ပန်းတိုင်ရှိရာ
ဒူးမတုန် နဲ့  ကလေး
ဒီလို ထရပ်လိုက်တာကို က
ခြေလှမ်းတွေ စနိုင်ဘို့ အတွက် ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြိး လှမ်းရမှာ။
ကြောက်စိတ်မ၀င်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲရင်ပြဲမယ်
နဖူးကွဲချင်လည်းကွဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေ စကြမယ်။
လေးဘက်တွားရင်း ကျေနပ်
ထပြီး မရပ်ဘဲ နေမယ့်အစား
ရပ်စမ်း လဲစမ်း ကွဲစမ်း
ရဲရဲကလေးလှမ်း (ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။
မောင်စိန်ဝင်း (ပုတီးကုန်း)
ဒီလို ထရပ်လိုက်တာကို က
ခြေလှမ်းတွေ စနိုင်ဘို့ အတွက် ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြိး လှမ်းရမှာ။
ကြောက်စိတ်မ၀င်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲရင်ပြဲမယ်
နဖူးကွဲချင်လည်းကွဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေ စကြမယ်။
လေးဘက်တွားရင်း ကျေနပ်
ထပြီး မရပ်ဘဲ နေမယ့်အစား
ရပ်စမ်း လဲစမ်း ကွဲစမ်း
ရဲရဲကလေးလှမ်း (ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။
မောင်စိန်ဝင်း (ပုတီးကုန်း)
ကိုတိုးကြီး ဆီမှ မျှဝေ တင်ပြပါသည်။
ကိုဇော်
.
3 ယောက် ရဲ့ ထင်မြင်ချက်:
သူငယ်ချင်း ဒီကဗျာလေး တော်တော်သဘောကျတယ်။
ကလေးလေးတွေလဲကျရင် ပြန်ထူပေးမယ့်သူ၊ ဆက်လျှောက်ဖို့ အားပေးတဲ့သူတွေရှိတယ်လေ။
ငါတို့တွေကတော့ လဲကျခဲ့ရင်ကိုယ့်ဘာသာပြန်ထူ၊ စိတ်ဓါတ်ခွန်အားတွေးမွေးပြီး ဆက်လျှောက်ခဲ့ရတာပါပဲ။
ငါအရမ်းကြိုက်တဲ့ ဆောင်ပုဒ်လေးရှိတယ်။
“လဲကျပြန်ထ ဒါဘဝ” လေ။
အဲဒီကဗျာလေးတော်တော်ကြိုက်တယ်ဗျာ
ဒီကဗျာလေး မျှဝေပေးတာ ကျေးဇူးဘဲ.. ငါလည်း ကြိုက်တယ်...
Post a Comment