တစ်ခါတလေတော့လည်း ကျွန်တော့်ဖာသာပဲ အတွေးများခေါင်တာလား မသိဘူးဗျာ။ လျှောက်တွေးမိတယ်။ အခုတော့ အတူတူ တွေးကြည့်ရအောင်။
ကျွန်တော် ငယ်ငယ်ကဖတ်ရတဲ့ စာအုပ်တွေမှာ ရေးကြတယ်။ လေပြင်း မုန်တိုင်းတိုက်လို့ တစ်ညတာ ဟိုဘက် ဒီဘက်ကမ်းလေးခြားပြီး ဝေးကြရတာကို “ ------ပေါင်း ၇၀၀ ” လွမ်းကြတယ် ဆိုတဲ့ ကိန္နရီ ၊ ကိန္နရာ ဇာတ်လမ်းလေးကိုလေ။ ဒီမှာ တချို့ ဆရာတွေက “ နှစ်ပေါင်း ၇၀၀ ” လို့ ရေးတယ်။ တချို့ဆရာတွေကျတော့ “ ရက်ပေါင်း ၇၀၀ ” လို့ ရေးကြတယ်။
ဘယ်ဟာ အမှန်လဲ ၊ ဘယ်ဟာ အမှားလည်းလို့တော့ ကျွန်တော့်မှာ ဆရာတွေကို ဝေဖန်နိုင်ဖို့ အင်အား မရှိပါ။ သို့သော် ဆရာတွေကတော့ သူတို့ သန်ရာ သန်ရာ ရေးကြပါတယ်။
ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ နှစ်နဲ့ချီပြီး တွေးနေခဲ့တာ တစ်ခု ရှိတယ်ဗျာ။ ဥပမာ - စာဖတ်သူမှာ ချစ်သူရှိတယ်ပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ဝေးနေကြတယ် ဆိုပါစို့။ မတွေ့ရတာကို ဘယ်လိုများ ၊ ဘယ်လောက်များ လွမ်းလေလိမ့်မလဲ။
တကယ်တော့ဗျာ။ ချစ်သူတွေ မဆိုကြပါနဲ့။ ချစ်ခင်ကြသော သူငယ်ချင်းတွေတောင်မှ ဝေးနေရရင် နှစ်ပေါင်းများစွာ သတိရ ၊ လွမ်းတတ်ကြတာပဲလေ။ ၄ ၊ ၅ နှစ်ကြာအောင် မတွေ့ရတာတောင်မှ မေးမိတယ် ၊ ပြောမိတယ်. ဒီလို သူငယ်ချင်းတွေ အများကြီးပါ။ ပြန်တွေ့ကြပြန်တော့လည်း အရင်က အကြောင်းတွေ ပြောရင်း သတိရတတ် ၊ လွမ်းတတ်ကြတယ်လေ။ ဒါမျိုးနဲ့ ချစ်ခင်ရင်းနှီးမှု အရ နှစ်ပေါင်းများစွာ သတိရ ၊ လွမ်းနေတတ်ပါတယ်။
တစ်နှစ်မှာ ၃၆၅ ရက် ၊ နှစ်နှစ်ဆိုရင် ရက်ပေါင်း ၇၃၀။ ဒါဆိုရင် ရာဇဝင်နဲ့ကို ချီပြီး လူတွေ ပြောပြောနေတဲ့ ကိန္နရီ ၊ ကိန္နရာ တွေရဲ့ အလွမ်းဟာ ရက်ပေါင်း ၇၀၀ ဆိုတာ ဖြစ်နိုင်ပါတော့မလား။ ရက်ပေါင်း နဲ့သာ ၇၀၀ ၊ နှစ်နဲ့ တွက်လိုက်ရင် နှစ်နှစ်တောင်မှ မရှိတော့ဘူးလေ။
တကယ်တော့ ကိန္နရီ ၊ ကိန္နရာ တွေ ဆိုတာ နှစ်ပေါင်း ထောင်ချီပြီး နေထိုင်နိုင်သူတွေပါ။ အဲဒီခေတ်တုန်းကပေါ့လေ။ အခုတော့ ကိန္နရီ ၊ ကိန္နရာ တွေရှိသေးလား ၊ မရှိတော့ဘူးလား ကျွန်တော်လည်း မသိတော့ဘူး။ ဒါဆိုရင် နှစ်ပေါင်း ထောင်ချီနေနိုင်သူတွေ အနေနဲ့ သူတို့ လွမ်းမယ် ဆိုရင် “ နှစ်ပေါင်း ၇၀၀ ” လို့ပဲ ကျွန်တော် ယူဆမိတယ်ဗျာ။
သူတို့ဟာ လက်ရှိ နှစ်ပေါင်း ၂၅၀ ကျော် ၊ ၃၀၀ လောက်မှ လေပြင်မုန်တိုင်းကြောင့် တစ်ညတာ ဟိုဘက် ဒီဘက်ကမ်း ဝေးသွားကြတာကို နောက်ထပ် သူတို့ နေထိုင်ခွင့်ကျန်နေခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လုံးလုံး လွမ်းသွားလို့ “ ကိန္နရီ ၊ ကိန္နရာ အလွမ်း ” ဆိုပြီး နာမည်ကြီးခဲ့တာပါ။
အခုတော့ ကျွန်တော်က ကိန္နရီ ၊ ကိန္နရာ တို့လောက် သက်တမ်းမရှိလေတော့ ကျွန်တော်တို့မှာ သူတို့လောက် လွမ်းခွင့် မရှိပဲ ၊ ရှိသလောက်နဲ့ပဲ လွမ်းခွင့်ရှိ ကြတာပေါ့လေ...။
အကယ်၍...
အကယ်၍ပေါ့လေ....
ကျွန်တော်သာ နှစ်ပေါင်း ထောင်ချီပြီး နေထိုင် ခွင့်ရှိနေပါစေ။ ကျွန်တော် ကိန္နရီ ၊ ကိန္နရာ တွေထက် ပိုပြီး လွမ်းပြမှာပါ။ အခုတော့ ရသလောက် အချိန်လေးနဲ့ပဲ အချိန်ရှိတိုင်း လွမ်းမိပါတယ်။ ( အဟဲ. . . လူရှိန်တာပေါ့။ )
ကိုဇော် ခံစားပုံဖော်သည်။
http://zaw357.multiply.com/journal/item/797 မှာ 28.11.2009 က ရေးထားတာပါ။
5 ယောက် ရဲ့ ထင်မြင်ချက်:
ရှေးဆရာ့ဆရာတွေက ချဲ့ကားပြီး ပြောလွန်းတာတွေကြောင့် ခုခေတ်မှာ ဘာသာရေးအယူအဆတွေ ငြင်းခုန်ကြတဲ့အခါ ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာ အရယ်ခံရစရာဖြစ်နေတယ်ဗျာ။
မှန်မမှန်တော့မသိဘူး..။
တစ်စုံတစ်ယောက်ကို အသင်လွမ်းနေပုံရ၏။
:P
ဖတ်ပြီးတော့ လွမ်းသွားပြီဗျာ...ကိုဇော်ကတောာ့အစဖော်ပြီ
ကိုဇော်ပြောထားသလို သူ့ အထွာနဲ့ သူတော့
လွမ်းကြတာဘဲလေဗျာ
အဟွတ်
အဟွတ်...
comment ရေးခါနီးမှ ချောင်းကလဲဆိုးလိုက်တာ..
လွမ်းရင်လဲကိုယ့်ဟာကိုယ် လွမ်းတာမဟုတ်ဘူး
မဆီမဆိုင် ကိန္ဒရီ ကိန္ဒရာ ဆွဲထည့်ပြန်ပြီ..
အလွမ်းမှော်ရုံတောမှာ ကူးခတ်ရင်း
လက်ပန်းကျနေတဲ့ သနားစရာ အလွမ်းသမားလေးပါလား
ခိခိ
လွမ်းပါ လွမ်းပါ.. လွမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်.. ဟီဟိ...
Post a Comment