လမ်း
ဂျိုးဂျိုးဂျွမ်းဂျွမ်းနဲ့
ကျွပ်ဆတ်ဆတ်စိတ်ဓါတ်က
အတိတ်သောင်ပြင်မှာ
ဖြတ်သာဖြတ်ခဲ့တာ
ခြေရာမထင်ခဲ့ဘူး။
ကွေ့ကွေ့ကောက်ကောက်နဲ့
မဖြောင့်မတန်းလမ်းကို
ဖိနပ်ကလေးစီးပြီး
လျှောက်လှမ်းမိတယ်ထင်ခဲ့တာ
တကယ်တော့ . .
ဖိနပ်က ငါ့ကို ပြန်ခိုစီးသွားခဲ့တာပဲ။
သွားသွားလာလာနဲ့
နင်းကြမ်းလျှောက်လှမ်းခဲ့တဲ့
ခြေလှမ်းတွေမှာ
ဖုန်တွေထူလို့ ရွံ့အလိမ်းလိမ်း
ဘယ်ကို တိမ်းရမှန်း မသိဘဲ
ဘဝက ပိန်းတယ်။
ငြီးငြီးတွားတွားနဲ့
ဝေဒနာတစ်ရပ်
ရင်မှာ ဝှက်လို့
သံသရာလမ်းကို သူငါ နည်းတူ
စမ်းတဝါးဝါး ဖြတ်ရင်း
လောဘ နဲ့ အတ္တ တွေက
ဖိနပ်လို ခိုစီး လိုက်ပါနေဆဲ။
ဝေဒနာတစ်ရပ်
ရင်မှာ ဝှက်လို့
သံသရာလမ်းကို သူငါ နည်းတူ
စမ်းတဝါးဝါး ဖြတ်ရင်း
လောဘ နဲ့ အတ္တ တွေက
ဖိနပ်လို ခိုစီး လိုက်ပါနေဆဲ။
*** ညီမလေး ဒီဒီ နဲ့ ၂ အချိုး ၂ ရေးထားမိတဲ့ ကဗျာလေးပါပဲ။ ***
လေးစားစွာဖြင့်
ကိုဇော်
.
3 ယောက် ရဲ့ ထင်မြင်ချက်:
ကဗျာလေးကလောကဓံအကြောင်းလေးနော်
ကောင်းတယ်ဆက်ရေးပါအုံးနော်
ကောင်းလိုက်တဲ့ကဗျာလေး...း)
ခင်မင်တဲ့
နေ၀သန်
ကဗျာတွေဘက် လှည့်လာပါလား....
ဒါဆို ကဗျာလက်ဆောင်တောင်ဖို့ ကဗျာဆရာတယောက်တော့ရပြီ...
မငြင်းကျေးနော်....
Post a Comment