တစ်ခါက . . .
ဥာဏ်ပညာကြီးမားသော ဘုရင်အိုကြီး တစ်ပါးက သူ၏ပညာရှိများ အားလုံးကို ခေါ်ယူပြီး တာဝန်တစ်ခု ပေးသည်။
“ သင်တို့ အနေနှင့် ခေတ်အဆက်ဆက်က အသိပညာများကို စုစည်းပြီး နောင်လာနောင်သားများ အလွယ်တကူ အသုံးပြုနိုင်ရန် အတွက် တတ်ကျမ်း စာတစ်ခုကို ပြုစုရမည်။ ”
ဟု အမိန့်ချမှတ်ခဲ့သည်။ ပညာရှိများက ဘုရင့်အမိန့်အတိုင်း နာခံပြီး အချိန်ကာလ အတန်ကြာအောင် စုဆောင်းရှာဖွေ ခဲ့ကြသည်။ နောက်ဆုံး၌ “ ခေတ်အဆက်ဆက် အသိပညာ အစစ်အမှန်များ ” ဟု ခေါင်းစဉ်တပ်နိုင်သော စာအုပ် ( ၁၂ ) အုပ်ကို ဂုဏ်ယူဝင့်ကြွားနိုင်စွာ ယူဆောင်နိုင်ခဲ့ကြသည်။
သို့သော် ဘုရင်ကြီးက သူတို့ ယူဆောင်လာသော စာအုပ် ( ၁၂ ) အုပ်ကို ကြည့်ကာ . . .
“ ဒီစာအုပ် ( ၁၂ ) အုပ်မှာ ခေတ်အဆက်ဆက်က ပညာတွေ ၊ အတွေးအခေါ်တွေ ပါရှိပြီး လူသားတွေ အတွက် အားလုံးကို သိသင့် သိထိုက်တယ် ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ ( ၁၂ ) အုပ်တောင် ဆိုတာ အလွန်ကို များပြား ရှည်လျားလွန်းလှတယ်။ ရှည်လျားလွန်းတော့ လူတွေ မဖတ်ဖြစ်မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ချုံ့ပစ်ပါဦး။ ”
လို့ ပြောခဲ့သည်။ ထို့ကြောင့် ပညာရှိများကလည်း ထပ်၍ ကြိုးစားပမ်းစား ချုံ့လေတော့သည်။ ထိုအခါ စာအုပ် ( ၁၂ ) တွဲမှ တစ်အုပ်သာ ရလာလေတော့သည်။ သို့သော် ဘုရင်ကြီးက ထိုစာအုပ်ကိုလည်း ဖတ်ကြည့်၍ “ ရှည်လျား များပြားနေသေးသည်။ ထပ်၍ ချုံ့ပါဦး ” ဟုသာ ပြောလေသည်။
ထိုသို့ဖြင့် ပညာရှိများက . . .
~ ( ၁၂ ) အုပ်မှ ( ၁ ) အုပ် ၊
~ ( ၁ ) အုပ်မှ တစ်ခန်း ၊
~ တစ်ခန်းမှ တစ်ရွက် ၊
~ တစ်ရွက်မှ တစ်မျက်နှာ ၊
~ တစ်မျက်နှာမှ တစ်ပိုဒ် ၊
~ နောက်ဆုံး တစ်ပိုဒ်မှ တစ်ကြောင်းမျှသာ ကျန်တော့လေသည်။
ထိုအခါမှ ဘုရင်ကြီးက ထိုစာကြောင်းကို အားရဝမ်းသာစွာဖြင့် လက်ခံရယူပြီး ဒါဟာ ခေတ်အဆက်ဆက်ရဲ့ တကယ့် အမွေအနှစ်ပဲ ဟု ကြည်နူးမိလေသည်။ ဒီအကြောင်းအရာကို လူတိုင်းက နားလည် သဘောပေါက်မယ် ဆိုရင် လူတွေမှာ ဖြစ်နေတဲ့ ပြဿနာ အတော်များများလည်း ပြေလည် သွားလိမ့်မည်ဟု သူက လက်ခံ ယုံကြည်လေသည်။
ထို့နောက် ဘုရင်ကြီးက ထိုစာကြောင်းကို ဝမ်းမြောက် ဝမ်းသာစွာ အသံထွက်၍ ဖတ်လေသည်။ ထိုစာကြောင်းမှာ ရိုးရိုးလေးသာ ဖြစ်သည်။
“ အလကားရသော နေ့လည်စာ ဆိုတာ မရှိ ၊ ထမင်း အလကားစားရသည် ဆိုတာ မရှိ။ ”
ဟူ၍ ဖြစ်လေသည်။ ထိုစကားလေးသည် လွန်စွာမှ အရေးပါ အရာရောက်လှပါသည်။ မိမိက ဘာမှ မလုပ်ဘဲနဲ့ ထမင်း အလကားစားချင်သည် ၊ အခွင့်အရေး အလကားလိုချင်သည် ဆိုတာ လွန်စွာမှ မိုက်မဲရာ ကျပါသည်။ ဘယ်အရာမဆို မိမိရဲ့ ကြိုးစား အားထုတ်မှု တစ်ခု မဖြစ်မနေပါရပါမည်။
ဘာလို့လဲ ဆိုတော့ လောကမှာ “ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ကာ ရင်းနှီးမြှုပ်နှံရသည် မဟုတ်ပါလား။ ”
source; See You At The Top By Zig Ziglar
ထိပ်ဆုံးမှာ တွေ့ကြမယ် - ခင်မောင်ညို ( ဘောဂဗေဒ )
လေးစားစွာဖြင့်
ကိုဇော်
.
11 ယောက် ရဲ့ ထင်မြင်ချက်:
အင်း ကိုဇော်ရေ
တချို့ကတော့ အလကား စားရတဲ့ ထမင်းပွဲ လိုက်ရှာနေလေရဲ့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကောင်းတယ်ကိုဇော် အမှန်ပဲ...
ဒီစကားလေးကိုကြိုက်တယ်....
ဂွပ်တယ် ရောဘဲ ရေ့ ...
သိပ်မှန် တဲ့  ဒသန ပါပဲ။ထမင်း အလကား မစားရသလို
တစ်ခုခု ကို လိုချင်ရင် ကိုယ်က အရင် ပဲ ပေးဆပ်
လိုက်ရတာပါပဲ။ လိုချင် အားကြီးလေ စိုက်ထုပ် လုံးလ ပြု
ရတဲ့  အား ကြီး ကြီး လာ လေလေ ပါ ..။
မှန်၏။း)).. သိပ်မှန်တဲ့စာလေးပဲ..။ မှတ်ထားမယ်..။ ပြန်ပြောရအောင်လို့..။
ခင်မင်တဲ့
နေ၀သန်
စတုဒိသာ တို့ အလှုတို့ သွားစားရင်၊ ဘယ်လိုတွေးရမလဲ၊ အလကားလာစားတာမဟုတ်ဘူး၊ ကျွေးတဲသူ ကုသိုလ်ရအောင်စားရတာလို့၊
ကျနော်လည်း စဉ်းစားလိုက်မိပါတယ် ကိုတည်ငြိမ်။
ဒါပေမဲ့ သူတို့ဆီမှာ ဒါတွေ မရှိဘူးလေ။
နောက်တစ်ခုက ကျနော်တို့ ရပ်ကွက်က မိသားစု တစ်စုကို သွားသတိရတယ်ဗျာ။ သူတို့ အဲဒီလို အလှူတွေကိုပဲ လိုက်ပြီး စုံစမ်းလိုက်စားနေတာ များတယ်။ သူတို့ဖာသာ ကြိုးစားချင်စိတ် မရှိဘူး။
အလှူခံဆိုတာ ရှိမှ အလှူမြောက်တယ်ဆိုတာ ကျနော် နားလည်ပါတယ်။ သို့သော် အလှူမျှော်သူတွေ ဆိုပြီး မဖြစ်စေချင်တာပါ။
သိပ်ကောင်းတဲ့ စာသားလေးပေါ့ဗျာ...
အရမ်းကို ကောင်းတဲ့ စာသားလေးပါ။ အမ လသာည ရဲ့ ဘလော့ကနေ လာလည်ပြီး ဖတ်သွားတာပါ။
ဟုတ်ကဲ့..မှတ်သားထိုက်သော..
အတွေးဒသနစာကြောင်းလေးပါပဲ။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
စာအုပ် ၁၂ အုပ်ရဲ့ အနှစ်တွေက စာတစ်ကြောင်းထဲ မှာ ပျော်ဝင်သွားပြီဆိုတော့ တကယ့်အဖိုးတန်တဲ့ စာလေးတစ်ကြောင်းဖြစ်သွားပြီပေါ့..
ဟုတ်ပ အလကားရတာ မရှိ..။ ခင်မင်မှုတစ်ခုအတွက် အနည်းဆုံး အပြုံးလေးတစ်ခုတော့ ပေးမှရမှာလေ..။ မှတ်သားစရာလေးပါ..။ ဒီပိုစ်က ပေးတဲ့ ဒီစာကြောင်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်..။
Good day!This was a really terrific theme!
I come from roma, I was luck to come cross your Topics in digg
Also I learn much in your blog really thank your very much i will come later
Post a Comment