မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 September 2010

10 နတ်စာကျွေးသူ တစ်ယောက်၏ မှတ်တမ်း



တစ်ခါက ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ကြပြီး ကာလ အတန်ကြာတော့ နှစ်ဖက်မိဘတွေ သဘောတူညီမှု နဲ့ လက်ထပ်လိုက်ကြသည်။ ဒါပေမဲ့.. ကောင်မလေးမိဘတွေ ဘာအလုပ်လုပ်တယ် ဆိုတာကို ကောင်လေးက မသိခဲ့လေတော့ လက်ထပ်ပြီး တစ်ဦးတည်းသော သမီးဖြစ်သော ကောင်မလေးကြောင့် ကောင်မလေးမိဘတွေက ကောင်လေးတို့အိမ်ကို လိုက်နေပြီးနေသည်။ ဒီမှာ တစ်ပတ်လောက်ကြာမှ ကောင်မလေးမိဘတွေရဲ့ အလုပ်ကို သိလိုက်ရတော့သည်။

ကောင်မလေးမိဘတွေရဲ့ အလုပ်က သမာအာဇီဝ အလုပ်ပါပဲ။ ဒါပေမဲ့ ကောင်လေးရဲ့ ယောက္ခထီးရော ၊ ယောက္ခမရောက ၃၇ မင်းနတ်တွေကို လွန်စွာ ယုံကြည်ကိုးကွယ်ကြပြီး သူတိုရဲ့ အလုပ်ဆိုတာကလည်း နတ်တွေကို ချောမြူရတဲ့ နတ်ကတော် အလုပ်ပဲ ဖြစ်၏။ ကောင်လေးက ခေတ်ပညာတတ်လူငယ်လေး ဖြစ်လေတော့ ဒီ ၃၇ မင်းနတ်ဆိုတာတွေကို ဘယ်လိုမှ အယုံအကြည်မရှိဘူး။

ဒါပေမဲ့လည်း သူချစ်လှစွာသော ကောင်မလေးမိဘတွေ ဖြစ်နေတဲ့ အတွက် ဘာမှ မပြောပဲ မသိမသာပဲ ဖာသိဖာသာ နေလာခဲ့သည်။ ဒီလို နေလာရင်းနဲ့ပဲ ကောင်လေးနဲ့ ကောင်မလေးက သားယောက်ျားလေး တစ်ယောက် ဖွားမြင်တဲ့ အထိပါပဲ။ ကောင်လေးနဲ့ ကောင်မလေးကလည်း သူတို့ အလုပ်သူတို့ လုပ်သည်။

ကောင်မလေး မိဘတွေကလည်း သူတို့ယုံကြည်ရာ နတ်များကို ချော့မြူသော အလုပ်ကို လုပ်ကြသည်။ ကောင်လေးရဲ့ အိမ်မှာလည်း သူ့ ယောက္ခမတွေရဲ့ နတ်ရုပ်များဟာ တဖြည်းဖြည်းနဲ့ နေရာယူလာကြ၏။ ဒါပေမဲ့လည်း ကောင်လေးက သူချစ်သော ကောင်မလေးနဲ့ ပြဿနာ မတတ်ချင်တာနဲ့ ဘာမှ မပြောခဲ့ပါဘူး။

နတ်ကတော်တွေရဲ့ ထုံးစံ အတိုင်း နတ်လာမေးသူတွေ ၊ နတ်ဝင်သူတွေနဲ့ ကောင်လေးအိမ်မှာ တရုံးရုံးပါပဲ။ အဲ . . တစ်နေ့တော့ ကောင်လေးရဲ့ သားလေးဟာ တစ်ညလုံး မအိပ်ပဲ ငိုနေပါလေရော။ ကောင်လေးတို့လည်း တစ်ညလုံး မအိပ်ရဘူးပေါ့။ မနက်လည်း မိုးလင်းရော ကောင်လေးရဲ့ သားလေး ညက ငိုတာကို ဘာကြောင့်လဲ ဆိုပြီး ကောင်လေး ယောက္ခမတွေက နတ်မေးကြ၏။

သူတို့ဆီက ထွက်လာတဲ့ အဖြေကတော့ နတ်က ကလေးကို ချစ်လို့ ကျီစားတာ ဆိုပဲ ၊ ဒါကြောင့် နတ်ကို ကျေနပ်အောင် နတ်စာကျွေးရမယ် ဆိုပြီး နတ်စာကျွေးဖို့ ချက်ပြုတ် တောင်းလေးနဲ့ ထည့်ပြီး ကွင်းပြင်မှာ သွား နတ်စာကျွေး၏။ ထူးခြားတာကတော့ ကောင်လေး ယောက္ခမနတ်စာကျွေးပြီး ပြန်လာကတည်းက ကောင်လေးသားလေးဟာ မငိုတော့ပဲ တိတ်သွားတာပါပဲ။

ဒီတော့ ကောင်လေး ယောက္ခမတွေက လုပ်တော့တာပေါ့။

“ တွေ့တယ် မလား ၊ ငါ့ တို့ ပူဇော်ထားတဲ့ နတ်တွေက စောင့်ရှောက်လိုက်တာလေ။ ”

ဆိုပဲ။ ကောင်လေးကလည်း ကိုယ့်သားသမီး နေကောင်းသွားတာပဲလေ ဘာပြောစရာ ရှိမှာလဲ။ ဒီလိုပဲ မသိမသာ နေလိုက်၏။ ဖြစ်ချင်တော့ နောက်တစ်ပတ်လောက်နေတော့ ကောင်လေးသားက ထပ်ပြီး ငိုပြန်လေရော။ ဒီတော့ ကောင်လေး ယောက္ခမတွေက နတ်မေးပြန်ရော ၊ နောက် နတ်စာကျွေးရမယ် လုပ်ပြန်ရော။ ပြီးတော့ ကျွေးကြပြန်ရော။ ဒီလိုနဲ့ ၂ လလောက်ကြလာခဲ့သည်။ ကောင်လေးသားကလည်း တစ်ပတ်လောက်ပဲ ပျောက်သွားတယ် ခဏနေရင် ပြန်ပြန်ငို၏။ ဒီတော့ နတ်စာကျွေးရတာလည်း ခဏခဏ ဖြစ်နေတော့တာပေါ့။

ဒီလိုနဲ့ တစ်နေ့တော့ ကောင်လေးသားလေး ညက ငိုလို့ မနက်ဖက် သူ့ယောက္ခမတွေက နတ်စာကျွေးဖို့ ပြင်ဆင်နေတာကို ကောင်လေး တွေ့လိုက်ရ၏။ ဒီတော့ ကောင်လေးက သူ့ယောက္ခမကြီးကို ပြောသည်။

“ အမေ. .  အခု ကျွန်တော့်သားအတွက် နတ်စာကျွေးမလို့ မဟုတ်လား။ ”

“ ဟုတ်တယ်လေ သားရယ်။ မြေးလေး ညက ငိုလို့ နတ်တွေ ကျေနပ်အောင် ကျွေးမလို့လေ။ ”

“ ဒါဆိုရင် ဒီနတ်စာကို အမေတို့ မကျွေးနဲ့တော့ . .  ကျွန်တော် သွားကျွေးမယ် ဖြစ်မလား။ ”

“ ဖြစ်တာပေါ့..သားရယ်။ ဖခင်ကိုယ်တိုင်က ယုံယုံကြည်ကြည် လုပ်တော့ ပိုကောင်းတာပေါ့။ ”

ဒါနဲ့ပဲ ကောင်လေးက သူ့သားလေး အတွက် နတ်စာကျွေးဖို့ သေချာ ပြင်ဆင်နေလေသည်။ သူလုပ်နေတာကို သူ့ယောက္ခမတွေကလည်း ကျေနပ်ပြီး ကြည့်နေကြသည်။ ကောင်လေးကလည်း သူ့ယောက္ခမတွေတုန်းက ဆေးလိပ်တွေ ဘာတွေတောင်မှ မပါဘူး။ သူက ကွမ်းယာဆိုင်ကို ပြေးပြီး ဘာတွေမှန်းလည်း မသိဘူး ဝယ်လာပြီး ထည့်သည်။ ကွမ်းယာတွေရော ၊ ဆေးလိပ်တွေရော အစုံပဲ။ ဒီလိုနဲ့ ကောင်လေး သူ့ဖာသာ ပြင်ဆင်ပြီး သူ့သားအတွက် ကွင်းပြင်မှာ နတ်စာ သွားကျွေးလေတော့သည်။ 

သူလည်း နတ်စာကျွေးပြီးတဲ့ အချိန်က စလို့ သူ့သားလေးဟာ လုံးဝ မငိုတော့ဘုးတဲ့။ ဒါပေမဲ့ တစ်ပတ်ပြည့်ရင်တော့ အရင်လိုပဲ ပြန်ငိုလေဦးမလားလို့ အားလုံးက စိတ်ပူနေကြသေးသည်။ ဒါပေမဲ့ ကောင်းလေးရဲ့ သားလေးဟာ လုံးဝကို မငိုတော့ဘူး။

ဒီလိုနဲ့ ကောင်လေးသားလေးကို စောင့်ကြည့်နေလာလိုက်တာ နှစ်လသာ ပြည့်သွားတယ်။ ကောင်လေးသားလေး ငိုတာ မတွေ့ရတော့ဘူး။ ကောင်လေး ယောက္ခမတွေကတော့ ဒါဟာ ဖခင်ကိုယ်တိုင် နတ်စာကျွေးလို့ နတ်က ကျေနပ်ပြီး ကလေးကို မကျီစားတော့တာလို့ ယူဆနေကြလေသည်။ ဒါပေမဲ့ သူတို့ ကျွေးတော့ ဘာလို့ တစ်ပတ်ကြာရင် ပြန်ပြန်ငိုတာလဲ ဆိုတာလည်း သိချင်နေ၏။ ကောင်လေး နတ်စာအတွက် ပြင်ဆင်တဲ့ အထဲမျာ နတ်တွေ နှစ်သက်စရာ ပါလို့လို့ တွေးမိပြီး ကောင်လေးကို မေးကြသည်။

“ သားရေ။ အမေတို့လည်း ကိုယ့်မြေးလေးအတွက်ရော။ သူများတွေ အတွက်ပါ နတ်စာကျွေးဖူးတာ အကြိမ်များလှပြီ အခု သားကျွေးသလိုမျိုး တစ်ကြိမ်းတည်း ကျွေးရုံနဲ့ နတ်တွေ မကျီစားအောင်တော့ မကျွေးဖူးဘူး။ အခု သားကျွေးတဲ့ အထဲမှာ နတ်တွေ ကျေနပ်စရာ တစ်ခုခုပါသွားလို့ ဖြစ်မယ်။ သား ဘယ်လိုတွေ ပြင်ဆင်ပြီး ကျွေးလိုက်တာလဲဆိုတာ အမေတို့ကို ပြောပြပါလား။ ”

ဒီတော့ ကောင်လေးက ပြူံးပြီး ခေါင်းခါရင်း....

“ မသိချင်ပါနဲ့ အမေရယ်။ မသိတာ ပိုကောင်းပါတယ်။ ဒီအတိုင်းပဲ ကျွေးတယ်လို့ပဲ ယူဆထားလိုက်ပါ။ ”

ဒီမှာ ကောင်လေးက ဒီလို ပြောလေ။ သူ့ယောက္ခမတွေက ပိုပြီးသိချင် လာလေလေပဲ။ အထပ်ထပ် အခါခါ မေးကြ၏။ ဒါနဲ့ ကောင်လေး နောက်ဆုံး မပြောမဖြစ်ပြောလိုက်ရလေတော့သည်။ ကောင်လေး ပြောလိုက်တာက . . .

“ ဒီလိုပါဗျာ။ ကျွန်တော်တွေးမိတယ်လေ။ ဒီနတ်တွေက ကျွန်တော့်သားလေးကို တစ်ပတ်တစ်ခါ ကျီစားနေကြတာ ဆိုတော့ သူတို့ တကယ် အသက်ရှိလို့ပဲလို့ ၊ ဒီတော့ ကျွန်တော့်သားလေးကို သူတို့ နောက်တစ်ခါ ထပ်ပြီး မနှောက်ယှက်ကြရအောင် ကျွန်တော် သူ့တို့ကို ကျွေးဖို့ နတ်စာတွေထဲမှာ ကွမ်းယာဆိုင်က “ ကြွက်ဆေး ” နှစ်ထုပ်ကို ပြေးဝယ်ဖောက်ထည့်ပြီး သူတို့ကို ကျွေးလိုက်တာပါ။

ဒီကြွက်ဆေးကလည်း တကယ်ပြင်းတယ်လေ။ ဒါတွေကို စားပြီးတော့ အမေတို့ နတ်တွေတော့ ကြွကုန်ကြပြီ ထင်တယ်။ ဒါကြောင့် သူတို့ ကျွန်တော့်သားလေးကို လာပြီး မနှောက်ယှက်တော့ဘူး။ ကျွန်တော့် သားလေးလည်း အခုဆို အေးဆေး နေရပြီ။
ဒါ ကြွက်ဆေး တန်ခိုးဗျ။ ”

သူ့ဆီ ဒီလို ရှင်းလင်းတိကျတဲ့ အဖြေကိုလည်းရပြီးရော ကောင်လေးယောက္ခများ နောက်နေ့မှာ ကောင်လေးအိမ်မှာ ရှိတဲ့ သူတို့ရဲ့ နတ်ရုပ်များကို သယ်ချရင်း အိမ်ပြောင်းသွားတာကို ရပ်ကွက်ထဲက လူများ တွေ့ကြရတယ် ဆိုပဲ။ ဘာကြောင့် အိမ်ပြောင်းသွားတယ် ဆိုတာတော့ ဘယ်သူမှ သေချာ မသိခဲ့ကြဘူးတဲ့။

ကောင်လေးရဲ့ ယောက္ခမတွေရဲ့ ရင်ထဲမှာတော့ နောက်တစ်ကြိမ် ကွမ်းယာဆိုင်က “ ကြွက်ဆေး ” တွေက သူတို့အတွက်များ ဖြစ်လာလေမလားလို့ တွေးရင်း ကောင်လေး အိမ်ပေါ်က နတ်ပစ္စည်းတွေကို အလျင်အမြန် သယ်ဆောင်သွားကြလေတော့သတည်း။

( လိုက်လုပ်ကြည့်ကြပါလားဗျို့။ ကျွန်တော်တို့ ရပ်ကွက်ထဲက အစ်ကိုကြီးတစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်ပါပဲ။ နားလည်ရတော့ ခက်တယ်နော်။ )

လေးစားစွာဖြင့်

ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/760 မှာ 17.11.2009 က ရေးထားတာပါ။
.
Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

ညလင်းအိမ် said...

ဟားဟား ဖြစ်ရမယ် ကိုဇော်ရာ ...
အဲဒါ တခါတည်းကို မှတ်သွားရောပေါ့ ...

မိုးယံ said...

အမှန်က ရှိသမျှ နတ်တွေ အားလုံးကို ကောင်လေးက နတ်စာကျွေး လိုက်ရမှာ။

ဒါဆို တောင်ပြုံးလို ပွဲမျိုး မြန်မာ ပြည်မှာ မရှိတာ ကြာပေါ့။ ကောင်းတာပဲ နားအေး သက်သာ ပိုက်ဆံကုန်သက် သာ။ နတ်ကိုင်ခံရ တာ သက်သာ တာပေါ့(အမျိုးသမီးတွေ) ။ ဟုတ်တယ်လေ အဲဒီနတ်က ဘယ်ကို ကိုင်မှန်း ကိုယ်တော့ သေချာမသိဘူး။ မကိုင်လေ ကောင်းလေ ထင်တာပဲ။

ကိုအောင် said...

ဟာသလေးပါလား ...း)

Anonymous said...

ဟားဟားးးးးးးးးး ရီရတယ် ကိုဇော် ရေ


ရွှေစင်ဦး

Anonymous said...

တော်သေးတယ်။ ဒီဒီးက နတ်မဟုတ်ပဲ vampire ဖြစ်နေလို့။ မဟုတ်ရင် ဦးဇော်ရဲ့ ချေတနာလေးတွေနဲ့ ထိအုန်းမယ်။ =)

{စာကျက်ရင်းနဲ့ပျင်းလို့ ပါ။ ခုတော့ပြန်ရဦးမယ်။ =( }

ငွေလမင်း said...

ဒါအရမ်းဖြစ်နိုင်တာပေါ့ ဗျာ ၊ ဟုတ်ပ နတ်ဆိုတာလဲ နပ်လို့သာ စားနေရတာ ၊ သူ့ထက်နပ်တဲ့ လူနဲ့တွေတော့ ခံရတာပေါ့ ၊ လူကြမ်းရင် နတ်ကြမ်း မခံနိုင်မို့လား ။

sosegado said...

တိုက်ဆိုင်မူလေလား၊ နားလည်ရတော့ခက်သား၊ နတ်ဖြတ်ဆေးဖေါ်နည်းရသွားပြီ။

နေ၀သန် said...

စိတ်ဝင်စားစရာလေး...း))).. ကျွန်တော်တော့ လုံးဝအယုံအကြည်မရှိပါ.... နတ်တွေကိုပြောတာပါ....း))

Anonymous said...

နေ၀သန်ပြောသလိုပါပဲ..
အရေးအသားကောင်းတော့ဖတ်လို့ကောင်းတာပေါ့ရှင်
may

ဒေါင်းမင်း said...

ဟားဟားဟား
နတ်သတ်နည်းတွေ့ပြီ