မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 October 2010

11 ဓါးသွေးခြင်း အတတ်ပညာ



သင် ဓါးသွေးဖူးပါသလား..?

ကျွန်တော် ဒီလို မေးလိုက်ရင် တော်တော်များများကတော့ ဒါလေးများဗျာ သွေးဖူးတာပေါ့ လို့ ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဘယ်သူမဆိုတော့ ဓါးလေးကတော့ သွေးဖူးကြမှာပါပဲ။

ကျွန်တော်လည်း ငယ်ငယ်က ကျွန်တော် အဖေက ဓါးလေးတစ်ချောင်း ပေးလို့ သွေးဖူးခဲ့ပါတယ်။ ကျွန်တော့်အဖေက “ သားရေ ဓါးသွေးတယ် ဆိုတာ မလွယ်ဘူးကွ။ ” တဲ့လေ။ ဒီတော့ ကျွန်တော်ကလည်း မခံချင်စိတ် နဲ့ သွေးမိတာပေါ့လေ။ ကျွန်တော်သွေးတဲ့ ဓါးလေးဟာ သွေးလေ ထက်လာလိုက် ၊ တုန်းသွားလိုက် ဖြစ်နေပါတော့တယ်။

ဘာလို့ပါလိမ့် ၊ သွေးရင်းနဲ့ ကျောက်တွေလည်း ပွန်း ၊ ဓါးလေးလည်း စားသွားပြီး ဓါးသွားလေးတောင်မှ လှလှပပ မရှိတော့ပါဘူး။ ဒီလို ဓါးလေး သွေးတာတောင်မှ ဘာလို့ ဓါးက မထက်ပဲနဲ့ ထက်လိုက် တုန်းလိုက် ဖြစ်နေတာပါလိမ့်။ နောက်ဆုံးတော့ ကျွန်တော့်ဓါးသွေးခြင်းက စိတ်တိုင်းမကျပဲနဲ့ ရပ်သွားပါတော့တယ်။ ဒီတော့မှ ဖေဖေက ပြောတယ်။

“ ငါ့သား ဓါးသွေးတာ ဘာလို့ ထက်လာလိုက် ၊ တုန်းသွားလိုက် ဖြစ်နေတာလဲ သိလား။ ” 

 
“ မသိဘူး ဖေဖေ..။ ” 
 
“ အေး ဒါက ဓါးသွေးတယ် ဆိုပေမဲ့ လူလောကမှာ ရှိနေတဲ့ လူမှု ဆက်ဆံရေး လိုပဲ သားရဲ့။ ငါ့သားက ဓါးကို မြန်မြန်ထက်အောင် အစုန်အဆန် သွေးတယ်လေ။ ဒါကြောင့် ငါ့သားသွေးတဲ့ ဓါးသွားနေရာက ကျောက်နဲ့ ထိချက်ဟာ ပုံမှန် မဟုတ်တော့ဘူး။ သူရဲ့ ထိချက်ဟာ ပုံသေ မထိတော့ဘူး။ ထိချက်မှန်လို့ ဓါးသွားလေး ထက်လာပေမဲ့ ဒီလို ထိချက်လေးတွေ အကြိမ် ၁၀၀ သွေးထားတယ် ဆိုပါတော့ ဒါကို ထိချက်မှားပြီး ဓါးလေး စောင်းသွားလို့ ဓါးသွားက ကျောက်ပေါ်မှာ ဒဲ့ကြီး ဖြစ်သွားတာနဲ့ အရင်က သွေးထားတဲ့ အကြိမ် ၁၀၀ ကို ဒီတစ်ကြိမ်ထဲက ဖျက်ပြီး ဓါးသွားကို ပြန်တုံး သွားစေတာပါပဲ။

ဒါဟာ လောကရဲ့ လူမှု ဆိုင်ရာ နေထိုင်မှုလည်း ဖြစ်တယ် သား။ တကယ်လို့ လူတစ်ယောက်ဟာ ကောင်းတာတွေ သူ အကြိမ်ပေါင်းများစွာ လုပ်ထားတယ်ပဲ ထား။ သူ မဟုတ်တာ ၊ မကောင်းတာ တစ်ခု လုပ်လိုက်တာနဲ့ သူအရင်က ကောင်းတာတွေ လုပ်ထားတာတွေကို ဖျက်လိုက်တာပါပဲ။ ဒါဟာ ဓါးသွေးခြင်းက ပေးတဲ့ လူမှုဘဝနေထိုင်နည်း လေး ဆိုပါတော့ကွာ။ ”

ဒီစကားလေးကို ကျွန်တော် အမြဲ အမှတ်ရနေခဲ့ပါတယ်။

ဘဝဆိုတာ ဓါးသွေးသလိုပါပဲ။ အတိမ်းအစောင်း တစ်ခုခု ဖြစ်လို့ကတော့ ဘယ်လိုမှ ပြန်ပြီး အရင်က ကောင်းတာတွေကို အဖတ်ဆယ်လို့မရတော့ပါဘူး။ ဒါကို ပြောတာပေါ့ဗျာ။

“ ဘဝ တုံးတယ် ” ဆိုတာ......


လေးစားစွာဖြင့်

ကိုဇော်


http://zaw357.multiply.com/journal/item/682
မှာ 10.10.2009 က ရေးထားတာပါ။

.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

Angel Shaper said...

ဒီပိုစ့်လေးကို Fwd Mail ရဖူးတယ် အကို။
အဲဒီကတည်းက အတွေးတွေ အများကြီးပေးပြီး၊ ဘဝတုံးတယ် ဆိုတဲ့သူ မျိုးမဖြစ်အောင် ကြိုးစားချင်စိတ်ဖြစ်ခဲ့တယ်။
ခု ပြန်ဖတ်ရတော့ ကျေးဇူးတင်တယ် အကိုရေ....
တကယ့်ကို မှတ်သားစရာ၊ ဆင်ခြင်စရာပါပဲနော်။

အင်္ဂါဟူး said...

ဘ၀တုံးတယ်ဆိုတာ ဘ၀ုံးတွ တာပါ ။

ဘာကြောင့် အထက်က တစ်ယောက်က ဖော်ဝပ်မေးလ်က ရလဲဆိုတော့ ဒီပို့စ်လေး က အရင်တုန်းက မာလ်တီမှာ တင်ခဲ့တာကိုး။

ဘာပဲဖြစ်ဖြစ် ဘ၀ အတွက်လဲ စဉ်းစား မိတယ်

ဓါးသွေးနည်း ကောင်းကောင်းရလိုက်လို့ အလုပ်လက်မဲ့တွေကို ဒီနည်းလေးနဲ့ ဓါးသွေးကျောက်တစ်လုံး ၀ယ်လှူ လိုက်ရရင်တော့.....

ဒုတိယလူ အဖြစ်နဲ့ ပြီးဆုံးသွား....(စည်သူလွင် လို ဆိုနော်)

Anonymous said...

ဟင်း....ဂရုစိုက်သွေးမှာပေါ့။
...

lwin said...

ဓါးကောင်းကောင်းသွေးတတ်တာပေါ့...တွေ့ရင်သွေးပြမယ်...

ရွှေရတုမှတ်တမ်း said...

ယောင်္ကျားက ဓါးသွေး...
မိန်းမက သားမွေး တဲ့......
ဝါလကင်းလွတ်သီတင်းကျွတ်ပြီ ဖြစ်ပါကြောင်း

SHWE ZIN U said...

စဉ်းစားစရာလေးတွေ စဉ်းစားသွားပါတယ်ကိုဇော်ရေ

ဒါနဲ့ ကိုကြီးကျောက် က ဝါကျွတ်ပြီ ဆိုပါလား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဒေါင်းမင်း said...

ဟဲဟဲကျွန်တော်လဲနောက်ဆိုဓါးကိုသွေးတက်အောင်သွေး
ပေါတော့မယ်...ဗဟုသုတရလိုက်တယ်။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

sosegado said...

သွေးရင်းသွေးရင်းပေါ့ နောက်ဆုံးပါးပါးလေးပဲကျန်တော့တယ်၊

ahphyulay said...

ဟ..
ဘယ်တုံးထဲက ဟာပဲဖြစ်ဖြစ်
ဒိုင်ယာလော့  ကလေးတွေကတော့ 
ပါစမြဲပါလား ဟ ။
အင်း .. အမြဲပဲ တွေးတွေး နေရပါလား..။

ငွေလမင်း said...

မှန်ပါတယ် ထောက်ခံပါတယ် တခါတရံမှာ လူဆိုတာ မှားတော့မှားတတ်ကြမှာဘဲလေ အမှားထဲက သင်ခန်းစာယူတတ်ရင်တော့ ကောင်းတာပေါ့

ကိုရီး{ကိုကြီး} said...

မရိုးနိုင်တဲ့ ပိုစ့်လေးပေါ့ ဦးဇော်ရေ

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}