မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 November 2009

0 ကိုယ်တွေ့အင်တာနက် ဟာသများ (၃)




တစ်ခါက အလွန်မေ့တတ်တဲ့ ကောင်လေးတစ်ယောက်က A,B,C,D....ကျက်တာ X,Y...ပြီးရင် Z ကို မေ့မေ့နေသတဲ့..။ ဆရာမကလည်း စာ မေးတော့မယ်...။ ဘယ်လိုလုပ်ရမလဲ..မသိဘူးတဲ့...ဒီ Z ကို သတိရအောင်...။ ဒါနဲ့ ...တခြား သူ့ သူငယ်ချင်းက မပူနဲ့ ဆရာမ စာမေးလို့ မင်း Z ရောက်တဲ့ အခါမေ့နေရင် ငါ့ကို လှမ်းကြည့်လိုက်..၊ ငါ..ငါ့ရဲ့ လည်ပင်းက ဇက် ကို ပွတ်ပြမယ်...ဒါဆိုရင် မင်းသတိရပြီပေါ့ကွ...တဲ့..။

ဒါနဲ့ သူလည်း သူ့သူငယ်ချင်း အကြံနဲ့ သိပ်မကြောက်တော့ဘူးပေါ့..။ အဲ..ဆရာမလည်း စာ မေးရော သူ ဒီ Z နေရာရောက်တော့ မေ့တာပါပဲ..။ အင်း...အင်း..၊ အဲအဲ..နဲ့ သူ့ သူငယ်ချင်းဆီ လှမ်းကြည့်လိုက်တော့ သူငယ်ချင်းက လည်ပင်းနောက်က နေရာကို ပွတ်ပြီး လက်ညှိုးထိုးပြသတဲ့...။ ဒီတော့မှ သူ ရုတ်တရက် သတိရသွားပြီး ဆရာမကို လှမ်းဖြေလိုက်သတဲ့...၊ သူဖြေလိုက်တာက " ဂုတ် " တဲ့လေ..။

ဒီလိုပဲဗျာ...ကျွန်တော် ဟိုတစ်နေ့ကကြုံခဲ့ရလို့ပါ...။

ဒီလိုဗျ....။ တနင်္ဂနွေနေ့ တစ်နေ့ပေါ့....ကျွန်တော် online လိုင်းတတ် သီချင်းကျယ်ကျယ်ဖွင့်ထားပြီး..၊ photoshop လုပ်နေတုန်း...သတိရလို့ Gtalk ကို ကြည့်လိုက်တော့ လူတစ်ယောက် invite လုပ်လာတယ်.။ ဒါနဲ့ လက်ခံလိုက်တော့ Hi တောင် မHi ဘူး..သူက တန်းခေါ်ပါလေရော....။ ဖုန်းကိုင်လိုက်တော့ မိန်းကလေးဗျ....။ ဒါနဲ့ အသက်ဘယ်လောက်လဲမေးတော့...ခုမှ အသက်က ၁၇ နှစ်တဲ့....။ ကျွန်တော် ညီမထက်တောင်မှ ငယ်ပါသေးတယ်...။ ( ကျွန်တော် ဘာလို့ အသက်မေးလဲဆိုတော့ မမြင် ၊ မကန်းနဲ့ ...နင်တွေ ၊ငါတွေနဲ့ပြောရင် သူတို့ ငရဲကြီးမှာစိုးလို့ပါ...။ )

ဒါနဲ့....ဘယ်ကလဲ မေးတော့ " လွိုင်ကော် " ကတဲ့..။ ကျွန်တော်တို့ပြောနေတာကို ဘေးက ကျွန်တော့်သူငယ်ချင်းတစ်ယောက်က photoshop လုပ်ရင်း..၊ သီချင်းနားထောင်နေရင်းကဆိုတော့ ..စပီကာ ဖွင့်ထားတော့ အားလုံးကြား နေရတယ် လေ..။ ဒါနဲ့ သူက " လွိုင်ကော် " ကလို့ပြောတော့ ကျွန်တော်က သြော် ညီမက လွိုင်ကော် ကဆိုတော့..." ကရင် " ပေါ့လို့ပြောမိပါလေရော...။ ဟိုဘက်က ဟာ..အကိုကြီးကလဲ လွိုင်ကော် က ကရင်မှ မဟုတ်တာတဲ့..။ ဟင်..ဒါဆိုဘာလဲ ဆိုတော့ အကိုကြီး ဖာသာစဉ်းစားတဲ့ဗျာ...။ အော်..အင်း..အဲ..နဲ့ စဉ်းစားရင် စစ်ကူအဖြစ် သူငယ်ချင်းကို လှမ်းကြည့်လိုက်တော့....၊ သူငယ်ချင်းက ဘေးက စပီကာဖွင့်ထားတာဆိုတော့ အကုန်ကြားနေရတယ်လေ..။ သူငယ်ချင်းက စကားပြောလိုက်ရင် သူ့အသံ မိုက် ထဲဝင်သွားမှာစိုးလို့...၊ ကျွန်တော် ကို အမူအရာနဲ့ လုပ်ပြတယ်...။ သူလုပ်ပြတာက သူလက်ကို နောက်ထပ် လက်တစ်ဖက်နဲ့ ကုတ် ပြတာပါပဲ....။

ဒီတော့ ကျွန်တော် လည်း သူ့အမူအရာအတိုင်း ပြောလိုက်မိတော့ မလို့.၊ အမလေး..တော်ပါသေးရဲ့...ကမန်းကတန်း ဖြေလိုက်ရတယ်ဗျာ " ကယား " လို့လေ..။ ကျွန်တော် သူငယ်ချင်းလုပ်ပြတဲ့ အတိုင်းသာဖြေလိုက်လို့ကတော့....ဟို..." ဂုတ် " ထက်ဆိုးတဲ့ " ကကုတ် " ဆိုတာဖြစ်တော့မလို့...တော်ပါသေးရဲ့..။ ဟဲဟဲဟဲ..တော်သေးတာပေါ့ဗျာ...၊ ငါ မို့လို့သာပေါ့...။

သူငယ်ချင်းတို့လည်း လွိုင်ကော်သား ၊ လွိုင်ကော်သူတွေ နဲ့.. တွေ့ရင် သူတို့ ပြည်နယ်ကို ကျွန်တော့်လိုမမေ့စေနဲ့နော်...။ ပြီးတော့ ဖြေရင်လဲ ကျွန်တော် လိုမှားပြီး " ကကုတ် " တော့ မလုပ်နဲ့နော်....။


ကိုဇော်

http://zaw357.multiply.com/journal/item/5 မှာ 28.12.2008 က တင်ခဲ့ပါတယ်.။



Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: