အာဖရိက ခေါင်းဆောင်ကြီး ၊ ယုံကြည်မှု တစ်ခု အတွက် ( ၂၇ ) နှစ် ထောင်ကျခံရသူ ၊ တောင်အာဖရိက သမ္မတနိုင်ငံ၏ သမ္မတဟောင်း ၊ စိတ်ဓါတ်ဖြင့် အလှပဆုံး စွမ်းဆောင်ပြခဲ့သော ကမ္ဘာကျော် နိုင်ငံခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား အသက် ( ၉၀ ) ပြည့် မွေးနေ့ အမှတ်တရ ၂၀၀၈ ခု ဇူလိုင်လ ( ၂၁ ) ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် မန်ဒဲလား အတ္တုပ္ပတ္တိကို ပြုစုသူ ( လွတ်လပ်မှုဆီသို့ ခရီးရှည် လျှောက်လှမ်းခြင်း Long Walk To Freedom ရေးသူ ) ရစ်ချက် စတန်ဂဲလ် ( Richard Stengel ) က စာတမ်းရေးခဲ့သည်။
ထိုစာတမ်းတွင် ပတ်သတ်ပါဝင်သော " The Secrets of Leadership " ခေါင်းဆောင်မှု သင်ခန်းစာ ရှစ်ချက် “ Eight Lessons ” ဆောင်းပါးတွင် ဖော်ပြထားသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ မန်ဒဲလ်လား၏ ကျော်ကြားလှသော လက်သုံးစကား ( His Famous Words ) ကတော့ . . . .
“ The struggke is my life.I will continue to fight for freedom untill the end of my days. "
“ ရုန်းကန်မှုသည် ကျွန်ုပ်၏ ဘဝ ၊ အသက်ထက်ဆုံးတိုင် လွတ်လပ်မှုအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်။ ”
ဟူ၍ ဖြစ်ပါသည်။ မန်ဒဲလားကို တွေ့ဆုံ မေးမြန်းသူ စာရေးဆရာက. . . .
“ ထောင်ထဲဝင်တုန်းက ခပ်ရင့်ရင့်။ ခပ်ကြမ်းကြမ်း စိတ်မာတဲ့ လူရွယ် တစ်ယောက်ဟာ ထောင်ထဲက ထွက်လာတော့ ဘာကြောင့် ပြောင်းလဲ သွားရတာလဲ။ ”
ဟူ၍ မေးရာ မန်ဒဲလားက. . . .
“ I come out mature." There is nothing so rare _ or so valuable_ as a mature man."
“ ကျွန်တော် ရင့်ကျက်သွားပြီလေ။ ရင့်ကျက်တဲ့ လူတစ်ယောက်ထက် ပိုပြီး တန်ဖိုး ရှိတဲ့အရာ ၊ ရှားပါးတဲ့ အရာ မရှိပါဘူး။ ”
ဟု မန်ဒဲလားက တုန့်ပြန် ပြောကြားခဲ့သည်။ ထို့အတူ သူ့ရဲ့ သင်ခန်းစာ ရှစ်ရပ်ကိုလည်း အောက်ပါ အတိုင်း ပြောကြားခဲ့ပါသည်။
၁။ ပထမ သင်ခန်းစာ
“ Courage is not the absence of fear_ it's in shiring to move beyond it."
“ သတ္တိဆိုတာ မကြောက်တာ မဟုတ်ဘူး။ အဲဒီထက် ပိုတယ်။ ”
၂။ ဒုတိယ သင်ခန်းစာ
“ Lead from the front _ but don't leave your base behind. "
“ ရှေ့က ဦးဆောင် ၊ အခြေကိုလည်း ချန်မထားနဲ့။ ”
၃။ တတိယ သင်ခန်းစာ
“ Lead from the back _ and let others believe they are in front. "
“ နောက်က ခေါင်းဆောင် ၊ လူတွေကို ရှေ့က နေခွင့်ပေး။ ”
၎။ စတုတ္ထ သင်ခန်းစာ
" Know your enemy _ and learn about his favorite sport. "
“ ရန်သူကို သိ ၊ ရန်သူ့ အကြိုက်ကို လေ့လာ။ ”
၅။ ပဉ္စမ သင်ခန်းစာ
" Keep your friends close _ and your rivals even closer. "
“ မိတ်ဆွေများနဲ့ နီးကပ်စွာ နေပါ ၊ ပြိုင်ဘက်နဲ့ဆို ပိုပြီး ကပ်ထားပါ။ ”
၆။ ဆဋ္ဌမ သင်ခန်းစာ
" Apperances matter _ and remember to smile. "
“ ခေါင်းဆောင်မှု သွင်ပြင် ၊ ပြုံးပါ။ ”
၇။ သတ္တမ သင်ခန်းစာ
" Nothing is back or white. "
“ အပြတ် ဆိုတာ မရှိ။ ”
၈။ အဋ္ဌမ သင်ခန်းစာ
" Quitting is leading too. "
“ လွမ်းခိုင်းပါ။ ”
အဋ္ဌမ သင်ခန်းစာတွင် “ လွမ်းခိုင်းပါ ” ဟူ၍ မှာကြားပါသည်။ ဘာသာပြန်ဆိုသူ အယ်ဒီတာ တစ်ဦးက “ လွမ်းအောင် လုပ်မှ ခေါင်းဆောင် ” ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုပါသည်။
ဦးသန်းထွတ် ( ပါမောက္ခ - ငြိမ်း )
*** အထက်ပါ သင်ခန်းစာ ရှစ်ရပ် စာလေးကို ကျွန်တော် Light of English မှ ဦးသန်းထွတ် ( ပါမောက္ခ - ငြိမ်း ) ရေးသားသော “ စိတ်ဝင်စားဖွယ် လမ်းရှစ်သွယ် ” ဆိုသော ဆောင်းပါးမှ လိုချင်သော အချက်အလက်တွေကို တိုက်ရိုက်ကူးယူ ဖော်ပြပါတယ်။ ဒါကြောင့် ဘာသာပြန်ဆိုတာမှာလည်း ဦးသန်းထွတ် ( ပါမောက္ခ - ငြိမ်း ) ရဲ့ ဘာသာပြန်ဆိုချက်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် စာလုံးတွေက ဖတ်ရတာ ထောက်နေပေမဲ့ မူရင်းအတိုင်းပဲ ကူးယူ ဖော်ပြလိုက်ပါတယ်။ ***
လေးစားစွာဖြင့်
ကိုဇော်
.
4 ယောက် ရဲ့ ထင်မြင်ချက်:
အင်း.. မှတ်သားစရာသင်ခန်းစာတွေပါပဲ...
ခင်မင်တဲ့
နေ၀သန်
ဖတ်မှတ်သွားတယ်ကိုဇော်ခင်ဗျာ့
ကျေးဇူးတင်ပါတယ်
မောင်ဘကြိုင်
I think (8) is translated like this because of Si-Sit-Yae. :-)
မှတ်သားသွားပါတယ်
Post a Comment