တစ်ခါတလေ လူလောက အတွင်းမှာ မထင်မှတ်တာကို လုပ်မိသလို ၊ မှတ်မှတ်ထင်ထင် လုပ်မိတာလေးတွေလည်း ရှိပါသည်။ ဒါကို ကျွန်တော်ကတော့ ကျွန်တော့်အတွက် Performance Arts လို့ပဲ တင်စား ခေါ်ဝေါ်ချင်ပါသည်။ အခုတော့ ခံစားမိစေတဲ့ ပုံလေး တစ်ပုံကို တင်ပြချင်ပါသည်။
ဒီပုံလေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ရေခန်းခြောက်ပြီး ရေတွေကို အလှူရှင်တွေက လာရောက် လှူဒါန်းတဲ့ အခါမှာ စေတနာရှင် အလှူရှင်များက လှူတုန်းက သူငယ်ချင်း တစ်ယောက် အမှတ်မထင် ရိုက်ခဲ့တာလေးပါ။ တကယ်ကို အံ့သြစရာ ကောင်းပါသည်။

လောကမှာ လူကြီးတယ်ဆိုတာ သေဖို့ အသက်သာ ကြီးသွားရတယ် ဆိုသော လူတန်းစားလို့ ခပ်ပြင်းပြင်း ပြောရမယ် ထင်ပါသည်။ လောကမှာ ဒီလိုပါပဲ “ ဘေးထိုင် ဘုပြော ဘိုင်ကျ ဘိန်းစား ” လိုလူတွေက ပိုများနေပါရောလား။
လေးစားစွာဖြင့်
ကိုဇော်
4 ယောက် ရဲ့ ထင်မြင်ချက်:
ထိုင်ကြည့်နေတာဟာ ဝင်နှောင့်ယှက်တာထက်တော့ ပိုကောင်းတာပေါ့ဗျာ ..........
မိုက်ဒယ်......
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
သူကမောလို့ ခဏနားနေတာများလား။ သူ့ပုံကတော့ မောနေတဲ့ ပုံလား ဘာလား တိဝူး
ငြိမ်းချမ်းပါစေ
မိုးယံ
ကိုဇော်ရေ..
video ကြည့်ရရင်တော့ သိမှာပဲ ဓါတ်ပုံကြည့်ပြီးတော့ ဘယ်လိုမှတ်ချက်ပေးရမလဲတော့ မသိဘူး...
Post a Comment