ဒီထက် ပိုပြီး ကျွန်တော် မတောင်းဆိုဖူးပါ။

စိတ်ဒုက္ခ နဲ့ စိတ်ဖိစီးမှုက လွတ်ကင်းအောင် ကျွန်တော် ဆုမတောင်းပါ။ ပေးအပ်လာတဲ့ အလုပ်တွေကို အောင်မြင်အောင် လုပ်နိုင်မဲ့ စွမ်းရည်ပဲ အလိုရှိပါတယ်။ အခက်အခဲကို မကြုံတွေရပါစေနဲ့ လို့ ကျွန်တော် ဆုမတောင်းပါ။ တာဝန် မပျက်ကွက်သော ၊ မညည်းညူတတ်သော ၊ အလျှော့ မပေးတတ်သော ၊ ကြေကွဲစိတ် မဖြစ်တတ်သော သူတစ်ယောက်သာ ဖြစ်လိုပါတယ်။

အလုပ်ဆိုရင် ကျွန်တော့်အတွက် လွယ်ကူသော အပိုင်းကိုသာ ရဖို့ ဆုမတောင်းပါ။ အခက်အခဲကို ဖြတ်ကျော်ရဲတဲ့ စိတ်ဓါတ်အင်အား နဲ့ နှလုံးသားကိုသာ လိုချင်ပါတယ်။ ဘယ်လောက်ပဲ အခက်အခဲ ကြုံနေပါစေ အကောင်းဆုံးဖြစ်အောင် လုပ်ပြနိုင်သော ၊ ပြဿနာတွေကို ဖြေရှင်းနိုင်သော သတ္တိကိုသာ အလိုရှိပါတယ်။

ပျော်ရွှင်ငြိမ်းအေးစွာ ၊ သက်တောင့်သက်သာ နဲ့ လျှောက်ရဖို့ လမ်း ကို မတောင်းဆိုပါ။ မုန်တိုင်းကြမ်းကြမ်း ၊ ရေလွှမ်းလွှမ်း ၊ တောင်မတ်မတ် ၊ ခရောင်းထူထူ ၊ ကျောက်ခဲပေါပေါ ၊ ဗွမ်းအနှမ်းနဲ့ ၊ ဒါတွေကို ဖြတ်ကျော်နိုင်စွမ်းကိုသာ လိုချင်ပါတယ်။

သာယာအေးဆေးတဲ့ သွန်သင်ဆုံးမ လမ်းညွှန်ကြားမှုတွေ မတောင်းဆိုပါ။ ကျွန်တော့်လုပ်ရပ်နဲ့ အပြောအဆိုထဲက ကိုယ့်အတ္တကို အောင်နိုင်ပြီး ဘဝက သင်ကြားပေးမဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူရင်း ကြယ်အလင်းရောင်ကို လမ်းပြစေကာ ဘဝရဲ့ လမ်း အဖုအထစ် ၊ အခက်အခဲတွေကို လက်ခံ သင်ယူနိုင်စေသော အင်အားကိုသာ ကျွန်တော် လိုချင်ပါတယ်။


source; Life's Lesson By Patience Strong
ကိုဇော် ခံစားပုံဖော်သည်။
7.4.2010 – 3.06 AM



.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ဖတ်ယူမှတ်သားသွားပါတယ်...

သရဲ said...

ဒီစာမူရင်းက ရာဘင်ဒြာ နတ်တဂိုးရဲ့ ကဗျာနဲ့ အိုင်ဒီယာ တူနေပါ့လား။ ဘုရားဆုတောင်းကဗျာလေး။

မြသွေးနီ said...

အဲ...
တော်တော်ကောင်းတဲ့ ဆုတောင်းနည်း ။
ဆုတောင်းပုံက ..
" သားရွှေအိုးထမ်းလာတာမြင်လိုပါ၏ " ဆိုတဲ့ ဆုတောင်းမျိုး။
ကျွန်မကတော့ ဒီလိုဆုတောင်းတယ်....
" ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျရပါလို၏ "