*** သိုးဆောင်း စကားပုံလေး တစ်ခု ရှိပါသည်။ “ ဦးထုပ် အသစ်ပြောင်းဆောင်းလိုက်ရုံနဲ့ ခေါင်းကတော့ အသစ် ပြောင်းမသွားနိုင်ဘူး။ ” တဲ့။
ကျွန်တော် ဒီပို့စ်လေးကို ရေးပြီးကတည်းက ခေါင်းစဉ် ရှာမရခဲ့ပါဘူး။ သုံးရက်လောက် စဉ်းစားတာတောင်မှ မရလို့ နောက်ဆုံးမှာ “ ဝက်ပစ်ဂ်ရဲ့ အစ်ကို ဆိုတော့. . . ” ဆိုတဲ့ နာမည်နဲ့ပဲ တင်လိုက်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ အခုအထိ မတင်မကျ ဖြစ်မိတယ်။ ဒါနဲ့ အချိန်ရှိတိုင်း ဒီပို့စ်ခေါင်းစဉ်ကိုပဲ စိတ်ထဲ ရောက်ရောက်လာတယ်။ အခုတော့ ( ကျွန်တော့် အကြောင်း . . . ) ဒီလိုလေးပဲ ခေါင်းစဉ် ပြောင်းလိုက်ပါတယ်။
အထက်က သိုးဆောင်း စကားပုံလေး အတိုင်းပါပဲ။ ဦးထုပ်ဆိုသော ခေါင်းစဉ်ပြောင်းထားတာသာ ဖြစ်လို့ ခေါင်းနဲ့ တူသော မူရင်းစာများကတော့ မူလအတိုင်းပါပဲ။ ဖတ်ပြီးသား ဖြစ်လို့ ဖတ်နေရင်း ငန်ကျိကျိများ ဖြစ်လာခဲ့ရင် “ ဆားချက်သဟ ” ဆိုပြီး ခွင့်လွှတ် အပြုံးနဲ့ ပြုံးနိုင်ကြပါစေ။ ***
နိဒါန်း
ဘာရယ် မဟုတ်ပေမဲ့ တစ်ခါတစ်လေ အတိတ်တွေကို ပြန်ဝါးမိရင် ဖန်တန်တန် နဲ့ နည်းနည်း ငန်သလို ပြုံးမိတယ်။ ဘေးကနေ ပွဲကြည့်ပရိသတ် တစ်ယောက် အနေနဲ့ ကိုယ်ကိုယ့်ကိုယ် ပြန်ကြည့်မိတော့ ဖေဖေ ပြောခဲ့ဖူးသလို “ တော်တော် မလွယ်တဲ့ ကောင် ” လို့လဲ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိပါရဲ့။
ရိုင်းစိုင်းတယ်လို့ လူတွေက နာမည် မတပ်ကြပေမဲ့ ကျွန်တော် သူတို့ကို အတော် စိတ်ညစ်အောင် လုပ်ခဲ့မိတာတွေ အများကြီး။ ငယ်ငယ်ကဆိုတော့ စိတ်ကလည်း မြန်မှမြန် ၊ ဦးနှောက်ကလည်း ချက်ခနဲ လက်ခနဲ နဲ့။ တစ်ခုပြောရင် တစ်ခုက ချက်ချင်း ထွက်တတ်တယ်။ ဒါနဲ့ပဲ လူတွေကို တော်တော် စိတ်ညစ်အောင် လုပ်ခဲ့ဖူးတာပါလားလို့ ဆင်ခြင်မိပါတယ်။ ဒါပေမဲ့ သူတို့ စိတ်မညစ်ပဲ နောက်ဆုံးတော့ ရယ်မိတယ် လို့ ပြောတတ်မြဲ။
ဘာပဲ ပြောပြော ကျွန်တော် ဒီနေ့တော့ အတိတ်ကို ပြန်လည် ခြေဆန့်ပြီး ပြန်ငယ်ရအောင်ဗျာ။ အတူတူ ကျွန်တော် နဲ့ လိုက်ပြီး ငယ်ကြည့်ပါလား။ ဒီလို. . ဒီလို. . . ဒီလိုလေးတွေ တွေးပြီး ပျော်ရမလားလို့ပါ။
ကျွန်တော် ငယ်ငယ်က အစ်မဝမ်းကွဲ တစ်ယောက်က သီလရှင်ဝတ်တယ်။ သီလရှင်က ပြန်ထွက်တော့ ဘယ်သူမှ ဆံပင် တင်ပါးဖုံးပြီး ရှည်မနေတာ အားလုံးသိကြမှာပါ။ ဒီတော့ သူ သီလရှင်ထွက်လာတော့ “ ဂတုံး ” နဲ့ပေါ့။ ဒီတော့ အားလုံးက သူ့ကို ဂတုံးမ ၊ ဂတုံးမ နဲ့ ဝိုင်းခေါ်ကြတယ်။
သူ့ခမျာ . . မျက်ရည်နဲ့ မျက်ခွက် ၊ စိတ်ဆိုး ဒေါသတွေထွက်။ ဒီလို ဂတုံးမ လို့ မခေါ်မခံချင်ဘူးပေါ့လေ။ မှတ်မှတ်ရရပါပဲ သူ့ကို ကျွန်တော် ဂတုံးမ လို့ မခေါ်မိဘူး။ သူကလည်း ဆံပင်မြန်မြန် ရှည်စေချင်တယ် . . ၊ ဖြစ်နိုင်ရင်ပေါ့။ ဒါပေမဲ့ မဖြစ်နိုင်လေတော့ သူ့မှာ ဒီအတိုင်းပဲ သူများတွေ စရင် ငြိမ်ခံနေရတယ်။
တစ်နေ့တော့ သူ့ကို အားလုံးက ဝိုင်းစနေတုန်း ကျွန်တော်က သူ့ဘက်က မခံနိုင်ပဲ ဝင်ပြောလိုက်တယ်။
“ အစ်မ . . သူတို့ ပြောတာ မခံချင်ရင် နာမည်ပြောင်း ခေါ်ခိုင်းလိုက်ပါလား။ ”
“ ဟင် . . ဘယ်လို ပြောင်းခေါ်ခိုင်းရမှာလဲ။ ”
သူအပါအဝင် အားလုံးကလည်း တအံ့တသြ မေးတယ်။
“ ဂတုံးမ လို့ ခေါ်တာ မကြိုက်ရင် ဒီလို ခေါ်ခိုင်းလိုက်. . . ”
“ အေးလေ. . . ဘယ်လို ခေါ်ခိုင်းရမှာလဲ။ ”
“ ကေသာနိုး . . ဆိုပြီးတော့လေ။ ”
“ ဘယ်လို. . .”
“ ဘာရယ် . . ”
အားလုံးရဲ့ အမေးတွေ စုပြုံကျလာတယ်။ သူတို့ နားမလည်ဘူးပေါ့လေ။ ဒီတော့ ကျွန်တော်က ဆက်ရှင်းပြရတယ်။
“ ဒီလိုလေ ၊ ကေသာ ဆိုတာ ဆံပင် ကို ပြောတာလေ။ နိုး ( NO ) ဆိုတာက မရှိတာ မဟုတ်လား။ ဒါကြောင့် ကေသာနိုး ဆိုတော့ “ ဆံပင် မရှိတာပေါ့ ” ။ ဒါဆို သိပ်ပြီးတော့ မဆိုးဘူးပေါ့။ ”
ကျွန်တော့်စကားသံလည်း ပြီးရော...သူ့ဆီက အသံထွက်လာတယ်။
“ ကိုဇော်. . . . . . ”
တဲ့။ အနက်ကြီးနဲ့ ကျုံးအော်တယ်။ ကျွန်တော့်လည်း လန့်သွားသလိုနဲ့ နောက်တွန့်ပြ လိုက်ပါတယ်။ ဒါပေမဲ့ နောက်တော့ သူ ဒုတိယနှစ်တတ်တော့ သီလရှင် ထပ်ဝတ်သေးတယ်။ ဒီတော့ သူ့ကျောင်းမှာ သူငယ်ချင်းတွေကို ဂတုံးမ ခေါ်မှာ စိုးလို့ ကျွန်တော့်စကားလုံးလေးကို သူက သဘောကျလွန်းလို့ အားလုံးကို “ ကေသာနိုး ” လို့ပဲ ခေါ်စေခဲ့တယ် ဆိုပဲ။
သူ့ သူငယ်ချင်းတွေကလည်း သဘောတွေကျလို့ ၊ သူကလည်း သဘောတွေ ခွေ့လို့။ မသိသူတွေကတော့ နာမည်လိုလို ၊ ဘာလိုလိုပေါ့လေ။
ဒီလိုပါပဲ . . ကျွန်တော်ဟာ ဘုမသိ ၊ ဘမသိ ပြောတတ်သူလည်း ဖြစ်တယ်။
အထက်တန်းကျောင်းသား ဘဝကပေါ့။ အတန်းထဲမှာ အရမ်းဝတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ ဝတယ် ဆိုတာနဲ့ ကျွန်တော်က သူ့ကို “ မဘုတ်ဆုံ ” လို့ ခေါ်လိုက်တယ် လို့ ထင်နေလား။ မခေါ်ပါဘူး။ သူ့မှာ နာမည်ရှိပါတယ်။ အဲ . . နာမည်က . . . .
“ ရတနာ သီင်္ဂီ ဝင်းရွှေ ”
တဲ့။ တကယ်နော် မနောက်ဘူး။ ဒါ တကယ်ကို သူ့နာမည်အရင်း။ ကျောင်းဝင်ချိန် စာရင်းတွေ ခေါ်ပြီဆိုရင် . . .
“ ရ . တ . နာ. . သိ . င်္ဂီ . ဝင်း . ရွှေ . . . ရေတစ်ခွက် ။ ”
ဆိုပြီးတော့ အားလုံးက နောက်ကြပါတယ်။ သူကလည်း လူကလည်း ဝ ၊ နာမည်ကလည်း လှတော့ . . အဟဲ ( လှလို့ ဝလို့ လို့ ဆိုတယ် မလား ) . . မျက်နှာကြီး ပုပ်ပွ ထားတတ်တယ်။ နောက်ထပ် သူ့ကို နောက်မှာ စိုးလို့ပေါ့လေ။ ဒီတော့ ဝိတ်နဲ့ဖိမှာ ကြောက်ကြတာနဲ့ပဲ သူ့ကို တော်ရုံ မစရဲကြတော့ပါဘူး။
ဒါပေမဲ့ ကျွန်တော်ကတော့ မရဘူး။ သူ့ဆီကို သွားပြီး. .
“ အဖိုးတန်တဲ့ သူငယ်ချင်း ၊ ငါ့ကို ပိုက်ဆံ ၁၀၀ လောက်ချေးစမ်းပါဟာ . .။ ”
လို့ သွားသွား ချေးတယ်။ သူကလည်း ဘာရယ် မသိပေမဲ့ သူ့ကို “ အဖိုးတန် သူငယ်ချင်း ” ဆိုတာနဲ့တင် ချေးပါတယ်။ အဲ. . သူကလည်း အကြွေးရှင် မပီသစွာ ဘယ်တော့မှ ပြန်မတောင်းတဲ့ အတွက် ကျွန်တော်ကလည်း အကြွေးယူသူ ပီသစွာ ဘယ်တော့မှ ပြန်မပေးဘူး။ ဒီလိုပါပဲ မသိမသာနဲ့ပေါ့လေ။
ဒါပေမဲ့ တစ်နေ့ကျတော့ သူ့ဆီက ပိုက်ဆံ ချေးလို့ မရတော့ဘူး။ ဘာလို့လဲ ဆိုတော့ သူက ကျွန်တော့်ကို အကြပ်ကိုင်နေတယ်။ အထင်မလွဲပါနဲ့။ ဘယ်နားက အကြပ်ကိုမှ လာကိုင်တာ မဟုတ်ပါ။ စကား အရ အကြပ်ကိုင်နေတယ် လို့ ပြောတာပါ။ ဟုတ်တယ် သူက အကြပ်ကိုင်နေတယ်။
“ ပြော . . မပြောလို့ မရဘူး။ မပြောရင် မချေးဘူး။ ”
သူက ဒီလို ပြောနေတော့ ကျွန်တော်လည်း ဘယ်နေရာကမှ ယားနေတာ မဟုတ်ပေမဲ့ သူ့ကို ဟိုကုတ် ဒီကုတ် ကုတ်ပြရတယ်။ ဒါပေမဲ့လည်း မရ။ အတင်းကို ပြောခိုင်းနေတယ်။ ယောက်ျားလေး ပီပီ အထာလည်း ကိုင်မနေသင့်တာနဲ့ ကျွန်တော် သူ့ကို ပြောချလိုက်ပါတယ်။
“ ဒီလိုလေဟာ. . ၊ နင့်နာမည်က “ ရတနာ သီင်္ဂီ ဝင်းရွှေ ” မဟုတ်လား။ ”
“ အေးလေ. . ၊ ဒါကို နင်က ဘာလို့ ဟိုလို ခေါ်တာလဲ မေးနေတာ။ နင် ငါ့ကို နောက်နေတာ မဟုတ်လား။ ”
“ မဟုတ်တာဟာ ၊ နင့်ကို ငါ နောက်ဖူးလို့လား။ ”
သူ နည်းနည်း တွေသွားတယ်။
“ ဒီလိုလေ. .၊ နင့်နာမည်မှာ “ ရတနာ ” ဆိုတာကလည်း အဖိုးတန်တယ်လေ။ “ သိင်္ဂီ ” ဆိုတာကလည်း ရွှေ ကို ပြောတာ။ “ ဝင်း ” တယ် ဆိုတာကလည်း ရွှေရောင် တစ်ခုကိုပဲ အမွှန်းတင်တာလို့ ရတု ထဲမှာ ဖတ်ရတယ်လေဟာ။ ဟော . . နောက်ဆုံးက “ ရွှေ ” ဆိုတာကတော့ ဘာပြောစရာ လိုတော့လည်း ရွှေပဲပေါ့။
ဒီလောက် အဖိုးတန်တွေ စကားလုံးတွေ စုနေတဲ့ သူငယ်ချင်းမို့ ငါက “ အဖိုးတန်တဲ့ သူငယ်ချင်း ” လို့ ခေါ်တာပါ။ ”
ကျွန်တော့်တို့ရှေ့မှာ မှိုတွေလည်း မရှိပါပဲ သူက မှိုရတဲ့ မျက်နှာနဲ့ ဖြစ်သွားတယ်။ အဲဒီနေ့က ကျွန်တော်ကို ပိုက်ဆံ မချေးဘူး။ သူ ကိုယ်တိုင် လိုက်ပြီး ကင်တင်းမှာ မုန့်လိုက်ကြွေးပါတယ်။ အေးလေ ချေးရင်လည်း ပြန်မှ မရတာ. . မထူးပါဘူး . . အဟီး။
အဲ. . . ဟိုတစ်လောကတော့ သူနဲ့ လမ်းမှာ တွေ့သေး။ ကျွန်တော့်ကိုတော့ သူက တော်တော် ခင်ပဲ။ တွေ့တာနဲ့ ဟိုဘက် ကားလမ်းမကနေ “ ကိုဇော် ” လို့ ကျုံးအော်တယ်။ ဂေါ်ပြားနဲ့ ကျုံးနေရင်း အော်တယ် လို့ မဆိုလိုပါဘူး ၊ ဝမ်းသာလွန်းကာ အသံကျယ်ကျယ်နဲ့ အော်တယ် လို့ပဲ ဆိုလိုပါတယ်။ အသံကြားလို့ လှမ်းကြည့်လိုက်တော့ သူက ဒီဘက် ကားလမ်းမကို ကူးလာပြီ။ သူ့ကို မြင်တော့ ကျွန်တော် ပါးစပ်က အာမေဋိတ် တစ်ခု ထွက်ကျတယ်။
“ ရတနာ သီင်္ဂီ ဝက်ရွေ့ ”
ဖြစ်ချင်တော့ သူက ကြားသွားတယ်။
“ ဘာ. . ”
တကယ်ကို သူက “ ပွင့် ” လောက်ကို ဝနေပြီ။ ဒါကြောင့် လူ လမ်းလျှောက်ပြီး ရွေ့တာနဲ့ မတူပဲ “ ဝက်လေး ” နေရာရွေ့တာနဲ့ တူနေလို့ပါ။
“ အဟဲ. . ဘာမှ မဟုတ်ပါဘူး အဖိုးတန်တဲ့ သူငယ်ချင်း ရဲ့။ နင် ဘယ်က ပြန်လာတာလဲ။ ”
မျက်စောင်းတွေ စွတ်ထိုးပြီး. . .၊ နှုတ်သီးထော်ပြီး ( ဝက်လေးလို အဲ . . ကြားသွားဦးမယ် ) သူက ပြောတယ်။
“ ငါ သင်တန်းက ပြန်လာတာ . .၊ နင်ကရော။ ”
“ သြော်. . ငါက အိမ်အလုပ်က လိုတာတွေ လာဝယ်တာ။ ”
ဒီလိုနဲ့ ဟိုဟို ဒီဒီ ပြောပြီး ခဏကြာတော့ သူက ၃၉ အမြန်ကားလေးကို စီးမယ် လုပ်ဆိုပြီး ကားပေါ်တတ်တော့ ကျွန်တော်က အောက်ကနေ သူ့ကို နှုတ်ဆက်ရင်း ကားစပယ်ယာကို ပြောရတယ်။
“ အစ်ကိုရယ် ကျွန်တော့် အဖိုးတန်တဲ့ သူငယ်ချင်းကို သေချာလေး ခေါ်သွားပေးပါ။ သူ့ကို ကားအလယ်ခုံမှာ ထိုင်ခိုင်းပါဗျာ။ ဘေးတန်းမှာဆို ကားတစ်ဖက်ကို စောင်းလဲသွားမှာ စိုးလို့ပါ။ ”
ဒီတော့ ငယ်သူငယ်ချင်းတွေ ဆိုတော့ သူက ကျွန်တော့် ငယ်နာမည်လေးကို ပြန်ပြီး သတိရအောင် ကားပေါ်က အော်သွားတယ်။
“ မသာကောင် . . . ။ ”
တဲ့။
ဒီလိုပါပဲ. . . ကျွန်တော်ဟာ သူများကို ပေါက်ပေါက်ရှာရှာ ပြောတတ်သူလည်း ဖြစ်တယ်။
ရပ်ကွက်ထဲမှာလည်း သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူက တရုတ်စပ်တယ်။ တစ်ခါတစ်လေ သူတို့ အိမ်မှာ ဘုရားတွေ ဘာတွေ ကန်တော့ရင် ကျွန်တော်ကလည်း ရုပ်တည်လေးနဲ့ သွားသွားပြီး အဲ . . ကန်တော့ခံတာ မဟုတ်ဘူးနော် ၊ သွားဝါးတာပါ . . ၊ သူငယ်ချင်းတွေကိုးဗျ။
သူ့နာမည် အရင်းက ထားပါတော့။ သူ့ကို အိမ်မှာ ခေါ်တဲ့ နာမည်က “ အာဝါး ” တဲ့ ၊ တရုတ်လို ဆိုပါတော့လေ။ ကျွန်တော်ကလည်း မိဘတွေပါ သိတဲ့ သူငယ်ချင်းတွေ ဆိုတော့ ကျွန်တော်ကလည်း သူ့ကို “ အာဝါး ” လို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောမနာ ဆိုမနာ တွေပါပဲ။
အဲ. . အပြင်မှာ ဆိုရင်တော့ သူ့ကို သူ့အဖေက နာမည် ခေါ်တာပဲ ကြိုက်တယ် လို့ ကျွန်တော့်ကို တင်းတင်းကြပ်ကြပ် ပြောထားဖူးတယ်။ ကျွန်တော်ကလည်း ဒီတော့ ရုပ်တည်လေးနဲ့ “ ဟုတ်ကဲ့ ဦး ” ဆိုပြီး သူ့ကို အပြင်မှာ တွေ့လို့ ခေါ်ရင် သူ့နာမည်ပဲ ခေါ်ပါတယ်။ အဲ. . . ဒါပေမဲ့. . တစ်ခုတော့ ရှိတယ်။
တကယ်လို့ သူ့နဲ့ သူ့အဖေ ၊ အမေတွေ အပြင်က ပြန်လာတာ ၊ အပြင်ကို သွားလို့ လမ်းမှာ ကျွန်တော်နဲ့ ဆုံရင် ကျွန်တော်က သူ့တို့ကို မကြည့်ပဲ လမ်းမှာ တွေ့တဲ့ ကလေးတစ်ယောက်ကို ကောက်ချီပြီး . . .
“ ကိုကြီးကို အာဝါးပေးနော် . . .၊ အာဝါးပေး . . . အာဝါးပေး . . ။ ”
ဆိုပြီး သူတို့ မကြား ၊ ကြားအောင် ပြောတတ်တယ်။ အဟဲ. . ဒီတော့ သူ့ခင်မျာ သူ့ကို ကြည့်ပြီး ပြောတာ မဟုတ်လေတော့ မကြေလည်ပေမဲ့ ဘာမှ မပြောရဲရှာဘူး။ လမ်းမှာ တွေ့တိုင်း ကျွန်တော်ကလည်း ဒီလိုပဲ “ အာဝါး ” ကို မလှိမ့်တပတ်နဲ့တောင်းတယ်။ သူ့အဖေကလည်း ယောင်လည်လည်နဲ့ ပေးရနိုးနိုး ၊ မပေးရနိုးနိုး ပေါ့လေ။
ကျောင်းမှာ အာဝါး နဲ့တွေ့ရင် သူက တဟားဟားရယ်ရင်း . . .
“ နင်ဟာလေ. . . တော်တော်လည်း တတ်နိုင်တယ်။ ”
လို့ ပြောရှာတယ်။ ကျွန်တော်ကတော့ ရုပ်တည်နဲ့ပါပဲ။
“ ဘာလဲ. . .၊ ဘာလဲ. .၊ ငါ့ဖာသာ ကလေးကို အာဝါး တောင်းတာ ၊ နင့်များ တောင်းနေတယ် ထင်နေလား။ ဝေးသေး.. . . .”
လို့ ခပ်ထွားထွား ပြန်ပြောခဲ့ဖူးတယ်။ သူတို့ အိမ်ရောက်ရင်လည်း သူ့အဖေက အီလည်လည် နဲ့ ပေမဲ့ ကျွန်တော်က ကိုယ်ပဲ မပြောခဲ့သူလို နေလေတော့ ၊ သူ့ခင်မျာမှာ ပြောခွင့် မကြုံရှာဘူး။
“ မင်း ငါ့သမီး အာဝါးကို တောင်းတာလားကွ။ ”
လို့ ပြောခါမှ ကျွန်တော်က မျက်နှာငယ်နဲ့ “ မဟုတ်ပါဘူး ဦးရယ် ” ဆိုရင် သူ “ ဂွိ ” သွားမယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော့် မိဘတွေနဲ့ တွေ့ရင်တော့ ပြောတယ် လို့ မေမေက ပြန်ပြောတယ်။
“ ကိုဇော်ဗျာ . .၊ တကယ် မလွယ်တဲ့ ကောင် ၊ ဒီကောင်လေ အာဝါး တောင်းတယ်။ ”
ဆိုပြီး သူက စပြောတော့ မေမေတို့လည်း လန့်သွားပြီး ကြောင်သွားတယ် လို့ပြောတယ်။ နောက်မှ သူက ဇာတ်ရည်လည်အောင် ပြောပြတော့မှ မေမေက သက်ပျော့ရှည်ရှည် ချလိုက်တယ် ဆိုပဲ။ သူတို့လည်း အတော် ခေါင်းခြောက်ခဲ့ရှာမှာ။
အခုတော့ သွားမတောင်းရဲတော့ဘူးဗျ။
“ အာဝါးတင် မကဘူး ၊ သူ့ယောက်ျားနဲ့ ကလေး နှစ်ယောက်ပါ ခေါ်သွား ”
ဆိုပြီး ပြောလွှတ်လိုက်မှ ဖြင့်.. . ။ ဒါကြောင့် ကျွန်တော် သူငယ်ချင်း ကလေး ဆိုပေမဲ့ အာဝါးကလေးတွေကို မချီဘူးဗျာ။ မေ့ပြီး “ အာဝါး ” တောင်းမိနေမှာ စိုးလို့. . . .:P
ဒီလိုပါပဲ. . ကျွန်တော်ဟာ သူများကို ကပ်သီးကပ်သပ် ပြောတတ်သူလည်း ဖြစ်တယ်။
ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်။ သူ့နာမည်ကို မပြောခင် သူ့ကောင်မလေး နာမည်ကို ပြောပြချင်တယ်။ အဲ. . သူခေါ်တဲ့ နာမည်ပေါ့ဗျာ။ သူက “ နွယ်” လို့ ခေါ်တယ်။ သူ့ကောင်မလေး နွယ်က သူ့ကို “ မောင် ” လို့ ခေါ်တယ်။ ဒါပေမဲ့ သူ့နာမည် သုံးလုံးထဲမှာ “ မောင်” ဆိုတာ တစ်လုံးမှ မပါဘူး။
ဒါကြောင့် သူတို့က တစ်ယောက်က တစ်ယောက်ကို “ နွယ် ” ၊ တစ်ယောက်က တစ်ယောက်ကို “ မောင် ” နဲ့ ရှုပ်နေတာပဲ။ သူ့ကောင်မလေးကို ကျွန်တော်တို့ကပါ “ နွယ် ” လို့ ခေါ်တာ ပြဿနာ မရှိပါ။ အားလုံးကလည်း ခေါ်တာပဲ။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းကို “ မောင် ” လို့ခေါ်ဖို့ ကျတော့ နည်းနည်းခက်နေသေးတယ်။ အို . . . နည်းနည်း မဟုတ်ဘူး ၊ ပြဿနာက ရှိလာပြီ။
ဒါကြောင့် ကျွန်တော်က အမြင်ကပ်တဲ့ အချိန်တွေ ဆိုရင် ဒီကောင့်ကို “ နွယ်မောင် ” လို့ ပစ်ခေါ်လိုက်တယ်။ ဒီတော့ သူတင်မကပဲ သူ့ကောင်မလေးရော အားလုံးကရော နားမလည်ကြဘူး။ ဒီကောင်ဆိုရင် ဘာမှန်း မသိပေမဲ့ တမင်လုပ်ခေါ်တာ သိတော့ မျက်နှာကြီးက ခပ်သိုးသိုးနဲ့။ တစ်နေ့တော့ အတင်းမေးလို့ ကျွန်တော်က ရှင်းပြခဲ့ဖူးပါတယ်။
“ မင်းက သူ့ကို “ နွယ် ” လို့ ခေါ်တယ်လေ။ သူက မင်းကို “ မောင် ” လို့ ခေါ်တယ်လေ။ ဒါပေမဲ့ မင်းနာမည်က မောင် မဟုတ်ဘူး။ ဒါကြောင့် နွယ်က ခေါ်တဲ့ မောင် ၊ နွယ်ရဲ့ မောင် ဆိုတော့ ငါက မင်းတို့ တမင် “ နွယ်မောင် ” လို့ ခေါ်တာလေ။ ဘာဖြစ်လို့လဲ မင်းက မကြိုက်လို့လား။ ”
ဒီလို ရှင်းရှင်းလင်းလင်းလည်း သိသွားရရော . . အောင်မာ . . . အောင်မာ . . ဒီကောင် ပါးစပ်ကြီးများ ဖြဲနေတာပဲ။ သွားရည်တွေတောင်မှ ကျတော့မယ်။
“ ဟီး . . ဟီး. . . ကြိုက်ပါတယ်. . ကြိုက်ပါတယ်ကွ . . .၊ မင်းကလဲ. . ၊ ငါက မသိလို့ပါ။ ”
ဒီတော့ ကျွန်တော်ကလည်း ရှုသိုးသိုး မျက်နှာနဲ့ ခေါက်ဆွဲကြော် တစ်ပွဲ မှာတီးပစ်လိုက်တယ်။ မှတ်ရော..။ နောက်တော့ ကျွန်တော်က ခေါ်တော့ သူများတွေလည်း လိုက်ခေါ်ရင်း သူ့မှာ ဒီ “ နွယ်မောင် ” ဆိုတဲ့ နာမည် တွင်ပါလေရော။
ဇာတ်လမ်းက ဒီမှာ မပြီးသေးဘူး။ သူတို့နှစ်ယောက် လက်ထပ်တော့ ကျွန်တော့်ဆီ မဖြစ်မနေ ဖိတ်စာ ရောက်လာတယ်။ ဖိတ်စာကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အံ့သြသွားတယ်ဗျာ..။ သူတို့သားနေရာက သူ့နာမည်နေရာမှာ ဒီလို ရေးထားတယ်။
X X X X X X X ( ခေါ် ) နွယ်မောင်
တဲ့လေ။ ဒီကောင်များ ပေါရက်ပ။ ဒါပေမဲ့ ကျွန်တော် ဆက်ပြီး တွေးမိသေးတယ်။ သူများကိုသာ ငါပြောနေတာ. . .
ငါက “ နွယ် ” ဆိုတာနဲ့ ချစ်သူဖြစ်ပြီး ၊ အဲဒီနွယ်က “ ကို ” ဆိုပြီး ခေါ်ခဲ့ရင် ငါလည်း “ နွယ်ကို ” ဆိုပြီး ဖြစ်လာမလားလို့ပေါ့လေ။
ဒါမှ မဟုတ် “ အေး ” ဆိုတာနဲ့ ချစ်သူဖြစ်ပြီး သူက “ ကို ” လို့ ခေါ်ခဲ့ရင် “ အေးကို ” ဆိုပြီးများ ဖြစ်လာမလား။
ဒါမှမဟုတ် “ စိုး ” နဲ့ ချစ်သူဖြစ်ပြီး သူက “ ကို ” လို့ခေါ်ခဲ့ရင် “ စိုးကို ” ဆိုပြီးများ ဖြစ်လာမလား။
ဒါကြောင့် ကြိုပြောထားမယ်ဗျာ . . ၊ နောင်တစ်နေ့ “ ကိုနွယ်ကို ” ၊ “ ကိုအေးကို ” ၊ “ ကိုစိုးကို ” ဆိုရင် ကျွန်တော်လို့သာ မှတ် . . . . . . . . လို့ . . . .
မ ဟု တ် ပါ ဘူး . . . ။
အဟဲ. . . နောက်တာပါ။ ကျွန်တော် ဒီ “ ကိုဇော် ” နာမည်လေးကိုပဲ ဆက်သုံးသွားမှာပါ။
ဒီလိုပါပဲ. . . ကျွန်တော်ဟာ သူများကို နာမည်ပြောင်တွေနဲ့ ချောက်တွန်းတတ် သူလည်း ဖြစ်တယ်။
အစ်ကို တစ်ယောက်လိုပဲ ခင်ရတဲ့ လူတစ်ယောက်ရှိတယ်။ သူက သူ့ချစ်သူကို တော်တော် ချစ်ရှာတယ်။ သူ့ချစ်သူကို သူက အမြဲတမ်း တင်စားပြောနေတဲ့ စကားလုံးလေး တစ်ခု ရှိတယ်။ အဲဒါက . . .
“ ငါ့ ချစ်သူလေးက အရမ်းကို ဖြူစင်တယ်။ တကယ်ကို သိုးဖြူလေး တစ်ကောင်လိုပဲ။ ငါ သူ့ကို တော်တော် ချစ်တယ်။ ”
ဘာညာပေါ့ဗျာ။ ဆက်ပြောရင် ရင်ကွဲနာတွေ ကျကုန်လိမ့်မယ်။ တော်ပြီ။ ကျွန်တော့်ကိုကတော့ တွေ့တိုင်း ပြောတယ်။ မတွေ့ရင် ဖုန်းလှမ်းဆက်ပြီး ပြောတယ်။ ကြာလာတော့ သူ့ရဲ့ သိုးဖြူလေး အကြောင်းကို နားထောင်ရဖန်များပြီး သူ့ကို နာမည်ပေးလိုက်တယ်ဗျာ။ ဒီလို. . .
ဒီတော့ သူက စိတ်ဆိုးသွားတယ် ထင်နေလား။ စိတ်မဆိုးတဲ့ အပြင် နာမည်ပေးတော်လို့ ဆိုပဲ။ အေးလေ ဟုတ်တာပဲ။ “ သိုးကွဲ ” ဆိုရင်တော့ သူက စိတ်ဆိုးချင် ဆိုးနိုင်တယ်။ အခု လို ဆိုတော့ ဘယ်ဆိုးမလဲလေ။ သူ့ကလေးကျရင်လည်း နာမည်ရွေးပေးပါဦး တောင်မှ လုပ်နေသေး။ ဒီလို ကပေါက်ကချာ လူကိုများ သူမို့ ယုံပြီး။
သူကလည်း အဝေးမှာ ဆိုတော့ အမြဲတမ်း လွမ်းနေတတ်တယ်။ ဒါနဲ့ ဘလော့ရေး ၊ စာတွေ တင် ၊ ကဗျာတွေ တင် ၊ ပုံတွေ တင်ဆိုပြီး သူ့ကို မြှောက်ပေးထားတယ်။ ဒီတော့ သူက တင်လိုက်မှဖြင့် သူ့ကောင်မလေး အကြောင်းတွေချည်းပဲ။ ဒါကတော့ သူ့ခံစားမှုအတိုင်း သူတင်မှာပေါ့လေ။ သူ့ဘလော့ကို ဘယ်သူ့ကိုမှလည်း မဖိတ်ထားပါဘူး။ ကျွန်တော်တို့ နဲ့ သူ့ကောင်မလေး လောက်သာ သိတာပါ။
ဟိုနေ့ကတော့ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ တစ်ယောက်က သူ့ဘလော့ကို ဝင်ဖွလို့ သူက စိတ်တွေ လေသွားတယ်။ ဒါကြောင့် ကျွန်တော့်မှာလည်း သူ့ကို “ ဝေဖန်သူ ” အကြောင်းတွေ တင်ပြပြီး အားပေးရသေးတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ ကျွန်တော် တင်တာတွေက သူ့အတွက်ပါ။ ဒါကို တချို့ကျွန်တော့်ဘလော့ လာဖတ်သူတွေက နားလည်မှု လွဲသွားသေးတယ်။ ဒါပေမဲ့ သေချာလေးဖတ်ရင် အားလုံးအတွက်လည်း အကျိုးမယုတ်ဘူးလို့ ထင်ပါတယ်။
ဒါကြောင့် “ သိုးထိန်း ” ဆိုသော လူသားတစ်ယောက် နောင်နှစ်လ ဆိုရင် အာဝါဟ ၊ ဝိဝါဟ လုပ်ဖို့ ပြန်ပါတော့မယ် ဆိုတာကို ဝမ်းမြောက် ဝမ်းသာစွာ ကြေငြာပါတယ်။ သူ့ကို ကျွန်တော် ပေးတဲ့ နာမည်လေး လှတယ် မလား. . “ သိုးထိန်း ” တဲ့။
ဒီလိုပါပဲ. . . ကျွန်တော်ဟာ သူများကို မကြည့်ပဲ ရေးချင်ရာ ရေးတတ်သူလည်း ဖြစ်တယ်။
ရပ်ကွက်ထဲမှာ အမဲသားရှောင်လို့ ဆိုတာမျိုးလည်း မဟုတ်ပဲ “ နွား ” တွေကို အရမ်း ရွံမုန်းသူ တစ်ယောက်ရှိတယ်။ နွားနဲ့ ဆိုရင် သူ့ကို ဘယ်လိုမှ စလို့ မရဘူး။ စိတ်တွေ အရမ်းဆိုးတယ်။ သူ့နာမည်က “ ကိုပေါက်စ ” တဲ့။ အဟဲ. . . သူ့ကို လမ်းမှာ တွေ့ရင် ကျွန်တော်က မြေပေါ်က ၊ သစ်ပင်ပေါ်က တစ်ခုခုကို တွေ့လိုက်သလိုနဲ့. . .
“ ဟာ . . ပေါက်စနလေး။ ”
လို့ အမြဲ နောက်တတ်တယ်။
ကြာတော့လည်း စိတ်မဆိုးတော့ပါဘူး။ ရိုးသွားပြီပေါ့ဗျာ။ သူ့မှာ သားတစ်ယောက် ရှိတယ်။ မျောက်ရှုံးဆိုတဲ့ ကောင်လေးပါပဲ။ အမေပေးတဲ့ နာမည် မဟုတ်ဘဲ ကျွန်တော်တို့ ပေးထားတဲ့ နာမည်ပါပဲ။ အမေ မလစ်လိုက်နဲ့ လစ်လိုက်တာနဲ့ ဟိုဘက်လမ်းထိပ်ရောက်နေပြီ။ တော်တော်လည်း လည်သလို တော်တော်လည်း ချစ်ဖို့ကောင်းပါတယ်။ သူ့အမေပေးတဲ့ နာမည်က “ ဖိုးခွား ” တဲ့။
တစ်နေ့တော့ ကိုပေါက်စက ပြာယီးပြာယာနဲ့ လျှောက်လာတာ ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော့်ကို တွေ့တော့ သူက မေးတယ်။
“ ကိုဇော် ၊ မင်းတူလေး ဖိုးခွား ကို တွေ့မိသေးလား။ ဒီကောင် ပျောက်နေလို့ . . . ။ ”
ကျွန်တော်ကလည်း တကယ်ကို မတွေ့မိပါဘူး။ မတွေ့မိတာကို မတွေ့မိဘူး ပြောလိုက်ရင် ဘာမှ မဖြစ်ပေမဲ့ ဘာရယ် မဟုတ်ပဲ ၊ နောက်ချင်တာနဲ့ သူ နွားမုန်းတာကို သွားတွဲ သတိရပြီး မရည်ရွယ်ပဲ ပါးစပ်က ထွက်သွားတယ်။
“ ဟာ . . ဘယ်တွေ့မိပါ့မလဲ ကိုပေါက်စရယ်။ ကျွန်တော့်က ကိုပေါက်စ သားကို လိုက်ကျောင်းနေတဲ့ ကောင်းဘွိုင် ( Cowboy ) မှ မဟုတ်တာဗျာ။ ”
ဟာ ဆိုပြီး မရည်ရွယ်ပဲ ပါးစပ်က ထွက်သွားပြီးမှ ကိုယ့်ပြောမိတဲ့ အဓိပ္ပါယ်ကို သတိရတော့တယ်။ ဒါပေမဲ့ မရတော့ဘူး သူ့သားကိုတောင်မှ မရှာတော့ပဲ အိမ်ကို သွားတိုင်ပါလေရောလားဗျို့။
ဒါနဲ့ပဲ ကျွန်တော်လည်း အဆူခံလိုက်ရပြီး ၊ သူလည်း အဲဒီအချိန်ကတည်းက တွေ့တဲ့ သူတိုင်းက ကောင်းဘွိုင်လို လုပ်ပြတာ ခံရတော့တယ် ဆိုပဲ။
အဲဒီလိုပါပဲ. . . ကျွန်တော်ဟာ ညစ်ကျယ်ကျယ်နဲ့ နှုတ်မစောင့်တတ်သူလည်း ဖြစ်တယ်။
တစ်ခါက သူငယ်ချင်း တစ်ယောက်က အသည်းကွဲပြီး တစ်ပတ်လောက် အထိ သူ့ရဲ့ အသည်းက မကျက်ရှာဘူး။ တစ်နေ့လာလည်း ဒါ ၊ တစ်နေ့လာလည်း ဒါ ဆိုတော့ ကြာတော့ နားငြီးသလို ဖြစ်လာတယ်။
တစ်နေ့တော့ ဒီလိုပဲ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း သူကလည်း လမ်းပေါ်က ဖြတ်သွားတဲ့ သူများ အတွဲတွေကို မနာလိုသလိုမျိုး လိုက်ကြည့်နေတယ်။ တကယ်တော့ သူ့ဖာသာ သွားတာ ကိုယ့်ဖာသာ အနေသာကြီးပါ။ ဒါကို....။
အဲဒီအချိန်မှာ သူငယ်ချင်း တစ်ယောက်က ဈေးကနေ စွယ်တော်ပင်လေး ဝယ်ပြီးပြန်လာတယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ဝင်ထိုင်တယ်။ ခုံမှာ လည်လိမ်ထားသလို ဖြစ်နေတဲ့ သူ့ကို မြင်တော့ ဘာဖြစ်နေတာလဲ မေးတယ်။ ဒါကို သူက အကောင်းမဖြေဘူး လမ်းပေါ်မှာ သွားနေတဲ့ အတွဲတွေကိုကြည့်ပြီး ဝယ်လာတဲ့ စွယ်တော်ပင်က အရွက်လေး တစ်ရွက်ကို ခူးပြီး. . .
“ ကိုယ်တိုင် အသည်းကွဲနေတော့ကွာ သူများ အတွဲတွေကို ကြည့်ရင် ပိုပြီးတော့ ရင်နာတယ်။ အတွဲဆိုလို့ ဘယ်အတွဲမှ မမြင်ချင်ဘူး။ အခုလို သူ့ဖာသာ တွဲနေပါတယ် ဆိုတဲ့ စွယ်တော်ရွက်လေးကိုတောင်မှ သိမ်းမယ် ဆိုရင် ဟောဒီလို နှစ်ခြမ်းခွဲပြီးမှ သိမ်းတယ်။ ”
ပြောရင်း စွယ်တော်ရွက်လေးကို အလယ်ကနေ နှစ်ခြမ်း ဆွဲဖြဲလိုက်တယ်။ ဟာ ဆိုပြီး ကျွန်တော် ဖြစ်သွားတယ်။ သူ့ဖာသာ နေတဲ့ စွယ်တော်လေးကို သူ အသည်းကွဲတာနဲ့ ဒီလို လုပ်ရလား။ တကယ်ဆို သူ အဆင်ပြေနေချိန်ဆိုရင် နှစ်လွှာပေါင်းမှ တစ်ရွက် ဆိုပြီး သူက သိမ်းထားဦးမှာ ၊ အခုလို အဆင်မပြေမှ. . . .
စိတ်ထဲက မနေတတ်မှုတွေက စုပြုံပြီး ပွင့်ကျတယ်. . .
“ သြ. . မင်းက ဒီလို ဖြစ်တာလား။ အေး ငါကလည်း ဒီလိုပဲ အတွဲ မရှိပေမဲ့ သူများအတွဲတွေရော ၊ တွဲနေတာ တွေ့နေတာရော ကြည့်မရဘူးကွာ။ ဒါကြောင့် မျက်စိရှေ့မှာ တွေ့နေရတဲ့ အီကြာကွေးတောင်မှ တွဲနေလို့ ဟောဒီလို နှစ်ခြမ်းခွဲပြီးမှ စားတယ်။ ”
ဆိုပြီး ရှေ့က ပန်းကန်က အီကြာကွေး ၂ ချောင်းလုံးကို ကုန်အောင် စားပစ်လိုက်တယ်။
ဒီလိုပါပဲ. . .ကျွန်တော်ဟာ ကိုယ်နဲ့ မဆိုင်ပေမဲ့ မနေတတ်သူ တစ်ယောက် ဖြစ်တယ်။
ဖြစ်စဉ် ( ၈ )
ကျွန်တော့်ညီမ အငယ်ဆုံးလေးက ငယ်ငယ်က ခပ်ဝဝလေး ဖြစ်တယ်။ ဒါကြောင့် သူ့ကို အားလုံးက ဝိုင်းစကြတယ်။ ပြီးတော့ ဆော့လိုက်ရင်လည်း ဝက်ဝက်ကွဲပဲလေ။ ဒါကြောင့် သူ့ကို ဝတာရော ၊ ဆော့တာရော နှစ်ခုပေါင်းပြီး “ ဝက်ဝက် ” လို့ ပေးလိုက်တယ်။ ဒါပေမဲ့ ခေါ်လို့ မကောင်းဘူး။
ဒီမှာ ကျွန်တော်က ကျွန်တော် နားမလည်တဲ့ တချို့ မြန်မာစကားလုံးတွေကို သွားသတိရတယ်။ “ ရှပ်အင်္ကျီ ” တဲ့ ၊ ဒါကို ကျွန်တော် နားမလည်ဘူး။ ရှပ် ( Shirt ) ဆိုတာလည်း အက်ႌ ၊ အက်ႌဆိုတာလည္း အက်ႌေလ။ ဒီတော့ ရှပ်အင်္ကျီ ဆိုတော့ “ အက်ႌအက်ႌ ” ဆိုပြီး ဖြစ်မနေဘူးလား။
နောက်ပြီး ရှိသေးတယ်။ စက်ချုပ်ဆိုင်သွားရင် ပြောပြောနေကြတယ်။ “ ဝမ်းဆက်တစ်စုံ ” စာ ဆိုရင် ဘယ်လောက်လဲတဲ့။ ကျွန်တော် မနေတတ်မှုတွေကို မနည်းချုပ်ထားရတယ်။ ဘယ်နှယ့်ဗျာ။ ဝမ်းဆက် ( One Set ) ဆိုတာလည်း တစ်စုံပဲ ၊ တစ်စုံ ဆိုတာလည်း တစ်စုံပဲလေ။ ဒါကို ဝမ်းဆက်တစ်စုံ စာ ဆိုတော့ “ တစ်စုံတစ်စုံ ” ဆိုပြီး ဖြစ်မနေဘူးလား။
အခုတော့ ဒီလို စကားလုံးနဲ့ပဲ ကျွန်တော့်ညီမကို နာမည်ပြောင် ပေးလိုက်တော့တယ်။ လူက ဝ ၊ ဝက်ဝက်ကွဲအောင် ဆော့လို့ “ ဝက်ဝက် ” ခေါ်တာ ရိုးနေတယ် ဆိုတော့ သူ့ကို အထက်က စကားလုံးတွေလို ဖြစ်အောင် ကျွန်တော် နာမည်ပေးလိုက်တယ်။ ဒီလိုဗျာ. . .
ဝက်ဆိုတာက ဝက် ၊ ပစ်ဂ် ( Pig ) ဆိုတာကလည်း ဝက် ဆိုတော့ “ ဝက်ဝက် ” ဖြစ်သွားတော့တာပါပဲ။ ဟုတ်တယ်မလား။
ဒီလိုပါပဲ. . ကျွန်တော်ဟာ ညီမကိုတောင်မှ ကပ်ဖိုးကပ်ဖဲ့ နာမည် လှလှ ပေးတတ်သူ ဖြစ်တယ်။
ဒါပေမဲ့ တော်တော် ခက်သွားတာက ကျွန်တော့်ကို အထက်က ကဲ့သို့ ကျွန်တော် ညစ်ကျယ်ကျယ် လျှောက်ပြီး နာမည်ပေး ၊ ကပ်သီးကပ်သပ် လုပ်ထားတာ ခံရသူများက မကျေနပ်ကြဘူး။ ဒါကို ကျွန်တော်က မသိခဲ့ဘူး။
ကျွန်တော် သိလိုက်တော့ နောက်ကျနေပြီ။ သူတို့ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော့်ကို နာမည်တစ်ခု ခေါ်ဝေါ်သုံးစွဲနေကြပြီ။ ဒါကို ကျွန်တော်လည်း ပြန်လည် မဖြေရှင်းတတ်တော့ပါဘူး။ သူတို့က ကျွန်တော့်ကို ပေးထားတဲ့ နာမည်ပြောင်ကို ကျွန်တော့်ညီမရဲ့ နာမည်ပြောင်နဲ့ ကာရံယူကာ ပေးထားကြတယ် လို့ ဆိုတယ်။
ကျွန်တော့်မှာ အများက ဝိုင်းပြီးတော့ ဒီလို နာမည်ပေးတယ် ဆိုတော့လည်း ပြန်ပြီးတော့ မပြောသာဘူးဗျာ။ သူတို့က ဒီလို ကျွန်တော့်ကို နာမည်ပေးတယ်။
“ ဝက်ပစ်ဂ် ” ရဲ့ အစ်ကို ဆိုတော့ . . . . . .
တဲ့ဗျာ။
ဒီလိုပါပဲ. . . ကျွန်တော်ဟာ ခပ်ချောချော ကောင်လေး တစ်ယောက်လည်း ဖြစ်တယ် . . ဟဲ. . . ဟဲ. . ဟဲ။
ပျော်ရွှင်ကြပါစေ
ကိုဇော်
.
ရိုင်းစိုင်းတယ်လို့ လူတွေက နာမည် မတပ်ကြပေမဲ့ ကျွန်တော် သူတို့ကို အတော် စိတ်ညစ်အောင် လုပ်ခဲ့မိတာတွေ အများကြီး။ ငယ်ငယ်ကဆိုတော့ စိတ်ကလည်း မြန်မှမြန် ၊ ဦးနှောက်ကလည်း ချက်ခနဲ လက်ခနဲ နဲ့။ တစ်ခုပြောရင် တစ်ခုက ချက်ချင်း ထွက်တတ်တယ်။ ဒါနဲ့ပဲ လူတွေကို တော်တော် စိတ်ညစ်အောင် လုပ်ခဲ့ဖူးတာပါလားလို့ ဆင်ခြင်မိပါတယ်။ ဒါပေမဲ့ သူတို့ စိတ်မညစ်ပဲ နောက်ဆုံးတော့ ရယ်မိတယ် လို့ ပြောတတ်မြဲ။
ဘာပဲ ပြောပြော ကျွန်တော် ဒီနေ့တော့ အတိတ်ကို ပြန်လည် ခြေဆန့်ပြီး ပြန်ငယ်ရအောင်ဗျာ။ အတူတူ ကျွန်တော် နဲ့ လိုက်ပြီး ငယ်ကြည့်ပါလား။ ဒီလို. . ဒီလို. . . ဒီလိုလေးတွေ တွေးပြီး ပျော်ရမလားလို့ပါ။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~
ဖြစ်စဉ် ( ၁ ) ကျွန်တော် ငယ်ငယ်က အစ်မဝမ်းကွဲ တစ်ယောက်က သီလရှင်ဝတ်တယ်။ သီလရှင်က ပြန်ထွက်တော့ ဘယ်သူမှ ဆံပင် တင်ပါးဖုံးပြီး ရှည်မနေတာ အားလုံးသိကြမှာပါ။ ဒီတော့ သူ သီလရှင်ထွက်လာတော့ “ ဂတုံး ” နဲ့ပေါ့။ ဒီတော့ အားလုံးက သူ့ကို ဂတုံးမ ၊ ဂတုံးမ နဲ့ ဝိုင်းခေါ်ကြတယ်။
သူ့ခမျာ . . မျက်ရည်နဲ့ မျက်ခွက် ၊ စိတ်ဆိုး ဒေါသတွေထွက်။ ဒီလို ဂတုံးမ လို့ မခေါ်မခံချင်ဘူးပေါ့လေ။ မှတ်မှတ်ရရပါပဲ သူ့ကို ကျွန်တော် ဂတုံးမ လို့ မခေါ်မိဘူး။ သူကလည်း ဆံပင်မြန်မြန် ရှည်စေချင်တယ် . . ၊ ဖြစ်နိုင်ရင်ပေါ့။ ဒါပေမဲ့ မဖြစ်နိုင်လေတော့ သူ့မှာ ဒီအတိုင်းပဲ သူများတွေ စရင် ငြိမ်ခံနေရတယ်။
တစ်နေ့တော့ သူ့ကို အားလုံးက ဝိုင်းစနေတုန်း ကျွန်တော်က သူ့ဘက်က မခံနိုင်ပဲ ဝင်ပြောလိုက်တယ်။
“ အစ်မ . . သူတို့ ပြောတာ မခံချင်ရင် နာမည်ပြောင်း ခေါ်ခိုင်းလိုက်ပါလား။ ”
“ ဟင် . . ဘယ်လို ပြောင်းခေါ်ခိုင်းရမှာလဲ။ ”
သူအပါအဝင် အားလုံးကလည်း တအံ့တသြ မေးတယ်။
“ ဂတုံးမ လို့ ခေါ်တာ မကြိုက်ရင် ဒီလို ခေါ်ခိုင်းလိုက်. . . ”
“ အေးလေ. . . ဘယ်လို ခေါ်ခိုင်းရမှာလဲ။ ”
“ ကေသာနိုး . . ဆိုပြီးတော့လေ။ ”
“ ဘယ်လို. . .”
“ ဘာရယ် . . ”
အားလုံးရဲ့ အမေးတွေ စုပြုံကျလာတယ်။ သူတို့ နားမလည်ဘူးပေါ့လေ။ ဒီတော့ ကျွန်တော်က ဆက်ရှင်းပြရတယ်။
“ ဒီလိုလေ ၊ ကေသာ ဆိုတာ ဆံပင် ကို ပြောတာလေ။ နိုး ( NO ) ဆိုတာက မရှိတာ မဟုတ်လား။ ဒါကြောင့် ကေသာနိုး ဆိုတော့ “ ဆံပင် မရှိတာပေါ့ ” ။ ဒါဆို သိပ်ပြီးတော့ မဆိုးဘူးပေါ့။ ”
ကျွန်တော့်စကားသံလည်း ပြီးရော...သူ့ဆီက အသံထွက်လာတယ်။
“ ကိုဇော်. . . . . . ”
တဲ့။ အနက်ကြီးနဲ့ ကျုံးအော်တယ်။ ကျွန်တော့်လည်း လန့်သွားသလိုနဲ့ နောက်တွန့်ပြ လိုက်ပါတယ်။ ဒါပေမဲ့ နောက်တော့ သူ ဒုတိယနှစ်တတ်တော့ သီလရှင် ထပ်ဝတ်သေးတယ်။ ဒီတော့ သူ့ကျောင်းမှာ သူငယ်ချင်းတွေကို ဂတုံးမ ခေါ်မှာ စိုးလို့ ကျွန်တော့်စကားလုံးလေးကို သူက သဘောကျလွန်းလို့ အားလုံးကို “ ကေသာနိုး ” လို့ပဲ ခေါ်စေခဲ့တယ် ဆိုပဲ။
သူ့ သူငယ်ချင်းတွေကလည်း သဘောတွေကျလို့ ၊ သူကလည်း သဘောတွေ ခွေ့လို့။ မသိသူတွေကတော့ နာမည်လိုလို ၊ ဘာလိုလိုပေါ့လေ။
ဒီလိုပါပဲ . . ကျွန်တော်ဟာ ဘုမသိ ၊ ဘမသိ ပြောတတ်သူလည်း ဖြစ်တယ်။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~
ဖြစ်စဉ် ( ၂ )အထက်တန်းကျောင်းသား ဘဝကပေါ့။ အတန်းထဲမှာ အရမ်းဝတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ ဝတယ် ဆိုတာနဲ့ ကျွန်တော်က သူ့ကို “ မဘုတ်ဆုံ ” လို့ ခေါ်လိုက်တယ် လို့ ထင်နေလား။ မခေါ်ပါဘူး။ သူ့မှာ နာမည်ရှိပါတယ်။ အဲ . . နာမည်က . . . .
“ ရတနာ သီင်္ဂီ ဝင်းရွှေ ”
တဲ့။ တကယ်နော် မနောက်ဘူး။ ဒါ တကယ်ကို သူ့နာမည်အရင်း။ ကျောင်းဝင်ချိန် စာရင်းတွေ ခေါ်ပြီဆိုရင် . . .
“ ရ . တ . နာ. . သိ . င်္ဂီ . ဝင်း . ရွှေ . . . ရေတစ်ခွက် ။ ”
ဆိုပြီးတော့ အားလုံးက နောက်ကြပါတယ်။ သူကလည်း လူကလည်း ဝ ၊ နာမည်ကလည်း လှတော့ . . အဟဲ ( လှလို့ ဝလို့ လို့ ဆိုတယ် မလား ) . . မျက်နှာကြီး ပုပ်ပွ ထားတတ်တယ်။ နောက်ထပ် သူ့ကို နောက်မှာ စိုးလို့ပေါ့လေ။ ဒီတော့ ဝိတ်နဲ့ဖိမှာ ကြောက်ကြတာနဲ့ပဲ သူ့ကို တော်ရုံ မစရဲကြတော့ပါဘူး။
ဒါပေမဲ့ ကျွန်တော်ကတော့ မရဘူး။ သူ့ဆီကို သွားပြီး. .
“ အဖိုးတန်တဲ့ သူငယ်ချင်း ၊ ငါ့ကို ပိုက်ဆံ ၁၀၀ လောက်ချေးစမ်းပါဟာ . .။ ”
လို့ သွားသွား ချေးတယ်။ သူကလည်း ဘာရယ် မသိပေမဲ့ သူ့ကို “ အဖိုးတန် သူငယ်ချင်း ” ဆိုတာနဲ့တင် ချေးပါတယ်။ အဲ. . သူကလည်း အကြွေးရှင် မပီသစွာ ဘယ်တော့မှ ပြန်မတောင်းတဲ့ အတွက် ကျွန်တော်ကလည်း အကြွေးယူသူ ပီသစွာ ဘယ်တော့မှ ပြန်မပေးဘူး။ ဒီလိုပါပဲ မသိမသာနဲ့ပေါ့လေ။
ဒါပေမဲ့ တစ်နေ့ကျတော့ သူ့ဆီက ပိုက်ဆံ ချေးလို့ မရတော့ဘူး။ ဘာလို့လဲ ဆိုတော့ သူက ကျွန်တော့်ကို အကြပ်ကိုင်နေတယ်။ အထင်မလွဲပါနဲ့။ ဘယ်နားက အကြပ်ကိုမှ လာကိုင်တာ မဟုတ်ပါ။ စကား အရ အကြပ်ကိုင်နေတယ် လို့ ပြောတာပါ။ ဟုတ်တယ် သူက အကြပ်ကိုင်နေတယ်။
“ ပြော . . မပြောလို့ မရဘူး။ မပြောရင် မချေးဘူး။ ”
သူက ဒီလို ပြောနေတော့ ကျွန်တော်လည်း ဘယ်နေရာကမှ ယားနေတာ မဟုတ်ပေမဲ့ သူ့ကို ဟိုကုတ် ဒီကုတ် ကုတ်ပြရတယ်။ ဒါပေမဲ့လည်း မရ။ အတင်းကို ပြောခိုင်းနေတယ်။ ယောက်ျားလေး ပီပီ အထာလည်း ကိုင်မနေသင့်တာနဲ့ ကျွန်တော် သူ့ကို ပြောချလိုက်ပါတယ်။
“ ဒီလိုလေဟာ. . ၊ နင့်နာမည်က “ ရတနာ သီင်္ဂီ ဝင်းရွှေ ” မဟုတ်လား။ ”
“ အေးလေ. . ၊ ဒါကို နင်က ဘာလို့ ဟိုလို ခေါ်တာလဲ မေးနေတာ။ နင် ငါ့ကို နောက်နေတာ မဟုတ်လား။ ”
“ မဟုတ်တာဟာ ၊ နင့်ကို ငါ နောက်ဖူးလို့လား။ ”
သူ နည်းနည်း တွေသွားတယ်။
“ ဒီလိုလေ. .၊ နင့်နာမည်မှာ “ ရတနာ ” ဆိုတာကလည်း အဖိုးတန်တယ်လေ။ “ သိင်္ဂီ ” ဆိုတာကလည်း ရွှေ ကို ပြောတာ။ “ ဝင်း ” တယ် ဆိုတာကလည်း ရွှေရောင် တစ်ခုကိုပဲ အမွှန်းတင်တာလို့ ရတု ထဲမှာ ဖတ်ရတယ်လေဟာ။ ဟော . . နောက်ဆုံးက “ ရွှေ ” ဆိုတာကတော့ ဘာပြောစရာ လိုတော့လည်း ရွှေပဲပေါ့။
ဒီလောက် အဖိုးတန်တွေ စကားလုံးတွေ စုနေတဲ့ သူငယ်ချင်းမို့ ငါက “ အဖိုးတန်တဲ့ သူငယ်ချင်း ” လို့ ခေါ်တာပါ။ ”
ကျွန်တော့်တို့ရှေ့မှာ မှိုတွေလည်း မရှိပါပဲ သူက မှိုရတဲ့ မျက်နှာနဲ့ ဖြစ်သွားတယ်။ အဲဒီနေ့က ကျွန်တော်ကို ပိုက်ဆံ မချေးဘူး။ သူ ကိုယ်တိုင် လိုက်ပြီး ကင်တင်းမှာ မုန့်လိုက်ကြွေးပါတယ်။ အေးလေ ချေးရင်လည်း ပြန်မှ မရတာ. . မထူးပါဘူး . . အဟီး။
အဲ. . . ဟိုတစ်လောကတော့ သူနဲ့ လမ်းမှာ တွေ့သေး။ ကျွန်တော့်ကိုတော့ သူက တော်တော် ခင်ပဲ။ တွေ့တာနဲ့ ဟိုဘက် ကားလမ်းမကနေ “ ကိုဇော် ” လို့ ကျုံးအော်တယ်။ ဂေါ်ပြားနဲ့ ကျုံးနေရင်း အော်တယ် လို့ မဆိုလိုပါဘူး ၊ ဝမ်းသာလွန်းကာ အသံကျယ်ကျယ်နဲ့ အော်တယ် လို့ပဲ ဆိုလိုပါတယ်။ အသံကြားလို့ လှမ်းကြည့်လိုက်တော့ သူက ဒီဘက် ကားလမ်းမကို ကူးလာပြီ။ သူ့ကို မြင်တော့ ကျွန်တော် ပါးစပ်က အာမေဋိတ် တစ်ခု ထွက်ကျတယ်။
“ ရတနာ သီင်္ဂီ ဝက်ရွေ့ ”
ဖြစ်ချင်တော့ သူက ကြားသွားတယ်။
“ ဘာ. . ”
တကယ်ကို သူက “ ပွင့် ” လောက်ကို ဝနေပြီ။ ဒါကြောင့် လူ လမ်းလျှောက်ပြီး ရွေ့တာနဲ့ မတူပဲ “ ဝက်လေး ” နေရာရွေ့တာနဲ့ တူနေလို့ပါ။
“ အဟဲ. . ဘာမှ မဟုတ်ပါဘူး အဖိုးတန်တဲ့ သူငယ်ချင်း ရဲ့။ နင် ဘယ်က ပြန်လာတာလဲ။ ”
မျက်စောင်းတွေ စွတ်ထိုးပြီး. . .၊ နှုတ်သီးထော်ပြီး ( ဝက်လေးလို အဲ . . ကြားသွားဦးမယ် ) သူက ပြောတယ်။
“ ငါ သင်တန်းက ပြန်လာတာ . .၊ နင်ကရော။ ”
“ သြော်. . ငါက အိမ်အလုပ်က လိုတာတွေ လာဝယ်တာ။ ”
ဒီလိုနဲ့ ဟိုဟို ဒီဒီ ပြောပြီး ခဏကြာတော့ သူက ၃၉ အမြန်ကားလေးကို စီးမယ် လုပ်ဆိုပြီး ကားပေါ်တတ်တော့ ကျွန်တော်က အောက်ကနေ သူ့ကို နှုတ်ဆက်ရင်း ကားစပယ်ယာကို ပြောရတယ်။
“ အစ်ကိုရယ် ကျွန်တော့် အဖိုးတန်တဲ့ သူငယ်ချင်းကို သေချာလေး ခေါ်သွားပေးပါ။ သူ့ကို ကားအလယ်ခုံမှာ ထိုင်ခိုင်းပါဗျာ။ ဘေးတန်းမှာဆို ကားတစ်ဖက်ကို စောင်းလဲသွားမှာ စိုးလို့ပါ။ ”
ဒီတော့ ငယ်သူငယ်ချင်းတွေ ဆိုတော့ သူက ကျွန်တော့် ငယ်နာမည်လေးကို ပြန်ပြီး သတိရအောင် ကားပေါ်က အော်သွားတယ်။
“ မသာကောင် . . . ။ ”
တဲ့။
ဒီလိုပါပဲ. . . ကျွန်တော်ဟာ သူများကို ပေါက်ပေါက်ရှာရှာ ပြောတတ်သူလည်း ဖြစ်တယ်။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~
ဖြစ်စဉ် ( ၃ )ရပ်ကွက်ထဲမှာလည်း သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူက တရုတ်စပ်တယ်။ တစ်ခါတစ်လေ သူတို့ အိမ်မှာ ဘုရားတွေ ဘာတွေ ကန်တော့ရင် ကျွန်တော်ကလည်း ရုပ်တည်လေးနဲ့ သွားသွားပြီး အဲ . . ကန်တော့ခံတာ မဟုတ်ဘူးနော် ၊ သွားဝါးတာပါ . . ၊ သူငယ်ချင်းတွေကိုးဗျ။
သူ့နာမည် အရင်းက ထားပါတော့။ သူ့ကို အိမ်မှာ ခေါ်တဲ့ နာမည်က “ အာဝါး ” တဲ့ ၊ တရုတ်လို ဆိုပါတော့လေ။ ကျွန်တော်ကလည်း မိဘတွေပါ သိတဲ့ သူငယ်ချင်းတွေ ဆိုတော့ ကျွန်တော်ကလည်း သူ့ကို “ အာဝါး ” လို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောမနာ ဆိုမနာ တွေပါပဲ။
အဲ. . အပြင်မှာ ဆိုရင်တော့ သူ့ကို သူ့အဖေက နာမည် ခေါ်တာပဲ ကြိုက်တယ် လို့ ကျွန်တော့်ကို တင်းတင်းကြပ်ကြပ် ပြောထားဖူးတယ်။ ကျွန်တော်ကလည်း ဒီတော့ ရုပ်တည်လေးနဲ့ “ ဟုတ်ကဲ့ ဦး ” ဆိုပြီး သူ့ကို အပြင်မှာ တွေ့လို့ ခေါ်ရင် သူ့နာမည်ပဲ ခေါ်ပါတယ်။ အဲ. . . ဒါပေမဲ့. . တစ်ခုတော့ ရှိတယ်။
တကယ်လို့ သူ့နဲ့ သူ့အဖေ ၊ အမေတွေ အပြင်က ပြန်လာတာ ၊ အပြင်ကို သွားလို့ လမ်းမှာ ကျွန်တော်နဲ့ ဆုံရင် ကျွန်တော်က သူ့တို့ကို မကြည့်ပဲ လမ်းမှာ တွေ့တဲ့ ကလေးတစ်ယောက်ကို ကောက်ချီပြီး . . .
“ ကိုကြီးကို အာဝါးပေးနော် . . .၊ အာဝါးပေး . . . အာဝါးပေး . . ။ ”
ဆိုပြီး သူတို့ မကြား ၊ ကြားအောင် ပြောတတ်တယ်။ အဟဲ. . ဒီတော့ သူ့ခင်မျာ သူ့ကို ကြည့်ပြီး ပြောတာ မဟုတ်လေတော့ မကြေလည်ပေမဲ့ ဘာမှ မပြောရဲရှာဘူး။ လမ်းမှာ တွေ့တိုင်း ကျွန်တော်ကလည်း ဒီလိုပဲ “ အာဝါး ” ကို မလှိမ့်တပတ်နဲ့တောင်းတယ်။ သူ့အဖေကလည်း ယောင်လည်လည်နဲ့ ပေးရနိုးနိုး ၊ မပေးရနိုးနိုး ပေါ့လေ။
ကျောင်းမှာ အာဝါး နဲ့တွေ့ရင် သူက တဟားဟားရယ်ရင်း . . .
“ နင်ဟာလေ. . . တော်တော်လည်း တတ်နိုင်တယ်။ ”
လို့ ပြောရှာတယ်။ ကျွန်တော်ကတော့ ရုပ်တည်နဲ့ပါပဲ။
“ ဘာလဲ. . .၊ ဘာလဲ. .၊ ငါ့ဖာသာ ကလေးကို အာဝါး တောင်းတာ ၊ နင့်များ တောင်းနေတယ် ထင်နေလား။ ဝေးသေး.. . . .”
လို့ ခပ်ထွားထွား ပြန်ပြောခဲ့ဖူးတယ်။ သူတို့ အိမ်ရောက်ရင်လည်း သူ့အဖေက အီလည်လည် နဲ့ ပေမဲ့ ကျွန်တော်က ကိုယ်ပဲ မပြောခဲ့သူလို နေလေတော့ ၊ သူ့ခင်မျာမှာ ပြောခွင့် မကြုံရှာဘူး။
“ မင်း ငါ့သမီး အာဝါးကို တောင်းတာလားကွ။ ”
လို့ ပြောခါမှ ကျွန်တော်က မျက်နှာငယ်နဲ့ “ မဟုတ်ပါဘူး ဦးရယ် ” ဆိုရင် သူ “ ဂွိ ” သွားမယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော့် မိဘတွေနဲ့ တွေ့ရင်တော့ ပြောတယ် လို့ မေမေက ပြန်ပြောတယ်။
“ ကိုဇော်ဗျာ . .၊ တကယ် မလွယ်တဲ့ ကောင် ၊ ဒီကောင်လေ အာဝါး တောင်းတယ်။ ”
ဆိုပြီး သူက စပြောတော့ မေမေတို့လည်း လန့်သွားပြီး ကြောင်သွားတယ် လို့ပြောတယ်။ နောက်မှ သူက ဇာတ်ရည်လည်အောင် ပြောပြတော့မှ မေမေက သက်ပျော့ရှည်ရှည် ချလိုက်တယ် ဆိုပဲ။ သူတို့လည်း အတော် ခေါင်းခြောက်ခဲ့ရှာမှာ။
အခုတော့ သွားမတောင်းရဲတော့ဘူးဗျ။
“ အာဝါးတင် မကဘူး ၊ သူ့ယောက်ျားနဲ့ ကလေး နှစ်ယောက်ပါ ခေါ်သွား ”
ဆိုပြီး ပြောလွှတ်လိုက်မှ ဖြင့်.. . ။ ဒါကြောင့် ကျွန်တော် သူငယ်ချင်း ကလေး ဆိုပေမဲ့ အာဝါးကလေးတွေကို မချီဘူးဗျာ။ မေ့ပြီး “ အာဝါး ” တောင်းမိနေမှာ စိုးလို့. . . .:P
ဒီလိုပါပဲ. . ကျွန်တော်ဟာ သူများကို ကပ်သီးကပ်သပ် ပြောတတ်သူလည်း ဖြစ်တယ်။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~
ဖြစ်စဉ် ( ၄ )ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်။ သူ့နာမည်ကို မပြောခင် သူ့ကောင်မလေး နာမည်ကို ပြောပြချင်တယ်။ အဲ. . သူခေါ်တဲ့ နာမည်ပေါ့ဗျာ။ သူက “ နွယ်” လို့ ခေါ်တယ်။ သူ့ကောင်မလေး နွယ်က သူ့ကို “ မောင် ” လို့ ခေါ်တယ်။ ဒါပေမဲ့ သူ့နာမည် သုံးလုံးထဲမှာ “ မောင်” ဆိုတာ တစ်လုံးမှ မပါဘူး။
ဒါကြောင့် သူတို့က တစ်ယောက်က တစ်ယောက်ကို “ နွယ် ” ၊ တစ်ယောက်က တစ်ယောက်ကို “ မောင် ” နဲ့ ရှုပ်နေတာပဲ။ သူ့ကောင်မလေးကို ကျွန်တော်တို့ကပါ “ နွယ် ” လို့ ခေါ်တာ ပြဿနာ မရှိပါ။ အားလုံးကလည်း ခေါ်တာပဲ။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းကို “ မောင် ” လို့ခေါ်ဖို့ ကျတော့ နည်းနည်းခက်နေသေးတယ်။ အို . . . နည်းနည်း မဟုတ်ဘူး ၊ ပြဿနာက ရှိလာပြီ။
ဒါကြောင့် ကျွန်တော်က အမြင်ကပ်တဲ့ အချိန်တွေ ဆိုရင် ဒီကောင့်ကို “ နွယ်မောင် ” လို့ ပစ်ခေါ်လိုက်တယ်။ ဒီတော့ သူတင်မကပဲ သူ့ကောင်မလေးရော အားလုံးကရော နားမလည်ကြဘူး။ ဒီကောင်ဆိုရင် ဘာမှန်း မသိပေမဲ့ တမင်လုပ်ခေါ်တာ သိတော့ မျက်နှာကြီးက ခပ်သိုးသိုးနဲ့။ တစ်နေ့တော့ အတင်းမေးလို့ ကျွန်တော်က ရှင်းပြခဲ့ဖူးပါတယ်။
“ မင်းက သူ့ကို “ နွယ် ” လို့ ခေါ်တယ်လေ။ သူက မင်းကို “ မောင် ” လို့ ခေါ်တယ်လေ။ ဒါပေမဲ့ မင်းနာမည်က မောင် မဟုတ်ဘူး။ ဒါကြောင့် နွယ်က ခေါ်တဲ့ မောင် ၊ နွယ်ရဲ့ မောင် ဆိုတော့ ငါက မင်းတို့ တမင် “ နွယ်မောင် ” လို့ ခေါ်တာလေ။ ဘာဖြစ်လို့လဲ မင်းက မကြိုက်လို့လား။ ”
ဒီလို ရှင်းရှင်းလင်းလင်းလည်း သိသွားရရော . . အောင်မာ . . . အောင်မာ . . ဒီကောင် ပါးစပ်ကြီးများ ဖြဲနေတာပဲ။ သွားရည်တွေတောင်မှ ကျတော့မယ်။
“ ဟီး . . ဟီး. . . ကြိုက်ပါတယ်. . ကြိုက်ပါတယ်ကွ . . .၊ မင်းကလဲ. . ၊ ငါက မသိလို့ပါ။ ”
ဒီတော့ ကျွန်တော်ကလည်း ရှုသိုးသိုး မျက်နှာနဲ့ ခေါက်ဆွဲကြော် တစ်ပွဲ မှာတီးပစ်လိုက်တယ်။ မှတ်ရော..။ နောက်တော့ ကျွန်တော်က ခေါ်တော့ သူများတွေလည်း လိုက်ခေါ်ရင်း သူ့မှာ ဒီ “ နွယ်မောင် ” ဆိုတဲ့ နာမည် တွင်ပါလေရော။
ဇာတ်လမ်းက ဒီမှာ မပြီးသေးဘူး။ သူတို့နှစ်ယောက် လက်ထပ်တော့ ကျွန်တော့်ဆီ မဖြစ်မနေ ဖိတ်စာ ရောက်လာတယ်။ ဖိတ်စာကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အံ့သြသွားတယ်ဗျာ..။ သူတို့သားနေရာက သူ့နာမည်နေရာမှာ ဒီလို ရေးထားတယ်။
X X X X X X X ( ခေါ် ) နွယ်မောင်
တဲ့လေ။ ဒီကောင်များ ပေါရက်ပ။ ဒါပေမဲ့ ကျွန်တော် ဆက်ပြီး တွေးမိသေးတယ်။ သူများကိုသာ ငါပြောနေတာ. . .
ငါက “ နွယ် ” ဆိုတာနဲ့ ချစ်သူဖြစ်ပြီး ၊ အဲဒီနွယ်က “ ကို ” ဆိုပြီး ခေါ်ခဲ့ရင် ငါလည်း “ နွယ်ကို ” ဆိုပြီး ဖြစ်လာမလားလို့ပေါ့လေ။
ဒါမှ မဟုတ် “ အေး ” ဆိုတာနဲ့ ချစ်သူဖြစ်ပြီး သူက “ ကို ” လို့ ခေါ်ခဲ့ရင် “ အေးကို ” ဆိုပြီးများ ဖြစ်လာမလား။
ဒါမှမဟုတ် “ စိုး ” နဲ့ ချစ်သူဖြစ်ပြီး သူက “ ကို ” လို့ခေါ်ခဲ့ရင် “ စိုးကို ” ဆိုပြီးများ ဖြစ်လာမလား။
ဒါကြောင့် ကြိုပြောထားမယ်ဗျာ . . ၊ နောင်တစ်နေ့ “ ကိုနွယ်ကို ” ၊ “ ကိုအေးကို ” ၊ “ ကိုစိုးကို ” ဆိုရင် ကျွန်တော်လို့သာ မှတ် . . . . . . . . လို့ . . . .
မ ဟု တ် ပါ ဘူး . . . ။
အဟဲ. . . နောက်တာပါ။ ကျွန်တော် ဒီ “ ကိုဇော် ” နာမည်လေးကိုပဲ ဆက်သုံးသွားမှာပါ။
ဒီလိုပါပဲ. . . ကျွန်တော်ဟာ သူများကို နာမည်ပြောင်တွေနဲ့ ချောက်တွန်းတတ် သူလည်း ဖြစ်တယ်။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~
ဖြစ်စဉ် ( ၅ )အစ်ကို တစ်ယောက်လိုပဲ ခင်ရတဲ့ လူတစ်ယောက်ရှိတယ်။ သူက သူ့ချစ်သူကို တော်တော် ချစ်ရှာတယ်။ သူ့ချစ်သူကို သူက အမြဲတမ်း တင်စားပြောနေတဲ့ စကားလုံးလေး တစ်ခု ရှိတယ်။ အဲဒါက . . .
“ ငါ့ ချစ်သူလေးက အရမ်းကို ဖြူစင်တယ်။ တကယ်ကို သိုးဖြူလေး တစ်ကောင်လိုပဲ။ ငါ သူ့ကို တော်တော် ချစ်တယ်။ ”
ဘာညာပေါ့ဗျာ။ ဆက်ပြောရင် ရင်ကွဲနာတွေ ကျကုန်လိမ့်မယ်။ တော်ပြီ။ ကျွန်တော့်ကိုကတော့ တွေ့တိုင်း ပြောတယ်။ မတွေ့ရင် ဖုန်းလှမ်းဆက်ပြီး ပြောတယ်။ ကြာလာတော့ သူ့ရဲ့ သိုးဖြူလေး အကြောင်းကို နားထောင်ရဖန်များပြီး သူ့ကို နာမည်ပေးလိုက်တယ်ဗျာ။ ဒီလို. . .
“ သိုးထိန်း ”
ဒီတော့ သူက စိတ်ဆိုးသွားတယ် ထင်နေလား။ စိတ်မဆိုးတဲ့ အပြင် နာမည်ပေးတော်လို့ ဆိုပဲ။ အေးလေ ဟုတ်တာပဲ။ “ သိုးကွဲ ” ဆိုရင်တော့ သူက စိတ်ဆိုးချင် ဆိုးနိုင်တယ်။ အခု လို ဆိုတော့ ဘယ်ဆိုးမလဲလေ။ သူ့ကလေးကျရင်လည်း နာမည်ရွေးပေးပါဦး တောင်မှ လုပ်နေသေး။ ဒီလို ကပေါက်ကချာ လူကိုများ သူမို့ ယုံပြီး။
သူကလည်း အဝေးမှာ ဆိုတော့ အမြဲတမ်း လွမ်းနေတတ်တယ်။ ဒါနဲ့ ဘလော့ရေး ၊ စာတွေ တင် ၊ ကဗျာတွေ တင် ၊ ပုံတွေ တင်ဆိုပြီး သူ့ကို မြှောက်ပေးထားတယ်။ ဒီတော့ သူက တင်လိုက်မှဖြင့် သူ့ကောင်မလေး အကြောင်းတွေချည်းပဲ။ ဒါကတော့ သူ့ခံစားမှုအတိုင်း သူတင်မှာပေါ့လေ။ သူ့ဘလော့ကို ဘယ်သူ့ကိုမှလည်း မဖိတ်ထားပါဘူး။ ကျွန်တော်တို့ နဲ့ သူ့ကောင်မလေး လောက်သာ သိတာပါ။
ဟိုနေ့ကတော့ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ တစ်ယောက်က သူ့ဘလော့ကို ဝင်ဖွလို့ သူက စိတ်တွေ လေသွားတယ်။ ဒါကြောင့် ကျွန်တော့်မှာလည်း သူ့ကို “ ဝေဖန်သူ ” အကြောင်းတွေ တင်ပြပြီး အားပေးရသေးတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ ကျွန်တော် တင်တာတွေက သူ့အတွက်ပါ။ ဒါကို တချို့ကျွန်တော့်ဘလော့ လာဖတ်သူတွေက နားလည်မှု လွဲသွားသေးတယ်။ ဒါပေမဲ့ သေချာလေးဖတ်ရင် အားလုံးအတွက်လည်း အကျိုးမယုတ်ဘူးလို့ ထင်ပါတယ်။
ဒါကြောင့် “ သိုးထိန်း ” ဆိုသော လူသားတစ်ယောက် နောင်နှစ်လ ဆိုရင် အာဝါဟ ၊ ဝိဝါဟ လုပ်ဖို့ ပြန်ပါတော့မယ် ဆိုတာကို ဝမ်းမြောက် ဝမ်းသာစွာ ကြေငြာပါတယ်။ သူ့ကို ကျွန်တော် ပေးတဲ့ နာမည်လေး လှတယ် မလား. . “ သိုးထိန်း ” တဲ့။
ဒီလိုပါပဲ. . . ကျွန်တော်ဟာ သူများကို မကြည့်ပဲ ရေးချင်ရာ ရေးတတ်သူလည်း ဖြစ်တယ်။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~
ဖြစ်စဉ် ( ၆ )ရပ်ကွက်ထဲမှာ အမဲသားရှောင်လို့ ဆိုတာမျိုးလည်း မဟုတ်ပဲ “ နွား ” တွေကို အရမ်း ရွံမုန်းသူ တစ်ယောက်ရှိတယ်။ နွားနဲ့ ဆိုရင် သူ့ကို ဘယ်လိုမှ စလို့ မရဘူး။ စိတ်တွေ အရမ်းဆိုးတယ်။ သူ့နာမည်က “ ကိုပေါက်စ ” တဲ့။ အဟဲ. . . သူ့ကို လမ်းမှာ တွေ့ရင် ကျွန်တော်က မြေပေါ်က ၊ သစ်ပင်ပေါ်က တစ်ခုခုကို တွေ့လိုက်သလိုနဲ့. . .
“ ဟာ . . ပေါက်စနလေး။ ”
လို့ အမြဲ နောက်တတ်တယ်။
ကြာတော့လည်း စိတ်မဆိုးတော့ပါဘူး။ ရိုးသွားပြီပေါ့ဗျာ။ သူ့မှာ သားတစ်ယောက် ရှိတယ်။ မျောက်ရှုံးဆိုတဲ့ ကောင်လေးပါပဲ။ အမေပေးတဲ့ နာမည် မဟုတ်ဘဲ ကျွန်တော်တို့ ပေးထားတဲ့ နာမည်ပါပဲ။ အမေ မလစ်လိုက်နဲ့ လစ်လိုက်တာနဲ့ ဟိုဘက်လမ်းထိပ်ရောက်နေပြီ။ တော်တော်လည်း လည်သလို တော်တော်လည်း ချစ်ဖို့ကောင်းပါတယ်။ သူ့အမေပေးတဲ့ နာမည်က “ ဖိုးခွား ” တဲ့။
တစ်နေ့တော့ ကိုပေါက်စက ပြာယီးပြာယာနဲ့ လျှောက်လာတာ ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော့်ကို တွေ့တော့ သူက မေးတယ်။
“ ကိုဇော် ၊ မင်းတူလေး ဖိုးခွား ကို တွေ့မိသေးလား။ ဒီကောင် ပျောက်နေလို့ . . . ။ ”
ကျွန်တော်ကလည်း တကယ်ကို မတွေ့မိပါဘူး။ မတွေ့မိတာကို မတွေ့မိဘူး ပြောလိုက်ရင် ဘာမှ မဖြစ်ပေမဲ့ ဘာရယ် မဟုတ်ပဲ ၊ နောက်ချင်တာနဲ့ သူ နွားမုန်းတာကို သွားတွဲ သတိရပြီး မရည်ရွယ်ပဲ ပါးစပ်က ထွက်သွားတယ်။
“ ဟာ . . ဘယ်တွေ့မိပါ့မလဲ ကိုပေါက်စရယ်။ ကျွန်တော့်က ကိုပေါက်စ သားကို လိုက်ကျောင်းနေတဲ့ ကောင်းဘွိုင် ( Cowboy ) မှ မဟုတ်တာဗျာ။ ”
ဟာ ဆိုပြီး မရည်ရွယ်ပဲ ပါးစပ်က ထွက်သွားပြီးမှ ကိုယ့်ပြောမိတဲ့ အဓိပ္ပါယ်ကို သတိရတော့တယ်။ ဒါပေမဲ့ မရတော့ဘူး သူ့သားကိုတောင်မှ မရှာတော့ပဲ အိမ်ကို သွားတိုင်ပါလေရောလားဗျို့။
ဒါနဲ့ပဲ ကျွန်တော်လည်း အဆူခံလိုက်ရပြီး ၊ သူလည်း အဲဒီအချိန်ကတည်းက တွေ့တဲ့ သူတိုင်းက ကောင်းဘွိုင်လို လုပ်ပြတာ ခံရတော့တယ် ဆိုပဲ။
အဲဒီလိုပါပဲ. . . ကျွန်တော်ဟာ ညစ်ကျယ်ကျယ်နဲ့ နှုတ်မစောင့်တတ်သူလည်း ဖြစ်တယ်။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~
ဖြစ်စဉ် ( ၇ )တစ်ခါက သူငယ်ချင်း တစ်ယောက်က အသည်းကွဲပြီး တစ်ပတ်လောက် အထိ သူ့ရဲ့ အသည်းက မကျက်ရှာဘူး။ တစ်နေ့လာလည်း ဒါ ၊ တစ်နေ့လာလည်း ဒါ ဆိုတော့ ကြာတော့ နားငြီးသလို ဖြစ်လာတယ်။
တစ်နေ့တော့ ဒီလိုပဲ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း သူကလည်း လမ်းပေါ်က ဖြတ်သွားတဲ့ သူများ အတွဲတွေကို မနာလိုသလိုမျိုး လိုက်ကြည့်နေတယ်။ တကယ်တော့ သူ့ဖာသာ သွားတာ ကိုယ့်ဖာသာ အနေသာကြီးပါ။ ဒါကို....။
အဲဒီအချိန်မှာ သူငယ်ချင်း တစ်ယောက်က ဈေးကနေ စွယ်တော်ပင်လေး ဝယ်ပြီးပြန်လာတယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ဝင်ထိုင်တယ်။ ခုံမှာ လည်လိမ်ထားသလို ဖြစ်နေတဲ့ သူ့ကို မြင်တော့ ဘာဖြစ်နေတာလဲ မေးတယ်။ ဒါကို သူက အကောင်းမဖြေဘူး လမ်းပေါ်မှာ သွားနေတဲ့ အတွဲတွေကိုကြည့်ပြီး ဝယ်လာတဲ့ စွယ်တော်ပင်က အရွက်လေး တစ်ရွက်ကို ခူးပြီး. . .
“ ကိုယ်တိုင် အသည်းကွဲနေတော့ကွာ သူများ အတွဲတွေကို ကြည့်ရင် ပိုပြီးတော့ ရင်နာတယ်။ အတွဲဆိုလို့ ဘယ်အတွဲမှ မမြင်ချင်ဘူး။ အခုလို သူ့ဖာသာ တွဲနေပါတယ် ဆိုတဲ့ စွယ်တော်ရွက်လေးကိုတောင်မှ သိမ်းမယ် ဆိုရင် ဟောဒီလို နှစ်ခြမ်းခွဲပြီးမှ သိမ်းတယ်။ ”
ပြောရင်း စွယ်တော်ရွက်လေးကို အလယ်ကနေ နှစ်ခြမ်း ဆွဲဖြဲလိုက်တယ်။ ဟာ ဆိုပြီး ကျွန်တော် ဖြစ်သွားတယ်။ သူ့ဖာသာ နေတဲ့ စွယ်တော်လေးကို သူ အသည်းကွဲတာနဲ့ ဒီလို လုပ်ရလား။ တကယ်ဆို သူ အဆင်ပြေနေချိန်ဆိုရင် နှစ်လွှာပေါင်းမှ တစ်ရွက် ဆိုပြီး သူက သိမ်းထားဦးမှာ ၊ အခုလို အဆင်မပြေမှ. . . .
စိတ်ထဲက မနေတတ်မှုတွေက စုပြုံပြီး ပွင့်ကျတယ်. . .
“ သြ. . မင်းက ဒီလို ဖြစ်တာလား။ အေး ငါကလည်း ဒီလိုပဲ အတွဲ မရှိပေမဲ့ သူများအတွဲတွေရော ၊ တွဲနေတာ တွေ့နေတာရော ကြည့်မရဘူးကွာ။ ဒါကြောင့် မျက်စိရှေ့မှာ တွေ့နေရတဲ့ အီကြာကွေးတောင်မှ တွဲနေလို့ ဟောဒီလို နှစ်ခြမ်းခွဲပြီးမှ စားတယ်။ ”
ဆိုပြီး ရှေ့က ပန်းကန်က အီကြာကွေး ၂ ချောင်းလုံးကို ကုန်အောင် စားပစ်လိုက်တယ်။
ဒီလိုပါပဲ. . .ကျွန်တော်ဟာ ကိုယ်နဲ့ မဆိုင်ပေမဲ့ မနေတတ်သူ တစ်ယောက် ဖြစ်တယ်။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~
ဖြစ်စဉ် ( ၈ )
ကျွန်တော့်ညီမ အငယ်ဆုံးလေးက ငယ်ငယ်က ခပ်ဝဝလေး ဖြစ်တယ်။ ဒါကြောင့် သူ့ကို အားလုံးက ဝိုင်းစကြတယ်။ ပြီးတော့ ဆော့လိုက်ရင်လည်း ဝက်ဝက်ကွဲပဲလေ။ ဒါကြောင့် သူ့ကို ဝတာရော ၊ ဆော့တာရော နှစ်ခုပေါင်းပြီး “ ဝက်ဝက် ” လို့ ပေးလိုက်တယ်။ ဒါပေမဲ့ ခေါ်လို့ မကောင်းဘူး။
ဒီမှာ ကျွန်တော်က ကျွန်တော် နားမလည်တဲ့ တချို့ မြန်မာစကားလုံးတွေကို သွားသတိရတယ်။ “ ရှပ်အင်္ကျီ ” တဲ့ ၊ ဒါကို ကျွန်တော် နားမလည်ဘူး။ ရှပ် ( Shirt ) ဆိုတာလည်း အက်ႌ ၊ အက်ႌဆိုတာလည္း အက်ႌေလ။ ဒီတော့ ရှပ်အင်္ကျီ ဆိုတော့ “ အက်ႌအက်ႌ ” ဆိုပြီး ဖြစ်မနေဘူးလား။
နောက်ပြီး ရှိသေးတယ်။ စက်ချုပ်ဆိုင်သွားရင် ပြောပြောနေကြတယ်။ “ ဝမ်းဆက်တစ်စုံ ” စာ ဆိုရင် ဘယ်လောက်လဲတဲ့။ ကျွန်တော် မနေတတ်မှုတွေကို မနည်းချုပ်ထားရတယ်။ ဘယ်နှယ့်ဗျာ။ ဝမ်းဆက် ( One Set ) ဆိုတာလည်း တစ်စုံပဲ ၊ တစ်စုံ ဆိုတာလည်း တစ်စုံပဲလေ။ ဒါကို ဝမ်းဆက်တစ်စုံ စာ ဆိုတော့ “ တစ်စုံတစ်စုံ ” ဆိုပြီး ဖြစ်မနေဘူးလား။
အခုတော့ ဒီလို စကားလုံးနဲ့ပဲ ကျွန်တော့်ညီမကို နာမည်ပြောင် ပေးလိုက်တော့တယ်။ လူက ဝ ၊ ဝက်ဝက်ကွဲအောင် ဆော့လို့ “ ဝက်ဝက် ” ခေါ်တာ ရိုးနေတယ် ဆိုတော့ သူ့ကို အထက်က စကားလုံးတွေလို ဖြစ်အောင် ကျွန်တော် နာမည်ပေးလိုက်တယ်။ ဒီလိုဗျာ. . .
“ ဝက်ပစ်ဂ် ”
ဝက်ဆိုတာက ဝက် ၊ ပစ်ဂ် ( Pig ) ဆိုတာကလည်း ဝက် ဆိုတော့ “ ဝက်ဝက် ” ဖြစ်သွားတော့တာပါပဲ။ ဟုတ်တယ်မလား။
ဒီလိုပါပဲ. . ကျွန်တော်ဟာ ညီမကိုတောင်မှ ကပ်ဖိုးကပ်ဖဲ့ နာမည် လှလှ ပေးတတ်သူ ဖြစ်တယ်။
~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~
နိဂုံးဒါပေမဲ့ တော်တော် ခက်သွားတာက ကျွန်တော့်ကို အထက်က ကဲ့သို့ ကျွန်တော် ညစ်ကျယ်ကျယ် လျှောက်ပြီး နာမည်ပေး ၊ ကပ်သီးကပ်သပ် လုပ်ထားတာ ခံရသူများက မကျေနပ်ကြဘူး။ ဒါကို ကျွန်တော်က မသိခဲ့ဘူး။
ကျွန်တော် သိလိုက်တော့ နောက်ကျနေပြီ။ သူတို့ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော့်ကို နာမည်တစ်ခု ခေါ်ဝေါ်သုံးစွဲနေကြပြီ။ ဒါကို ကျွန်တော်လည်း ပြန်လည် မဖြေရှင်းတတ်တော့ပါဘူး။ သူတို့က ကျွန်တော့်ကို ပေးထားတဲ့ နာမည်ပြောင်ကို ကျွန်တော့်ညီမရဲ့ နာမည်ပြောင်နဲ့ ကာရံယူကာ ပေးထားကြတယ် လို့ ဆိုတယ်။
ကျွန်တော့်မှာ အများက ဝိုင်းပြီးတော့ ဒီလို နာမည်ပေးတယ် ဆိုတော့လည်း ပြန်ပြီးတော့ မပြောသာဘူးဗျာ။ သူတို့က ဒီလို ကျွန်တော့်ကို နာမည်ပေးတယ်။
“ ဝက်ပစ်ဂ် ” ရဲ့ အစ်ကို ဆိုတော့ . . . . . .
“ ဘရပ်ပစ် (Brad Pitt ) ”
တဲ့ဗျာ။
ဒီလိုပါပဲ. . . ကျွန်တော်ဟာ ခပ်ချောချော ကောင်လေး တစ်ယောက်လည်း ဖြစ်တယ် . . ဟဲ. . . ဟဲ. . ဟဲ။
ပျော်ရွှင်ကြပါစေ
ကိုဇော်
.
12 ယောက် ရဲ့ ထင်မြင်ချက်:
ကိုဇော်ရေ.......
ဒီရုပ်ခံနဲ့ဆိုရင်တော့ ညည်းရှောက်သီးဆေးပြားရောင်းလို့ရပြီ........ဟီးဟီး...
ခင်မင်တဲ့
ဏိလင်းညို
အကိုဇော် မင်္ဂလာမနက်ပါ။
ဘာရယ် မိဇော်
ခပ်ချောချောကောင်လေး ... ဟုတ်လား?
ညည်းနှယ်အေ ပြောစရာရှားလို့..
ကိုယ့်ကိုယ်ကို မှန်ထဲမှ ပြန်ကြည့်ရဲ့လား
မိညိုလောက်များချောရင် မပြောပါဘူး..
ဟိုမယ်တွေ့လား.. ညည်းကို ရှောက်သီးဆေးပြားရောင်းဖို့ အဖော်လာစပ်နေပြီ
သူကတစ်ရက်ကို အထုပ် ၃၀ /၄၀ ကုန်တယ်ဆိုဘဲ..
တွက်ခြေတော့ကိုက်သားနော်...း)း)း)
သြော် တောက်လျှောက် ဖတ်လာတာ နောက်ဆုံးမှ တူနဲ့ ထုချင်တယ် ဗျို့။
သူကိုယ်သူ ကြတော့ brush pic တဲ့ ဟိဟိ..
ဟားဟား..
နောက်ဆို ခေါ်မယ်နော်။
mammy brush pic လို့....
မာမီဘရက်ရှ်ပစ်
ခင်မင်စွာဖြင့်
ဂျိတ်ဇိုးနဲ့
ဘာ.... ကျွန်တော်ဟာ အမတယောက်ကို အိမ်လာမလည်ရင် ကောက်နေ၊ ကွေးနေ တတ်သော ခပ်ပေါပေါ ကောင်လေးတယောက် ဖြစ်တယ်...ဟုတ်စ....:)
ဝက်ပစ် ကလေးရဲ့အစ်ကို ဂဲပစ်...အဲ ဘရပ်ပစ် ကိုဇော်ရေ... အစ်ကိုရဲ့ပိုစ်တွေကိုအမြဲအားပေးနေပါတယ်နော်.. နောင်လာမယ့်ပုံပြင်အသစ်တွေကိုမျှော်လင့်နေပါတယ်လို့...
တူတယ်တူတယ်....ဝေးဝေးကကြည့်လေတူလေဘဲ....မေမြို့ လောက်ထား...၂၁ မိုင်ကနေ ကြည့်၇င် ပိုတူမယ်..ခိခိခိ
ဖတ်ပြီးသား။။
သို့ပေမယ့်ပြန်ဖတ်သွားတယ်။
ဝက်ပစ်ရဲ့အစ်ကို ...ဘရပ်ပစ်
း)း)း)
အော်..........ဘရပ်ပစ်..ဘရပ်ပစ်..
ဖတ်ရင်း...ကြည့်လိုက်..ကြည့်ရင်း...ဖတ်လိုက်ပေါ့..
ခင်မင်စွာ
သဒ္ဓါ
အဟတ် ...
ညီမလေး ၀က်ပစ်ရဲ့ အစ်ကို ဘရက်ပစ် ရယ်တဲ့လား ?
ဒါကတော့ တလွဲတွေးပီး ယူထားတာပဲ။
တကယ်ဆို ...
ဒီကွေး ဆိုတဲ့ ညီမလေးရဲ့ အစ်ကိုမဟုတ်လား ဒီတော့
ဇော်ကွေး ပဲ ဖြစ်ရပါလိမ့်မည်။ :P
ကျေးဇူးပါကိုဇော်
အမြဲတမ်းလူကိုရယ်စေသောလူသားလို့ သတ်မှတ်လိုက်တယ်
ခင်မင်စွာဖြင့်
လီလီ
နာမည်ပေးတတ်တာ နည်းတဲ့အရည်အချင်းမဟုတ်ဖူးနော် စံဇာဏီဘိုတို့ မင်းသိင်္ခတို့ဆို နာမည်ပေးတာနဲ့ချမ်းသာသွား
ကြတား))
စာကြွေးတွေလာဖတ်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
Post a Comment