လွန်ခဲ့သော လအနည်းငယ်က ကျွန်တော် ရွှေအမြုတေ မဂ္ဂဇင်းမှာ ဦးဝင်းငြိမ်းရေးတဲ့ “ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ” ဆောင်းပါးလေးကို ဖတ်ခဲ့ရပါသည်။ အပိုင်းလိုက် ၊ အခန်းလိုက် ရေးထားတဲ့ ခေါင်းစဉ်တွေ အောက်မှာ “ မပြောဘဲ မြင်စေသော စကားပြော ” ဆိုတဲ့ အပိုင်းလေးကို ကျွန်တော် ဖတ်ခဲ့မိ၏။
ထိုဆောင်းပါးကို ဖတ်ရန် ပုံကို နှိပ်ပါ။
အဲဒီဆောင်းပါးလေးက စာရေးချင်သော လူများကို အားကျဖွယ်ရာ နည်းလမ်းကောင်းများကို ညွှန်ပြထားသော ဆောင်းပါးများထဲမှ တစ်ပုဒ် ဖြစ်သည်။ ဒီဆောင်းပါးလေးကို ဖတ်အပြီး ကျွန်တော့် စိတ်ထဲမှာ အခုနောက်ပိုင်း ရေးသားလာကြသော မော်ဒန်အာ့ထ် လို့ ခေါ်မလား ၊ အသံအားနဲ့ ဖွဲ့တည်ခြင်းလို့ ခေါ်မလား ၊ . . . မလား ၊ . . မလား ဆိုကာ နဂိုကတည်းက သေချာ မသိသော ကျွန်တော့် အတွက် အတွေးများကာ လက်ယား မိပြီး ထိုကဲ့သို ရေးချင်စေ၏။
နဂို အရင်ကတည်းက ဖွင့်ဆို ရှင်းပြမှုတွေကို စကားပြေနဲ့ ခြယ်မှုန်းသော စာတွေကို ဖတ်ရရင် အလွန် ပျင်းရိတတ်သူ တစ်ယောက် ဖြစ်ခဲ့တယ် မဟုတ်ပါလား။ စကားပြေတွေနဲ့ ဖွဲ့ဆို ရှင်းပြနေတာ များရင် ကျွန်တော် ဖတ်ရတာ အလွန် ပျင်းသည်။ ပြီးတော့ မင်းသား ကိုဇော်က ဘယ်လို ချောတယ် ၊ ဘယ်လို နေတာထိုင်တာ စမတ်ကျတယ် ၊ ဘယ်လို သဘောကောင်းတယ် ( အဟဲ ) အဲဒီလိုတွေ စကားပြေနဲ့ ဖွင့်ဆို ရှင်းပြပြီး ရေးရင် ကျွန်တော့် အတွက် ဖတ်ရတာ ( ဘာမှ မဖြစ်ဘဲနဲ့ကို ) သက်တောင့် သက်သာ မရှိဘူး။ မျက်မမြင်ကို ကြည့်ပါဟ ကြည့်ပါဟ အရမ်းလှတာ ဆိုပြီး အတင်းပြနေသလို ခံစားရသည်။
ဒီမှာ စကားပြေနဲ့ ဇာတ်ကောင်ရဲ့ စရိုက်ကို ပုံဖော်နေတဲ့ စာ ၊ ဝတ္ထု တွေထက် စာရင် စကားပြောတွေထဲမှာ ထည့်ပြီးတော့ ဇာတ်ကောင်ရဲ့ စရိုက်ကို ဖော်ညွှန်းတာကို ကျွန်တော် နှစ်သက်သည်။ ဒါပေသိ လွယ်တော့ မလွယ်ဘူးပေါ့ဗျာ။ စကားပြေထက် စကားပြောက ခက်တယ် လို့ ဆိုကြတယ် မဟုတ်လား။ ဒီလို ဆိုမှတော့ ကဗျာလို ကျစ်လျစ်သိပ်သည်းစွာ ဖွဲ့တည်ပြီးတော့ ဖော်ညွှန်းတတ်သူတွေကို ကျွန်တော် ပို၍ ဦးညွှတ်မိပါသည်။ ဘာလို့လဲ ဆိုတော့ ကဗျာ ဆိုရင် ကျွန်တော်က တောင်တစ်လုံး ၊ မြောက်တစ်လုံးသာ ရေးတတ်သူ ဖြစ်သည်။ ရှင်းရှင်းပြောရရင် ရေးကို မရေးတတ်တာ။ ဒါကြောင့် ကဗျာဆရာတွေကို လေးစားပါသည်။
ထိုဆောင်းပါးလေးကို ဖတ်ထားပြီး လပေါင်းများစွာ ရင်ထဲမှာ ဖြစ်နေသော စကားပြောလေးနဲ့ ပုံဖော်ချင်တာက External Hard Disk ဝယ်ဖို့ စဉ်းစားမိ အပြီးမှာ စိတ်ကူးလေး စပြီး ရခဲ့ပါသည်။ နောက်တော့ နားထောင်ခဲ့ ၊ ကြားခဲ့ရသော အွန်လိုင်း ဇာတ်လမ်း များစွာကို အခြေခံပြီးတော့ ကိုယ်တွေ့ ၊ သူများတွေ့ ၊ တဆင့်တွေ့၊ ဟို့တွေ့ ၊ ဒီတွေ့တွေကို စိတ်ကူးကာ ကျွန်တော် “ နှလုံးသား ရှိရာ ” ကို ရေးဖြစ်ခဲ့တာ ဖြစ်သည်။ အတတ်နိုင်ဆုံး စကားပြေတွေနဲ့ ရှင်းပြမှုထက် စကားပြောနဲ့ ဖော်ဆောင်နိုင်အောင် ရေးဖြစ်ခဲ့၏။ သို့သော် ကျွန်တော်က ဘာကောင်မှတော့ မဟုတ်ပါ။ အခုလို ထူးထူးဆန်းဆန်း လုပ်ရေးရတာကို ကျွန်တော် နှစ်သက်သည်။ ( ဒါလေးပါပဲ )
နောက်တစ်ခု ရှိတာက တချို့သော စာဖတ်သူများအတွက် ဟိုးတုန်းကလည်း ကျွန်တော် ပြောခဲ့ဖူးပါ၏။ မြန်မာနိုင်ငံရဲ့ နှေးကွေးလှသော အင်တာနက်မှာ တစ်နာရီကို အရင်က ၅၀၀ ကျပ် ၊ အခု ၄၀၀ ကျပ် ပေးကာ ဘလော့ပေါ်မှ စာတွေကို ဖတ်သော စာဖတ်သူ စစ်စစ်များ ဆိုတာ တော်ယုံ စာပေဝါသနာနဲ့ ဖတ်ဖြစ်လိမ့်မည် မဟုတ်ပါ။ သူတို့ကိုလည်း ကျွန်တော် လေးစားပါ၏။ ဒီအကြောင်းကို အရင်က ကျွန်တော် ပို့စ်တစ်ပုဒ် ရေးပြီးတောင်မှ ကျွန်တော် သူတို့ အချိန်အတွက် စာနာကာ အားနာ မိပါသေးသည်။
ဒါကြောင့် ဝတ္ထုရှည် ရေးရတာ အားသန်လှသော ကျွန်တော် အရှည်တွေ မရေးဖြစ်ခဲ့ပါ။ စကားပြေတွေနဲ့ မလိုအပ်ဘဲ ရှည်လျား ထွေပြားနေခြင်းသည် မြန်မာနိုင်ငံမှ တစ်နာရီ ၄၀၀ ကျပ် ပေးကာ လာဖတ်သော စာဖတ် ပရိတ်သတ်ရဲ့ အချိန်ကို ဖြုန်းနေသလို ဖြစ်နေမလား ဟု တွေးမိကာ ကျွန်တော် အတတ်နိုင်ဆုံး တိုသထက် တိုအောင် ဖွဲ့နွဲ့မှုတွေကို ရှောင်ကာ ရေးခဲ့ပါသည်။ အချိန်ဆိုတာ တန်ဖိုးရှိတယ် မဟုတ်ပါလား။
သို့သော် ယခု “ နှလုံးသား ရှိရာ ” ပို့စ်မှာတော့ ကျွန်တော် ပို့စ်တစ်ပုဒ်ကို အရှည်ကြီး ရေးကာ အပိုင်းတစ်ပိုင်း အနေဖြင့် ဖြတ်တောက် ရေးတာတောင်မှ အပိုင်း ရှစ်ပိုင်း ဖြစ်အောင် ကျွန်တော် ရေးမိပါသည်။ တကယ်တမ်း ပြောရင် ကျွန်တော် ရေးချင်သော အပိုင်းနှစ်ပိုင်းကို ဝမ်းနည်းစွာ ဖြုတ်ချထား ခဲ့ရသေးသည်။ သို့ကြောင့် ပထမ ကျွန်တော် စဉ်းစားလိုက်ပါသေး၏။ အားလုံးကို စုပြီး PDF ဖိုင်လေး လုပ်ပေးတဲ့ အခါကျရင်တော့ ထိုအပိုင်း နှစ်ပိုင်းကိုပါ ထည့်ရေးမယ်ပေါ့။
ဒါနဲ့ ရေးပြီးသမျှ ပို့စ်ရှည် ရှစ်ခုကို Ebook ကလေး အနေဖြင့် စုစည်းလိုက်သောအခါ စာမျက်နှာပေါင်း ( ၁၈၆ ) မျက်နှာ ရှိပါသည်။ နောက်ထပ် နှစ်ပိုင်းသာ ထည့်ရေးရင် အလွန်များ ရှည်နေမလားဟု ထပ်တွေးမိကာ ကျွန်တော် ဒီအတိုင်းပဲ ပို့စ် ရှစ်ခုကိုသာ စုစည်းပြီး စာအုပ်လေး ချုပ်ထားလိုက်ပါတော့၏။
နှလုံးသား ရှိရာ ပို့စ်ကို ရေးနေစဉ်မှာ ကျွန်တော့်မှာ အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ရပါသည်။ ပထမဆုံး အချက်ကတော့ ( အချစ်အတွက် ဆိုရင် ပြောပါတယ် ) ဘလော့ပေါ်မှာ အချစ်အကြောင်းလေး ရေးမယ် ဆိုပြီး စိတ်ကူးကာ စရေးမိလိုက်တဲ့ နေ့က စပြီး ကျွန်တော့်မှာ အတော်ကို အလုပ် များပါလေတော့သည်။ ( အချစ်နဲ့ ပတ်သတ်ပြီး ကိုဇော်တို့ ကံကောင်းပုံများ ပြောပါတယ်။ ) ဒါကြောင့် ကျွန်တော့်မှာ အရင်ကလို ပို့စ်တစ်ပုဒ်ကို မြန်မြန်လွယ်လွယ် မရေးနိုင်တော့ဘဲ အတော်ကို အချိန်ရှာဖွေပြီး ဖန်တီးရပါသည်။ ဒါကြောင့် စိတ်က ရေးချင်နေပေမဲ့ လူက မရေးနိုင် ဖြစ်ရသည်။ ဒါကြောင့် တချို့သော ပို့စ်တွေမှာ အဆက်ပြတ်ကာ ကျွန်တော့်မှာ အားတုံ့အားနာ ဖြစ်ရသည်။
ဒီအတွက် ကျွန်တော့်မှာ လုပ်စရာ ဆိုလို့ အိပ်ချိန်လျော့ပြီး ရေးဖို့ပဲ ရှိပါသည်။ ဒါကြောင့် ဒီအတိုင်း ကျွန်တော် စပြီး ရေးမိထားသော ဝတ္ထုရှည်လေးကို ကျွန်တော် အမြန်ဆုံး အဆုံးသတ်ဖြစ်အောင် ကြိုးပမ်းခဲ့ရသည်။ အခု ဇာတ်သိမ်းထိ အချိန်လုပြီး ကြိုးစားပမ်းစား ရေးလို့ ပြီးခါနီးရော အလုပ်မှ အော်ဒါတွေလည်း သင့်တင့်ယုံသာ ကျန်တော့သည်။ ကဲ . . ကြည့်ဦး အချစ် . . အချစ်။ ဒီလို ဇာတ်လမ်း တစ်ခုလုံး မဆုံးခင်မှာ တဝက်တပျက်ကို ဖတ်ကာ ဝတ္ထုဇာတ်လမ်းရဲ့ အဆုံးသတ်ကို ကျွန်တော် ဘယ်လို ဇာတ်အိမ် ( Plot ) ချထားတယ် ဆိုတာ မသိသော တချို့က အဆုံးသတ်မှာ ဘယ်လိုများ ဖြစ်လာမလဲ ဆိုတာကို သူတို့ စိတ်ထင်ဖြင့် ခံစားကာ အထင်မှားကြသေးသည်။
မည်သို့ပင် ဖြစ်စေ အပိုင်း ( ၁ ) မှ အပိုင်း ( ၈ ) အထိ အစမှအဆုံး အားပေး ဖတ်ရှုကြသော စာဖတ်သူများကို ကျေးဇူး အထူးတင်ပါတယ်ဗျာ။ ဇာတ်သိမ်းတော့မှ အစအဆုံး ပြန်ဖတ်ဦးမယ် ဆိုသူများ ၊ ဒီစာလေးကို သိမ်းထားချင်တယ် ဆိုပြီး တောင်းထားသူများ အတွက် ကျွန်တော် PDF ဖြင့် Ebook လေး လုပ်ပေးထားပါ၏။ အောက်က ပုံလေးကို နှိပ်ကာ သွားဒေါင်းလိုက်ကြပါဗျာ။
အရင်က ရေးခဲ့တဲ့ “ မေတ္တာ ရှာပုံတော် ” ဝတ္ထုရှည်ကိုလည်း PDF ဖြင့် Ebook လေး လုပ်နေပါ၏။ ပြီးစီးရင် တင်ပေးပါ့မယ်။ တင်ပေးထားသော Ebook များကို ကျွန်တော့်ဘလော့ Side Bar မှာလည်း တဆင့်ခံ လင့်များဖြင့် ဖော်ပြထားပါ့မယ်။
ပျော်ရွှင်ကြပါစေ။
လေးစားစွာဖြင့်
ကိုဇော်
.
13 ယောက် ရဲ့ ထင်မြင်ချက်:
အဟဲ...
ဒီတစ်ခါတော့  အင်း မဟုတ်တော့ ဘူး ။
ထင်သားပဲ ၊ အဆုံးဆိုပြီးတော့  မဆုံးသေးတာတွေ
ကျန်နေအုံးမယ်လို့  ဟောမိတာလေ၊ သိပ်မှန်သွားပြီ။
“ အချစ် ” အတွက်တဲ့ ။
ရေးရတာလွယ်သလောက် ခက်နေတာလေ..။
တည်ငြိမ်တဲ့ ရေပြင်ထဲ ဂဲကြီးပြုပ်ကျသွားသလို ရေဝဲဂယက်
တွေ အထပ်ထပ် ပြန့် လွင့် သွားသလို ...တော်ပြီ၊
ရှည်လာပြီ။
ဆက်ရေးပါ..။ လာအုံးမယ်။
များ ပြောသားပဲ ကိုယ်တွေ့နဲ့ စိတ်ကူးယဉ် ပေါင်းတာပါဆိုတာ ဟဲဟဲ ဝက် တော်တယ်မလား ဟာားဟားးးးးးးးးးးးးး
အဲဒီလိုစုစုစည်းစည်းလေးနဲ့ လုပ်ထားတာလှတယ်..စကားကြီးဘယ်နှစ်မျိုးထဲကဘာစကားမျိုးနဲ့ပြောလိုက်တာလဲ..နောက်ထပ်ကျန်နေတဲ့ နှစ်ပိုင်းဖြည့်ရေးပြီးတော့ စာအုပ်ထုပ်လိုက်ပါလား..။
ခင်မင်စွာဖြင့်
မြလေး
စာရေးတတ်တဲ့သူတွေများ မရပ်မနား တဒလစပ်ရေးနေတော့တာဘဲ။ အားမကျဘဲကို မနေနိုင်တော့ဘူး။ နှလုံးသားရှိရာလေး အောင်မြင်ကျော်ကြားပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကိုဇော်ရေ ကိုဇော်ရဲ့ ဘလော့ကို မနေ့ကနဲ့ မနေ့ကရဲ့ အရှေ့တနေ့က လုံးဝဝင်လို့မရဘူး....Page 404 Not Found ဆိုတဲ့ စာပဲ တက်လာတယ်သိလား.... မေးလ်နဲ့ လှမ်းပို့ပြီး ပြောဦးမလို့ပဲ.... လုံးဝမအားတာနဲ့လေ...
တော်ပါပေတယ်....ကိုဇော့် ဦးနှောက်ထဲမှာ စာရေးတဲ့ စက်များရှိလား မသိဘူးနော်...
စေတနာ ကိုကျေးဇူးပါ အပေါ်က ပြောသလို စက်ရှိရင်လည်း ခဏငှားအုန်း ရေးစရာရှားနေလို့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သွား..လူဆိုး။ ဒီက တကယ်မှတ်လို့။
ဟိ...
သူပြောတော့လည်း နားထောင်လိုက်ယုံပေါ့...
း)
ဖတ်လို့ကောင်းတာအမှန်ပါပဲ၊ အထူးသဖြင့် ဇာတ်သိမ်းပိုင်းကို
ဖြစ်ရပြန်ဘီ...
ပို့စ်တိုင်တည်ကြည့်ပီးတော့
နွယ်များ ဖုန်းပြန်ခေါ်လာပြီလားလို့
အပြေးလေး လာကြည့်တာ ..
အပို:P
Good day I was luck to search your subject in yahoo
your topic is impressive
I get a lot in your topic really thank your very much
btw the theme of you site is really wonderful
where can find it
အော် ဒီလို ဒီလို... အီးဘုတ်လေး ဒေါင်းသွားတယ်နော်.. စာအုပ်ထုတ်ရင် ၀ယ်ယူအားပေးပါမည့်အကြောင်း...
Post a Comment