မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 April 2010

2 စွတ်ကြောင်းများ





ကျွန်တော်တို့ နေ့စဉ် ထိတွေ့နေရသော ဓလေ့ရိုးရာ ၊ အလေ့အကျင့် ၊ အာဃာတ ၊ မာန်မာန နှင့် အလိုရမ္မက် တွေကြောင့် တိုးတတ်မှုဖြင့် ကြီးထွားရှင်သန်နေသော မျှော်လင့်ခြင်း တောအုပ်ငယ်လေးတွေကို မသိမသာ မှားယွင်း ခုတ်ဖြတ်မိတတ်တယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ဟာ ရှေးရှေးက လူတွေ ဖောက်လုပ်သွားခဲ့တဲ့  လမ်းဟောင်း စွတ်ကြောင်းများထဲမှာပဲ လည်ပတ်နေရပါလိမ့်မယ်။

လူဆိုတာ မိမိစိတ်ထဲမှာ ကြိုတင် သပ်ရိုက်သွင်းထားတဲ့ စိတ်ကူးတွေ ၊ စွဲထင်ထားတတ်တဲ့ အတွေးတွေ နဲ့ ပြောဆို  ၊ တွေးတော ၊ ဆုံးဖြတ်မိတတ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်နေရာထိုင်ရာ တောအုပ်ငယ်ငယ်လေးမှာ လေပြေတွေနဲ့ ငြိမ်းချမ်းနေစေချင်တာကိုး။ ဒါကြောင့် သူများတွေ ပြောတဲ့ ထုံးစံဆိုတဲ့ နောက်ကို ကောက်ကောက်ပါအောင် လိုက်မိတတ်ကြတယ်။

သို့သော် မကြာမဏ ကိုယ့်အတွေးတွေကို ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်အတွေးတွေက မှိုတတ်ပြီး သိုးစော်နံနေပြီ ဆိုရင်တော့ မိမိဟာ ဘဝ စွတ်ကြောင်းဟောင်းကြီးထဲမှာပဲ ရှိနေဆဲ ဆိုတာ သတိရပါ။ စွတ်ကြောင်းဟောင်းကြီးထဲက ရုန်းထွက်ပြီးမှ သစ်လွင်သော အမြင်ဆန်းသစ်တဲ့ ဘဝလမ်းကြောင်းကို ရှာတွေ့နိုင်ပါလိမ့်မယ်။ 

အတွေးသစ် ၊ အမြင်သစ်တွေဆိုတာ မနက်စောစောမှာ နှင်းရည်ကို သောက်သုံးပြီး ပွင့်လာတဲ့ ပန်းလေးလိုပဲ လတ်ဆတ်ပါတယ်။ ဒီလို လတ်ဆတ်မှု ဆိုတာ စွတ်ကြောင်းဟောင်းကြီးရဲ့ အပြင်ကို ထွက်ပြီး ကိုယ်တိုင် မျှော်ကြည့်လိုက်မှ အခြားအမြင်သစ်တစ်ခုကို တွေ့လာရမှာ ဖြစ်တယ်။

အချိန်ဆိုတာ ပြောင်းလဲခြင်း နိယာမ ဖြစ်ပေမဲ့ ဟောင်းနွမ်းသွားခြင်း မရှိပဲ အမြဲတမ်း သစ်လွင်နေပါတယ်။ အချိန်နဲ့ အလိုက် ကမ္ဘာကြီးကလည်း နုပျိုလတ်ဆတ်မှုနဲ့ အတူ ရင်ဘောင်တန်းရင် လောကအလှ သစ္စာကို ရှာဖွေ ရွေ့လျားနေပါတယ်။ 

ဒီလို နုပျိုလတ်ဆတ်မှုတွေ ကြားထဲမှာ ကိုယ်က ဘာလို့ သူများတွေ ဆွဲထားနဲ့တဲ့ စွတ်ကြောင်းဟောင်းကြီးထဲက ရုန်းမထွက်နိုင်ပဲ တွေဝေငေးမောစွာ ရွေ့လျား နေရမှာလဲ။  ဒါကြောင့် ရှေးရှေးက ကိုယ်ထွေးပွေ့ထားတဲ့ ရှေးဟောင်း အယူအဆ စွတ်ကြောင်းတွေထဲက ရုန်းထွက်ပြီး လတ်ဆတ်သန့်ရှင်းနဲ့ အပြင်လောကကို လှမ်းကြည့်လိုက်ပါ။ ဒီလိုပဲ ကမ္ဘာသစ်ထဲမှာ ရှင်သန်နိုးကြားလိုက်စမ်းပါ။ စွတ်ကြောင်းဟောင်းတွေထဲမှာ တိမ်းမူးနေရင်တော့ တန်ဖိုးရှိလှတဲ့ ဘဝ ပျက်သုဉ်းရမှာပါပဲ။

source; Ruts By Patience Strong
ကိုဇော် ပုံဖော်သည်။
5.4.2010 - 3.31 AM

.                  

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

စွတ်ကြောင်းတွေထဲက ထိုးဖောက်ထွက်ဖို့...
၁။ risk - စွန့်စားမှု
၂။ confidence - မိမိကိုယ်ကိုယုံကြည်မှု
၃။ knowledge - ဗဟုသုတ
..ဒါတွေလိုမယ်ထင်တယ်နော်။
ဒါတွေပြည့်စုံနေလျှက်နဲ့ ထိုးဖောက်မထွက်နိုင်သေးဘူး ဆိုရင်တော့...။

Unknown said...

မမြသွေးနီပြောတာလက်ခံတယ်ဗျာ...