မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 May 2010

6 အားပေးသူများ


အမှန်အတိုင်းပဲ ပြောပါတယ်။ ပထမတော့ ကျွန်တော် ဒါကို ထားဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ သံဃာရဲ့ အားကို ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားတောင်မှ မလွန်ဆန်နိုင်ဘူး မဟုတ်လား။ ကျွန်တော့်လို သာမာန် လူတန်းစားဆို ပြောမနေနဲ့တော့။ ဒါကြောင့် “ Follow လေး ထားပေးပါ ” လို့ ပြောလာလို့ ထားပေးလိုက်တာပါ။


Follow ဆိုတာ ဘာလဲ။ အဲဒါအတွက် ကျွန်တော် အမျိုးမျိုး ခေါင်းစဉ် တပ်ကြည့်ပါတယ်။ ဘယ်လိုမှ အဆင်မပြေ။ Follow ဆိုတာနဲ့ အဆင်ပြေအောင် ကျွန်တော်လည်း မစဉ်းစားတတ်ဘူး။ ဒါနဲ့ နောက်ဆုံးတော့ “ အားပေးသူများ ” ဆိုပြီး တပ်ထားလိုက်တာ။ 

ဒါဆို Follow ဆိုတာ ဘာလဲ ကျွန်တော် ပြောပြပါ့မယ်။ သူ့အထဲကို ဝင်ထားခြင်းဖြင့် ဒီမှာ တင်သမျှ စာတွေကို ကိုယ့် Email ထဲကို အလိုလို ရောက်ပါတယ်။ ဒါဆို မေးလ်ထဲကနေ အေးဆေး ဖတ်လို့ ရပါတယ်။

ဒါကို ဘယ်လို ဝင်ရလဲ ဆိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပါ့မယ်။ မသိသေးဘူးများ အတွက်ပါ။ 

ပထမဦးဆုံး Follow ဆိုတဲ့ နေရာက Follow ဆိုတာလေးကို နှိပ်လိုက်ပါ။



ဒါဆိုရင် နောက်ထပ် ဘောက်လေး တစ်ခု ကျလာလိမ့်မယ်။ အဲဒီအထဲမှာ ကိုယ်က Gmail ဆိုတော့ Google ကို ရွေးလိုက်ပါ။



Google ဆိုတာလေးကို နှိပ်လိုက်ရင် နောက်ထပ် ဘောက်လေး ကျလာမယ်။ အဲဒီ အထဲက ကိုယ် Gmail ဝင်သလို Email Username နဲ့ Password ကို ဖြည့်လိုက်ပါ။



ဒါဆိုရင် ရပါပြီ။ ဒါဆိုရင် ကိုယ်က အဲဒီ ဘလော့ရဲ့ Follow ဖြစ်သွားပါပြီ။ ဒါဆို သူတင်လိုက်သမျှ ပို့စ်တွေ ကိုယ့်မေးလ်ထဲ အလိုလို လာဝင်နေပြီး မေးလ်ထဲကနေ ဖတ်လို့ ရပါပြီ။

ကျွန်တော် အရင်က မထားဘူး ဆိုတာ ကိုယ်က အချိန်ကုန်ခံပြီး ရေးထားတဲ့ စာတွေကို ကိုယ့်အတွက် နာမည်လေး အနေနဲ့ Credit လေးတောင်မှ ထည့်မပေးကြပဲ မေးလ်ထဲမှာ Ning ဆိုက်တွေမှာ ပလူပျံနေလို့ ကျွန်တော် Follow ကို မထည့်တာပါ။ ဒါပေမဲ အခုနောက်ပိုင်း တောင်းဆိုလာတာကြောင့်ရော ၊ နောက်တစ်ခုက ကျွန်တော့်ဆီကို လိုချင်သူများက မေးလ်ကနေ ဘယ်ပို့စ်လေး ပို့ပေးပါ လို့ တောင်းလာလို့ ကျွန်တော် သူတို့ ပြန်ပြီး ပို့ပေးဖို့ နောက်ကျနေတတ်လို့ အားနာစွာ ဒီ Follow လေးထည့်ပေးလိုက်တာပါ။

ဒါပေမဲ့ ကျွန်တော် အားနည်းချက်တွေတော့ ပြောပြပါဦးမယ်။ ပို့စ်တင်လိုက်တဲ့ အချိန်မှာ ရောက်လာတဲ့ ပို့စ်ကိုပဲ လက်ခံရမှာ ဖြစ်ပါတယ်။ စာရေးသူရဲ့ နောက်ထပ် ဖြည့်စွက်ချက် ၊ အမှား ပြင်ဆင်ချက် ၊ ပိုတာ လိုတာ ဖြည့်စွက် ဖြတ်ထုတ်ချက် ၊ အညွှန်း အဆိုပြုချက်တွေကိုတော့ ရလာလိမ့်မယ် မဟုတ်ပါ။ ရှင်းရှင်းပြောရရင် ပထမဆုံး တင်လိုက်တဲ့ အတိုင်းသာ ပို့စ် အနေနဲ့ ကိုယ့်မေးလ်ထဲ ရောက်လာမှာ ဖြစ်ပါတယ်။ နောက်ထပ် ပြင်ဆင် ဖြည့်စွက်ချက်တွေတော့ ပါလာမှာ မဟုတ်ပါဘူး။

အားလုံးပဲ အဆင်ပြေ ပျော်ရွှင်ကြပါစေ။
ကိုဇော်
.
Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

မြတ်မွန် said...

ခုမှပဲ သိတော့တယ်..
သိပါဘူး အားပေးတာလားလို့..
ကျေးဇူး ကိုဇော်..

ချစ်ကြည်အေး said...

ဟေ့အေး တို့ကတော့ အားမပေးချင်ပါဘူး၊ ဘလော့ဂ်ကို လာဖတ်မှ အားရပါးရ ရှိလို့....:)

စံလင်းထွန်း said...

စာတွေလာဖတ်သွားပါတယ်။

ခင်မင်စွာနဲ့
စံလင်းထွန်း

ရွှေနတ်သား said...

ဂွတ်...အခုမှသေချာသိတော့တယ်....ဘာလုပ်ဖို့ ပါလိမ့်လို့ တွေးနေတာ

nla said...

it's nice to have followers so that you blogs get popular and people will know you write awesome posts :P

မြသွေးနီ said...

ကျေးဇုးပဲကိုဇော်ရေ..
အစက follow ဆိုတာ ရောင်တောင်ဝါးတားပဲ သိတာ။ အခုတော့....သိပြီ။ :)
ဒါပေမယ့် အစ်မချစ်လိုပဲ တို့လည်း အားမပေးချင်ဘူး။
မေးလ်မှာဖတ်ရတာနဲ့ ဘလော့ဂ်မှာဖတ်ရတာ အရသာ လုံးဝမှမတူ။