သရော်စာ
ကိန်းကြီးခန်းကြီး
လူအထင်ကြီးအောင်
မဖတ်ဘဲနဲ့ ဝယ်ဝယ်ထားတဲ့
သတင်းစာမှာ ဘာတွေပါလဲ လို့
သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့
သူက အထာခပ်ကြီးကြီးနဲ့
ထိုအရာကို
ခပ်ရဲရဲ ဖွင့်ကိုင်တယ်
ဟိုဟိုဒီဒီ ခပ်တည်တည်ကြည့်တယ်
ခဏနေတော့ ခပ်မိန့်မိန့်ပြောတယ်
“ ဒီနေ့ ကားတွေ တော်တော်မှောက်တယ်။ ” တဲ့။
သူ ဖတ်နေတာ ဇောက်ထိုးကြီး . . . ။
ထိုအရာရဲ့
နောက်ကျော မရောက်ခင်မှာ
အသက်မရှိတော့တဲ့ လူတွေကို
အသက်တွေနဲ့ တကွ
ရေးထားတာတွေ ရှိတယ်။
လွမ်းဆွတ် သတိရကြောင်းကို
နှုတ်ခမ်းနီရဲရဲ ၊ မျက်နှာချေ သဲသဲနဲ့
လာထည့်သူတွေ ရှိတယ်။
ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကို
ခပ်ပြုံးပြုံးနဲ့ ဝတ်ကျေတန်းကျေ
မဖြစ်မနေ လာထည့်သူတွေ ရှိတယ်။
ဘယ်နာမည်ကြီး နေရာမှာ
အလှူငွေ ဘယ်နှစ်သိန်းကိုတော့
ဘယ်သူ့ကို ရည်ရွယ်ပြီး လှူဒါန်းလိုက်ပါကြောင်း
အပြင်မှာ အမျှ မဝေဘဲ
ထိုအထဲမှာမှ ခပ်သည်းသည်း
လူသိရှင်ကြား ကြွားသွားတာတွေ ရှိတယ်။
ထိုအရာသာ
ဝိညာဉ်တစ်ကောင်ရဲ့ လက်ထဲ
မတော်တဆ ရောက်သွားရင်
သူ . . .
ဘာတွေကို ဖတ်ဖြစ်မလဲ။
ဖတ်ရော ဖတ်တတ်ပါ့မလား။
ဖတ်ရော ဖတ်နိုင်ပါ့မလား။
ဖတ်ဖို့ ကိုင်ရော ကိုင်နိုင်ပါ့မလား။
ဖတ်ဖြစ်ရင်ရော ဘာကို ယူရမှာလဲ။
သူလေ. . . စဉ်းစားများ နေမလား
ငါ့ကို
ဘယ်မှာ “ အမျှ ” ဝေထားတာလဲ
ဆိုပြီးတော့ ယောင်ချာချာလေးနဲ့လေ။
ကိုဇော်
မှတ်ချက်။ ။ ညီမလေး ဒီဒီ ပေးတဲ့ Title နဲ့ Inspiration ကို ပုံဖော်ပါသည်။
လေးစားစွာဖြင့်
ကိုဇော်.
12 ယောက် ရဲ့ ထင်မြင်ချက်:
ဒီသရော်စာ မိုက်တယ်။ ကွက်ကွက်ကွင်းကွင်း ရှင်းကနဲပဲ...။
လုပ်လေ့လုပ်ထ ရှိတဲ့ အရာတစ်ခြုဖစ်နေပါပြီ၊ ရ ရ မရရ ပေါ့လေ၊
နောက်ပိုင်း ဝိညာဉ် ကားတွေမှာတော့ အီမေးတောင် ဖတ်တယ်၊းD
ဟုတ်တယ်နော်...ကဗျာလေးက အဓိပ္ပာယ်အပြည့်ပဲ...
သရော်စာလေးဖတ်ပြီး ပြုံးသွားပါတယ်..
ခင်မင်တဲ့
နေ၀သန်
သရော်စာကိုကြိုက်တယ်...။ အဲဒီအတိုင်းဖြစ်နေကြတယ်
နော်..။လွမ်းဆွတ်ကြေကွဲခြင်းထဲ့မဲ့အစားအလှူတခုခု
ပြုပြီးအမျှဝေပေးသင့်တယ်လို့ထင်တယ်..။
ခင်တဲ့
သဒ္ဓါ
ဒီလိုမျိုး မှန်တာလေးတွေကို ထေ့တာအရမ်းဖတ်ချင်တား)
မြန်မာပြည်မှာ ရိုစ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
သရော်စာဂွတ်ထှာ..
နှစ်ခေါက်ပြန်ဖတ်သွားတယ်။
သြော်ကြုံတုန်းပြောရခဲ့အုံးမယ်...
ပန်းနီနီကပန်ခဲ့လေသလား..မပန်ခဲ့လေသလား
မမှတ်မိတော့ဝူ။
သူကအထာခပ်ကြီးကြီး ခပ်တည်တည်နဲ့ 
ခပ်မိန့်မိန့် ပြောတယ် ....???????
ရေးထာားတော်၏
သူကအထာခပ်ကြီးကြီး ခပ်တည်တည်နဲ့ 
ခပ်မိန့်မိန့် ပြောတယ် ....???????
ရေးထားတာတော်၏
ကြိုက်တယ် ကိုဇော်ရေ..
ညီမလေး ဒီးဒီး မာတီမှာ သွားဖတ်ပါသေးတယ်။
ဆက်လက်အောင်မြင်ပါစေ။
ကိုင်စမ်းပါ....
ဒါမျိုးလေးတွေ လုပ်စမ်းမှာ
ဒါမှ ကိုယ်ဘာလဲဆိုတာ ဆန်းစစ်မိသွားမှာ
ဂွတ်ထ ဦးဇော်။
Post a Comment