မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 April 2010

4 မိန်းမ ၊ ယောက်ျား ကွဲကွဲပြားပြား




ဒီနေ့ စိတ်ကလည်း နည်းနည်း “ လေ ” နေလို့ ပို့စ် အသစ်ဆိုလို့ ဒီပို့စ်တစ်ခုပဲ တင်ပြီး ကျန်တာအားလုံးကတော့ အရင်က ရေးထားတာတွေပဲ ပြန်တင်လိုက်ပါတယ်။

စိတ်တွေကလည်း ညစ် ၊ ရင်ထဲမှာလည်း မကောင်း . . . . ။

ဒီပို့စ်ကတော့ ကျွန်တော် ရှည်ရှည်လျားလျား ရေးမယ်လို့ စဉ်းစားထားတဲ့ ပို့စ်လေးထဲက အတွေးလေး တစ်ခုပါပဲ။ ဒီလို . . . .

လူတွေက ပြောကြတယ်။ ယောက်ျားနဲ့ မိန်းမ မှာ ဘာများကွဲပြားလဲပေါ့။ ရုပ်ဝတ္ထုအကောင်တွေကို မတွေးပါနဲ့။ စိတ်ကြောင့် ဖြစ်လာတဲ့ ရုပ်ဝတ္ထု အကြောင်းကို စဉ်းစားကြည့်မယ်။ ဥပမာ - အဝတ်အစား။

ဒီမှာ ယောက်ျားနဲ့ မိန်းမ အဝတ်အစားဝတ်တာမှာ သတ်မှတ်ချက် လိုလို ၊ စကားပုံ လိုလို စကားလေး တစ်ခွန်း ရှိတယ်။ ဒါကတော့. . .

* ယောက်ျားတွေက လှချင်လာပြီ ဆိုရင် ဘယ်လောက်ပူပူ အင်္ကျီလက်ရှည် နဲ့ ဘောင်းဘီရှည်။

* မိန်းမတွေက လှချင်လာပြီ ဆိုရင် ဘယ်လောက် အေးအေး ချမ်းချမ်း အင်္ကျီလက်ပြတ် ၊ စကတ် တိုတိုနံ့နံ့။

နဲ့တဲ့။ တကယ်လည်း အပြင်မှာ ဒီအတိုင်းပါပဲ။

ကျွန်တော်တို့ ယောက်ျားလေးတွေ လှပချင်လာပြီ ဆိုရင် နွေရာသီမှာ သူများတွေ ပူလို့ စွပ်ကျယ် ဝတ်နေတဲ့ အချိန်မှာ ကိုယ်က “ အလောင်းကုတ် အဲ . . လောင်းကုတ်ကြီး ” နဲ့။ ဒီလိုတွေ ဖြစ်နေတတ်တယ်။

မိန်းကလေးတွေကလည်း သူများတွေ အေးလွန်းလို့ စောင်တွေခြုံ ၊ အနွေးထည်တွေ ထပ်ဝတ်နေတဲ့ အချိန်မှာ လှချင်လာတော့ ဝတ်လိုက်တာမှ ပြတ်လတ်ထွက်နေတာပဲ။ “ အေးလေ ရှိသူတွေကျတော့ ပြချင်တာပေါ့ ” လို့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောဖုူးတယ်။

ဒါနဲ့ပဲ . . . . 

စောင့်ဖတ်ပေးပါ။ ကျွန်တော် ခပ်ရှည်ရှည် ရေးပါမယ်။ အခုတော့. . . . ညစ်. . နေ. . .လို့ . . ။

ကိုဇော်

.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ညစ်နေတာတွေ..လစ်သွားအောင် အီလန်
၇ှိတယ်.....ခိခိခိ
ဒီလိုပါဘဲဗျာ.....ပျော်အောင်ကြံဖန်ပြီးနေနေ၇တာဘဲ.....ဆက်ေ၇းအုံး..တန်းလန်းကြီး

Flower said...

မိဇော် ညည်းကအခု အလောင်းကုတ်
အဲလေ လောင်းကုတ်ကြီးနဲ့လား..
လှချင်နေတယ်ဆိုပါတော့
အင်း အလောင်းကုတ်ကြီးနဲ့ မကျေနပ်ရင်
ဝက်ဝံရေလေးခြုံပြီး နေပေါ့အေ..
ဟုတ်ပ ရေးရင်လဲ ပြီးအောင်ရေးပါလား
ဘာလဲအကြွေးရှင်က အကြွေးပြန်ဆပ်ဖို့တောင်းနေလို့
ညစ်နေတာလား..
မိညိုနဲ့ မိမြစ်ကို အကူအညီတောင်းလိုက်
သူတို့လျှောက်သီးဆေးပြားရောင်းပြီးဆပ်ကူလိမ့်မယ်..

ကိုရီး{ကိုကြီး} said...

ဦးဇော်ရေ
ဆက်ဆွဲဗျ။ စောင့်ဖတ်နေမယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

Unknown said...

ကိုဇော်အကူအညီတောင်းချင်လို့ရမလား?
ကျွန်တော်ကအခုမှဘလောတ်ကိုစလုတ်တာဘာ။ဒါဘေ
မယ့်ဘာမှမလုပ်တက်တော့အခက်လေးတွေရှိနေတယ်
မကွယ်မဖွက်ပြောရရင်စာမတက်တာပေါ့ဗျာ
ဒါတွေကိုစိတ်ဝင်စားတော့ဘယ်လိုလုပ်ရမလည်း......?
ကိုဇော်လိုဖြစ်ချင်တယ်.....
မိုးကုတ်သား...
mogok200blogspot.com