ဓါး
ဓါး ဆိုသော စကားလုံးကို နားလည်မိစေရန် ချည်းကပ်လေ့လာသော အခါမှာ ပုံသဏ္ဌာန် ၊ အရွယ်အစား နှင့် အသုံးပြုပုံ ဆိုပြီး ယေဘုယျအားဖြင့် သဘောပေါက်စေရန် လေ့လာသင့်သည်ဟု ကျွန်တော် ထင်မိသည်။
ပုံသဏ္ဌာန်
ဓါးတစ်ချောင်းကို ဟိုအရင် ကျောက်ခေတ်က ကျောက်တွေကို လက်နက် အဖြစ် စတင်သုံးစွဲကတည်းက ထက်ရှနိုင်သော ဇောင်းများကို အသားပေးကာ ပုံဖော်ရာမှ ကျောက်ဓါး ဆိုပြီး ကြီးမား လေးလံစွာ ဖြစ်ပေါ်လာသည်။ ထို့နောက်မှာတော့ သံခေတ်မှာ သံဓါး ၊ ကြေးခေတ်မှာ ကြေးဓါး ၊ စတီးခေတ်မှာ စတီးဓါး ၊ ပလတ်စတစ်ခေတ်မှာ ပလတ်စတစ်ဓါး ၊ အခုလို မျက်မှောက်ခေတ်မှာတော့ ကိုယ်သန်ရာ ကိုယ်နဲ့ ဓါးများကို သံ ၊ ကြေး ၊ စတီး ၊ ပလတ်စတစ် ၊ သစ်သား ၊ ဝါး များဖြင့် ပုံသဏ္ဌာန်မျိုးစုံ ပြုလုပ်လာခဲ့ကြသည်။
အရွယ်အစား
ဓါးဆိုတဲ့ အရာ အတွက် သုံးစွဲသူ တစ်ယောက်အပေါ် မူတည်၍ ကျွမ်းကျင်မှု အရ အရွယ်အစားကလည်း ပြောင်းလဲ သွားရလေ့ ရှိပါသည်။ ထို့အတူ သုံးစွဲသော လူပုဂ္ဂိုလ်ကို လိုက်၍ ပုံသဏ္ဌာန်များမှာလည်း စက္ကူစက်အတွက် ဝါးခုတ်ရန် ပေ ၂၀ နီးပါး ကြီးမား လေးလံသော ဓါးကြီးများမှ အိမ်ရှင်မများ အသုံးပြုရန် အရွယ်အစား မျိုးစုံသော ဓါးများ အလယ် ၊ မုတ်ဆိတ်ရိတ်ရန် ဘလိတ်ဓါးများ နှင့် ဆရာဝန်သုံး ဓါးသေးလေးများ အထိ သုံးစွဲသူ အကြိုက်ကို ဓါးများကို အရွယ်အစား မျိုးစုံ ထုတ်လိုက် လာခဲ့ကြသည်။
အသုံးပြုပုံ
ဆူညံသံတွေနဲ့ အတူ လူတွေ ပျားပန်းခက် သွားလာနေကြသော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာကား ဇာတ်ပွဲတစ်ခုကို အခြေပြုထားသော ပွဲဈေးလေး တစ်ခုဖြစ်၏။ မြို့ငယ်လေး တစ်မြို့ရဲ့ နှစ်စဉ် ဒီလို ဘုရားပွဲတွေမှာ နှစ်တိုင်းလိုလို ပွဲသွင်းသောကြောင့် ပွဲကို မှီတည်ကာ ပွဲဈေးလေးလည်း ဖြစ်ပေါ်လာတတ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
ရိုးရာပစ္စည်းများ ရောင်းချသူများ ၊ အလှအပ မျက်နှာချေ ရောင်းချသူများ ၊ ပွဲဈေးလာသူတို့ စားသောက်ဖို့ အကြော်စုံဆိုင်များ ၊ လက်ဘက်ရည်ဆိုင်များ ၊ လောင်းကစားဆိုင်ခန်း မျိုးစုံများ ၊ အဝတ်အစားဆိုင်များ ၊ မဲရောင်းချပြီး မဲဖောက်ပေးသော ဆိုင်များ ၊ ကောင်ညှင်းကျည်တောက် ၊ မုန့်စိမ်းပေါင်း ဆိုသော လက်လုပ်စာများ ရောင်းချသော အသည်များ ၊ မြေအိုး မြေခွက် မြေအရုပ်ကလေးများ ရောင်းသော အသည်များ ၊ ထိုသို့သော အသည်များ နည်းတူ သာမာန်အားဖြင့် လူဝယ်နည်း အသည် တစ်သည်ကလည်း ပွဲဈေးထဲမှာ ချရောင်းနေလေသည်။
ထိုအသည်ကတော့ ကိုယ်ပိုင် ပန်းပဲဖိုမှာ ကားရဲ့ လေးသံ အစစ်များကို မီးပေးပြီး ထုနှက်ကာ အသားမာ ပြန်တင်ထားသော ဓါးကောင်းများကိုသာ ရောင်းသော “ ဓါးသည် ” ဖြစ်လေ၏။ ထိုဓါးသည်မှာ ထိုမြို့လေးမှာ နာမည်ကြီး ပန်းပဲဖိုမှ ပန်းပဲပညာသည် တစ်ယောက် ဖြစ်လေသည်။ သူ့ဓါးများသည် ဈေးကောင်းရသလို ဝယ်သူတိုင်း အတွက်လည်း အကြိုက်တွေ့စေလေသည်။
ယခု ဓါးသည် ဓါးများကို ချရောင်းနေသော်လည်း သူ့မှာ လွယ်လွယ်ကူကူ ရောင်းခွင့်ရခဲ့သည်တော့ မဟုတ်။ လူတွေ ပျားပန်းခတ်အောင် များပြားလှတဲ့ ပွဲဈေးထဲမှာ ကာလသားများ အပျိုလုကာ ခိုက်ရန် ဖြစ်ပွားမှုကလည်း ရှိရဲ့ ၊ ပွဲဈေးထဲမှာ အရက်ဆိုင် မရှိသော်ငြားလည်း အပြင်မှာ မူးရစ် သောက်စားပြီးမှ ဝင်လာတတ်သော အရက်သမားများနှင့် မထိတထိ အစခံရသော နှမပျိုများ၏ မောင်များနှင့် ခိုက်ရန်ဖြစ်သော ရန်ပွဲကလည်း ရှိရဲ့ ၊ ဘယ်က ဘယ်လိုမှန်း မသိဘဲ လောင်းကစားဝိုင်းက ရှုံးမဲမဲရင်း ခိုက်ရန် ဖြစ်ပွားမှုကလည်း ရှိရဲ့။
ဒီလို ခိုက်ရန် ဖြစ်ပွားပြီ ဆိုရင် ရရာ လက်နက်ကို ဆွဲမိဆွဲရာ ဆွဲကာ ဘာမှ မဆင်ခြင်မိဘဲ စိတ်လိုက်မာန်ပါကာ လုပ်မိလုပ်ရာ လုပ်မိတတ်လေသည်။ တုတ်တွေ့ရင် တုတ် ၊ ခဲတွေရင် ခဲ နဲ့ ဖြေရှင်းတတ်သည်။ အဲဒီအချိန်မှာ ပွဲခင်းထဲက ပွဲဈေးမှာ လာပြီး ဈေးရောင်းသော ကောက်ညှင်း ကျည်တောက်သည်များက အဓိကလိုလို ခံရတတ်သည်။ သူတို့ရဲ့ ကောက်ညှင်း ကျည်တောက်များကလည်း ရန်ဖြစ်ရင် အသုံးပြုစရာ ကောင်းလှအောင် ကျစ်ကျစ်လျစ်လျစ် ရှိကြသည်။
ဒါကြောင့် ပွဲကို ကြီးကြပ်သူများက ပွဲဈေးမှာ ခိုက်ရန် ဖြစ်ပွားလျှင် အသုံးပြု၍ မရလေအောင် ကောက်ညှင်း ကျည်တောက်သည်များကို သူတို့၏ ကောက်ညှင်း ကျည်တောက်များအား အပေါ်ယံမှ မီးဖုတ်ထားသော အကြောများ သာမက ဝါးအသားများကိုပါ အပါးဆုံး ဖြစ်အောင် လှီးထုတ် ခုတ်ဖြတ်ပြီးမှသာ ရောင်းချရန် စီစဉ် ညွှန်ကြားထားလေသည်။ ဒီအခါမှာတော့ မတော်တဆ ဆိုသလို ခိုက်ရန် ဖြစ်ပွားခဲ့ရင်တောင်မှ အတွင်းသား ပျော့ပျော့သာ ကျန်နေသော ကောက်ညှင်း ကျည်တောက်ကြောင့် ထိခိုက်ကွဲပြဲခြင်း လျော့နည်း သွားလေတော့သည်။
အခုတော့ ဒီလို ဘယ်အချိန် ခိုက်ရန် ဖြစ်ပွားမယ် မသိသော ပွဲဈေးကို ထိန်းသိမ်းရသူတို့မှာလည်း အချိန်နဲ့ အမျှ နားစွင့်နေရ၏။ ဖြစ်ပြီ ဆိုရင် တော်ရုံ ရန်ပွဲနဲ့ ပြီးသွားသလို သွေးထွက်သံယိုမှုကနေ လူသေပျောက်မှု အထိ ဖြစ်တတ်လေ၏။ ဒီလို ပွဲခင်းမှာ အလှဓါး ၊ ဆောင်ဓါး ၊ ခုတ်ဓါး ၊ ထီးလှီးဓါး ၊ ဓါးမြှောင် ၊ ဓါးမ ၊ ဓါးလတ် ၊ ကြက်သွန်လှီးရန်ဓါး ၊ လက်သည်းလှီးဓါး အစရှိသဖြင့် ဓါးတွေ အစုံကို မြေပေါ်မှာ ဖြန့်ခင်းထားသော တာလပတ်ပေါ်မှာ တင်ပြီး ရေးချခြင်းဟာ အလွန်ကိုမှ အန္တရာယ် ရှိစေတာ အမှန်ပါပဲ။
ဒါကြောင့် ပွဲကြီးကြပ်သူတွေက သူလာရောင်းသော ဓါးများကို ဒီအတိုင်း ချရောင်းမယ် ဆိုတာထက် လုံခြုံရေးအရ ဓါးရှည်တွေကို ဓါးအိမ်နဲ့ အရိုးကိုသာ ပြထားစေပြီး ဓါးအစစ်ကိုတော့ ရောင်းသူက သီးသန့် သိမ်းထားစေသည်။ ဝယ်သူက ဒီလို ဓါးမျိုးကို ကြိုက်ပြီ လိုချင်ပြီ ဆိုတော့မှ ရောင်းသူက သိမ်းထားသော ဓါးကို ထုတ်ပြပြီး စစ်ဆေးစေကာ ဈေးညှိ သဘောတူမှ စက္ကူကြမ်းဖြင့် ၂ ထပ်ပတ်ကာ အပေါ်က နှီးကြိုးများဖြင့် တုပ်နှောင်ပြီး ရောင်းချရလေသည်။ ထိုကဲ့သို့ ရောင်းချရသော ဓါးများမှာ အလှဓါး ၊ ဆောင်ဓါး ၊ ငှက်ကြီးတောင် ၊ ဓါးမြှောင် ဆိုသော အပေါ်မှ ဓါးအိမ်ပါသော ဓါးများသာ ဖြစ်လေသည်။
တခြားသော ဓါးအိမ် မပါသော ဓါးများကို လုံခြုံရေးအတွက် ဘယ်လိုများ ရောင်းချကြပါသလဲ။ ဓါးအိမ်မပါဘဲ မဖြစ်မနေ ချပြထားရသော ဓါးများကိုတော့ တစ်ချောင်းချင်းစီ ဒီအတိုင်း ချမထားဘဲ သစ်သား ၊ ဝါးလုံးကို နှစ်ခြမ်းဆက်ကာ အလယ်မှာ ဓါးနှောင့်ကို ချုပ်မိအောင် ထွင်းထားပြီးတော့မှ အထဲကို ထည့်ကာ တစ်ဘက်မှာ ကြိုးဖြင့် ချည်ကာ တာလဘတ်ပေါ်မှာ ချခင်းကာ ရောင်းလေ၏။ ခိုက်ရန် ဖြစ်သူတို့ ထိုချထားသော ဓါးများမှ တစ်လက်ကို ရုတ်တရက် ဆွဲယူလိုက်သည်ပဲ ထားပါဦး။ ဓါးတစ်ချောင်းတည်း မပါသွားဘဲ ကျန်သော ဓါးများပါ သစ်သား ၊ ဝါးများနှင့် တွဲထားသောကြောင့် အတွဲလိုက် ပါသွားကာ ထိုသူအတွက် အသုံးဝင်မှု မဲ့စေလေမည်။
ယခုလည်း ထိုမြို့မှ နာမည်ကျော် ပန်းပဲဖိုမှ ပညာသည်က အနယ်နယ်သို့ လှည့်လည်ကာ ရောင်းချနေခြင်းမျိုး မဟုတ်ပါ။ သူ့မြို့ သူ့အရပ်မှာ ကျင်းပသော ဤဘုရားပွဲမှာသာ သူက သူ့မိသားစုလည်း ပွဲကြည့် အလုပ်ရပ်နားကာ သူ့ရဲ့ ဓါးများကိုလည်း ပွဲဈေးမှာ ရောင်းချခြင်းဖြစ်သည်။ နာမည်ကျော် ပန်းပဲဖို ဖြစ်သောကြောင့် သူ့ရဲ့ ဓါးများကို တခြားရွာများမှ ပွဲဈေးလာရင်းနဲ့ လမ်းကြုံ ဝယ်သွား ကြလေတော့သည်။ ထို့ကြောင့် ပွဲဈေးနဲ့ ဆိုင်သော အစားအသောက် ၊ အလှအပ ၊ လောင်းကစား မဟုတ်ပေမဲ့ ဓါးသည်ကြီးရဲ့ ဓါးအရောင်း နေရာလေးမှာ ဝယ်သူတွေ ပြတ်သွားသည်ဟု မရှိပါ။
“ သားကို ဓါးတစ်လက် ဝယ်ပေး ”
ဟု ဆိုကာ အဖေ နဲ့ အမေ့ လက်ကို အတင်းထိုးဆွဲရင်း ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းညွှတ်ကာ မိသားစု တစ်စု အတင်းဆွဲခေါ်လာသော ကလေးတစ်ယောက် ဓါးသည်ကြီး ဆိုင်သို့ ဝင်လာခဲ့သည်။ ဆွဲခေါ်လာသော သားငယ်က အသက် ၁၀ နှစ်မျှသာ ရှိပေဦးမည်။ ဖခင်၏ အရှိန်အဝါ ၊ မိခင်၏ တောက်ပြောင်သော အဆင်တန်ဆာ ၊ သားငယ်၏ သန့်ပြန့်သော အမူအရာအရ ချမ်းသာ တတ်နိုင်သူများ ဆိုတာ သိသာ လှသည်။
သားဆွဲရာ နောက်ကို ပါလာသော်လည်း ပြထားသော ဓါးများကို ကြည့်ပြီး ကလေး အသက်အရွယ်နဲ့ မျှတသော ဓါးတစ်ချောင်းမှ သူတို့အဖို့ မတွေ့။ သားကစားဖို့ ဝယ်ပေးရအောင်လည်း ဗန္ဓုလ ခေါင်းဆောင်း ( ဦးထုပ် ) ၊ ဗန္ဓုလ ဓါး စသဖြင့် ရောင်းချသော အသည်ကိုလည်း မတွေ့။ ထိုအသည်ဆီမှ ဓါးကတော့ ဝါးဓါးများသာ ဖြစ်သည်။ အခု အသည်မှ ဓါးကတော့ ဓါးအစစ်တွေသာ ဖြစ်သည်။ ကလေးနဲ့ ဓါးအစစ် ဆိုတာ အန္တရာယ် ရှိပေသည်။
“ သားက ဘာလုပ်ဖို့ ဓါးလိုချင်ရတာလဲ ၊ ဒါက ဓါး အစစ်တွေ သားရဲ့ ”
“ ကစားဖို့ ”
ကလေးကတော့ ခပ်ပြတ်ပြတ်ပဲ ကလေးပီပီ ဖြေသည်။
“ ကစားရအောင် ဒါက ကစားတဲ့ ဓါးတွေ မဟုတ်ဘူးလေ သားရဲ့။ ကစားတဲ့ ဓါး ဖေဖေ အပြင်မှာ ဝယ်ပေးမယ်နော် ”
မရတော့။ ကလေးဆိုတော့ ကောက်ကွေးက ဂျီကျလေပြီ။ ချီပိုးခေါ်သွားရင်းတောင်မှ ရုန်းကန် လျောချ၏။ ခြေဆောင့် တွန်းထိုး၏။ အသံခြစ်ကာ ငိုဟန်ပြု၏။ ဓါးသည်ကြီးကတော့ ဘယ်လိုမှ မတတ်နိုင်။ ဝယ်သူရဲ့ စိတ်ကြိုက်သာ ဝယ်ချင်သူကို ဝယ်လိုသော ဓါးကို ထုတ်ပြီး ရောင်းရန်သာ ဖြစ်သည်။ ထိုစဉ် ဓါးသည်ဆီကို နောက်ထပ် မိသားစု တစ်ခု ဝင်လာလေသည်။
“ ဓါး တစ်လက်လောက် လိုချင်လို့ပါ ”
နောက်ဝင်လာသော မိသားစုမှ ဖခင် လုပ်သူက စတင် အသံပြုသည်။ ဖခင် လက်ကို ဆွဲလာတာက ၁၀ နှစ်အရွယ်ခန့် သားငယ် ဖြစ်ပြီး သားငယ်ရဲ့ နောက်ထပ် လက်တစ်ဖက်နဲ့ ထပ်ဆွဲခေါ်လာတာကတော့ မိခင်ကိုပဲ ဖြစ်သည်။
“ ဘယ်လို ဓါးမျိုး လိုချင်လို့လဲဗျာ ”
“ သြော်. . ”
မေးလိုက်ခါမှ ရုတ်တရက် စကားစ ပျောက်သွားသလို ဖခင်က စကားခဏ ရပ်တန့်ပြီးမှ. . .
“ ကျွန်တော့်သားလေး အတွက်ပါ ”
“ သားလေး အတွက် ဆိုတော့ သူက ဆော့ဖို့လား ”
“ ဒီလိုတော့ မဟုတ်ပါဘူး။ ဒီ. . . ဒီ. . . ဒီလိုပါ ၊ ကျွန်တော်တို့ အမဲဖျက်တဲ့ အလုပ် လုပ်ပါတယ်။ အိမ်ကို ပါလာတဲ့ အမဲတွေကို မိသားစု သုံးယောက် ဝိုင်းဖျက်ပြီးတော့ ကျွန်တော့် ဇနီးက ဈေးထဲမှာ ရောင်းပါတယ်။ လိုအပ်ရင် ကျွန်တော်က ဘေးက ဖျက်တယ်ပေါ့။ အခုနောက်ပိုင်း သားကလည်း ဝိုင်းပြီးတော့ လုပ်ပေးပါတယ်။ ဒါပေမဲ့ သူက ငယ်နေသေးတော့ ကျွန်တော် ကိုင်တဲ့ အသားဖျက်တဲ့ ဓါးကြီးတွေကို မနိုင်ဘူး။ ဒါကြောင့် သူကိုင်နိုင်ဖို့ အသားဖျက်ဓါးလေး တစ်လက်လောက် လိုချင်တာပါ။ ”
“ သြော်. . ဒီလိုဓါးလား။ ဒါကတော့ ရှိပါတယ်။ သူ့အရွယ် ဆိုတော့ ခပ်သေးသေးပေါ့။ ရော့ . . . ဒါလေးကို ကြည့်ပါဦး။ ကြိုက်လားလို့ ”
ဓါးသည်ကြီးက သစ်သားကြားမှာ ညှပ်ထားသော အရိုးဖြူဖြူနဲ့ ဓါးလေး တစ်လက်ကို ထုတ်ပြီး လှမ်းပေးလိုက်လေသည်။
“ ဒီကပဲ ယူမယ် . . . အီး . . ဟီး . . ဟီး . . ”
ငိုသံက ဆူခနဲ စပြီး ထွက်လာ၏။ ဓါးဝယ်နေသော မိသားစုနှင့် ဓါးသည်ကြီးပါ အသံလာရာသို့ လှမ်းကြည့် လိုက်လေသည်။ ကြွယ်ဝသော မိသားစုမှ ဓါးလိုချင်သော သားငယ်ကတော့ လိုချင်တာ မရသောကြောင့် စတင်ကာ ငိုနေလေပြီ။
“ ဖေဖေ အဲဒါ ကျောင်းက သား သူငယ်ချင်း ”
“ ဟုတ်လား သား ”
“ ဟုတ်တယ် ဖေဖေ ၊ သူ့နာမည်က ကျော်စွာ တဲ့ ”
ဖခင်က ဓါးသည်ကြီးဘက်ကို လှည့်ကာ . . . .
“ ဘာလို့ ကလေးက ငိုနေတာလဲ မသိဘူး ”
“ ကလေးက ကျွန်တော့် ဆိုင်က ဓါးတစ်လက်လောက် ဆော့ဖို့ လိုချင်နေတယ် ဆိုပြီး ပူဆာနေတာလေ။ ဆော့စရာ မဟုတ်တော့ မိဘတွေက မဝယ်ပေးဘူး။ ဒါကြောင့် ငိုနေတာပါ။ ”
သားငယ်က ငိုလို့ ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်ပြီး ရိုက်ရမလိုလို ဖြစ်နေတဲ့ ဖခင်က သူ့သားကို တချက်အကြည့်လိုက်မှာ ကလေးငယ်က ရုတ်တရက် တိတ်သွား၏။ အငိုတိတ်သွားတာနဲ့ အတူ ကလေးငယ်ရဲ့ အကြည့်တွေကလည်း ဓါးသည်ကြီးရဲ့ အရှေ့မှာ ရပ်နေတဲ့ မိသားစုမှ ကလေးငယ်ဆီသို့ ရောက်သွားသည်။ ထိုကလေးငယ်က သူ့သူငယ်ချင်းပဲ မဟုတ်ပါလား။
“ သား သူငယ်ချင်းကိုတောင်မှ သူ့အိမ်က ဝယ်ပေးနေတယ် တွေ့လား ”
ကလေးငယ်က လိုရာကို ဆွဲယူပြီး ပြောလိုက်လေသည်။ ကလေးရဲ့ စကားသံ နဲ့ အတူ မိဘများကလည်း အံ့သြသွားမိသည်။ ကိုယ့်သားသမီးကို ဒီလို အန္တရယ် ရှိသော ဓါးဝယ်ပေးတယ် ဆိုတာ ဖြစ်နိုင်ပ့ါမလား ဆိုသော သံသယ မျက်လုံးတွေနဲ့ လှမ်းကြည့်သည်။ နောက်ထပ် တစ်ကြိမ် ကလေးက သူ့ဖခင်နဲ့ မိခင်ကို လက်က ဆွဲကာ ခေါ်လာခဲ့ပြန်သည်။ ဓါးသည် ဆိုင်ရှေ့သို့ ပြန်အရောက်. . .
“ ဒါက ကျောင်းက သားသူငယ်ချင်း ပိုင်ဦး တဲ့ ဖေဖေ ”
“ သြော်. . . ဟုတ်ကဲ့ ၊ ဓါးလာ ဝယ်ကြတာလား ”
ကလေးက မိတ်ဆက်ပေးရင်း တဖက်က မိဘတွေကို တစ်ခါတည်း လှမ်း၍ မိတ်ဆက် လိုက်သည်။
“ ဟုတ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့က အမဲသား ရောင်းပါတယ်။ အရိုးမှာ ကပ်နေတဲ့ အသားတွေကို ဖျက်ရာမှာ ဓါးက ကြီးနေတော့ သားအတွက် ဓါးအသေးလေး တစ်လက် လာဝယ်ပေးတာပါ ”
“ ဟုတ်ကဲ့။ ဒါပေမဲ့ ကျွန်တော့်သားက ဆော့ဖို့ ဆိုပြီး ပူဆာပြီး ဓါးဝယ်ခိုင်းနေလို့ဗျာ။ ဘယ်လို လုပ်ရမှန်း တောင်မှ မသိတော့ဘူး။ သူ့ကို အန္တရာယ် ဖြစ်မှာ စိုးလို့ပါ။ ဒီက သားလေးအတွက် ဝယ်မယ် ဆိုတာက အလုပ်အတွက် ဝယ်မှာလေ။ ကျွန်တော့်သားက ဆော့ဖို့ ဆိုတော့ မဝယ်ပေးချင်တာပါ။ သူ့အတွက် ဆော့ဖို့ ဝါးဓါးသည်ကလည်း ဒီနေ့ မမြင်မိဘူး။ ”
အသားဖျက် ရောင်းသော မိသားစုမှ ဖခင်က ခဏလေး ငြိမ်သွားလေသည်။ ပြီးမှ. . .
“ ဒီလို လုပ်ပါလား။ ကျွန်တော့်သားအတွက် ဝယ်ပေးသလောက် ဓါးဆိုရင် အသွားကမှ ၂ လက်မ ခွဲ လောက်ပဲ ရှိတော့ အန္တရာယ် မရှိလောက်ပါဘူး။ နောက်ပြီးတော့. . . . . . . ”
ဟု ဆိုကာ ရုတ်တရက် တစ်ဖက်လူနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေတော့သည်။ သူ့ဆီက စကားကြားရတော့ နားထောင်နေသော လူမျက်နှာ ရုတ်တရက် နေရောင် လက်သော မှန်ကဲ့သို့ လင်းထိန်သွား လေတော့သည်။
“ ခင်ဗျား ပြောတာ အဆင်ပြေပါတယ်။ အဲဒီလို ဖြစ်အောင် ကူညီပေးပါ ”
“ ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော်တို့က ဒီဓါးနဲ့ပဲ လုပ်ကိုင် နေတာ ဆိုတော့ ဘယ်လိုဆိုရင် အဆင်ပြေတယ် ၊ အန္တရာယ် ရှိတယ် ဆိုတာကို ပိုသိနိုင်လို့ပါ။ ဒီလို လုပ်လိုက်မယ်လေ ”
ဒီတော့မှ အငိုမှ ခဏရပ်နေတဲ့ သူ့သားကို ကြည့်ကာ ဖခင်က . . .
“ သားရေ ၊ ဒီဦးဦးက ပြောတယ်။ သားကိုလည်း သားသူငယ်ချင်းလိုပဲ ဓါးတစ်ယောက် အတူတူ အမှတ်တရ ဝယ်ပေးလိုက်ပါတဲ့။ ဒီတော့ သားသူငယ်ချင်းနဲ့ အတူတူ ဓါးမျိုး ယူမလား ”
“ ယူမယ် ဖေဖေ။ သား သူငယ်ချင်းနဲ့ အတူတူ ယူမယ် ”
မတင်မှတ်ဘဲ ချက်ချင်း ဝယ်ပေးမယ် ဆိုတော့ ကလေးလည်း ပျော်သွား၏။ ဖခင်က ဆက်ပြောသည်။
“ ဒါပေမဲ့ ဓါးလေးက ချက်ချင်းတော့ မရသေးဘူးတဲ့ ၊ ဓါးလေးကို လှလှပပ ဖြစ်အောင် ဓါးရောင်းတဲ့ ဦးဦးက ပြင်ပေးဦးမယ်တဲ့။ ဖေဖေတို့ ပွဲဈေးထဲ လျှောက်ကြည့်ပြီးတော့ အပြန်မှာ ဝင်ယူရင် အတော်ပဲပေါ့။ သား သူငယ်ချင်း လက်ထဲက ဓါးလေးကို ကြည့်လိုက် သားကြိုက်လား ”
“ ဟုတ်ကဲ့ ကြိုက်တယ် ဖေဖေ ”
“ ဒါဆို ဖေဖေ ဓါးဖိုး ပေးလိုက်တော့မယ်။ ပြီးရင် ပွဲဈေးသွားမယ်။ နောက်မှ ဖေဖေတို့ အပြန်မှာ ဝင်ယူလိုက်မယ်။ ဒါဆို အဆင်သင့်ပဲ ”
ဓါးလေးအတွက် ကျသင့်ငွေကို ဓါးသည်ဆီကို လှမ်းပေးလိုက်ပြီး သူ့ကို ကူညီသော အသားဖျက်သူကို လက်လှမ်းပြ နှုတ်ဆက်ကာ ပွဲဈေးဘက်သို့ ထွက်လာခဲ့လေသည်။ သူတို့ ခပ်လှမ်းလှမ်းရောက်မှ အသားဖျက်ရောင်းသူက သူ့သားလက်က ဓါးကိုရော ၊ နောက်ထပ် သူ့သားနဲ့ အတူတူ ဓါးတစ်ချောင်းကိုပါ ယူပြီး ဓါးသည်ဆီကို ကမ်းပေးရင်း တိုးတိုးကပ်ပြောလေသည်။
“ ဒီဓါးနှစ်လက်ကို သေချာလေး ပြန်သွေးပေးပါဗျာ။ ကျွန်တော့် သားအတွက် ဓါးကိုတော့ ထက်မြ နေအောင် သွေးပေးပါ။ ဟိုကလေးအတွက် ဓါးကိုတော့ ထိပ်က ချွန်နေတာကို တုံးလိုက်ပါ။ ပြီးတော့ အသွားကိုလည်း လက်မရှနိုင်အောင် တုံးပြီး သွေးပေးလိုက်ပါ။ သူက ဆော့မှာ ဆိုတော့ အန္တရာယ် ရှိနိုင်လို့ပါ။ ကျွန်တော်တို့လည်း ပွဲဈေးက အပြန် ဝင်ယူပါ့မယ်။ ”
ပြီးတော့ သူတို့ မိသားစုလည်း သားလေးကို တစ်ယောက် လက်တစ်ဘက်က ဆွဲလို့ ပွဲဈေးထဲသို့ ဦးတည်လိုက်လေသည်။
“ လာနော်. . . သုံးစီးမှ ၅ ကျပ်ထဲ. . .”
“ ငါးသားလောက် လတ်လတ်ဆတ်ဆတ်တွေနော် ”
“ ပဲတီချဉ် ၊ မုန်လာချဉ် ၊ ချဉ်ပတ်စုံတွေ ရမယ် ”
ဈေးထဲမှာ အတော်ကို စည်ကားနေလေပြီ။ ကိုဘုန်း သူ့ဇနီးနောက်ကို ဈေးခြင်းကို ဆွဲကာ လိုက်လာ လေတော့သည်။ ဈေးစည်ချိန်ဆိုတော့ တိုးဝှေ့ကာ သွားရလေသည်။ အတော် သွားအပြီးမှာတော့ ဈေးဆိုင်ရှေ့တစ်ခုကို အရောက်မှာ ရပ်လိုက်လေသည်။ ဈေးရောင်းသူကတော့ သူတို့ကို သတိမထားမိသေး။ အရိုးမှာ ကပ်နေသော အသားများကို ကျင်လည်စွာ လက်ထဲမှ ဓါးဖြင့် ခွာချနေသည်။ အရွတ်တွေကို လှီးဖြတ်ထုတ်နေသည်။ ဓါးကလည်း အတော်ကို ထက်မြဟန် ရှိသည်။
အရိုးတစ်ခုမှ အသားများကို ဖျက်ထုတ် အပြီး နောက်တစ်ခုကို ယူဖို့ လက်အလှမ်းမှ ဆိုင်ရှေ့မှာ ရပ်နေသူတို့ကို မြင်လိုက်လေသည်။
“ ဘာများ အလိုရှိ . . . သြော်. . . သားသူငယ်ချင်းရဲ့ အဖေ နဲ့ အမေ ပါလား ။ ဈေးလာ ဝယ်ကြတာလား ”
“ ဟုတ်တယ် ကို - - - - ”
“ ဆောင်းဦး ပါ ”
“ ဟုတ်တယ် ကိုဆောင်းဦး။ ဈေးကိုလည်း လာရင်း ကိုဆောင်းဦးတို့ ဆိုင်ကိုလည်း ဝင်လာတာပါ ”
“ ကိစ္စများ ရှိလို့လား မသိဘူး ”
“ ကိစ္စရယ်တော့ မဟုတ်ပါဘူးဗျာ။ ဘုရားပွဲမှာ တစ်ခါတွေ့ပြီးကတည်းက ကျွန်တော်တို့က မတွေ့တော့ဘူးလေ။ ပွဲဈေးမှာ ကိုဆောင်းဦး ကူညီလိုက်တာ တကယ်ကို ကျေးဇူးတင်နေတာဗျာ။ ”
“ ဒီလောက်လည်း မဟုတ်ပါဘူးဗျာ။ ကလေး ဆိုတော့လည်း ဒီလိုပဲ။ ဒါနဲ့ သူ ဒီဓါးကို မေ့သွားပြီ ထင်တယ် ”
ကိုဆောင်းဦးရဲ့ စကားဆုံးတော့ ကိုဘုန်း နဲ့ သူ့ဇနီး တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလေတော့သည်။ ပြီးမှ. . . .
“ မမေ့တဲ့ အပြင် နေ့တိုင်း ဒါကို ကိုင်ပြီးတော့ သုံးနေတော့တာပဲ ”
“ ဟုတ်လား ၊ သူက ဘယ်နေရာမှာ သုံးနေတာလဲ ”
“ ထွေထွေထူးထူး ဟုတ်ရိုးလားဗျာ။ နိုင်ငံခြားကားတွေ ကြည့်နေရင်းက အဲဒီထဲက လူတွေ စားသလိုမျိုး အသားတွေကို ဓါးနဲ့ လှီးပြီး ထမင်းစားမယ် ဆိုပြီးတော့ အဲဒီဓါးကို သုံးနေတော့တာပဲဗျာ။ ”
“ သြော်. . ”
“ ကျွန်တော်တို့ကလည်း သူ တခြားနေရာထက် စာရင် ထမင်းစားရာမှာ သုံးတာ ဆိုတော့ ပိုပြီး အန္တရာယ် ကင်းပြီး ကျွန်တော်တို့ မျက်စိ ရှေ့မှာ ဆိုတော့ စိတ်ချလက်ချ လွှတ်ထားလိုက်တယ်ဗျာ။ ထမင်းစားပြီးရင် သူက မသုံးတော့ဘူးလေ။ အဲဒါ ကိုဆောင်းဦးကို သားလေးအတွက် ဓါးဝယ်တော့ ဓါးရဲ့ အသွားတွေကို မချွန်အောင် တုံးပြီး အသွားတွေကို မထက်အောင် တုံးလိုက်စေဖို့ အကြံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် လို့ လာပြောတာပါ။ ”
“ မဟုတ်တာပဲဗျာ။ ဒီလောက်ကတော့ အကြံလေး ရလို့ ပါးစပ်နဲ့ ကူညီရတာပါ။ ဘာမှလည်း မပြောပလောက်ပါဘူး ”
“ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ အကြောင်းတော့ လာပြောတာပါဗျာ။ သြော်. . ဒါနဲ့ . . . . ”
“ ဟုတ်ကဲ့ . . ပြောပါ ”
“ ကိုဆောင်းဦး ခုနက အသားဖျက်နေတာ တွေ့လိုက်ပါတယ်။ အတော် ကျွမ်းကျင်ဖို့ လိုတဲ့ ကိစ္စပဲ။ ကိုဆောင်းဦး သားလေးရော အဆင်ပြေရဲ့လား ”
“ ဟုတ်ကဲ့။ သူက ကလေးဆိုတော့ ကျွန်တော်တို့လောက် မမြန်ပေမဲ့ မိဘတွေ လုပ်နေတာ မျက်စိ ယဉ်နေတော့ သူလုပ်နိုင်သလောက်တော့ ပြီးပါတယ် ”
“ ဓါးကလည်း အတော်ကို ထက်ဖို့ လိုမယ် ထင်တယ်ဗျာ။ ကိုဆောင်းဦး သားလေးရဲ့ ဓါးကရော ကျွန်တော့်သား ဓါးလိုတော့ တုံးနေမှာ မဟုတ်ဘူးပေါ့နော် ”
“ အမှန်ပေါ့ဗျာ။ ကျွန်တော်တို့က အသားစိမ်းကြီးကို လှီးရတာကိုး။ ဒါကြောင့် ဓါးရဲ့ အသွားက အမြဲတမ်း ထက်နေဖို့ လိုတာပေါ့။ တကယ်လို့ အသွားက မထက်ဘူး ဆိုရင် အသားကို လှီးရတာ အားစိုက်ရပြီး ပင်ပန်းတာပေါ့ဗျာ။ ဒါကြောင့် ဓါးသွားကိုတော့ အမြဲတမ်း သွေးပေးနေရတယ်။ အမြဲထက်နေမှလည်း အသားစိမ်းတွေကို လှီးရတာ လွယ်မှာပေါ့ဗျာ ”
“ သြော်. . . . ဟုတ်တာပေါ့ ”
“ ဒါနဲ့ အခုမှ စဉ်းစားမိလို့ မေးချင်တယ် ကိုဘုန်း ”
“ ဟုတ်ကဲ့ မေးပါ ကိုဆောင်းဦး ”
“ သြော်. . . ဒီလိုကိုး ”
ဓါး ဆိုတာ ပုံသဏ္ဌာန် အမျိုးမျိုး ၊ အရွယ်အစား အမျိုးမျိုး ရှိနေနိုင်ပါသည်။ ဒီလိုပါပဲ ထိုကဲ့သို့ အရွယ်အစား ၊ ပုံသဏ္ဌာန် အမျိုးမျိုးသော ဓါးတွေကို အသုံးပြုပုံ ကွာခြားသလို ၊ အသုံးပြုရသော အားစိုက်ထုတ်မှုကလည်း ကွာခြားပါသည်။
.
အရိုးတစ်ခုမှ အသားများကို ဖျက်ထုတ် အပြီး နောက်တစ်ခုကို ယူဖို့ လက်အလှမ်းမှ ဆိုင်ရှေ့မှာ ရပ်နေသူတို့ကို မြင်လိုက်လေသည်။
“ ဘာများ အလိုရှိ . . . သြော်. . . သားသူငယ်ချင်းရဲ့ အဖေ နဲ့ အမေ ပါလား ။ ဈေးလာ ဝယ်ကြတာလား ”
“ ဟုတ်တယ် ကို - - - - ”
“ ဆောင်းဦး ပါ ”
“ ဟုတ်တယ် ကိုဆောင်းဦး။ ဈေးကိုလည်း လာရင်း ကိုဆောင်းဦးတို့ ဆိုင်ကိုလည်း ဝင်လာတာပါ ”
“ ကိစ္စများ ရှိလို့လား မသိဘူး ”
“ ကိစ္စရယ်တော့ မဟုတ်ပါဘူးဗျာ။ ဘုရားပွဲမှာ တစ်ခါတွေ့ပြီးကတည်းက ကျွန်တော်တို့က မတွေ့တော့ဘူးလေ။ ပွဲဈေးမှာ ကိုဆောင်းဦး ကူညီလိုက်တာ တကယ်ကို ကျေးဇူးတင်နေတာဗျာ။ ”
“ ဒီလောက်လည်း မဟုတ်ပါဘူးဗျာ။ ကလေး ဆိုတော့လည်း ဒီလိုပဲ။ ဒါနဲ့ သူ ဒီဓါးကို မေ့သွားပြီ ထင်တယ် ”
ကိုဆောင်းဦးရဲ့ စကားဆုံးတော့ ကိုဘုန်း နဲ့ သူ့ဇနီး တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလေတော့သည်။ ပြီးမှ. . . .
“ မမေ့တဲ့ အပြင် နေ့တိုင်း ဒါကို ကိုင်ပြီးတော့ သုံးနေတော့တာပဲ ”
“ ဟုတ်လား ၊ သူက ဘယ်နေရာမှာ သုံးနေတာလဲ ”
“ ထွေထွေထူးထူး ဟုတ်ရိုးလားဗျာ။ နိုင်ငံခြားကားတွေ ကြည့်နေရင်းက အဲဒီထဲက လူတွေ စားသလိုမျိုး အသားတွေကို ဓါးနဲ့ လှီးပြီး ထမင်းစားမယ် ဆိုပြီးတော့ အဲဒီဓါးကို သုံးနေတော့တာပဲဗျာ။ ”
“ သြော်. . ”
“ ကျွန်တော်တို့ကလည်း သူ တခြားနေရာထက် စာရင် ထမင်းစားရာမှာ သုံးတာ ဆိုတော့ ပိုပြီး အန္တရာယ် ကင်းပြီး ကျွန်တော်တို့ မျက်စိ ရှေ့မှာ ဆိုတော့ စိတ်ချလက်ချ လွှတ်ထားလိုက်တယ်ဗျာ။ ထမင်းစားပြီးရင် သူက မသုံးတော့ဘူးလေ။ အဲဒါ ကိုဆောင်းဦးကို သားလေးအတွက် ဓါးဝယ်တော့ ဓါးရဲ့ အသွားတွေကို မချွန်အောင် တုံးပြီး အသွားတွေကို မထက်အောင် တုံးလိုက်စေဖို့ အကြံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် လို့ လာပြောတာပါ။ ”
“ မဟုတ်တာပဲဗျာ။ ဒီလောက်ကတော့ အကြံလေး ရလို့ ပါးစပ်နဲ့ ကူညီရတာပါ။ ဘာမှလည်း မပြောပလောက်ပါဘူး ”
“ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ အကြောင်းတော့ လာပြောတာပါဗျာ။ သြော်. . ဒါနဲ့ . . . . ”
“ ဟုတ်ကဲ့ . . ပြောပါ ”
“ ကိုဆောင်းဦး ခုနက အသားဖျက်နေတာ တွေ့လိုက်ပါတယ်။ အတော် ကျွမ်းကျင်ဖို့ လိုတဲ့ ကိစ္စပဲ။ ကိုဆောင်းဦး သားလေးရော အဆင်ပြေရဲ့လား ”
“ ဟုတ်ကဲ့။ သူက ကလေးဆိုတော့ ကျွန်တော်တို့လောက် မမြန်ပေမဲ့ မိဘတွေ လုပ်နေတာ မျက်စိ ယဉ်နေတော့ သူလုပ်နိုင်သလောက်တော့ ပြီးပါတယ် ”
“ ဓါးကလည်း အတော်ကို ထက်ဖို့ လိုမယ် ထင်တယ်ဗျာ။ ကိုဆောင်းဦး သားလေးရဲ့ ဓါးကရော ကျွန်တော့်သား ဓါးလိုတော့ တုံးနေမှာ မဟုတ်ဘူးပေါ့နော် ”
“ အမှန်ပေါ့ဗျာ။ ကျွန်တော်တို့က အသားစိမ်းကြီးကို လှီးရတာကိုး။ ဒါကြောင့် ဓါးရဲ့ အသွားက အမြဲတမ်း ထက်နေဖို့ လိုတာပေါ့။ တကယ်လို့ အသွားက မထက်ဘူး ဆိုရင် အသားကို လှီးရတာ အားစိုက်ရပြီး ပင်ပန်းတာပေါ့ဗျာ။ ဒါကြောင့် ဓါးသွားကိုတော့ အမြဲတမ်း သွေးပေးနေရတယ်။ အမြဲထက်နေမှလည်း အသားစိမ်းတွေကို လှီးရတာ လွယ်မှာပေါ့ဗျာ ”
“ သြော်. . . . ဟုတ်တာပေါ့ ”
“ ဒါနဲ့ အခုမှ စဉ်းစားမိလို့ မေးချင်တယ် ကိုဘုန်း ”
“ ဟုတ်ကဲ့ မေးပါ ကိုဆောင်းဦး ”
“ ကိုဘုန်း သားလေး ၊ ထမင်းစားတော့ သူက အသားတွေကို တုံးနေတဲ့ ဓါးနဲ့ လှီးပြီးတော့ စားတယ် လို့ ခုနက ပြောတယ် မဟုတ်လား။ ဒီတော့ သူ အသားတွေကို လှီးရတာ အဆင်ပြေပါ့မလားလို့ပါ။ ဘာလို့လဲ ဆိုတော့ အသွားတွေ တုံးနေတဲ့ ဓါးနဲ့ အသားကို လှီးတော့ ပြတ်ပါ့မလားလို့ပါ ”
“ ဒီအတွက် မပူပါနဲ့ ကိုဆောင်းဦးရေ။ အသွားက တုန်းနေတော့ ကျွန်တော်တို့ သားလေး စားမဲ့ အသားတွေ အားလုံးကို အသွားတုံးနေတဲ့ ဓါးနဲ့ လှီးလို့ ရအောင် နူးအိနေအောင် ပြုတ်ချက် ချက်ပြီးမှပဲ ပေးလိုက်ပါတယ်။ ဒီတော့ သားလေးရဲ့ ဓါးတုံးတုံး နဲ့ လှီးပေမဲ့ အခက်အခဲ မရှိဘဲ ပြတ်ပါတယ် ”
“ သြော်. . . ဒီလိုကိုး ”
ဓါး ဆိုတာ ပုံသဏ္ဌာန် အမျိုးမျိုး ၊ အရွယ်အစား အမျိုးမျိုး ရှိနေနိုင်ပါသည်။ ဒီလိုပါပဲ ထိုကဲ့သို့ အရွယ်အစား ၊ ပုံသဏ္ဌာန် အမျိုးမျိုးသော ဓါးတွေကို အသုံးပြုပုံ ကွာခြားသလို ၊ အသုံးပြုရသော အားစိုက်ထုတ်မှုကလည်း ကွာခြားပါသည်။
တချို့တွေက လိုတရကြသည်။
တချို့တွေက ငိုကြရသည်။
တချို့တွေက အားစိုက်ထုတ်ကြရသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်. . . .
ဒါတွေက ဘဝတွေပဲ ဖြစ်သည်။
*** ဤဝတ္ထုထဲမှ ပွဲဈေးနေရာကို ကျွန်တော့်အဖွား ငယ်ငယ်က ပြောပြသော သူတို့ ဇာတိ ညောင်တုန်းမြို့မှ ဘုရားပွဲ နှင့် ဗဟုသုတများကို စိတ်တွင် ပြန်လည် ထင်ဟပ်၍ ပုံဖော် ရေးသားပါသည်။ ***
လေးစားစွာဖြင့်
ကိုဇော်.
11 ယောက် ရဲ့ ထင်မြင်ချက်:
ကိုဇော်ရေ..မရောက်တာတောင်ကြာသွားပြီ... ဒီဓါးဆိုတဲ့ပို့စ်က ဘာကိုပြောချင်နေတာလဲဆိုတာကို စဉ်းစားသွားတယ်.......
ဦးဇော် ဓါး ပို့စ်က အတော်မိုက်တယ်။ ပေးချင်တဲ့ မက်စ်ဆေ့ခ်ျတွေကို ကာလာ လေးနဲ့ပြောတော့ ပိုတောင် မိုက်သေး။ ရဲရဲတောက် စကားတွေက ဘာတဲ့
တစ်ချို့တွေက လိုတရ ၊ တစ်ချို့က ငိုကြ ၊ တစ်ချို့ အားစိုက် ဒါတွေက ဘ၀တွေလား။ “ဘုရားနှင့်နတ်များ” ပို့စ် လိုမျိုး ပေးချင်တာလား
ဖတ်သွားပါတယ်..။ အတွေးကောင်းတွေ
ရသွားပါတယ်..။
ခင်မင်စွာ
သဒ္ဓါ
စဉ်းစားစရာတွေ ချဲ့တွေးစရာတွေ ပေးသွားတဲ့ ပို့စ်တစ်ပုဒ်ပဲ ။
အနော်လဲ ဓါးတစ်ချောင်းလောက် လိုချင်တယ် ဦးဇော်
ဒါနဲ့..... ခင်ဗျားကြီးက အမြင်ကပ်ရလောက်အောင် ရေး, ရေးနိုင်လွန်းတယ်ဗျာ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ကိုဇော်အတွေးတွေကို ခံစားသွားပါတယ်၊
အားပေးလျက်ပါ။
ဘယ်လိုမက်ဆေ့ခ်ျပေးချင်မှန်း သဲသဲကွဲကွဲမသိပေမဲ့ ဓါးအကြောင်း ကောင်းကောင်းသိသွားလို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ အသုံးပြုပုံကွာခြားသလို ကောင်းကျိုးဆိုးပြစ်တွေကိုလဲ ဖြစ်စေနိုင်တယ်ဆိုတာကိုလဲ သတိပြုမိစေပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ဓား တစ်ချောင်းလောက်ဗျို့း)
ဖတ်ပြီး ဒီနေ့မှမန့်နိုင်တယ်ဗျာ
မောင်ဘကြိုင်
ဖတ်လို့လည်းကောင်း၊ ဗဟုသုတလည်း ရတော့ရပါရဲ့.. ဒါပေမယ့် တစ်ခုခုပါနေသလိုပဲ... အထင်ကိုပြောတာနော်အကို .. စိတ်ချိုးရဘူး
ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)
buy ativan ativan sublingual online - ativan and alcohol detoxification
generic phentermine online phentermine online kopen - phentermine rx
Post a Comment