မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 December 2010

9 အနားသတ်မဲ့



အနားသတ်မဲ့

အဲဒီညကိုက . . .
ကောက်တိကောက်ကွေး နိုင်လွန်းလှတယ်။
ကိုယ်ကလည်း မပျင်းမရိကို
အိပ်ငိုက်နေတဲ့ အချိန်ပေါ့။

ကိုယ်က ရွှေသမင်တော့ မဟုတ်ပါဘူး
သူကလည်း တံလျှပ် မဟုတ်ဘူး။
ဒါပေမဲ့ . . .
ရေငတ်လို့ သေချင်သေပါစေ
ကိုယ် သူ့ရဲ့ အရိပ်နောက်ကို လိုက်နေမိတယ်။

တိမ်တွေ တဝုန်းဝုန်း ပြိုကျမဲ့ နေ့မှာမှ
ကိုယ်က တစ်တီတူးတစ်ကောင်
ဖြစ်ချင်ခဲ့ပြန်တယ်။
ကိုယ့်အဖြစ်က ရယ်စရာ မကောင်းပါဘူး
ပိုးလိုးပက်လက်နဲ့ပေါ့။
သူမကတော့ ကောင်းကင်ထက်မှာ
ဝင့်ဝင့်ကြွားကြွား လှောင်ရယ်နေခဲ့တယ်။

ရာဇဝင်က
သူ့ရဲ့ အထုပ်အပိုးကို ဖြေမကြည့်နိုင်သေးခင်
ကိုယ့်ကို
သူ့အထုပ်အပိုးထဲ ထည့်ပြီး ခရီးထွက်သွားတယ်။
လမ်းတဝက်ရောက်မှ သူက လှမ်းမေးတယ်
“ လိုက်ဦးမလား ” တဲ့။

ချစ်သူရယ်. . .
လူသား ကမ္ဘာဦးမှာ “ အပ် ” မရှိပေမဲ့
“ အသည်းကွဲ ” သူတွေကတော့ ရှိနေခဲ့မှာပါပဲ။
ခေတ်သစ်ကို ရောက်နေပြီ ဆိုပေမဲ့
အပ်ကြီးနဲ့တော့ ကိုယ့်အသည်းကို မဆွပါနဲ့
မဆွခင်က မွနေပြီးသားမို့ပါ။

မတန်တဆ လေထိုးခံရတဲ့
ဆပ်ပြာပူဖောင်းလို . . .
ဒီနှလုံးသားက
ဖြန်းခနဲ ကွဲသွားတာတောင်မှ
ရင်ဘတ်က
ဗရမ်းဗတာနဲ့ လှုပ်ခါနေခဲ့တယ်။

ရင်ခုန်တာလား ၊ ရင်တုန်တာလား
ကိုယ့်ဖာသာ တွေးရင်း
ချစ်သူကို တွေဝေစွာ သတိရရင်း
ရူးသွပ်စွာပဲ ဆက်ကာ
ရင်ခုန်ချင်နေမိသူ။

အဲဒီ ကျိန်စာကြောင့်ပဲ . . 
ကဗျာတွေက အဆုံးသတ်ပျက်သုဉ်း
အားလုံးဟာ . . .
သူ့အကြောင်းကို တွေးမိတိုင်း
အနားသတ်မဲ့ နိဂုံး။

ကိုဇော်
26.11.2010

.

Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

အင်္ဂါဟူး said...

ဟယ် ကြည့်စမ်း...
မဆွခင်က ရွနေသူဂျီးကိုး

အဲ မွနေသူကြီးပေါ့လေ...

တတ်လဲတတ်နိုင် ကြပါတယ်..မောင်တို့ ယောက်ျားတွေရယ် ပူဖောင်းလိုလဲ ကွဲသေးတယ်... ရင်ဘတ် ရင်ဘတ်

ကွဲတာမှ ဖြန်းခနဲပဲ...

ဒီလူကြီး အချစ်ကိုယ်တွေ့တွေ ရေးလိုက်... အနုအရွ ကဗျာတွေ စပ်လိုက်...
အင်း... တစ်ခုခုတော့ တစ်ခုခုပဲ

Anonymous said...

အဲ..နုနုရွရွကဗျာလေးတွေလည်း အဲဒီအသဲနှလုံးက ယိုစီးတတ်သကိုး..။
စွယ်စုံရတဲ့သူဆိုရင် တင်စားတဲ့ စကားလေးတစ်ခုရှိတယ်
"ဂျိုကာ..."

အုပ်ကြီး said...

".. ရာဇဝင်က
သူ့ ရဲ့ အထုပ်အပိုးကို ဖြေမကြည့်နိုင်သေးခင်
ကိုယ့်ကို
သူ့ အထုပ်အပိုးထဲထည့်ပြီး ခရီးထွက်သွားတယ် ...."
ကဲ ..ဘယ်အချိန်အနားသတ်မလဲ ..

အုပ်ကြီး said...

".. ရာဇဝင်က
သူ့ ရဲ့ အထုပ်အပိုးကို ဖြေမကြည့်နိုင်သေးခင်
ကိုယ့်ကို
သူ့ အထုပ်အပိုးထဲထည့်ပြီး ခရီးထွက်သွားတယ် ...."
ကဲ ..ဘယ်အချိန်အနားသတ်မလဲ ..

အဖြူရောင်နတ်သမီး said...

အဆုံးမသတ်သေးဘူးဆိုတဲ့သဘောပေါ့နော်...
အချစ်ဆိုတာ ဘယ်တော့မှအဆုံးသတ်သွားတဲ့တဲ့အရာမဟုတ်ဘူးတဲ့..
အမြဲဆန်းသစ်နေတတ်တာမျိုးတဲ့...။
ကဲ..
အချစ်..အဆန်းအသစ်လေးတွေ...
ဆက်လက်ရှင်သန်ပါစေ ကိုဇော်ရေ...

Anonymous said...

အဆုံးသတ်မဲ့ကို အပြေးအလွှား လာဖတ်တယ်...အဆုံးမသတ်တဲ့သဘောပေါ့..ပြီးမှထပ်လာဖတ်မယ်

Anonymous said...

ကဗျာကောင်းလေးပဲ..အချစ်ဝတ္တုလည်းရေးတယ်... ကဗျာရေးတာလည်း တော်တယ်. စွယ်စုံရ..ဒါဆိုဘာကျန်သေးလဲ.အော်..ပုံပြင်ပြောဖို့ပဲ ကျန်တော့တယ်...ကိုဇော်ရေ..စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့် ဘ၀ခရီးလမ်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းရင်းနဲ့ စာပေတွေ ဆက်လက်ရေးသားနိုင်ပါစေရှင်။

may

သူကြီးမင်း (တုံးဖလား) said...

တယ်မိုက်ပါလား။ စကားလုံးတွေ အရမ်းအားကောင်းနေတယ်။ ကဗျာရေးရင်လဲ ဖြစ်တယ်ဆိုတာ ဒီအနားသတ်မဲ့ နဲ့ ပြလိုက်သလိုပါဘဲလား။ တကယ် (တကယ်) ပြောတာ။ ဘုရားစူး။

ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

ုketchup said...

ရင်ထဲကို ထိတယ်...ရင်ခုန်တာလား.. ရင်တုန်တာလား တွေးရင်း သတိရရင်း.........