လူတစ်ယောက်ကို
ချုပ်နှောင်ဖမ်းဆီးပြီး
အကျဉ်းချထားတယ် ဆိုတာ
ထိုလူကို အပြစ်ပေးတာ မဟုတ်ပါဘူး။
ပြင်ပ လောကက လူတွေကိုလည်း
ကယ်တင်လိုက်တာ ဖြစ်တယ်။
တကယ်လို့. . .
သူ့ကို အကျဉ်းချထားလို့
ပြင်ပ လောကက လူတွေအတွက်
ပိုခက်ခဲနေမယ် ဆိုရင်
ဒါဟာ . . မှားတယ်။
( အာသာ မက်စ် ရွိုင်း )
ဒါဆို. . . .
လူတစ်ယောက်ဟာ
သူ့စိတ်ကို အကျဉ်းကျပ်ခံပြီး
အလုပ်တစ်ခုထဲမှာ နှစ်မြှုပ်ထားတာ
သူ့အတွက် တစ်ခုထဲ မဟုတ်သင့်ဘူး။
တခြားလူတွေ အတွက်လည်း
အကျိုးပြုနိုင်ရမယ်။
တကယ်လို့ . . .
သူ့စိတ်အကျဉ်းကျပ်ခံပြီး လုပ်နေတာ
သူ့အတွက် တစ်ခုတည်း ဆိုရင်
ဒါဟာ. . . မှားတယ်။
ကိုဇော်
.
7 ယောက် ရဲ့ ထင်မြင်ချက်:
ဟုတ်တယ် ကိုဇော် ကျနော် သဘောကျတယ်
တစုံတယောက်အတွက် အကျိုးရှိမှ ကိုယ်လုပ်တဲ့ အလုပ် ဟာ အဓိပ္ပါယ် ရှိမှာပေါ့
ခင်တဲ့
ရွှေစင်
ကောင်းတယ်ဗျာ...
အတွေးကောင်းတယ်...
အင်းနော် .. ငါ့စိတ်ကတော့ဟာ ကိုယ့်အတွက်ဆိုတာကို နောက်ဆုံးမှ စဉ်းစားတက်တယ်.. အဲဒါ ငါ့သူငယ်ချင်း အချို့က ပျော့ညံ့တယ်လို့ အပြစ်ပြောကြသေးတယ်ဟ..
very nice that word ,,,,,,,,,,
have nice day brother
တစ်ခါတစ်လေတော့လဲ ကိုယ်အလုပ်လုပ်နေတာ
ဘယ်သူအကျိုးရှိပါလိမ့်လို့ စဉ်းစားမိတယ်
သေချာတာတော့ သူဌေးသာအကျိုးရှိမှာပါဘဲ
လူတစ်ဦးတစ်ယောက်အတွက်ဘဲ အကျိုးရှိတဲ့အလုပ်ဟာ
လုပ်ရတာ ပျော်ပိုက်စရာမကောင်းပါဘူး
အများအတွက် အကျိုးရှိမှသာ အလုပ်တစ်ခုဟာ ပိုပြီး တန်ဖိုးရှိပါတယ်.. လုပ်ချင်စဖွယ်လဲဖြစ်ပါတယ်..
ခက်တာက.. ရုန်းထွက်ဖို့ခက်နေသေးတာဘဲ..
ဒါဆို...
မှန်တယ်ကိုဇော်ရေ
ဘ၀မယ်
သူများအတွက်ကြီးပဲ ဦးစားပေးရှင်သန်နေထိုင်နေရတယ်
some as our life but what we can do for that we can`t nothing i hope brother one day we can do
have nice day
Post a Comment