မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 May 2010

1 စိတ်ဓါတ်ကျရောဂါ




စိတ်ဓါတ်ကျ ရောဂါက ကိုယ့်ဆီကို တံခါးခေါက်ပြီး ရောက်လာတဲ့ အခါ ဖွင့်မပေးပါနဲ့။ တံခါးကို သေချာစွာ ချက်ထိုးပြီး သော့ပါ ခတ်လိုက်ပါ။ သူ့ကို အိမ်ထဲ အဝင်ခံလိုက်တာနဲ့ မကြာခင်မှာ သင် နောင်တရလာလိမ့်မယ်။ စိတ်ဓါတ်ကျ ရောဂါ ရှိနေတဲ့ အရပ်မှာ ပျော်ရွှင်မှု မရှိ ၊ ချမ်းမြေ့မှု မရှိ ၊ ရယ်ရွှင်မြူးတူးမှု မရှိ။ သူက စိတ္တဇဆန်ဆန် ထိတ်လန့်စရာ ကောင်းတယ်။ သူသာ ရောက်လာခဲ့ရင် သူ့ကို ပြန်နှင်ဖို့ ခက်လှတယ်။ သူက အမြစ်တွယ်နေတတ်တယ်။ သူ့အိမ်လို စနစ်တကျနဲ့ကို နေတယ်။ ဒါကြောင့် သူဝင်နေပြီ ဆိုတာကို သိတာနဲ့ လုပ်စရာ တစ်ခုပဲံ ရှိပါတယ်။ ဒါကတော့ သူ့ကို အိမ်ထဲက ကန်ထုတ်ဖို့ပါပဲ။

စိတ်ဓါတ်ကျ ရောဂါကို သတိထားနေကြပါ။ လူ ၁၀၀ မှာ ၈၀ ကျော် ဖြစ်နေတဲ့ ဒီရောဂါဟာ ပေါ့သေးသေးတော့ မဟုတ်ပါ။ စိတ်ဓါတ်ကျ ရောဂါ ဆိုတာ သူခိုးတစ်ယောက်နဲ့ တူတယ်။ ငြိမ်းချမ်းမှု ၊ စိတ်ချမ်းသာမှု တွေကို လုယူသွားနိုင်တဲ့ ဓါးပြ တစ်ယောက်လိုလည်း ဖြစ်တယ်။ သူ့ရှေ့မှာ ကိုယ်က အလှအပတွေ ကွယ်ပျောက်နေခဲ့တဲ့ တန်ဖိုး မရှိတဲ့ နလပိန်းတုန်း တစ်ကောင်လို ဖြစ်စေနိုင်တယ်။ ဘယ်အရာကိုမှ တန်ဖိုးရှိတယ် လို့လည်း မမြင်မိတော့ဘူး။ ခန္ဓာကိုယ်က အလေးချိန်တွေကျ ပိန်ချုံးသွားအောင် သူက တိုက်စားလိမ့်မယ်။ ကိုယ့်ဖာသာ တစ်ယောက်တည်း ထိုင်နေရင်းကကို ထိတ်လန့်နေတတ်တယ်။ အိပ်ယာဝင်တဲ့ အချိန်မှာလည်း သူက လိုက်နှောင့်ယှက်နေလိမ့်မယ်။

စိတ်ဓါတ်ကျ ရောဂါ ကိုယ့်အနားကို ရောက်လာပြီ လို့ ခံစားရလာတဲ့ အခါမှာ ကိုယ့်ရဲ့ စိတ်တံခါးတွေကို လုံအောင် ပိတ်ထားပါ။ ကိုယ်တိုင်လည်း လုပ်စရာ အလုပ်တစ်ခု ကိုယ့်ဖာသာ ရှာပေးထားပါ။ စိတ်ဓါတ်ကျ ရောဂါရဲ့ ဘေးအန္တရာယ်ကနေ လွတ်တဲ့ အထိ အလုပ်ကို အာရုံစိုက် လုပ်နေပါ။ ဒါဆို ကိုယ့်ကို သူ ရှာမတွေ့ပဲ မောပန်းလာပြီး သူ့ဖာသာ ပြန်ထွက်သွားပါလိမ့်မယ်။ ဒါဆိုရင် ဘဝမှာ ဆက်ပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ပါလိမ့်မယ်။


source; Depression By Patience Strong
ကိုဇော် ပုံဖော်သည်။
6.5.2010 2.30 AM

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

စိတ်ဓာတ်က ဒီမနက်တော့ ကျသွားတယ်။
မကြားလိုက်ဘူးလား.. " ဘုတ် " ကနဲ အသံကြီး။
ကျုပ်တို့ mylovecafe နဲ့ရေးတဲ့ site တွေ ဂန့်ပြန်ပြီလေ။ ၀င်လို့မရတော့ပြန်ဘူး။

" ဘုတ် "

( ထပ်ကျသွားသောအသံ)