ဂျာနယ်
ခုနစ်မျက်နှာ ကြော်ငြာပါ
ရှစ်မျက်နှာက အတင်းပွဲ
မျက်နှာဝက်က သတင်းပဲ။
မြားနတ်မောင်
လက်တည့်ပုံလည်း မရပါဘူး။
မကောင်းသူထိပ် ၊ ကောင်းသူထိပ် ဆိုပြီး
သူ မျက်စိမှိတ် ပစ်နေတာပါ။
ဒါတောင်မှ. . .
နာမည်က ကြီးနေသေး။
စာအုပ်
သူ့နာမည်ကို ကျွန်တော် ကြိုက်တယ်။
ပညာသားပါပါ ပါပဲ။
မသိသူ ကျော်သွား ၊ သိသူ ဖော်စား ဆိုသလို . . .
“ စာ ” တမ်းတွေ အားလုံးကို အသာလေး “ အုပ် ” ထားတယ်။
တူးဖော် ယူတတ်မှ. . . ။
လူရိုင်း
တကယ်တမ်း ဖြစ်ခွင့်ရမယ် ဆိုရင်
ကျွန်တော် “ လူရိုင်း ” ဖြစ်ချင်ပါတယ်။
အချွန် ၊ အတတ်တွေနဲ့ ထိုးထိုးထောင်ထောင်
သူ့အဝတ်အစားကို ဝတ်ကာ ဘတ်စ် စီးရင်
တော်တော် ပျော်ဖို့ ကောင်းမှာပါ။
“ ဒူးရင်းသီး ” ကိုင်ပြီး ဘတ်စ် တိုးစီးရသလိုပေါ့။
လေးစားစွာဖြင့်
ကိုဇော်.
5 ယောက် ရဲ့ ထင်မြင်ချက်:
ဂျာနယ်ရဲ့ အဓိပ္ပါယ်တော့ ခုမှသိဒယ်ရ်။
အဲဒီကောင်က လူ့ဘ၀ ဖြစ်စဉ်မှာ ပဓာန မကျဘူး ထင်တာပဲ။
အသာလေးအုပ်ထားတာ ဆိုတော့ အသာလေးလှန်တာပဲ ကောင်းပါတယ်။ အရမ်းတူးဖော်မယ်ဆို အဖိုးတန် စာအုပ်လေးပြဲသွားမလားပဲ။
အဲလိုလူမျိုး ကားပေါ် တက်လာရင်။ ကားပေါ်က လူတွေက ဘေးကို ကားပေးရမယ်။ ဒါမှ ကားထဲမှာ ကို့ရို့ကားယား မဖြစ်မှာ။
ပထမဆု ရယူဖို့ဟေ့

bus ပေါ်မှာ အဲလို ဝတ်ပြီး တက်လာလို့ကတော့ ဒုတ်နဲ့အခေါက်ခံရမယ်..
ဖတ်သွားပါတယ်ရှင်။ ဂျာနယ်ကိုပိုကြိုက်တယ်။
may
မြှားနတ်မောင်လိုမျိုး ပစ်ကြည့်ချင်တယ်...
ဘယ်သူအပစ်ခံမလဲ..လာလေရော့ဟယ်....
ဟီး..အယ်နားမှန်သွားလည်း မသိဘူး...
နာမည်ကြီးချင်လို့ မျက်စိမှိတ်ပြီး မှန်းပစ်လိုက်တာ....
Post a Comment