မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 May 2010

4 ပစ္စည်းဟောင်း ရောင်းပွဲ



“ အဟောင်းရောင်းပွဲတော် ” တဲ့။ ကျင်းပနေတာ တွေ့ရသည်။ ကျွန်တော်လည်း ဘာရယ် မဟုတ်ပါဘူး ဝင်ကြည့်မိတယ်။ ကုန်တိုက်ကြီးတစ်ခုရဲ့ အဟောင်းပစ္စည်းများကို ထုတ်ကာ ဈေးလျော့ချရောင်းတာ တွေ့ရတယ်။ ကုတ်အင်္ကျီတွေ ၊ ဦးထုပ်တွေ ၊ စာအုပ်တွေ ၊ ပုတီးတွေ ၊ ဆံညှပ်တွေ များစွာ . . .များစွာ . .။ သီချင်းစီဒီတွေ ၊ ခန်းစီးစတွေ ၊ မဂ္ဂဇင်း အဟောင်းတွေ ၊ ပန်းချီကားချပ်ဟောင်းတွေ နဲ့ အတူတူ သူတို့တွေကို အရောင်လွင့်နေတဲ့ အရာတွေ အကန့်မှာထားပြီး ရောင်းတာ တွေ့လိုက်ရတယ်။

မှောင်မိုက်နေတဲ့ အခန်းထဲမှာ အထပ်ထပ် အဖိခံထားရတဲ့ ပစ္စည်းတွေကို ထုတ်ချလာတော့ စုတ်ပြတ်နေတဲ့ ပစ္စည်း ၊ ဖွာလန်ကြဲနေတဲ့ ပစ္စည်း ၊ ရိနေတဲ့ အဝတ်အစား ၊ မပြည့်စုံတော့တဲ့ တိုလီမုတ်စတွေ ၊ ပြုတ်ထွက်နေတဲ့ ပစ္စည်း အပိုင်းအစတွေ ၊ အောက်သိုးသိုး ဖြစ်နေတဲ့ ဘွတ်ဖိနပ်များ. . . . . . ဒါတွေ . . . ဒါတွေက ပစ္စည်း အဟောင်းရောင်းပွဲလား။ အဟောင်းရောင်းပွဲတော် ဆိုတာ ကိုယ့် ကုန်တိုက်ကို ရှင်းထုတ်တဲ့ ပွဲတော် တစ်ခု မဟုတ်ပါလား။

ဘဝမှာလည်း မကြာခဏ ဆိုသလို “ စိတ်အဟောင်း ရောင်းပွဲတော် ” ကျင်းပပေးသင့်တယ်။ ဘဝမှာ မလိုအပ်တာတွေကို ပြတ်ပြတ်သားသား ရှင်းထုတ်ပြီး ကိုယ့်စိတ်လေးကို သန့်ရှင်းစေသင့်တယ်။ နာကျည်းစရာတွေ ၊ မမှတ်ရစရာတွေ ၊ အကျင့်ဟောင်း ၊ စိတ်ကူးဟောင်းတွေနဲ့ ကြေကွဲမှုတွေ ၊ အငြိုးအတေးတွေ ၊ တွန့်ဆုတ်ကြောက်ရွံမှုတွေ အားလုံးကို စိတ်အဟောင်းရောင်းပွဲတော်မှာ ထုတ်ပြီး အဝေးရောက်အောင် ခါထုတ် သင့်တယ်။

စိတ်ရဲ့ မှောင်မိုက်နေတဲ့ ထပ်ခိုးမှာ အာဃာတအဟောင်းတွေ ရှိနေတတ်တယ် ဆိုတာကို အချိန်ပေးရှာကြည့်ရင် အသေအချာတွေ့နိုင်တယ်။ အဲဒီနေရာမှာ သိုးစော် ၊ ဖုန်နံ့ ၊ အောက်သိုးသိုး အနံ့များစွာကိုလည်း တွေ့လိမ့်မယ်။ ကိုယ့်အတွက် လိုအပ်တာများကိုပဲ သိမ်းထားပြီး ကျန်တာတွေကို ရှင်းထုတ်ပစ်ပါ။ ဒါဆို နေ့စဉ် နေ့တိုင်း ကိုယ့်ဘဝဟာ သစ်လွင်ပြီး ပြန်လည် ရှင်သန်နေပါလိမ့်မယ်။

source; Jumble Sale By Patience Strong 
ကိုဇော် 
16.5.2010

.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မိုး said...

အင်းဗျာ။ ကိုဇော်ပြောသလို စိတ်အဟောင်းတွေ ရောင်းလို့ရရင် ဒါမှမဟုတ် ဖယ်ထုတ်နိုင်ရင် ကောင်းမှာပဲ။ အခုအချိန်ထိတော့ ကိုယ့်မှာ မကောင်းဘူးထင်တဲ့ အရာတွေအားလုံးကို ဖြုတ်ထုတ်သတ် လုပ်နေတုန်းပဲ။ ကိုယ်ကကောင်းတယ်လို့ ထင်တာတွေလည်း သူများအမြင်မှာ ကောင်းချင်မှ ကောင်းမယ်ထင်တယ်။ ဒီတော့ အရာရာတိုင်းမှာ လိုအပ်ချက်ချက်တွေရှိနေဦးမှာပါပဲဗျာ။ စိတ်လေတယ် လူ့လောကကြီးရယ်။

lwin said...

Thanks Ko Zaw....you sure know how to share the life.

Flower said...

ရောင်းချင်တယ်ကွာ
ဘယ်သူဝယ်မှာပါလိမ့်...
မကောင်းလို့ရောင်းမှတော့ ၀ယ်သူလဲရှိမယ်မထင်...
ဝယ်မလားဟေ့ မိဇော်ရေ..း)

မြသွေးနီ said...

လက်ကိုင်အိတ် အဟောင်းဒွေ..ရမယ်..။
ဒေါက်ဖိနပ် အဟောင်းဒွေ.. ရမယ်..။
အီးမေးလ် အဟောင်းဒွေ... ရမယ်..။