များမကြာခင် ရက်တစ်ရင်မှာ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်း အသင်း နှင့် http://kovida.multiply.com တို့ကို တည်ထောင် ဦးစီးနေသော ဆရာတော် ဦးကောဝိဒ နဲ့ စကားစမြည် ပြောလိုက်ရပါသည်။ အရင်ကတော့ မာတီဆိုက်မှာသာ PM ပို့ကာ ပြောဖူးပါသည်။ အခုတော့ ဂျီတော့ကနေ သြဝါဒ ခံယူ ဖြစ်ပါသည်။
အလှူကိစ္စ ဖြစ်နေသည်မို့ သဒ္ဓါတရား ထက်သန်သူများကိုလည်း လှူဒါန်းနိုင်ဖို့ ဆရာတော် မြွက်ကြားသမျှကို နာယူရင်း လှူဒါန်းနိုင်အောင် ကုသိုလ်ပြုပါသည်။ သို့သော် စကားဦးသန်းကာ ပြောရရင် ငွေကျပ် လေးသိန်းဝန်းကျင်ခန့် ရှိသော ဒိုင်နမို တစ်လုံးကို ကလေးငယ်များ စာကျက်ရန် လိုအပ်နေပြီး နောက်ထပ် တစ်ခုကတော့ ထပ်တိုး၍ လှူနိုင်ရန် ရှင်ပြု ရဟန်းခံလေး တစ်ခု ဖြစ်မြောက်ဖို့ ရှိပါသည်။
စိတ်ဝင်စားရင် ဖတ်ကြည့်ကာ ဆရာတော် ဦးကောဝိဒ ဆီသို့ “ ဦးဇင်းမေးက kovida9@gmail.com ၊ ဦးဇင်း ဖုန်းနံပါတ်က.. 009592110202 ဖြစ်ပါတယ်။ ” ဟု ဆရာတော် ရေးပေးထားတဲ့ အတိုင်း လှူဒါန်းနိုင်ပါသည်။
ဦးကောဝိဒ: မင်္ဂလာပါ ၊ ဒါယကာ ကိုဇော်
me: တင်ပါ့ဘုရား
ဦးကောဝိဒ:ဦးဇင်း ဒါယကာဆီကို မေးပို့ထားပါသေးတယ်။
me: မင်္ဂလာပါ ဘုရား
တင်ပါ့
ဦးကောဝိဒ:ဒါယကာ ကျန်းမာရဲ့လား
me: ရောက်ပါတယ် ဘုရား
ဦးကောဝိဒ:အလုပ်တွေ များနေလား
me: အလှူရှင်တွေကိုလည်း ပြောထားပါတယ် ဘုရား
ဦးကောဝိဒ:ဒါယကာရဲ့စာတွေ အမြဲ ဖတ်ဖြစ်ပါတယ် ဒါယကာ။
me: တပည့်တော်က အလုပ်ညဆိုင်းပါ ဘုရား။ အခုက ညီမနဲ့ ချိန်းထားလို့ အခု ထစောင့်နေတာ ဘုရာ့။
ဦးကောဝိဒ:အင်တာနက်ကို တန်ဖိုးရှိစွာ အသုံးချတတ်သော ဒါယကာကို ဂုဏ်ယူပါတယ် ဒါယကာ။
အော်...
me: တင်ပါ့ဘုရား။
ဦးကောဝိဒ:မြန်မာပြည်မှာ အင်တာနက် သုံးတက်တဲ့ လူတိုင်း ဦးဇင်း ကြည့်ပါတယ်။ ဘာရည်ရွယ်ချက်မှ ရေရေရာရာမရှိဘူး။
me: မှန်ပါ့။ ဒါပေမဲ့လည်း လူတိုင်းစိတ်နဲ့တော့ အဆင်မပြေနိုင်ပါဘူး ဘုရာ့။ ဝေဖန်မှု ၊ အတိုက်အခံတွေ ကတော့ ရှိပါတယ် ဘုရာ့။
ဦးကောဝိဒ:အင်တာနက်ကို ဘာရည်ရွက်ချက်နဲ့သုံးနေသလဲလို့ဖြေရင် မဖြေတတ်တာ များပါတယ်။
ဦးဇင်းကြားပါတယ် ဒါယိကာ။
me: တပည့်တော်ကိုလည်း ဝေဖန်သူတွေ မနည်းပါဘူး ဘုရား။
တင်ပါ့
ဦးကောဝိဒ:ဦးဇင်းတို့ဆီလည်း ဒါယိကာကို ဝေဖန်မှုတွေ ရောက်ပါတယ်။
me: တင်ပါ့ ဘုရား
ဦးကောဝိဒ:အကျိုးရှိတဲ့ အလုပ်လုပ်တဲ့ သူတိုင်း ပြောခံရစမြဲပါ ဒါယိကာ။ အကောင်းရှိရင်၊ အဆိုးရှိရမယ်။
me: တင်ပါ့
ဦးကောဝိဒ:အဆိုးရှိရင်လည်း အကောင်းရှိရမယ်။
me: တပည့်တော်ကတော့ စိတ်ထား မပျက်ပါဘူး ဘုရား။
တင်ပါ့
ဦးကောဝိဒ:ကောင်းပါတယ် ဒါယိကာ။
me: အချိန်ကာလ တစ်ခု အတောအတွင်းလေးပါပဲ ဘုရား။
ဦးကောဝိဒ:ကိုယ့်အလုပ်ကိုသာ ဆက်လုပ်ပါ ဒါယိကာ။
ဟုတ်ပါတယ် ဒါယိကာ
me: တင်ပါ့ ဘုရား
ဦးကောဝိဒ:လှည်းအိုတစ်စီး၊ ရွာထဲကို ၀င်သွားတယ်။
me: တင်ပါ့
ဦးကောဝိဒ:အဲဒီလှည်းထဲမှာ ကုန်ပစ္စည်း အပြည့်ပါတယ်။ လှည်းဝင်ရိုးတွေကလည်း ဆီ ခမ်းခြောက်နေတယ်။ လမ်းမှာလည်း ခွေးတွေ ဟောင်တယ်။
me: တင်ပါ့ဘုရား
ဦးကောဝိဒ:ကလေးတွေ လူငယ်တွေ ထွက်ကြည့်ကြတယ်။ ဒါပေမဲ့ အဲဒီ လှည်းအိုကြီးက တအိအိနဲ့ သူ့လမ်းသူသွားတယ်။
me: တင်ပါ့
ဦးကောဝိဒ:ဒီလိုနဲ့ခွေးဟောင်တာကိုလည်း ဘာမှပြန်မလုပ်ဘူး။ ရွာထဲကနေ လမ်းအတိုင်း ရွာပြင်ကို ထွက်သွားတယ်။
me: တင်ပါ့
ဦးကောဝိဒ:ဟောင်တဲ့ခွေးတွေလည်း ပါးစပ်ညောင်းပြီး ကျန်ခဲ့တယ်။ လှည်းအိုကြီး ကတော့သူ့ခရီးသူ ပုံမှန်အတိုင်း တအိအိနဲ့သွားနေတာပဲ။
me: တင်ပါ့
ဦးကောဝိဒ:အဓီက ဦးဇင်းပြောချင်တာကတော့ ဒါယိကာက အင်တာနက်မှာ လူကြိုက်များတဲ့ စာရေးဆရာ တစ်ဦး ဖြစ်နေပြီဆိုတော့ ပုံမှန်သာ ဆက်ရေးစေချင်ပါတယ် ဒါယိကာ။
me: တင်ပါ့ ဘုရား
ဦးကောဝိဒ:ဘယ်သူ့ကိုမှ ဂရုမစိုက်ပါနဲ့ဒါယိကာ။
me: မှန်ပါ့
ဦးကောဝိဒ:ဒါယိကာရဲ့စာ အရေးအသားတွေကို ဦးဇင်းတို့ မြန်မာပြည်က ဆရာတော်ကြီးတွေ ဖတ်တယ်။
me: တင်ပါ့ ဘုရား
ဦးကောဝိဒ:ဦးဇင်းကိုယ်တိုင် ကော်ပီလုပ်ပြီး စာရေးဆရာ တွေ ၊ ဆရာတော်ကြီးတွေကို ပြတယ် ၊ အားပေးကြတယ်။ ဆရာတော်တစ်ပါးက မိန့်တယ်။
me: ဝမ်းမြောက်ပါတယ် ဘုရား။
ဦးကောဝိဒ:ဒါယိကာက လူဖြစ်ရခြင်း ရည်ရွယ်ချက်ကို သိလို့ဒီလိုရေးတယ် ဆိုပြီး
me: တပည့်တော်ကလည်း ကိုယ်လည်း အချိန်လေး ရတုန်း ရေးနေတာပါ ဘုရား။ နောင်တစ်ချိန် ဆိုတာ ဘာမှန်း မသိနိုင်ပါဘူး ဘုရား။ ဒါကြောင့်မို့.....
ဦးကောဝိဒ:ဘာကြောင့်လဲ ဆိုတော့ နေ့စဉ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ပတ်ဝန်းကျင်အတွက်၊ အများအတွက် တစ်စုံတစ်ခုအကျိုး ရှိသွားတယ်ဆိုရင် ကိုယ့်အလုပ် မှန်တာပဲ။
me: တပည့်တော် အိပ်ချိန် နားချိန်ထဲကနေ ရေးနေတာပါ ဘုရား။
ဦးကောဝိဒ:ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူး။
me: တင်ပါ့
ဦးကောဝိဒ:၀မ်းသာပါတယ် ဒါယကာ နဲ့အခုလို တွေ့ရတာ။ ဦးဇင်း အကောင့်ကို ဒါယိကာ အပ်တော့ ဦးဇင်း တော်တော်လေး ၀မ်းသာမိတယ်။
me: တင်ပါ့ ဘုရား တပည့်တော်လည်း ဝမ်းမြောက်ပါတယ်။ တပည့်တော်က အလုပ် ညဆိုင်းဆိုတော့ နေ့ဘက် အိပ်နေတာ များတော့ . .. .
ဦးကောဝိဒ:ဦးဇင်းကို တစ်ချို့ ဒါယိကာတွေက ပြောကြပါတယ်။ ဒါယိကာနဲ့ပါက်သက်လို့ ဦးဇင်း ပြန်မေးလိုက်ပါတယ်။ သူလိုရေးတတ်လား ၊ ရေးနိုင်လားလို့။
me: ဦးဇင်း တတ်လာရင် ပြန်မပြောမိမှာ စိုးလို့ပါ ဘုရား။
ဦးကောဝိဒ:အကြောင်းပြချက် ကတော့ အမျိုးမျိုးပေါ့ ဒါယိကာ။
me: တင်ပါ့ ဘုရား
ဦးကောဝိဒ:ဒါပေမဲ့ လူတွေက ကိုယ်တိုင် အစွမ်းအစရှိအောင် မလုပ်နိုင်ဘူး သူများ လုပ်တာကိုလည်း အမျိုးမျိုး ဝေဖန်မှု လုပ်တယ် ဒါယိကာ။ ဒါသဘာဝပါပဲ။
me: တပည့်တော်ရဲ့ ဒိန်းမတ်က ညီမလေးကလည်း အခု အက်ထားတယ် ဘုရာ့။
ဦးကောဝိဒ:ဦးဇင်းတို့တောင် အတိုက်အခံ တော်တော်များများ ကြားထဲကနေ အောင်မြင်အောင် ကြိုးစားနေရတာ။
me: တင့်ပါ့ ဘုရား။ ဟုတ်ပါတယ် ဘုရာ့။
ဦးကောဝိဒ:ဒါယကာ ညီမအရင်းလား XXX နိုင်ငံက. .. . . . .
me: မဟုတ်ပါဘူး ဘုရာ့။ အွန်လိုင်းကပဲ ညီမ အရင်းလို ဖြစ်နေတာပါ ဘုရာ့။ သူကလည်း အလှူကို တော်တော်ကို ဝါသနာပါတယ် ဘုရာ့။ ဒါကြောင့် ပေါင်းမိကြတာ . . . . .
ဦးကောဝိဒ:ဦးဇင်း အကောင့်ကို အပ်တာလား ဒါယိကာ။
me: ဟုတ်ပါတယ် ဘုရာ့။
ဦးကောဝိဒ:ဦးဇင်းအကောင့်ကို အခုတစ်ယောက် လာအပ်တယ်။
me: တင်ပါ့။
ဦးကောဝိဒ:X X X X အကောင့် ဆိုတာလား။ ကောင်းပါပြီ ဒါယိကာ။
me: X X X X ဆိုတာပါ ဘုရာ့ ။ တင်ပါ့။ အခု သူက ဟိုက လူတွေကို စုပေးနေတာ စကားကတော့ မပြောတတ်လို့ အမှားပါရင် ခွင့်လွှတ်ပေးပါ ဘုရာ့။
ဦးကောဝိဒ:ရပါတယ် ဒါယိကာ။
me: တင်ပါ့
ဦးကောဝိဒ:ဒါယိကာ
me: တင့်ပါ့
X X X X X X ဒီနေရာမှာ ဆရာတော်နဲ့ ညီမ NNM တို့ ပြောကြပါသည်။ အောက်တွင် စုစည်းကာ သီးသန့် ဖော်ပြထားပါသည်။ X X X X X X
ဦးကောဝိဒ:ဒါယိကာမကြီးက ခရစ်ယာန် ဟုတ်တယ်နော်။
me: ဟုတ်ပါတယ် ဘုရာ့။ ဒါပေမဲ့ ဗုဒ္ဓဘာသာတွေ ထက်တောင်မှ . . . .
ဦးကောဝိဒ:သူက တကယ်ကို ဆင်းရဲချို့တဲ့ပြီး ကိုရင်ဝတ်ချင်တဲ့ ကလေးကို တာဝန်ယူချင်တာ . . .
me: သူက ပိုပြီး သိပါတယ် ဘုရာ့။
ဦးကောဝိဒ:မြန်မာပြည်က ချမ်းသာတဲ့ သူတွေထက် စိတ်ထားမြတ်ပါတယ် ဒါယိကာ။ မြန်မာပြည်က ချမ်းသာတဲ့ သူတွေက နာမည်ကြီး ဆရာတော်ကြီးကို လိုက်ပြီး ကံထပ်ချင်ကြတယ်။
me: တင်ပါ့ ဘုရား။ သူက တော်တော်လေးကို စိတ်ထားကောင်းတာပါ ဘုရာ့။
ဦးကောဝိဒ:ဒါယိကာ ၊ ဒါယိကာမကြီးက ကလေးသုံးဦး ရှင်ပြုဖို့ကိစ္စအပြင် အခြား လိုအပ်တာကို မေးတော့ . . . .
me: တင်ပါ့
ဦးကောဝိဒ:ဦးဇင်း မြရတနာရွာ အကြောင်း ပြောပြလိုက်ပါတယ်။
me: တင့်ပါ့
ဦးကောဝိဒ: အဲဒီ ရွာမှာ ကလေးတွေ ၊ စာကျက်ဖို့ စာဖတ်ဖို့ အတွက် ညပိုင်း လျှပ်စစ်မီးမရှိဘူး။
me: တပည့်တော်လည်း ပြောပြထားပါတယ် ဘုရာ့။
ဦးကောဝိဒ:ဖယောင်းတိုင်လည်း နေ့စဉ်မ၀ယ်နိုင်ကြဘူး။
me: တင်ပါ့
ဦးကောဝိဒ:အဲဒီအတွက်လည်း ဒါယိကာမကြီးကို ပြောပြလိုက်ပါတယ် ဒါယကာ။
me: တင်ပါ့ ဘုရား။ သူက အတော်ကို စိတ်ဓါတ် တတ်ကြွသူပါ။ အဆင်ပြေပါလိမ့်မယ်။
ဦးကောဝိဒ:ကောင်းပါပြီ ဒါယကာ။
me: တင်ပါ့ဘုရား။ နောက်လည်း တပည့်တော် အလှူရှင် ရရင် ဆက်သွယ်ပေးပါ့မယ်။
ဦးကောဝိဒ:သာဓုပါ ဒါယကာ။ သာဓု ၊ သာဓု။
me: ပေးတဲ့ ဆုနဲ့ ပြည့်စုံပါစေ ဘုရား
ဦးကောဝိဒ:ဒါယကာတို့ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း အပေါင်တို့နှင့် ပြည့်စုံ၍ သာသနာ အကျိုး ၊ လောက အကျိုးများ သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာများ ပို့သလိုက်ပါတယ်။ ဦးဇင်း ပြန်ကြွ လိုက်ပါဦးမယ်။
me: ပေးတဲ့ ဆုနဲ့ ပြည့်စုံရပါစေ။ တင်ပါ့ဘုရား။
ဦးကောဝိဒ:မနက်ဖြန် ဆွမ်းလောင်းရက်ရှိလို့ ချက်ပြုတ်ဖို့စီစဉ်ရဦးမယ် ဒါယိကာ။
me: တင်ပါ့။ လုပ်ပါ ဘုရား
me: တင်ပါ့ဘုရား
ဦးကောဝိဒ:
တင်ပါ့
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
အော်...
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးဇင်းကြားပါတယ် ဒါယိကာ။
me:
တင်ပါ့
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
တင်ပါ့
ဦးကောဝိဒ:
ဦးကောဝိဒ:
ဟုတ်ပါတယ် ဒါယိကာ
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
X X X X X X ဒီနေရာမှာ ဆရာတော်နဲ့ ညီမ NNM တို့ ပြောကြပါသည်။ အောက်တွင် စုစည်းကာ သီးသန့် ဖော်ပြထားပါသည်။ X X X X X X
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
ဦးကောဝိဒ:
သီလရှင် ၀တ်ပေးမည့် ဆရာကြီးဒေါ်ဝိလာသီ
kovida9: မင်္ဂလာပါ
NNM: မင်္ဂလာပါ ဦးဇင်း။ တပည့်တော်က ကိုဇော် ညီမ ပါ။
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
ပြောထားပါ တယ် ဘုရား။
kovida9:
NNM:
kovida9:
kovida9:
kovida9:
kovida9:
NNM:
kovida9:
kovida9:
အဲဒါတွေလည်း လိုအပ်ပါတယ် ဒါယိကာမကြီး။
kovida9:
တင်ပါ့
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
kovida9:
အခု လက်ရှိ အချိန်အထိတော့ ကျွန်တော်တို့ အွန်လိုင်းမှာ မောင်နှမသုံးယောက် စုပြီး ညီမ NNM က ကိုရင် သုံးပါးကို တာဝန်ယူထားပါသည်။ နော်ဝေးမှ ညီလေးကတော့ ကိုရင်တစ်ပါးကို တာဝန်ယူထားပါသည်။ ကျွန်တော်က ကိုရင် ( သို့ ) သီလရှင် တစ်ပါး ( ဘာပဲ ဖြစ်ဖြစ် ) ကို တာဝန်ယူထားပါသည်။ တစ်ပါးကို သာမာန်ရှင်ပြုခြင်း အနေဖြင့် ကျပ်ငွေ ၅ သောင်း ခန့်သာ ကုန်ကျမယ် လို့ မျှော်မှန်း လှူဒါန်းထားပါသည်။
ကျောင်းသား ကလေးငယ်များ စာဖတ်ဖို့ အဆင်ပြေစေရန် ကျပ် လေးသိန်း ဝန်းကျင် တန်ဖိုး ရှိသော ဒိုင်နမိုကိုတော့ အလှူငွေအတွက် စုဆောင်းနေဆဲပါပဲ။ ဒါကို ပါဝင်လှူဒါန်းချင်သူများ ဆရာတော် ဦးကောဝိဒ သို့ အထက်တွင် ကျွန်တော် တင်ပြထားသည့် အတိုင်း ပေးပို့ လှူဒါန်းနိုင်ပါသည်။ ရဟန်းခံ ရှင်ပြု အတွက် ထပ်မံပြီး တာဝန်ယူလိုသူများလည်း ဆရာတော်ထံသို့ ဆက်သွယ် နိုင်ကြပါသည်။
.
ကျောင်းသား ကလေးငယ်များ စာဖတ်ဖို့ အဆင်ပြေစေရန် ကျပ် လေးသိန်း ဝန်းကျင် တန်ဖိုး ရှိသော ဒိုင်နမိုကိုတော့ အလှူငွေအတွက် စုဆောင်းနေဆဲပါပဲ။ ဒါကို ပါဝင်လှူဒါန်းချင်သူများ ဆရာတော် ဦးကောဝိဒ သို့ အထက်တွင် ကျွန်တော် တင်ပြထားသည့် အတိုင်း ပေးပို့ လှူဒါန်းနိုင်ပါသည်။ ရဟန်းခံ ရှင်ပြု အတွက် ထပ်မံပြီး တာဝန်ယူလိုသူများလည်း ဆရာတော်ထံသို့ ဆက်သွယ် နိုင်ကြပါသည်။
လေးစားစွာဖြင့်
ကိုဇော်
.
18 ယောက် ရဲ့ ထင်မြင်ချက်:
အစ်ကိုဇော် ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ပါဗျာ
ကျွန်တော် အစ်ကို့ကို အားကျမိတယ် ။
အဲဒီ ညီမလေးကို လေးစားတယ်
ဖြစ်နိုင်ရင် ကျနော်က ညီမလေး အမည်ကိုတောင် ချပြချင်တယ်
ဂုဏ်ယူပါတယ် ညီမငယ် NNM...
ကျနော် အဲဒီ ဒိုင်နမိုကို လှူမယ်ဗျာ
ဒီလ အိမ်ကို ငွေမပို့ဘူး။
ကျေးဇူးတင်တယ် ဦးဇော်။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ကျနော် ဒိုင်နမိုကို လှူမယ်လို့ ဆုံးဖြတ်လိုက်ပြီ
သာဓု ခေါ်ပါ ဦးဇော်။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
သာဓု . . သာဓု . .သာဓု . ကိုရီး။
တကယ်ကို ဝမ်းသာတာ။
သာဓု သာဓု သာဓုပါ ..
ချစ်ကိုကြီး ဦးဇော် နဲ့ အမ NNM
ဦးဇော်လည်း ဒီထက်မက အောင်မြင်ပါစေဗျာ
ဒီထက်.. လှူနိုင်ပြီး ကောင်းကျိုးချမ်းသာ ရပါစေ....
ကိုကြီးလည်း ဒီထက် လှူဒါန်းနိုင်ပါစေ....
ကိုကြီးရေ... သာဓု ခေါ်သွားပါတယ်..
ကျနော် ရှာနိုင်သမျှတာ့ လှူနေဦးမှာပါ
ဒီဓါတ်ပုံတွေ ပြန်မြင်ရတော့
အလှူကို သတိရပြီး အဲဒီနေရာလေးကို ပြန်ရောက်သွားခဲ့တယ်
ဆိုတော့... မျက်ရည်ကျခဲ့ရတဲ့ ပီတိကို ပြန်ခံစားမိတယ်ဗျာ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
သာဓုခေါ်ခဲ့ပါတယ်နော်.....မမ.....ကိုကြီးတို့..
ကိုဇော်တို့ ..သိတတ်သည့်အချိန်မှစလို့ လှုတန်းဒါနပြုသမျှကို
ဝမ်းမြောက်ကြည်နူးစွာနဲ့.......
သာဓုခေါ်ဆိုပါတယ်.......
သာဓု.........သာဓု......သာဓု................
သာဓုပါ ကိုဇော်ရေ.. သာဓု သာဓု...
ခင်မင်တဲ့
နေ၀သန်
ကိုရီး ၊ ကိုဇော် ၊ NNM ညီမလေး အားလုံးသော အလှူဒါနအတွက် အားကျ ၀မ်းမြောက်စွာ သာဓု.. သာဓု.. သာဓု ခေါ်ပါတယ်.. မွန်မြတ်သော စေတနာအတိုင်း ဒီထက်မက လှူနိုင် တန်းနိုင်ပြီး မြင့်မြတ်သော ဘ၀တွေမှာ ပါရမီထူးတွေ ဖြည့်ကျင့်နိုင်ကြပါစေ..
သာဓု(၃)ကြိမ်ခေါ်ဆိုသွားပါတယ်..ကိုဇော်ရေ..
သာသနာ အကျိုးပြုလုပ်ငန်းများကို ပိုပြီးလုပ်နိုင်ပါစေ..။
အမ NNMနဲ့ ကိုရီးတို့အတွက်လည်း သာဓု(၃)ကြိမ်ခေါ်ဆိုသွားပါတယ်..။
တကယ့်ကိုမွန်မြတ်တဲ့သူတွေအဖြစ် လေးစား အသိအမှတ်ပြုသွားပါတယ်..။
သာဓု။သာဓု။သာဓု။
ကိုဇော်......၊ ကိုရီး....နဲ့ ညီမလေးတစ်ယောက်ဆိုသူတွေအတွက် သာဓု ၃ကြိမ်ခေါ်မိပါတယ်......။
ဆထက်တစ်ပိုး သယ်ပိုးနိုင်ကြပါစေခင်ဗျား.......။
ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို
ဖတ်ခဲ့၊သာဓုခေါ်ခဲ့ပါတယ် ...
ငြိမ်းစိုးဦး
မလှူဒါန်းနိုင်သေးပေမယ့် လှုဒါန်းသွားတဲ့ အစ်ကိုကြီးအစ်မကြီးအားလုံးကို စိတ်ဓတ်ပိုင်းဆိုင်ရာလေးစားပါတယ်
လေးစားအားကျတယ်ဗျာ
တကယ်ပါ
မောင်ဘကြိုင်
I would like to exchange links with your site www.zaw357.net
Is this possible?
Yes, of course.
Thanks...
Post a Comment