ခွဲခွာခြင်း၏ နိမိတ်ပုံများ
ဒီလိုအချိန် . .
ခွဲခွာကြမယ် ဆိုမှ
ငါ တိမ်တွေကို ကြည့်မိတယ်။
ဟိုးက တိမ်ဖြူဖြူတွေ . . .
လေကြောင့်ပဲ ဖြစ်ဖြစ်
အခြေအနေကြောင့်ပဲ ဖြစ်ဖြစ်
သူတို့ ခွဲခွာကြရရင်
တစ်ခုဆီ တစ်ခု လက်ကမ်း
တိမ်ပန်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း
ငွေ့ရည်လွှမ်းလို့ ပဏ္ဍာ ရလိုက်တာ . . ။
ဟိုးက တိမ်မည်းတွေကျတော့
သူတို့နှစ်စုကွဲရင်
ဆွဲကြ ၊ ရုံးကြ ၊ တွန်းထိုးကြ
လျှပ်ပန်းတွေလက် ၊ မိုးကြိုးတွေပစ်
မြည်သံတွေချုံးပြီး မိုးတွေရွာ
တည်ငြိမ်မှုမဲ့ ဝရုန်းသုံးကား
အထိတ်တလန့် ဆန်လွန်းလှတယ်. . ။
တကယ်လို့ . . .
ငါတို့ ခွဲခွာကြရမယ် ဆိုရင်တောင်မှ
ငါတို့ ရင်ထဲ
တိမ်ဖြူဖြူလေးတွေနဲ့ပဲ
ထွေးပွေ့ထားကြရအောင်. . .
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့.. . ။ ။
ကိုဇော်
4.5.2010
.
3 ယောက် ရဲ့ ထင်မြင်ချက်:
စိတ်ကူးလေးနဲ့ ကဗျာလေး ကောင်းပါ၏ .. ဖတ်မှတ်သွားပါတယ် သူငယ်ချင်း...
ကိုယ့်ရန်သူပဲဖြစ်ဖြစ်။ ချစ်တဲ့သူပဲဖြစ်ဖြစ် ဒီနည်းနဲ့ပဲခွဲနိုင်ရင် အကောင်းဆုံးလို့ထင်မိပါတယ်။
ကျန်းမာရေးဂရုစိုက်ပါဗျို့။
ဟုတ်တယ်...
နာတို့လည်း အဖြူပဲကြိုက်တယ်။
အမဲတွေထဲ အနက်တွေရောနေလို့ ကြိုက်ဘူး။ :)
Post a Comment