မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 September 2010

Blogger & Annoymous


ဒီပို့စ်က သာမာန် စာဖတ်သူတွေနဲ့ မသတ်ဆိုင်ဘဲ Blogger တွေနဲ့သာ သက်ဆိုင်တဲ့ အတွက် Blog မရေးဘဲ သာမာန် စာဖတ်သူတွေကိုတော့ အားနာပါသည်။ ဗဟုသုတနဲ့ သိအောင်လို့ပဲ ဖတ်ကြည့်စေချင်ပါသည်။ ဒါကို သိပြီး သူများနေရာတွေမှာ ရေးလိုက်လို့ သူများတွေကိုလည်း လိုက်နှောင့်ယှက်ဖို့ မဖြစ်စေလိုပါ။ ဟိုတစ်နေ့ကတော့ သူများရဲ့ အိုင်ပီတွေကို ခိုးယူနေသူတွေ အကြောင်း ကျွန်တော်က ရေးလိုက်မိလို့ သူတို့ အဖြစ်အပျက်တွေ လူသိမှာ ဆိုးလို့ အပြောအဆို ခံရပါသေးသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံး သိထားတယ် ဆိုရင် ပိုပြီး ကောင်းတယ် လို့ ကျွန်တော် ယူဆပါသည်။ ကျွန်တော်က သိလို့ တတ်လို့ မဟုတ်ပါ။ သိသလို တတ်သလိုသာ ပြောပြတာ ဖြစ်ပါသည်။ ( မှားကောင်းလည်း မှားနိုင်ပါသည်။ )

အခုလို သူများတွေကို လိုက်နှောင့်ယှက်နေပုံကိုလည်း တင်ပြလိုက်လို့ လိုက်တော့ မလုပ်ကြပါနဲ့။ အခုလို ပြောလိုက်လို့ နှောင့်ယှက်သူများက သူတို့ လုပ်ပေါက် ၊ စားပေါက်ကို ပြောပြလို့ စားပေါက်ပိတ်တယ် ဆိုပြီး အပြစ်တင်ရင်လည်း ကြည်ဖြူစွာပဲ ခံယူသွားပါမည်။ သူတို့ လုပ်ပုံက ဒီလိုပါ။ အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ ပြထားပါသည်။

အခု ပုံကတော့ ကျွန်တော့် မေးလ်အကောင့်နဲ့ ဝင်ထားတာပါ။ ဒါနဲ့ ရေးလိုက်ရင် စာရေးသူ နေရာမှာ “ ကိုဇော် ” ဆိုပြီး ပေါ်နေပါလိမ့်မည်။ ဒါကတော့ ထုံးစံ Gmail အကောင့်ဖြင့် ဝင်တာပါ။ ဒါကို သူများတွေ အမြင်မှာ Gmail အကောင့်နဲ့ ဝင်ထားသလိုလိုဖြင့် အထင်မှားအောင် သူတို့က ဒီလို လုပ်ပြီး ရေးကြပါသည်။

အခု အထက်က ပုံကတော့ အမည် နာမ မဖော်ပြလိုပဲ ရေးသော အခါမှာ သုံးပါသည်။ ဒါဆိုရင် Anonymous ဆိုတာသာ ပေါ်ပါသည်။ ဒါကို သူများနာမည်နဲ့ သူတို့က အယောင်ဆောင်ပြီး ရေးတော့မယ် ဆိုရင် သူတို့ ဒီလို ရေးကြပါသည်။ သတိထားဖို့ပါ။


အခုလို Name / URL ကို ရွေးလိုက်ပါသည်။ ထို့နောက် Name နေရာမှာ သူတို့ ပေါ်စေချင်သူကို ရေးလိုက်ပါသည်။ ဥပမာ အနေနဲ့ ကျွန်တော်ကတော့ ကျွန်တော် ခွင့်တောင်းထားသူ နာမည်ကို ထည့်လိုက်ပါသည်။ Name မှာ ကိုကြီး {ကိုရီး} ကို ထည့်လိုက်ပါသည်။


ပြီးရင်တော့ URL နေရာမှာ ကိုကြီး {ကိုရီး} ဆိုသော သူ့ဆိုက်လိပ်စာကို ထည့်လိုက်ပြီး Comment Box မှာ ရေးချင်တာ ရေးခဲ့မယ် ၊ နောက်ပြီးတော့ PUBLISH YOUR COMMENT ဆိုတာကို နှိပ်လိုက်ရင် အောက်ပါ အတိုင်း ကိုကြီး {ကိုရီး} လို့ ပေါ်နေမှာ ဖြစ်ပါသည်။ ဒါဆိုရင် ဘယ်သူ မဆို ရုတ်တရက် ဒေါသထွက်ကာ ဘာလို့ အဲဒီလူက ငါ့နေရာမှာ ပေါက်ကရ လာရေးတာလဲ ဆိုကာ အချင်းချင်း ရန်တိုက်ခံရသလို ဖြစ်နိုင်ပါသည်။ လာရေးသူမှာ ဒီလို ပေါ်နေတာကိုး။


ဒီပုံကတော့ လက်ရှိ ကိုရီး {ကိုကြီး}ရေးထားပြီသားကို ယူလိုက်တာပါ။ ဒါကြောင့် စာသား မညီတာ ဖြစ်ပါသည်။

မကျေနပ်လို့ ကိုယ်က လာရေးသူရဲ့ နာမည်မှာ လင့်ဖြစ်နေတာကို နှိပ်လိုက်ရင်လည်း သက်ဆိုင်သူရဲ့ ဆိုက်ကိုပဲ ရောက်သွားမှာ ဖြစ်ပါသည်။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခု သတိထားကြည့်ရင် မြင်နိုင်ပါတယ်။ အဲဒီလို လုပ်ရေးသူတွေဟာ သူတို့ရေးတာမှာ နာမည်သာ ပေါ်နေမှာ ဖြစ်ပြီး Logo ပုံလေးကတော့ မပေါ်ပါဘူး။ ဒါကို သတိထားမိရင် သိသာပါသည်။

သို့သော် Profile ကို ပိတ်ထားသူများ အတွက်တော့ Gmail အကောင့်နဲ့ ဝင်ရေးတာတောင်မှ ဘာမှ ပေါ်လာလိမ့်မည် မဟုတ်ပါ။ ဒါဆိုရင် ကိုယ်ဆိုပြီး ဟန်ဆောင်ကာ ရေးနေသူနဲ့ တကယ် ရေးနေသူ ဆိုပြီး မခွဲခြားနိုင်တော့ပါ။ 

ဒါကြောင့် Blogger တိုင်း Profile ဖွင့်ထားသင့်သလို ၊ Name / URL ( သို့ ) Anonymous ဖြင့် ဝင်ရေးခြင်းကိုလည်း ပိတ်ထားသင့်ပါသည်။ ဒါဆို တကယ် ကိုယ့်အပေါ် Comment ပေးချင်သူဆိုရင် သူတို့ Gmail အကောင့်တော့ အနည်းဆုံးဝင်ပြီး ရေးပါလိမ့်မည်။

ဒီအကြောင်းကို ဘလော့ဂါ တစ်ယောက်က ပြောပြလို့ ကျွန်တော် သိခဲ့ရတာပါ။ ပြီးတော့ အဲဒီတုန်းက သူက အကြံပေးလို့ ကျွန်တော်လည်း လေ့လာကြည့်မိပါသည်။ အခုတော့ အားလုံးကို သိအောင် ဖွင့်ပြောပြ လိုက်ပါသည်။ ရိုးရိုးသားသား စာဖတ်သူများ အတွက်ကတော့ ဘာမှ မထူးပေမဲ့ သူများကို နှောင့်ယှက်ချင်သူများ အတွက် ဖော်ကောင် လုပ်သလို ဖြစ်ခဲ့ရင်လည်း စိတ်မကောင်းပေမဲ့ ပြောသင့်တာကတော့ ပြောပြရမှာပါပဲ။ ဒီအတွက်ကြောင့် မကျေ ၊ မနပ် ဖြစ်ခဲ့မယ် ဆိုရင်လည်း သူတို့ ပြောသမျှ ၊ ဆူပူသမျှ ခံသွားပါဦးမည်။

ဘာပဲ ပြောပြော အေးဆေးစွာ ဘလော့ရေးသားသူများ တစ်နေ့ထက် တစ်နေ့ များပြားလာတာကို ကျွန်တော် နှစ်သက် ပျော်ရွှင်မိပါသည်။ သူတို့ကိုလည်း စိတ်မညစ်စေချင်ပါ။ ဒါကြောင့် ကျွန်တော် သိတာလေးတွေကို သိသမျှသာ ပြောပြတာ ဖြစ်ပါသည်။

အေးချမ်းပျော်ရွှင်စွာ စာရေးနိုင်ကြပါစေ။

*** သိယုံမျှသာ ရေးသားသောကြောင့် Comment ပေးစရာ မလိုပါ :) ***

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark