မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 November 2009

0 ဓါတ်ပုံ နဲ့ ပတ်သတ်၍ဗဟုသုတများ




ကဗျာနဲ့ ပတ်သတ်လာရင် (ဆရာ့ဆရာကြီးတွေ ကိုတော့ မပြောဘူးပေါ့...)။ ကျွန်တော် ကျော်လို့ မရတဲ့ သူငယ်ချင်း နှစ်ယောက်ရှိတယ်ဗျာ...။ (ကြော်လို့မရဆို ဒယ်အိုးမဆန့်လို့ပါ.. ။ သူတို့ကို ငရဲပြည်ရောက်တော့မှ ပေါင်းကြော်မယ်ဗျာ..။ ဟိုမှာက ဆီပေါသလို ၊ ဒယ်အိုးလဲကြီးတယ်လေ..။ ငရဲကျမှာပါပဲ..) တစ်ယောက်က မျိုးမြင့်အောင် တဲ့ (အခု မလေးရှားမှာပါပဲ..)။ သူကတော့ ကဗျာလေးတွေ ကောင်းပါတယ်ဆိုမှ ၄ ပုဒ်လောက်ပဲရေးပြီး...၊ မထွက်တော့ဘူးဆိုပြီး ဆက်ရေးတော့တာ အခုထိပါပဲ...။ ၄ ပုဒ်ကလဲ ဆိုလောက်အောင်ကို ကောင်းပါတယ်..။

နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ ဝေဠုကျော် လို့ ခေါ်တယ်..။ ဝေဠု ဆိုတာ ၀ါးလေ..။ ၀ါးကျော် ဆိုတော့ ၀ါးကိုက ကျော်လို့ မရတော့ မျှစ်ပေါ့..။ မျှစ်ကျော်....ဆိုတော့ ..သူနာမည်က မြင့်ကျော်..ပါ..။ အခုအချိန်ထိ ကဗျာတွေရေးဆဲ ၊ ကောင်းဆဲပါပဲ..။ (ကျွန်တော်တို့ဟာ ကဗျာနဲ့ ထမင်းစားသူတွေ မဟုတ်တာတော့ သေချာတယ်ဗျာ..။ ၀ါသနာ အရပါ..။) အဲ...ဒီ မြင့်ကျော် က တစ်နေ့ ကျွန်တော်ကို ကဗျာနဲ့ နှက်တယ်ဗျ..။

ဒီလိုဒီလို....
ကျွန်တော်က တခြားဝါသနာ အရ ဓါတ်ပုံကို လေ့လာဖူးတယ်.။ စာအုပ်တွေဖတ် ၊ ပုံတွေလေ့လာပေါ့..။ အလင်းအမှောင် ၊ အယူအဆ ၊ ရောင်ပြန်တွေ ...၊ ဒါတွေ လေ့လာပြီး ဓါတ်ပုံရိုက်တော့ ဓါတ်ပုံလေးတွေက ကောင်းပါတယ်..။ အနေအထားလေးတွေလဲ ပါတာပေါ့ဗျာ..။ တစ်နေ့ ကျောင်းနေဖက်သူငယ်ချင်းမိန်းကလေးတွေက တဆင့် အုပ်စုဖွဲ့ပြီး...၊ ပန်းခြံထဲမှာ ဓါတ်ပုံရိုက်တော့ ကျွန်တော်မှာလဲ တစ်ယောက်ထဲ ယောင်တောင်တောင် ဖြစ်မှာစိုးလို့ မြင့်ကျော် ကို ခေါ်သွားပါတယ်..။ သူကလည်းလိုက်တာပါပဲ..။

ကျွန်တော် ရိုက်တာကို ကောင်းသည် ၊ ဆိုးသည် ဘာမှ ၀င်မပြောဘူး..။ ပြုံးနေတယ်ဗျ..။ သူငယ်ချင်းကောင်မလေးတွေကို ရိုက်ပြီးတော့ အမှတ်တရ သူနဲ့ ကျွန်တော် ရိုက်တယ်.။သူချည်းပဲ လဲ ရိုက်တယ်ပေါ့..။ ပြီးတော့ ..ဟို ကောင်မလေးတွေက ထပ်ရိုက်ပြန်ရော..။ ဒါကို သူက ပြုံးပြီးကြည့်နေပြီး စာလိုလိုရေးနေတာ သတိထားမိတယ်..။ အဲ..ပြန်ပြီး လမ်းခွဲခါနီးမှ သူက ကျွန်တော်ကို အဲဒီစာရွက်ကလေးပေးတယ်..။ ဖတ်ကြည့်တော့ မှ ကဗျာလေးဖြစ်နေတယ်....။ ဒီကဗျာလေးပါပဲ...။


ဓါတ်ပုံဆရာ

* မိန်းကလေးဆို..
ဟန်မူပို...
ဆံပင်က အစ..
ဖိနပ်အဆုံး..
ထိုထိုဤဤ လှပအောင်ဆို...
ပြင်ပေးကြတယ်...။

* ယောက်ျားလေးဆို...
ဝေးရာမှ စေ..
မင်းက.....
နေတတ်ပါတယ်လေ.....။ ။
ဝဿန် (မြင့်ကျော်)


ကြည့်ပါဦးဗျာ..။ သူငယ်ချင်း အချင်းချင်း နှိပ်ကွပ်တာလေ..။ (ကျွန်တော်က လည်း အခွင့်သင့်ရင်သင့်သလို သူကို နှိပ်ကွပ်တာပါပဲ..ဟဲဟဲ..။) ပြီးခဲ့တဲ့ ၄ ၊ ၆ ရက်နေ့က ကျွန်တော် ညီမ အရင်းခေါက်ခေါက် ( အဖျားဆန့်ဆန့် ) ဘွဲ့ယူတယ်လေ..။

ဓါတ်ပုံရိုက်တာနဲ့ ပတ်သတ်ပြီး နည်းနည်းပြောပြချင်လို့ပါ..။ ကျွန်တော် လူမျိုးစုံအောင် ဓါတ်ပုံရိုက်ဖူးပါတယ်ဗျာ..။ အဲဒီမှာ ကျွန်တော် ပြောချင်တာက ဓါတ်ပုံရိုက်ရင် ကင်မရာကို သိပ်မကြည့်ဖို့ပါ..။ အနီးစပ်ဆုံး ကျွန်တော်တို့ ရဲ့ မင်းသား လွင်မိုး ကိုကြည့်ပါ သူ ဓါတ်ပုံတွေမှာ... ကင်မရာကို ကြည့်နေတာ သိပ်တွေ့ရလေ့မရှိဘူး မဟုတ်လား...။

သဘာဝလိုလို ၊ တစ်ခုခုကို စိတ်ဝင်စားနေသလိုလို ဒီလိုလေးတွေ တွေ့ရမှာပါ..။ ဒီလို အိုင်ဒီယာ တွေကြောင့်လဲ လွင်မိုး ဟာ ထူးခြားတဲ့ ဓါတ်ပုံဆရာ ဖြစ်နေတာပါ..။ ဒါကြောင့်.... သူငယ်ချင်းတို့ အနေနဲ့ ဓါတ်ပုံရိုက်မယ်ဆိုရင်...

1. အနေအထားလေးတွေ ကြည့်တတ်ဖို့ပါ..။
အခု ကျွန်တော် ညီမပုံကိုကြည့်ပါ...သူကိုလည်း ကျွန်တော် zaw357@gmail.com က အနည်းငယ် ပြောပြဖူးတယ်..။ သင်ပေးဖူးတယ်ပေါ့..။ အခု သူပုံကို ကျွန်တော် shotoshop လုပ်ပြီး သုံးရာသီဥတု အနေနဲ့ ပြောင်းထားတာပါ..။

1. နဂိုမူရင်းပုံပါ..(နွေရာသီဆိုပါတော့..)
2. ပြင်ထားတာပါ..(မိုးရာသီဆိုပါတော့..)
3. ပြင်ထားတာပါပဲ...(ဆောင်းရာသီဆိုပါတော့..)


သူငယ်ချင်းတွေလဲ ဓါတ်ပုံရိုက်ရင် အနေအထားလေးတွေနဲ့ နေတတ်ပါစေဗျာ..။

2. အလင်းအမှောင်ကိစ္စ....
ဒါဟာ..ကျွန်တော် တော်တော်ပြောရခက်တယ်ဗျာ..။ လူတွေက အပြင်မှာ လင်းတိုင်းဓါတ်ပုံထဲမှာ လှမယ်အောက်မေ့နေတယ်..။ မဟုတ်ပါ..။ကင်မရာထဲကို အလင်းဝင်မှု အနည်းဆုံးနဲ့ ရိုက်မဲ့ ပုံကို အလင်းအများဆုံးရမှ ပုံကလှမှာပါ..။ မဂ္ဂဇင်းတွေမှာပါတဲ့ ပုံလေးတွေကို သတိထားလေ့လာကြည့်ပါ..။

3. ဟန်ပန်အမူအရာ....
ဒါဟာ..သင်လို့ရသလို ၊ သင်ရလဲ အခက်ဆုံးပါပဲ..။ ကျွန်တော်ကိုမေးကြပါတယ်.." ဘယ်လိုနေရမှာလဲ.." တဲ့.။ ကျွန်တော်ပြောတဲ့ အတိုင်းလဲ သူတို့မနေတတ်ကြပါဘူး...။ ပြောတဲ့ အတိုင်းရအောင်နေကြပြန်တော့လဲ ရေခဲတိုက်ထဲက အကောင်ကို ကြိုးတုပ် ကြပ်စီးထားသလိုပါပဲ..။ တောင့်တောင့်ကြီးလေ..။ ကျွန်တော် လုပ်နေကြကတော့.....

" ခဏလေးနော် မရိုက်သေးဘူး ဒီအတိုင်းလေးနေ..အလင်းအမှောင် ချိန်လိုက်ဦးမယ်..."

ဆိုပြီး သူတို့မထင်တဲ့အချိန် ပုံစံလေးကို ရိုက်ယူတတ်ပါတယ်..။ ပြီးတော့..ရိုက်တော့မယ်ဆိုတဲ့ အချိန်က ပုံနဲ့ သူတို့ကိုလဲ ယှဉ်ပြဖူးပါတယ်..။ ဓါတ်ပုံရိုက်တော့မယ်ဆိုရင် ပျော့ပျော့ပြောင်းပြောင်းလေးနေကြည့်ပါ..။ လူဆိုတာ ကိုယ်သဘာဝနဲ့ ကိုယ်ဟန်ပန်အမူအရာဆိုတာရှိပြီးသားပါ..။ ဒါကို မကွန့်ပါနဲ့...။ အိနြေ္ဒာကျော်ဇင် လိုလဲ မလုပ်နဲ့ ။ ချစ်သူ့ဝေ လိုလဲ လိုက်မလုပ်ပါနဲ့..။ အိမ်သာကျော်ဆင်း တို့ ၊ ချစ်သူကကိုယ့်ပုံကို ကြည့်ပြီးထွက်ပြေးလို့ ..ချစ်သူ့ဝေး တို့ ဖြစ်ကုန်ပါ့မယ်..။

4. မျက်နှာအမူအရာ....
ကင်မရာကို ကျွန်တော်က မကြည့်နဲ့ဆိုလို့ ဘယ်တော့ရိုက်ရိုက် မကြည့်ဘူးတော့ မဟုတ်ဘူးပေါ့..။ ဥပမာ..သူငယ်ချင်းတွေနဲ့ အမှတ်တရရိုက်တဲ့အခါ ၊ ချစ်သူကို ပေးဖို့ရိုက်တဲ့ အခါ ဒီလိုအခြေအနေတွေဆိုရင်တော့ ကြည့်ဖို့လိုကို လိုပါတယ်..။ ချစ်သူကိုပေးဖို့ရိုက်ထားတဲ့ ပုံက မျက်နှာကြီးလွှဲထားတယ်ဆိုရင်တော့ ဟိုက တွေးမှာပေါ့..

" သြ...ငါ့ကိုများ မတူသလို ၊ မတန်သလိုနဲ့ မျက်နှာလွှဲနေတယ်ပေါ့လေ.."

ဆိုရင်တော့ ရာသီဥတုတွေကလှပမှာ မဟုတ်တော့ဘူးလေ။ ကင်မရာကိုကြည့်ပြိး ရိုက်မယ်ဆိုရင်တော့ ကိုယ်ပိုင် စတိုင်လ်လေးနဲ့ မျက်နှာလေးကို ပြုံးပြီး ရိုက်ကြည့်ပေါ့ဗျာ..။ ကိုမြင့်ဦး ဆိုတဲ့ ကျွန်တော် သူငယ်ချင်းကတော့ ပြောတယ်..။ သူကတော့ သူ့စတိုင်လ်ကို သူသိတယ်လို့ပြောရမယ်...။ သူက....

" ဟေ့....ဓါတ်ပုံကို ကြည့်လိုက် သွားပေါ်နေရင် မြင့်ဦးကွ...သွားမပေါ်ရင် မြင့်ဦး မဟုတ်ဘူး..."

တဲ့...။ သူကလဲ ဘယ်တော့မှ သူသွားလေးတွေ မပေါ်အောင် အတင်းစေ့ပြီး မရိုက်ဘူးဗျာ....။ သူငယ်ချင်းတို့လဲ ကိုယ့်ဟန်ပန်လေးပေါ်အောင် ဓါတ်ပုံလေးတွေ စမ်းရိုက်ကြည့်ပါ..။

ဓါတ်ပုံနဲ့ ပတ်သတ်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတများနဲ့ ကဗျာလေးပါ..။
အမှတ်တရပေါ့...။

ကိုဇော်

http://zaw357.multiply.com/journal/item/21 မှာ 29.12.2009 က ရေးခဲ့ပါတယ်.။




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: