အတ္တ
ကိုယ့်အရိပ်ကို ကိုယ်
ခိုစီးမလို လုပ်တုန်း
ဖျတ်ခနဲ မီးက ပျက်သွားတယ်။
အလှူအိမ်ကို
အစီးခံရလာတဲ့ ဖိနပ်လိုပေါ့
ဘဝက ထားစရာကို မရှိဘူး။
ကျီးပေါင်းတတ်နေတဲ့
ဓါးတစ်လက်နဲ့ စိတ်တွေကို
ခုတ်ရတာ . . .ေ မာ တ ယ်။
ကျစ်ကျစ်ပါအောင် ဆုပ်ထားပါ
ထပ်၍ ကျစ်ကျစ်ဆုပ်ထားပါ
လက်ထဲမှာ ဘာရှိမလဲ။
အသစ်တိုင်းလည်း
သူတို့နဲ့ မတော်ဘူး
သူတို့က အရိုးကြီးတယ်။
ဒီလိုနဲ့ပဲ
အဟောင်းလေးတွေကို
ဖုန်သုတ် စားသုံးနေကြတာပါပဲလား။
ကိုဇော်
21.6.2010
18 ယောက် ရဲ့ ထင်မြင်ချက်:
ဒီကဗျာကို အကြိုက်ဆုံးပဲ..
ပြုံးပြီးတော့ကိုရေးခဲ့တယ်
ကဗျာလေးဂွတ်ထနေတယ်
ဘဝက ထားစရာနေရာတောင်မရှိဖူး တကယ်မရှိတာပါ
အဟောင်း ကို ဖုန်သုတ် အသစ်လုပ် သုံးနေရတဲ့ ဘဝ သြ.. မကောင်းလိုက်တဲ့ ဘဝ ငါတို့ဘဝ
ရွှေစင်ဦး
ဟုတ်ပ..ဖိနပ်စုတ်တစ်ဘက်လိုတောင် ဘ၀ကထားစရာနေရာမရှိဘူး။
ကဗျာလေးက အရမ်းဂွတ်ပဲ
ဟုတ်တယ် အဟောင်းကိုဖုန်သုတ် အသစ်လုပ်နေကြရတဲ့ တော်တော်ဆိုးတဲ့ ဘဝတွေပဲ........
ကဗျာလေးကိုနှစ်သက်ခံစားမိပါတယ်.....
ခင်မင်စွာ
သဒ္ဓါ
ကဗျာလေး ကောင်းသည်။
ခင်မင်တဲ့
နေ၀သန်
မိုက်တယ်ကွာ.....
ကဗျာလေးက
မိုက်တယ်ကွာ.....
ကဗျာလေးက
မိုက်တယ်ကွာ.....
ကဗျာလေးက
ကဗျာလေးက အရမ်းကိုကောင်းတယ်ဗျာ
ကဗျာလေးက အရမ်းကိုကောင်းတယ်ဗျာ
ကိုဇော်ရေ......
ကဗျာလေးကို.......ခံစားသွားတယ်.....။
မွေးကတည်းက.....ပါလာတဲ့အရာဆိုတော့.....ဒီလိုပါပဲကိုဇော်......။
ခင်မင်တဲ့
ဏီလင်းညို
အင်း အတ္တ အတ္တ အဟောင်းတွေပဲ ကောင်းတယ်ထင်နေတာ
ဒီလိုနဲ့ သုံးလာတာကြာပေါ့
ဒီလိုနဲ့ပဲ
အဟောင်းလေးကို ဖုန်သုတ်ပြီး သစ်ချင်ယောင် ဆောင်နေကြတုန်းပါပဲ..
ဖုန်သုတ်ရင်းကျေနပ်နေသူ မဖြစ်အောင်တော့ကြိုးစားကြရမှာပါ ...
ကလီရှေးတွေနဲ့ ဝေးရာ
ဒါပေမယ့် ကလီရှေးများကိုလည်းမမုန်းပါ ...
ငြိမ်းစိုးဦး
ပြုံုးပြီးရေးသွားတယ်.. ကဗျာလေးက ကောင်းတယ်လို့..
ကိုဇော်ရေ..ဒါအချဉ်တက်ကဗျာမျိုးဘဲလား
အခုတလောလည်း ဒါမျိုးတွေဘဲဖတ်ချင်နေသလိုဗျ
ကျေးဇူးတင်ပါတယ်
Post a Comment