မြို့ပြ
ဘဝတွေ အပြေးပြိုင်တိုင်း
ငွေကြေး ပထမ ရတယ်
စားဝတ်နေရေးက
ပြေးဆွဲနေကျ လိုင်းကားတွေလို ကျပ်တယ်
စိတ်ယဉ်ကျေးမှုက
ပက်ကျိတစ်ကောင်လို နှေးကွေးပြီး
ရုပ်ယဉ်ကျေးမှုက
ကျည်ဆန်ရထားလို မြန်တယ်
မစည်ကားအပ်တဲ့ နေရာတွေမှာ
ကြက်ပျံမက စည်ကားတယ်
ရံဖန်ရံခါ ဆိုသလို
တစ်ဦးရဲ့ အခက်အခဲကို
တစ်ဦးက မျက်နှာလွှဲ ခဲပစ်တတ်ကြသေးရဲ့
ဘဝရဲ့ အချိုးအစားကလည်း
မိုးနဲ့ မြေလို
ဘယ်တော့မှ ထပ်တူမကျဘူး
တကယ်တော့ မြို့ပြဆိုတာ
ဘဝရဲ့ မှန်တစ်ချပ်
( အချိန်နဲ့အမျှ )
ဖျတ်ခနဲ ကျကွဲသွားနိုင်တဲ့ နေရာ။
သော်တာစံ ( ကလေး )
အမှတ်- ၁၇ ၊ ဇွန်လ ၊ ၂၀၁၀ ၊ စတိုင်လ်သစ် မဂ္ဂဇင်း။
9 ယောက် ရဲ့ ထင်မြင်ချက်:
အင်း...မြို့ထဲသွားရင် ဖွဖွလေး လမ်းလျှောက်မှ..
မတော်လို့ ကွဲသွားရင် တရားခံဖြစ်နေမယ်..
ဟုတ်ပ...
ဒီမှာလည်း လမ်းသွားရင် ကြည့်သွားနေရတယ်...
ရန်လိုမှုတွေက ခပ်များများရယ်...
ကဗျာကောင်း လေး ကို မျှဝေပေးတဲ့  ကိုဇော်
ကျေးဇူးပါဗျာ။
ကွဲသွားတာ အရေးမကြီးဘူး ကိုယ်ကိုလာရှနေမှ၊
ကဗျာလေးက ထိမိတယ်၊
စိတ်ယဉ်ကျေးမှု တွေက ပက်ကျိလို နှေးနေသလား။ ကျည်ဆန် ရထားရှေ့ဆုံးခန်းထဲမှာ ထည့်ပေးလိုက်ရင် အဆင်ပြေနိုင်ကောင်းရဲ့။
ဘဝရဲ့မှန်တချပ်
ဖျတ်ခနဲကျကွဲသွားနိုင်တဲ့အရာ တဲ့
မှန်လိုက်တာဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကဗျာကောင်းလေး
ဖတ်သွားပါတယ်။
ကျေးဇူး
ကဗျာကောင်းကို မျှဝေပေးလို့ ကိုဇော် ကို
အထူးကျေးဖူးတင်နေမိပါတယ် ...
ငြိမ်းစိုးဦး
ကြိုက်တယ်ဗျာဒီကဗျာကို
Post a Comment