ကျွန်တော် ငယ်ငယ်က စာအလွန်ဖတ်သော ကျွန်တော် ဦးလေးနဲ့ နီးနီးကပ်ကပ်နေခဲ့ရတယ်။ ဒါပေမဲ့ သူက အင်္ဂလိပ်စာတွေကိုပဲ တိုက်ရိုက်ဖတ်တာ များတယ်။ သူက တစ်ခါပြောဖူးတယ်။ ဘာသာပြန်တာ ဖတ်ရင် ဘာသာပြန်သူရဲ့ တစ်ဖက်သတ်စိတ်ပါရာ ဖြစ်သွားတတ်တယ်။ ဇာတ်လမ်းက ကျောရိုး မပျောက်ပေမဲ့ ဇာတ်ကောင်တွေကို ပံ့ပိုးရာမှာ အားလျှော့သွားတတ်တယ် ဆိုပြီး သူကတော့ အင်္ဂလိပ်စာအုပ်တွေကို တိုက်ရိုက်ပဲ ဖတ်ပါတယ်။
သူ့စာအုပ်အကြီးကြီးတွေကို ကျွန်တော် အဲဒီတုန်းက မဖတ်နိုင်ပါ။ ( အခုလည်း မဖတ်နိုင်ပါ။ ဈေးကြီးလို့..:P ) အဲဒီမှာ သူဖတ်တဲ့ အထဲက မဂ္ဂဇင်းလေးတစ်စောင်မှာ သူက ပြောဖူးတယ်။ ဒီမဂ္ဂဇင်းထဲက ဒီစာလေးကိုတော့ “ ရအောင်ဖတ်ကွာ။ ” တဲ့။ ဒါလေး ၃ မျက်နှာထဲကို သဘောပေါက်အောင် ကျွန်တော် ၅ ရက်လောက် ကိုယ့်ဖာသာကိုယ် ခေါင်းစားပြီး ဖတ်ခဲ့ရတယ်။ ဒါပေမဲ့လည်း ကြီးလာတော့ ဒီစာလေးကို သေချာ မမှတ်မိပဲ မေ့နေပြန်တယ်။
ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်ဝယ်လာတဲ့ စာအုပ်လေးတစ်အုပ်မှာ ဒီစာလေးကို ဝမ်းသာဖို့ကောင်းစွာ ပြန်တွေ့လိုက်ရတယ်။ ဒီစာရေးဆရာဟာလည်း အရင်က စာတွေ ၊ ဆောင်းပါးတွေ ရေးပေမဲ့ ဒီစာလေးနဲ့မှ မြန်မာစာပေလောကမှာ ပေါက်သွားတာ ဆိုပဲ။ ဒီစာရေးဆရာ နာမည်လည်း သေချာ မမှတ်ပြန်ဘူး...:P ( သိသူများ ရေးခဲ့ကြပါဦး ) သို့သော်လည်း ဒီစာလေးကတော့ စိတ်ထဲမှာ အမြဲစွဲနေတယ်။ အခု ဒီစာ ၊ ဒီဆောင်းပါး တစ်လုံးကိုတော့ ကျွန်တော် ပြန်မရေးနိုင်ဘူး..မမှတ်မိတော့ပြန်ဘူး။ အရမ်းအရေးကြီးတဲ့ နေရာလေးကိုပဲ မှတ်မိနေတော့တယ်။ ဒါက. . .
“ ဘဝဆိုတာ ခရီးလမ်းတစ်ခုပင် ဖြစ်လေသည်။ ထို့ကြောင့် မိမိလျှောက်လှမ်းရသော ခရီးလမ်းမှာ ကြုံတွေ့နေရသော သူများသည်လည်း မိမိ၏ မိတ်ဆွေများပင် ဖြစ်လေသည်။ မိမိမိတ်ဆွေများဟု ဆိုရာ၌ မိတ်ဆွေ သုံးမျိုး ရှိလေသည်။ ထို မိတ်ဆွေ သုံးမျိုးမှာ. . .
၁။ မိမိအား ချစ်ခင်နှစ်သက်သောသူ
၂။ မိမိအား မုန်းတီးနေသောသူ
၃။ မိမိအား လျစ်လျူရှူထားသောသူ
ဟူ၍ ဖြစ်လေသည်။ သို့သော် ထိုလူသုံးမျိုးသည်လည်း မိမိဘဝခရီးမှာ မိမိအား ကောင်းမွန်လာအောင် အထောက်အပံ့ ပေးနိုင်လေသည်။ အဘယ်ကြောင့် ဆိုသော်. . .
၁။ မိမိအား ချစ်ခင်သောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိ၏ စိတ်နှလုံးပျော်ရွှင်ငြိမ်းချမ်းအောင် ဆောင်ရွက်သဖြင့် မိမိသည် အထူးပင် ငြိမ်းချမ်းပျော်ရွှင်ကြရသည်။ ထို့ကြောင့် ဘဝမှာ ပျော်ရွှင်သူ ဖြစ်လာသည် ။
၂။ မိမိအား မုန်းတီးနေသောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိ ဘယ်အချိန်မှာ အလစ်အငိုက် ကျဆုံးသွားအောင် ပြုလုပ်လိုက်လေမလဲလို့ စိတ်ထဲမှာ အမြဲပင် သတိထားနေရတယ်။ ထို့ကြောင့် ဘဝမှာ သတိရှိသောသူ ဖြစ်လာလေသည်။
၃။ မိမိအား လျစ်လျူရှူထားသောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိအား အားမပေး ၊ ဂရုမစိုက်ပဲ နေသဖြင့် မိမိမှာ ကူညီမဲ့သူ မရှိပါလားဟု ခံစားရကာ မိမိကိုယ်ကို မိမိ အားကိုးလာရလေသည်။ ထို့ကြောင့် ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးသူ ဖြစ်လာလေသည်။
ထို့ကြောင့် ဘဝဆိုသော ခရီးလမ်းကို လျှောက်လှမ်းရာတွင် ထိုကဲ့သို့ မိတ်ဆွေအပေါင်းအသင်း သုံးမျိုးကို ကြုံတွေ့ရသော အခါတွင် မိမိစိတ်ထဲမှာ သူတို့ဟာ မိမိဘဝကို တိုးတတ်အောင် ထောက်ပံ့နေတာပါလားဆိုပြီး ခံယူတတ်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ထို မိတ်ဆွေ သုံးမျိုးစလုံးကို ကျေးဇူးတင်လိုက်ပါ။
အခုလည်း ကျွန်တော့်ဘဝမှာ ဖြတ်သန်းသော အချိန်အခါမှာ ကြုံတွေ့နိုင်သမျှ မိတ်ဆွေ အပေါင်းအသင်း သုံးမျိုးစလုံးကို ကျေးဇူးတင်ပါတယ်။
ဒါကြောင့် ကျွန်တော် ဒီလို ပြောလေ့ ရှိပါတယ်။
- ကျွန်တော့်ကို ချစ်သော
- ကျွန်တော့်ကို မုန်းသော
- ကျွန်တော့်ကို ဘယ်လိုမှမနေသော မိတ်ဆွေများ အားလုံးကို ကျေးဇူး တင်ပါတယ်။
မှတ်ချက်။ ။ အခုစာကတော့ ကျွန်တော့်ဖာသာ ဆီလျော်အောင် ပေါင်းစပ်ရေးသားထားတာပါ။
ကိုဇော် ခံစားတင်ပြသည်။
6 ယောက် ရဲ့ ထင်မြင်ချက်:
အရမ်းအားတက်စေတဲ့ စားသားလေးတွေပါဘဲ
လောကကြီးထဲက လူသားတွေနဲ့ဆက်ဆံနေရတဲ့ဘ၀မှာ စိတ်ဓါတ်ခွန်အားတွေအများကြီးဖြစ်စေတဲ့အတွက် ကျေးဇူးပါ
ဆောင်းပါးလေးတွေက မှတ်သားလေ့လာစရာတွေတစ်ခုမဟုတ်တစ်ခုဟုတ်ကျန်ခဲ့ပါတယ်
စာမဖက်ရရင်တစ်ခုခုလိုနေသလိုခံစားနေရတဲ့ ကျမအဖို့တော့ အားဆေးတွေတွေပါဘဲ
ကိုဇော်ရေ,
စာပေဟာ မိတ်ဆွေမို့ အခုစာဖတ်လိုက်တာ မိတ်ဆွေ
ထပ်တိုးသွားပါတယ် ...
ငြိမ်းစိုးဦး
ကိုဇော်ဟာ..ခိုင်နုတို့အတွက်
ချစ်သောမိတ်ဆွေပါဗျာ။
စာပေအလင်းကို..
လမ်းပြပေးနေတဲ့ကြယ်တစ်ပွင့်ပါ။
မမြင်ဖူးမတွေ့ဖူးပေမယ့်...
စာချစ်သူစာဖတ်ပရိတ်သတ်
တစ်ယောက်မို့..ကိုဇော်ရဲ့အသိပေးစာပေတွေကြောင့်
အမြင်..အတွေးမရှင်းခဲ့ရတာတွေ..
ခိုင်နုတို့အတွက်လင်းလက်ခဲ့ရဖူးတယ်။ဒီအတွက်လည်း
ကျေးဇူးပါ။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ပိုစ့်ကောင်းလေးတစ်ပုဒ်ပါ။ မှတ်သားစရာလေးမို့ ကူးယူသွားပြီနော်။ အောက်က မောင်ဇော်ရေးတဲ့ စာလေးသုံးကြောင်းကိုဖတ်မိတော့ သေဆုံးသွားတဲ့ အစ်ကိုတစ်ယောက်ကို သတိရလိုက်တယ် သူလည်း အဲဒီလိုလေးသူများအော်တိုတွေမှာရေးပေးခဲ့ဖူးလို့ပါ။
how are you I was fortunate to come cross your Topics in digg
your post is impressive
I learn much in your topic really thank your very much
btw the theme of you site is really brilliant
where can find it
လောလောဆယ် ဖတ်ခဲ့သမျှထဲမှာ အကောင်းဆုံးပိုစ့်ပဲ..
လေးစားပါတယ်အကို..:)
Post a Comment