မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 November 2009

7 " မေ့ဆေး "


၂၀၀၁ ခုနှစ် ဆောင်းအကုန်ရာသီ အဦးအစ တစ်နေ့မှာ ကျွန်တော့်သူငယ်ချင်း ထက်ထက်အောင် အသဲကွဲတယ်..။ (အဲဒီတုန်းက ကျွန်တော်တို့ ပထမနှစ်ကျောင်းသား/သူ တွေပေါ့...။) ဆောင်းအ၀င်ဆိုပေမဲ့ မိုးတွေကလဲ ရွာတုန်းလေ..။ မိုးတွေနဲ့ အတူ ထက်ထက်အောင် လည်း မျက်ရည် နဲ့ မျက်ချေး...။သူငယ်ချင်းတွေအားလုံး ၀ိုင်းချော့ပေမဲ့ မျက်ရည်တွေကိုတော့ မတားနိုင်ခဲ့ဘူး...။

ဒီလိုနဲ့ ၃ ရက်လောက်ကြာတော့ ကျွန်တော် တစ်ခု သွားသတိရတယ်..။ ဒါနဲ့ သူကို ပြောပြတယ်...

"ရွှေတိဂုံ ဘုရားရင်ပြင်ပေါ်မှာ ရှင်မကွဲဘုရား ဆိုတာရှိကြောင်း ဒီဘ၀ သူနဲ့ မကွဲအောင် ဘုရားမှာ ဆုတောင်းသင့်ကြောင်း ဒါမှ ထာဝရ မကွဲမှာ......"

ဘာညာပေါ့ဗျာ..။ အငိုတိတ်အောင် ချော့ပြီး ရှင်မကွဲဘုရားဆီကို ခေါ်သွားရတယ်..။ (ရှင်မကွဲဘုရားဆိုတာ တကယ်ရှိပါတယ်..။သွားရောက်ဖူးမျှော်လိုသူများ ကျွန်တော် သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်..။ မြေပုံ နှင့်တကွ ကျွန်တော် ညွှန်းပါ့မယ်..။) မယုံတဲ့သူတွေက ရွှေတိဂုံဘုရားအညွှန်းစာအုပ်သော်လည်းကောင်း ၊ ဆရာ မောင်လှမျိုး(ချင်းချောင်းခြံ) ရေးတဲ့ "သစ္စာတရား၏ ကိုယ်စားပြု တမန်တော်" စာအုပ်မှာ ရှာဖွေဖတ်နိုင်ပါတယ်...။ တိုက်ရိုက်မေးမြန်းလိုတဲ့ သူတွေကတော့ ကျွန်တော့်ဆီကို Email နဲ့ မေးမြန်းနိုင်ပါတယ်..။

ကဲ....ကျွန်တော့်သူငယ်ချင်းအကြောင်းဆက်ရအောင်ဗျာ..။ ဒါနဲ့ သွားကြတယ်ဆိုပါတော့ ဘုရားပေါ်မှာဗျာ...သူကငိုလို့ ၊ ဘေးက ကောင်လေးတစ်ယောက်ဆိုရင်... လူတွေ တမျိုးထင်မှာ စိုးလို့ ကျွန်တော့်သူငယ်ချင်း "ဖိုးလပြည့်" ဆိုတဲ့ကောင်ကို ခေါ်သွားတာပါပဲ..။ နှစ်ယောက်ဆိုရင် ပြသနာ မရှိလောက်ဘူးလို့ ထင်တယ်လေ.။ ကောင်မလေးက တစ်ယောက်(ငိုလို့) ၊ ဘေးမှာ ကောင်လေးက နှစ်ယောက် ဆိုတော့ လဲ လူတွေက ကြည့်ကြည့်သွားတာပါပဲ..။ ကျွန်တော် ဘာမှ လဲ မဟုတ်တော့ ရှက်လိုက်တာဗျာ..။ ဒါနဲ့ပဲ.... ဟဲ့ မြန်မြန် ကန်တော့ သွားကြမယ်..... ဆိုပြီး...ကျွန်တော်တို့ ပြန်ခဲ့ကြတယ်..။ ကားစီးပြန်လာတဲ့ တလျှောက် ကျွန်တော် စဉ်းစားတယ်.။ သူကလဲပြောတယ်လေ.နောက်တစ်ခါသွားရင် လဲ လိုက်ခဲ့ပါဦးတဲ့..။ ဟာ..ဟိုရောက်ရင် သူက ဘုရားကန်တော့ရင်း ငိုဦးမှာ.... ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း ကဗျာလေးတစ်ပုဒ် တွေးမိတယ်..။ ပြီးတော့ ရေးပြီးတော့ သူကိုပေးတယ်ဗျာ..။ စိတ်ပြေလက်ပျောက်ပေါ့...။ ကဗျာက စွမ်းတာလား ၊ ဘာလားတော့ မသိဘူး..။ အဲဒီကစပြီး ရှင်မကွဲဘုရားကို နောက်တစ်ခေါက် လိုက်မပို့ရတော့ဘူးဗျာ..။ ဒီကဗျာလေးကို ကျွန်တော့်သူငယ်ချင်း ထက်ထက်အောင် ကို သတိရခြင်း.....အမှတ်တရ နဲ့ ကျွန်တော် ရေးပြပါ့မယ်...။ ဒီလိုပါ........


" မေ့ဆေး "

* အတင်းအကြပ်ရယ် မဟုတ်ပါဘူး...
သတင်းတစ်ရပ်ရဲ့ ဝေဒနာကို ကုဖို့..
မေ့ဆေးတစ်ခွက် သောက်ခိုင်းရတာပါ...။ ။

* အတင်းအကြပ်ရယ် မဟုတ်ပါဘူး....
"ယပင့်" ၊ "ရရစ်" ဤနှစ်ဖြစ်မှာ...
သူကို "ရရစ်" နဲ့ "ခြစ်" လိုက်ပါ....။ ။

* မချစ်ခိုင်းတာ မဟုတ်ပါဘူး...
အပြစ်တံတိုင်းမှာ...
သူကို လှောင်ခတ်ထားလိုက်ပါ...။ ။

* မချစ်ခိုင်းတာ မဟုတ်ပါဘူး....
စစ်တိုင်းဟာလည်း မအောင်မြင်ပါဘူး....
မျက်ရည်ရွဲလဲ ငိုပွဲတွေပါပဲ...။ ။

* မုန်းခိုင်းတာ မဟုတ်ပါဘူး...
ဒါဟာ...မင်းအတွက်..
အကောင်းဆုံး ဆေးခါးပါ...။ ။

* မုန်းခိုင်းတာ မဟုတ်ပါဘူး....
ဒါပေမဲ့.....
မင်း....မေ့ဖို့တော့ လိုလိမ့်မယ်...။ ။
ကိုဇော်


"ရှင်မကွဲ ဘုရား" အကြောင်းသိချင်သူများ တကယ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်.....။ ဘာပဲပြောပြော လိုလိုမယ်မယ် ဆုတောင်းထားလို့ ရတာပေါ့ဗျာ....။ ဟုတ်ဘူးလား ။ ဘယ်သူက ကွဲချင်မလဲဗျာ..နော့..။


ကိုဇော်

http://zaw357.multiply.com/journal/item/23 မှာ 29.12.2009 က ရေးခဲ့တာပါ.။





Share/Bookmark

7 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကိုဇော် ဆုတောင်းပြီးသွားပြီးပေါ့။
သိချင်ပါတယ်။
may

ကိုဇော် said...

ကျနော်က မတောင်းရသေးပါဘူး။
ဒီဘဝ တောင်းခွင့်တောင်မှ ရှိပါ့မလား မသိ။

Anonymous said...

မြန်မာပြည်ရောက်ရင်သွားလိုက်ပေါ့။
ပြန်ဖြေတဲ့အတွက် ကျေးဇူးရှင်။
may

Anonymous said...

hi!This was a really superb Topics!
I come from milan, I was fortunate to look for your blog in baidu
Also I get a lot in your website really thanks very much i will come again

Anonymous said...

hi I was luck to approach your blog in digg
your topic is exceptional
I get a lot in your topic really thanks very much
btw the theme of you site is really impressive
where can find it

ကိုဇော် said...

ကျနော်က မေးလ်ကနေ ဖြေမယ်လို့ ဆိုထားတာပါ။
ဒါပေမဲ့လည်း အခုတော့ ဖြေပေးပါ့မယ်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်နဲ့ တောင်ဘက်မုခ်ကြားမှာ ရှိပါတယ်။ ဘုရားရဲ့ နံပါတ်က ( ၁၇၄ ) ပါ။
ချစ်သူတိုင်း ပေါင်းစည်းနိုင်ပါစေ။

ပျော်ရွှင်ပါစေ။
ကိုဇော်

Anonymous said...

Good day I was fortunate to find your topic in digg
your post is outstanding
I learn much in your theme really thank your very much
btw the theme of you site is really excellent
where can find it